ခ်မ္းခ်မ္းနဲ႔ ဘုဏ္းသိုက္ဟာ ျပီးခဲ့တဲ့နွစ္ေတြမွာ လူတိုင္းအားက်ရတဲ့ ဇနီးေမာင္နွံေတြျဖစ္ခဲ့ျပီး ေပ်ာ္စရာေကာင္းတဲ့ အိမ္ ေထာင္ေရးကုိ ပုိင္ဆိုင္ထားတာပါ။ ဒါေပမယ့္ မၾကာခင္နွစ္ပိုင္းေတြမွာ သေဘာထားမတုိက္ဆိုင္လို႔ အိမ္ေထာင္ေရးျပႆနာေတြနဲ႔ ကြာရွင္းလုဆဲဆဲအေျခ အေနေတြျဖစ္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

ဘုဏ္းသုိုက္က ျပီးခဲ့တဲ့သၾကၤန္တြင္းမွာ ခ်မ္းခ်မ္းက ေနာက္ရည္းစား နုိင္ငံျခားသားနဲ႔အေျခအေနေတြနဲ႔ အဲဒီလူဆီကုိ သမီေလးကိုေခၚသြားတဲ့ ကိစၥေတြကုိပါ public မွာ စေတးတပ္အရွည္ၾကီးတင္ျပီးဖြင့္ခ်ခဲ့ပါတယ္။ အဲဒါကုိ ျပီးခဲ့တဲ့တစ္နာရီေလာက္ကပဲ ခ်မ္းခ်မ္းက မဆိုင္းမတြခ်က္ခ်င္းျပန္ရွင္းလိုက္ပါျပီ။



ခ်မ္းခ်မ္းက ဘုန္းသုိဏ္ကုိမိသားစုျပန္စုစည္းဖို႔ အစြမ္းကုန္လုပ္ေပးခဲ့တဲ့အေၾကာင္းေတြနဲ႔ ဘုဏ္းသုိက္ အိမ္ေထာင္ေရးေဖာက္ျပန္တဲ့အေၾကာင္းေတြအားလံုးကုိ ျပန္ရွင္းတဲ့စေတးတပ္ထဲမွာေျပာ ထားပါတယ္။

ဘုဏ္းသိုက္ ယိုးဒယားမွာအလုပ္လုပ္ေနရင္း အရမ္းပင္ပန္းတယ္ေတြ႕ခ်င္တယ္ဆိုလို႔ သမီးေလးနဲ႔အတူ ယိုးဒယားကုိလိုက္သြားတာေတာင္ သမီးနဲ႔ ဇနီးကုိအာရံုမစုိက္ေပးပဲ လူေတြေရွ႕မွာအရူးလိုျဖစ္ခဲ့ရတယ္ဆိုတဲ့အေၾကာင္းနဲ႔ အေဖမရွိေတာ့တဲ့ ေကာင္မေလးတစ္ေယာက္နဲ႔ေဖာက္ျပန္ေနခဲ့ၾကတယ္လို႔လည္းေရးထားပါတယ္။

ဒါ့အျပင္ ဘုဏ္းသုိက္နဲ႔မိသားစုေၾကာ္ျငာေလးရိုက္တာေတာင္ အျပီးထိမရိုက္နုိ္င္ပဲ ေဖာက္ျပန္ေနတဲ့ေကာင္မေလးကို သြားၾကိဳျပီးဟုိတယ္ေတြမွာ အခ်စ္ဇာတ္ခင္းခဲ့ၾကတယ္လို႔လည္းေျပာျပထားပါတယ္။



သူမ်ားေယာက္်ားကုိ ကုိယ့္ရည္းစားပါဆိုျပီး ေပၚတင္မိတ္ဆက္ေပးရဲတဲ့ အဲဒီမိန္းမအတြက္ ဘုဏ္းသုိက္က ဇနီးနဲ႔သမီးကုိေခ်ာင္ထိုးခဲ့ေၾကာင္းေတြနဲ႔ အဲဒီလိုေတြေဖာက္ျပန္ေနတာေတာင္ ခ်မ္းခ်မ္းက ခ်စ္လြန္းလို႔ ေမြးေန႔မွာကားဝယ္ေပးခဲ့ျပီးဘုဏ္းသုိက္က အဲဒီကားေပၚကုိ အျခားမိန္းမကုိေခၚတင္ျပီးေပ်ာ္ပါးေနခဲ့တယ္ဆိုတာေတြပါအကုန္ဖြင့္ခ်ထားခဲ့ပါတယ္။

သမီးေလးက ဘုဏ္းသိုက္ေဖာက္ျပန္ေနတာကုိ ဘုဏ္းသို္က္က ခ်မ္းခ်မ္းကိုမခ်စ္ေတာ့လို႔ အျခားမိန္းမကုိသြားခ်စ္တာေပါ့လို႔ ေျပာခဲ့တယ္လို႔လည္းဆိုပါတယ္။ ဒါ့အျပင္ ခ်မ္းခ်မ္းက ဘုဏ္းသိုက္ခိုးစားတာကုိခ်စ္လြန္းလို႔ ဖံုးကြယ္ကာကြယ္ေပးခဲ့ျပီးျပီဆိုတာနဲ႔ ဘုဏ္းသိုက္ကုိယ္တိုင္က အိမ္ေထာင္ရွိရက္နဲ႔ေဖာက္ျပန္တာျဖစ္ျပီး ခ်မ္းခ်မ္းကေတာ့ ကြာရွင္းျပီးမွ ခ်စ္သူအသစ္ထားတာျဖစ္ေၾကာင္း ျပန္ေရးထားပါတယ္။

ခ်မ္းခ်မ္းရဲ႕ နုိင္ငံျခားသားခ်စ္သူအသစ္ကလည္း သမီးေလးကုိ အေဖအရင္းလိုပဲ ဖိနပ္ကအစလိုက္သိမ္းေပး၊ေဆးထည့္ေပး၊ အတူကစားေပးျပီး စာေတြလည္းသင္ေပးသလို ေပ်ာ္ေအာင္ထားတာမုိ႔ သမီးက သူ႔ကုိအရမ္းခ်စ္တာလို႔လည္း ခ်မ္းခ်မ္းက ေျပာျပထားပါတယ္။



ဘုဏ္းသိုက္နဲ႔ ေဖာက္ျပန္ေနတဲ့မိန္းကေလးနဲ႔ ကလပ္ေတြဘားေတြက ဓာတ္ပံုေတြကုိသာတင္ရရင္ ဘုဏ္းသုိက္တစ္ေယာက္ေတာ့ ေနစရာရွိမွာမဟုတ္ဘူးလို႔ေျပာထားသလုိ လူသိရွင္ၾကားျပတ္စဲျပီးမွအခ်စ္သစ္ရတာျဖစ္ျပီး သူမ်ားေတြလိုခုိးစားတာေဖာက္ျပန္တာမဟုတ္္လို႔ ကုိယ့္လိပ္ျပာကုိယ္လံုတယ္လို႔လည္း ေရးထားပါေသးတယ္။

ပရိသတ္ၾကီးေရာ ခ်မ္းခ်မ္းနဲ႔ ဘုဏ္းသုိက္နဲ႔ျဖစ္ၾကတဲ့ကိစၥမွာ ဘယ္သူကမွားျပီး ဘယ္သူကမွန္တယ္ထင္လဲ။ နွစ္ဖက္စလံုးမွာကုိယ့္အမွန္တရားနဲ႔ကုိယ္လို႔ပဲထင္လား။ သမီးေလးကုိေရာ ဘယ္သုူကအုပ္ထိန္းသင့္တယ္ထင္လဲ။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #



ချမ်းချမ်းနဲ့ ဘုဏ်းသိုက်ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ လူတိုင်းအားကျရတဲ့ ဇနီးမောင်နှံတွေဖြစ်ခဲ့ပြီး ပျော်စရာကောင်းတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပါ။ ဒါပေမယ့် မကြာခင်နှစ်ပိုင်းတွေမှာ သဘောထားမတိုက်ဆိုင်လို့ အိမ်ထောင်ရေးပြဿနာတွေနဲ့ ကွာရှင်းလုဆဲဆဲအခြေ အနေတွေဖြစ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဘုဏ်းသိုက်က ပြီးခဲ့တဲ့သြင်္ကန်တွင်းမှာ ချမ်းချမ်းက နောက်ရည်းစား နိုင်ငံခြားသားနဲ့အခြေအနေတွေနဲ့ အဲဒီလူဆီကို သမီလေးကိုခေါ်သွားတဲ့ ကိစ္စတွေကိုပါ public မှာ စတေးတပ်အရှည်ကြီးတင်ပြီးဖွင့်ချခဲ့ပါတယ်။ အဲဒါကို ပြီးခဲ့တဲ့တစ်နာရီလောက်ကပဲ ချမ်းချမ်းက မဆိုင်းမတွချက်ချင်းပြန်ရှင်းလိုက်ပါပြီ။



ချမ်းချမ်းက ဘုန်းသိုဏ်ကိုမိသားစုပြန်စုစည်းဖို့ အစွမ်းကုန်လုပ်ပေးခဲ့တဲ့အကြောင်းတွေနဲ့ ဘုဏ်းသိုက် အိမ်ထောင်ရေးဖောက်ပြန်တဲ့အကြောင်းတွေအားလုံးကို ပြန်ရှင်းတဲ့စတေးတပ်ထဲမှာပြော ထားပါတယ်။

ဘုဏ်းသိုက် ယိုးဒယားမှာအလုပ်လုပ်နေရင်း အရမ်းပင်ပန်းတယ်တွေ့ချင်တယ်ဆိုလို့ သမီးလေးနဲ့အတူ ယိုးဒယားကိုလိုက်သွားတာတောင် သမီးနဲ့ ဇနီးကိုအာရုံမစိုက်ပေးပဲ လူတွေရှေ့မှာအရူးလိုဖြစ်ခဲ့ရတယ်ဆိုတဲ့အကြောင်းနဲ့ အဖေမရှိတော့တဲ့ ကောင်မလေးတစ်ယောက်နဲ့ဖောက်ပြန်နေခဲ့ကြတယ်လို့လည်းရေးထားပါတယ်။

ဒါ့အပြင် ဘုဏ်းသိုက်နဲ့မိသားစုကြော်ငြာလေးရိုက်တာတောင် အပြီးထိမရိုက်နိုင်ပဲ ဖောက်ပြန်နေတဲ့ကောင်မလေးကို သွားကြိုပြီးဟိုတယ်တွေမှာ အချစ်ဇာတ်ခင်းခဲ့ကြတယ်လို့လည်းပြောပြထားပါတယ်။

သူများယောက်ျားကို ကိုယ့်ရည်းစားပါဆိုပြီး ပေါ်တင်မိတ်ဆက်ပေးရဲတဲ့ အဲဒီမိန်းမအတွက် ဘုဏ်းသိုက်က ဇနီးနဲ့သမီးကိုချောင်ထိုးခဲ့ကြောင်းတွေနဲ့ အဲဒီလိုတွေဖောက်ပြန်နေတာတောင် ချမ်းချမ်းက ချစ်လွန်းလို့ မွေးနေ့မှာကားဝယ်ပေးခဲ့ပြီးဘုဏ်းသိုက်က အဲဒီကားပေါ်ကို အခြားမိန်းမကိုခေါ်တင်ပြီးပျော်ပါးနေခဲ့တယ်ဆိုတာတွေပါအကုန်ဖွင့်ချထားခဲ့ပါတယ်။

သမီးလေးက ဘုဏ်းသိုက်ဖောက်ပြန်နေတာကို ဘုဏ်းသိုက်က ချမ်းချမ်းကိုမချစ်တော့လို့ အခြားမိန်းမကိုသွားချစ်တာပေါ့လို့ ပြောခဲ့တယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် ချမ်းချမ်းက ဘုဏ်းသိုက်ခိုးစားတာကိုချစ်လွန်းလို့ ဖုံးကွယ်ကာကွယ်ပေးခဲ့ပြီးပြီဆိုတာနဲ့ ဘုဏ်းသိုက်ကိုယ်တိုင်က အိမ်ထောင်ရှိရက်နဲ့ဖောက်ပြန်တာဖြစ်ပြီး ချမ်းချမ်းကတော့ ကွာရှင်းပြီးမှ ချစ်သူအသစ်ထားတာဖြစ်ကြောင်း ပြန်ရေးထားပါတယ်။

ချမ်းချမ်းရဲ့ နိုင်ငံခြားသားချစ်သူအသစ်ကလည်း သမီးလေးကို အဖေအရင်းလိုပဲ ဖိနပ်ကအစလိုက်သိမ်းပေး၊ဆေးထည့်ပေး၊ အတူကစားပေးပြီး စာတွေလည်းသင်ပေးသလို ပျော်အောင်ထားတာမို့ သမီးက သူ့ကိုအရမ်းချစ်တာလို့လည်း ချမ်းချမ်းက ပြောပြထားပါတယ်။

ဘုဏ်းသိုက်နဲ့ ဖောက်ပြန်နေတဲ့မိန်းကလေးနဲ့ ကလပ်တွေဘားတွေက ဓာတ်ပုံတွေကိုသာတင်ရရင် ဘုဏ်းသိုက်တစ်ယောက်တော့ နေစရာရှိမှာမဟုတ်ဘူးလို့ပြောထားသလို လူသိရှင်ကြားပြတ်စဲပြီးမှအချစ်သစ်ရတာဖြစ်ပြီး သူများတွေလိုခိုးစားတာဖောက်ပြန်တာမဟုတ်လို့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လို့လည်း ရေးထားပါသေးတယ်။

ပရိသတ်ကြီးရော ချမ်းချမ်းနဲ့ ဘုဏ်းသိုက်နဲ့ဖြစ်ကြတဲ့ကိစ္စမှာ ဘယ်သူကမှားပြီး ဘယ်သူကမှန်တယ်ထင်လဲ။ နှစ်ဖက်စလုံးမှာကိုယ့်အမှန်တရားနဲ့ကိုယ်လို့ပဲထင်လား။ သမီးလေးကိုရော ဘယ်သုူကအုပ်ထိန်းသင့်တယ်ထင်လဲ။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top