လန္ဒန္ၿမိဳ႕တြင္ ေနထိုင္သူ ၿဗိတိသၽွအမ်ိဳးသမီးတစ္ဦးဟာ ခင္ပြန္းေဟာင္းရဲ့ ေနာက္မိန္းမကို လူမွု႔ကြန္ယက္ ေဖ့စ္ဘြခ္ေပၚကေန “ျမင္းမ” ဟု ေရးသားခဲ့မွုအတြက္ ဒူဘိုင္းနိုင္ငံတြင္ ေထာင္ဒဏ္ ၂ ႏွစ္ ႏွင့္ ေငြဒဏ္ ခ်မွတ္ခံလိုက္ရသည္။

အသက္ ၅၅ ႏွစ္အရြယ္ “Laleh Shahravesh” ဆိုသူဟာ အသက္ ၁၄ ႏွစ္အရြယ္ သမီးငယ္နဲ႔အတူ ႏွလုံးေရာဂါျဖင့္ ကြယ္လြန္ခဲ့ေသာ ခင္ပြန္းေဟာင္းရဲ့ နာေရးအတြက္ ဒူဘိုင္းနိုင္ငံကို မတ္လ ၁၀ ရက္ေန႔က လာေရာက္စဥ္ ဒူဘိုင္းေလဆိပ္မွာတင္ ဖမ္းဆီးထိန္းသိမ္းျခင္း ခံလိုက္ရသည္။

သူမဟာ ခင္ပြန္းေဟာင္းနဲ႔ ၁၈ ႏွစ္ၾကာ အိမ္ေထာင္သက္ရွိခဲ့ၿပီး ယင္းကာလအတြင္း ခင္ပြန္းျဖစ္သူ အလုပ္လုပ္ကိုင္ရာ ဒူဘိုင္းတြင္ ၈ လၾကာမွ ေနထိုင္ခဲ့ဖူးသည္။ သူမနဲ႔ သမီးျဖစ္သူတို႔ အဂၤလန္နိုင္ငံကို ျပန္သြားၿပီး သိပ္မၾကာခင္မွာပင္ သူတို႔ရဲ့ အိမ္ေထာင္ေရး အဆုံးသတ္ၿပီး လမ္းခြဲခဲ့ၾကပါတယ္။

အိမ္ေထာင္ကြဲၿပီး သိပ္မၾကာမီ ၂၀၁၆ ခုႏွစ္မွာ ခင္ပြန္းေဟာင္းျဖစ္သူက အိမ္ေထာင္သစ္ထူးေထာင္ၿပီး မဂၤလာေဆာင္ ဓါတ္ပုံကို ေဖ့စ္ဘြခ္မွာ တင္လိုက္ပါတယ္။ ဒါကို သူမက ေတြ႕သြားၿပီး အဲဒီပုံရဲ့ေအာက္မွာ “နင္ကငါ့ကို ဒီျမင္းမ အတြက္ ထားသြားခဲ့တာေပါ့ေလ” ဟု ကြန္မန႔္ဝင္ေပး ဆဲဆိုခဲ့ပါတယ္။

UAE နိုင္ငံရဲ့ ဆက္သြယ္ေရးဥပေဒအရ လူမွုကြန္ယက္ေပၚတြင္ အသေရပ်က္ေစသည့္ စာသားေရးသားပါက ေငြဒဏ္၊ ေထာင္ဒဏ္မ်ား သတ္မွတ္ထားသည္။ ဒါေၾကာင့္ သူမရဲ့ ကြန္မန႔္ေတြကို ေနာက္အိမ္ေထာင္ အမ်ိဳးသမီးက တိုင္ၾကားထားခဲ့သည္။ ဒီအမွုေၾကာင့္ သူမ UAE နိုင္ငံကို ေရာက္လာခ်ိန္မွာ ေလဆိပ္မွာတင္ ဖမ္းဆီးခံလိုက္ရပါတယ္။

“Laleh Shahravesh” ဟာ ေထာင္ဒဏ္ ၂ ႏွစ္နဲ႔အထက္နဲ႔ ေငြဒဏ္ စတာလင္ေပါင္ ၅၀,၀၀၀ က်ခံရဖို႔ရွိေနပါတယ္။ သူမနဲ႔အတူ ပါလာတဲ့ ၁၄ ႏွစ္အရြယ္ သမီးငယ္ကေတာ့ တစ္ေယာက္ထဲ အဂၤလန္ကို ခ်က္ျခင္း ျပန္လႊတ္ခံလိုက္ရပါတယ္။

သူမရဲ့ ေရွ႕ေနျဖစ္သူ Ms Stirling ရဲ့အဆိုအရ ဒဏ္ေငြေပးေဆာင္ခဲ့ၿပီး ျဖစ္ေပမယ့္ သူမရဲ့ နိုင္ငံကူးလက္မွတ္ကို အာဏာပိုင္ေတြက သိမ္းထားဆဲလို႔ ဆိုပါတယ္။ လတ္တေလာမွာေတာ့ ဟိုတယ္တစ္ခုမွာ ေနထိုင္ခြင့္ျပဳထားပါတယ္။ သူမရဲ့အမွုသည္ဟာ ဒီကိစၥနဲ႔ပက္သက္ၿပီး စိတ္ပိုင္းဆိုင္ရာ ထိခိုက္လြန္းသျဖင့္ ကာလအေတာ္ၾကာ ကုစားရမယ္လို႔ဆိုပါတယ္။ သမီးငယ္ေလးမွာလည္း စိတ္ထိခိုက္ခံစားရၿပီး မိခင္နဲ႔အတူ ျပန္ဆုံဖို႔ကို ေမၽွာ္လင့္ေနတယ္လို႔ ဆိုပါတယ္။

တရားစြဲထားတဲ့အမ်ိဳးသမီးကို နိုင္ငံျခားေရးဌါန(FCO) နဲ႔ ဒူဘိုင္းထိန္းသိမ္းေရးစခန္းမွ ႏွစ္ဖက္တာဝန္ရွိသူမ်ားက အမွုကို ေျဖေလ်ာ့ေပးရန္ ညႇိႏွိုင္းခဲ့ေပမယ့္ မ႐ုပ္သိမ္းေပးဘူးလို႔ ျငင္းဆန္ေနေၾကာင္း သိရပါတယ္။ ဒါဟာ ေတာ္ေတာ္ေလး အၿငိဳးထားၿပီး လက္တုံ႔ျပန္တာျဖစ္ေၾကာင္း ေရွ႕ေနျဖစ္သူ Ms Stirling က ျဖည့္စြက္ေျပာဆိုခဲ့ပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
လန်ဒန်မြို့တွင် နေထိုင်သူ ဗြိတိသျှအမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဟောင်းရဲ့ နောက်မိန်းမကို လူမှု့ကွန်ယက် ဖေ့စ်ဘွခ်ပေါ်ကနေ “မြင်းမ” ဟု ရေးသားခဲ့မှုအတွက် ဒူဘိုင်းနိုင်ငံတွင် ထောင်ဒဏ် ၂ နှစ် နှင့် ငွေဒဏ် ချမှတ်ခံလိုက်ရသည်။

အသက် ၅၅ နှစ်အရွယ် “Laleh Shahravesh” ဆိုသူဟာ အသက် ၁၄ နှစ်အရွယ် သမီးငယ်နဲ့အတူ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သော ခင်ပွန်းဟောင်းရဲ့ နာရေးအတွက် ဒူဘိုင်းနိုင်ငံကို မတ်လ ၁၀ ရက်နေ့က လာရောက်စဉ် ဒူဘိုင်းလေဆိပ်မှာတင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံလိုက်ရသည်။

သူမဟာ ခင်ပွန်းဟောင်းနဲ့ ၁၈ နှစ်ကြာ အိမ်ထောင်သက်ရှိခဲ့ပြီး ယင်းကာလအတွင်း ခင်ပွန်းဖြစ်သူ အလုပ်လုပ်ကိုင်ရာ ဒူဘိုင်းတွင် ၈ လကြာမှ နေထိုင်ခဲ့ဖူးသည်။ သူမနဲ့ သမီးဖြစ်သူတို့ အင်္ဂလန်နိုင်ငံကို ပြန်သွားပြီး သိပ်မကြာခင်မှာပင် သူတို့ရဲ့ အိမ်ထောင်ရေး အဆုံးသတ်ပြီး လမ်းခွဲခဲ့ကြပါတယ်။

အိမ်ထောင်ကွဲပြီး သိပ်မကြာမီ ၂၀၁၆ ခုနှစ်မှာ ခင်ပွန်းဟောင်းဖြစ်သူက အိမ်ထောင်သစ်ထူးထောင်ပြီး မင်္ဂလာဆောင် ဓါတ်ပုံကို ဖေ့စ်ဘွခ်မှာ တင်လိုက်ပါတယ်။ ဒါကို သူမက တွေ့သွားပြီး အဲဒီပုံရဲ့အောက်မှာ “နင်ကငါ့ကို ဒီမြင်းမ အတွက် ထားသွားခဲ့တာပေါ့လေ” ဟု ကွန်မန့်ဝင်ပေး ဆဲဆိုခဲ့ပါတယ်။

UAE နိုင်ငံရဲ့ ဆက်သွယ်ရေးဥပဒေအရ လူမှုကွန်ယက်ပေါ်တွင် အသရေပျက်စေသည့် စာသားရေးသားပါက ငွေဒဏ်၊ ထောင်ဒဏ်များ သတ်မှတ်ထားသည်။ ဒါကြောင့် သူမရဲ့ ကွန်မန့်တွေကို နောက်အိမ်ထောင် အမျိုးသမီးက တိုင်ကြားထားခဲ့သည်။ ဒီအမှုကြောင့် သူမ UAE နိုင်ငံကို ရောက်လာချိန်မှာ လေဆိပ်မှာတင် ဖမ်းဆီးခံလိုက်ရပါတယ်။

“Laleh Shahravesh” ဟာ ထောင်ဒဏ် ၂ နှစ်နဲ့အထက်နဲ့ ငွေဒဏ် စတာလင်ပေါင် ၅၀,၀၀၀ ကျခံရဖို့ရှိနေပါတယ်။ သူမနဲ့အတူ ပါလာတဲ့ ၁၄ နှစ်အရွယ် သမီးငယ်ကတော့ တစ်ယောက်ထဲ အင်္ဂလန်ကို ချက်ခြင်း ပြန်လွှတ်ခံလိုက်ရပါတယ်။

သူမရဲ့ ရှေ့နေဖြစ်သူ Ms Stirling ရဲ့အဆိုအရ ဒဏ်ငွေပေးဆောင်ခဲ့ပြီး ဖြစ်ပေမယ့် သူမရဲ့ နိုင်ငံကူးလက်မှတ်ကို အာဏာပိုင်တွေက သိမ်းထားဆဲလို့ ဆိုပါတယ်။ လတ်တလောမှာတော့ ဟိုတယ်တစ်ခုမှာ နေထိုင်ခွင့်ပြုထားပါတယ်။ သူမရဲ့အမှုသည်ဟာ ဒီကိစ္စနဲ့ပက်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွန်းသဖြင့် ကာလအတော်ကြာ ကုစားရမယ်လို့ဆိုပါတယ်။ သမီးငယ်လေးမှာလည်း စိတ်ထိခိုက်ခံစားရပြီး မိခင်နဲ့အတူ ပြန်ဆုံဖို့ကို မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

တရားစွဲထားတဲ့အမျိုးသမီးကို နိုင်ငံခြားရေးဌါန(FCO) နဲ့ ဒူဘိုင်းထိန်းသိမ်းရေးစခန်းမှ နှစ်ဖက်တာဝန်ရှိသူများက အမှုကို ဖြေလျော့ပေးရန် ညှိနှိုင်းခဲ့ပေမယ့် မရုပ်သိမ်းပေးဘူးလို့ ငြင်းဆန်နေကြောင်း သိရပါတယ်။ ဒါဟာ တော်တော်လေး အငြိုးထားပြီး လက်တုံ့ပြန်တာဖြစ်ကြောင်း ရှေ့နေဖြစ်သူ Ms Stirling က ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top