20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×
ဧပြီ ၅ ရက်နေ့မှာ မင်္ဂလာဆောင်မယ့် သတို့သားလောင်းရဲ့ ဖြစ်ရပ်.. 3
ဧပြီလ၅ရက်
#Unicode Version#
မင်္ဂလာဆောင်ရန် ၃ရက်သာလိုသော သတို့သားလောင်းသည် မင်္ဂလာကိစ္စဖြင့် ခရီးသွားရာမှ အပြန်တွင်ဆိုင်ကယ်နှင့် ဖွဲကားတိုက်မိရာမှသတို့သားလောင်းသည်အခင်းဖြစ်နေရာတွ
င်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သေဆုံးသူ၏ ဆွေမျိုးများထံမှသိရှိရသည်။
ယနေ့နေ့လည်၁၂နာရီအချိန်ခန့်မိုင်တိုင် အမှတ် 87/4 နှင့် 87/5 အကြားရန်ကုန် ပြည်ကားမကြီးပေါ်တွင်ပြည်ဘက်မှရန်ကုန်ဘက်သို့မောင်းနှင်လာသောဖွဲ ကားနှင့်ရန်ကုန်ဘက်မှပြည်ဘက်သို့ မောင်းနှင်လာသောဆိုင်ကယ်တို့မျက် နှာချင်းဆိုင်ပြီးတိုက်မိခဲ့ခြင်းဖြစ်ပြီးသတင်းရရှိသည်နှင့်တပြိုင်နက်
အခင်းဖြစ်နေရာသို့အချိန်နှင့်တစ်ပြေးညီသွားရောက် ကူညီကယ်ဆယ်မှုပြုလုပ်ခဲ့သော်လည်း ဆိုင်ကယ်မောင်းသူသေဆုံးခဲ့ရာ၎င်း၏ အလောင်းအားလက်ပံတန်းမြို့နယ်ဆေးရုံရင်ခွဲရုံသို့
တင်ပို့ပေးခြင်းကိုမေတ္တာမွန်နာရေးကူညီမှုကားဖြင့်ပို့ဆောင်ခဲ့ ကြောင်း
လက်ပံတန်းလူမှုကယ်ဆယ်ရေးအသင်းမှသိရှိရသည်။
သေဆုံးသူသတို့သားလောင်းမှာကိုသက်ပိုင်(ခ)သာထူး(ဘ)
ဦးသန်းလှိုင်အသက်၃၂နှစ်(ဆင်တလင်းကျေးရွာနေသူ)ဖြစ်ကြောင်းသတို့သားလောင်းသည်
သတို့သမီးလောင်းမအေးမော်(ပေါင်းတည်မြို့နေသ)ူနှင့်အတူ
ဧပြီလ၅ရက်
 နေ့တွင်မင်္ဂလာလက်ထပ်ပွဲကျင်းပမည်
 ဖြစ်သောကြောင့်လွန်ခဲ့သည့်ရက်အနည်းကဝယ်ယူထားသည့်ဆိုင်ကယ် SMASHဘီးအသစ်ကိုစီးပြီး
 ရန်ကုန်သို့ သွားခဲ့ကြောင်းလက်ပံတန်းသို့အပြန် တွင်နေပူသဖြင့်ဇနီးလောင်းအားခရီးသည်တင်ကားနှင့်ပြန်စေကြောင်း
ထို့နောက်သတို့သားလောင်းသည်ဆိုင်ကယ်ဖြင့်တစ်ယောက်တည်းစီးလျှက်ပြန်ရာ လက်ပံတန်းသို့အရောက်ကညင်တန်း ကျေးရွာနှင့်ကျွန်းကလေးကျေးရွာကြားအရောက်တွင်မောင်းနှင်လာသောဆိုင် ကယ်နှင့်ဖွဲများတင်ဆောင်လာသည့် NISSANအမျိုးအစား 2B 8516တပ်ဆင်ထားသောကားဖြင့်တိုက်မိကာသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။…..
ဖိုးသူတော်(www.phothutaw.com)
Credit:ငြိမ်းချမ်း (လက်ပံတန်း) ကျော်သက်ခိုင်
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top