ေကာင္မေလးေတြအသည္းအသန္ေၾကြေနၾကတဲ့ အဝင္းဆိုတဲ့ ျမန္မာျပည္သားဂ်ပန္အ ဆိုေတာ္ေလးအဝင္းဟာဆိုရင္ ေအာင္ျမင္တဲ့အဆိုေတာ္တစ္ဦးျဖစ္သလုိ ေဟာလိဝုဒ္ဇာတ္ကားေတြ လည္းရိုက္ကူးထားတဲ့ သရုပ္ေဆာင္တစ္ဦးျဖစ္ပါတယ္။

အလုပ္ေတြမ်ားတဲ့ၾကားက ျမန္မာနုိင္ငံလာလာလည္ျပီး ျမန္မာမွာ အလုပ္လုပ္ရတာေပ်ာ္တဲ့အဝင္းက မၾကာေသးမီက 8days TV နဲ႔ အင္တာဗ်ဴးမွာ ပရိသတ္ေတြသိခ်င္ေနၾကတဲ့အခ်စ္ေရးအေၾကာင္းနဲ႔ လက္ရွိအနုပညာလႈပ္ရွားမႈေတြအေၾကာင္းေျပာသြားခဲ့ပါတယ္။

အဝင္းက လက္ရွိအနုပညာလႈပ္ရွားမႈေတြအေၾကာင္းကုိ “အမွန္အတုိင္းေျပာရရင္ ကြ်န္ေတာ္ျမန္မာျပည္ကုိလာေတာ့ ရက္ေတြက အကုန္ schedule က အျပည့္ပဲခင္ဗ်ာ။ မနက္ကေနညေနအထိေတာက္ေလွ်ာက္ရုိက္။ညက်ရင္တစ္ေနရာထပ္သြား။ အဲဒီလိုမ်ိဳးခင္ဗ်ာ။ ဟုိတစ္ေန႔က သူတို႔တစ္ရက္အနားေပးတယ္။

အဲဒီတစ္ရက္အတြင္းမွာ ကြ်န္ေတာ္အျခားအလုပ္နဲ႔ BKK သြားရတာတို႔ဘာတို႔၊ဒါေပမယ့္အလုပ္လုပ္ရ တာကြ်န္ေတာ္အရမ္းေပ်ာ္တယ္။ ကြ်န္ေတာ့္ကို ဒီလိုမ်ိဳး အဝင္းကုိလုိတယ္ဆိုတာက ကြ်န္ေတာ့္ အတြက္ အရမ္း ဂုဏ္ယူရမယ့္ ေနရာျဖစ္တယ္ေပါ့ ခင္ဗ်ာ၊”လို႔ေျပာျပသြားပါတယ္။



Hollywood က ေအာ္စကာဆုကုိမွလိုခ်င္တဲ့အေၾကာင္းရည္မွန္းခ်က္ကိုလည္း “ကြ်န္ေတာ္က အကယ္ဒမီဆုကုိ ျမန္မာျပည္မွာယူမွာလည္းမဟုတ္ဘူး။ ဂ်ပန္ျပည္မွာယူမွာလည္းမဟုတ္ဘူး။ America Hollywood က Oscar ဆုကုိကြ်န္ေတာ္လိုခ်င္တာခင္ဗ်ာ။

ကြ်န္ေတာ္က acting လုပ္ရတဲ့အေပၚမွာ အရမ္းကြ်မ္းတယ္ဆိုျပီးေတာ့ ကုိယ့္ကုိယ္ကုိ္ယ္ယံုၾကည္မႈလည္းမရွိေသးဘူး။ ကုိယ့္ကုိယ္ကုိယ္ယံုၾကည္မႈုလိုခ်င္လို႔ အကယ္ဒမီလိုခ်င္တယ္လို႔ အဲဒီအထိၾကိဳးစားမယ္ေပ့ါခင္ဗ်ာ”လို႔ ရင္ဖြင့္ေျပာျပသြားပါတယ္။

အဝင္းက ျမန္မာကုိ္ခဏခဏလာျပီး လာတိုင္းလည္း ပုဆိုးဝတ္တာေၾကာင့္ ပုဆိုးေတာ္ေတာ္ဝတ္တတ္ေနျပီလားဆိုတဲ့ေမးခြန္းကုိ “ပုဆိုးကေတာ့ ခက္ေသးတယ္ခင္ဗ်ာ။ အဲဒီေန႔ကေတာင္ ကြ်တ္က်ခါနီးျဖစ္ေနျပီ တျဖည္းျဖည္းနဲ႔။ ပတ္ဝန္းက်င္မွာရွိတဲ့လူၾကီးေတြကေတာ့ သင္ေပးတာေပ့ါခင္ဗ်ာ။ ဒါမ်ိဳးဝတ္ဒါမ်ိဳးဝတ္။

လူမေတြ႕တဲ့ေနရာက်ရင္ေနာက္ကေနခ်ည္ေပးတာတို႔။ ဝတ္ေပးတာတို႔လုပ္ေပးတယ္ခင္ဗ်။ အဲလိုနဲ႔ပဲၾကိဳးစားေနတာပဲခင္ဗ်ာ”လို႔ ရယ္ေမာရင္းေျပာထားပါတယ္။ အဝင္းဟာ ျမန္မာလူမ်ိဳးျဖစ္လို႔ အခုထိလည္း ပတ္စ္ပုိ႔မေျပာင္းပဲ ျမန္မာပတ္စ္ပို႔ပဲကုိင္တယ္လို႔လည္းေျပာျပသြားပါေသးတယ္။



ပ်ိဳတုိင္းၾကိဳက္တဲ့နွင္းဆီခိုင္၊နႈတ္ခမ္းနီမေလးေတြရဲ႕အသည္းစြဲအဝင္းက အခ်စ္ေရးနဲ႔ပတ္သက္ျပီး သူခြ်ဲတာခံမယ့္လူမ်ိဳးရွာေနတယ္လို႔ “ဟုိမွာလည္း Drama တစ္ကားရိုက္ဖုိ႔ရွိတယ္။ လာမယ့္ဆယ္လပုိင္းမွာျပမယ့္ရုပ္ရွင္တစ္ကားလည္းရွိတယ္။ ေနာက္နွစ္မွာျပမယ့္ရုပ္ရွင္ တစ္ကားလည္းရွိတယ္။

ဟုိမွာလည္း ကြ်န္ေတာ္တို႔က Live show လုပ္တာတို႔ CD ထုတ္တာတို႔ရွိတယ္။ ဟုိမွာလည္း Schedule ကအျပည့္ခင္ဗ်ာ။ ကြ်န္ေတာ္အေကာင္းေျပာမယ္ အသားကုန္ပင္ပန္းတယ္ခင္ဗ်ာ။ ကြ်န္ေတာ့္စိတ္ကုိအစာေကြ်းမယ့္သူကြ်န္ေတာ္ရွာေနပါတယ္ခင္ဗ်ာ(အားပါးတရရယ္လ်က္) ကြ်န္ေတာ္ခြ်ဲလို႔ရမယ့္လူတစ္ေယာက္ေလာက္ရွာေပးပါခင္ဗ်ာ။

မမလည္း ညီမေလးလည္းကိစၥမရွိဘူး။ ကြ်န္ေတာ္ခြ်ဲတာခံေပးရင္ျပီးေရာ”လို႔ ျပံဳးစိစိနဲ႔ ေျဖၾကားထားပါတယ္။ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ အဝင္းကုိခ်စ္ၾကလား ။ အဝင္း ရဲ႕ရုပ္ရွင္ေတြထြက္လာရင္ အားေပးၾကမွာလား။အဝင္းေလးခြ်ဲတာေရာ ခံခ်င္ေနၾကျပီ လား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


ကောင်မလေးတွေအသည်းအသန်ကြွေနေကြတဲ့ အဝင်းဆိုတဲ့ မြန်မာပြည်သားဂျပန်အ ဆိုတော်လေးအဝင်းဟာဆိုရင် အောင်မြင်တဲ့အဆိုတော်တစ်ဦးဖြစ်သလို ဟောလိဝုဒ်ဇာတ်ကားတွေ လည်းရိုက်ကူးထားတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။

အလုပ်တွေများတဲ့ကြားက မြန်မာနိုင်ငံလာလာလည်ပြီး မြန်မာမှာ အလုပ်လုပ်ရတာပျော်တဲ့အဝင်းက မကြာသေးမီက 8days TV နဲ့ အင်တာဗျူးမှာ ပရိသတ်တွေသိချင်နေကြတဲ့အချစ်ရေးအကြောင်းနဲ့ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းပြောသွားခဲ့ပါတယ်။

အဝင်းက လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “အမှန်အတိုင်းပြောရရင် ကျွန်တော်မြန်မာပြည်ကိုလာတော့ ရက်တွေက အကုန် schedule က အပြည့်ပဲခင်ဗျာ။ မနက်ကနေညနေအထိတောက်လျှောက်ရိုက်။ညကျရင်တစ်နေရာထပ်သွား။ အဲဒီလိုမျိုးခင်ဗျာ။ ဟိုတစ်နေ့က သူတို့တစ်ရက်အနားပေးတယ်။

အဲဒီတစ်ရက်အတွင်းမှာ ကျွန်တော်အခြားအလုပ်နဲ့ BKK သွားရတာတို့ဘာတို့၊ဒါပေမယ့်အလုပ်လုပ်ရ တာကျွန်တော်အရမ်းပျော်တယ်။ ကျွန်တော့်ကို ဒီလိုမျိုး အဝင်းကိုလိုတယ်ဆိုတာက ကျွန်တော့် အတွက် အရမ်း ဂုဏ်ယူရမယ့် နေရာဖြစ်တယ်ပေါ့ ခင်ဗျာ၊”လို့ပြောပြသွားပါတယ်။

Hollywood က အော်စကာဆုကိုမှလိုချင်တဲ့အကြောင်းရည်မှန်းချက်ကိုလည်း “ကျွန်တော်က အကယ်ဒမီဆုကို မြန်မာပြည်မှာယူမှာလည်းမဟုတ်ဘူး။ ဂျပန်ပြည်မှာယူမှာလည်းမဟုတ်ဘူး။ America Hollywood က Oscar ဆုကိုကျွန်တော်လိုချင်တာခင်ဗျာ။

ကျွန်တော်က acting လုပ်ရတဲ့အပေါ်မှာ အရမ်းကျွမ်းတယ်ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်းမရှိသေးဘူး။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုုလိုချင်လို့ အကယ်ဒမီလိုချင်တယ်လို့ အဲဒီအထိကြိုးစားမယ်ပေ့ါခင်ဗျာ”လို့ ရင်ဖွင့်ပြောပြသွားပါတယ်။

အဝင်းက မြန်မာကိုခဏခဏလာပြီး လာတိုင်းလည်း ပုဆိုးဝတ်တာကြောင့် ပုဆိုးတော်တော်ဝတ်တတ်နေပြီလားဆိုတဲ့မေးခွန်းကို “ပုဆိုးကတော့ ခက်သေးတယ်ခင်ဗျာ။ အဲဒီနေ့ကတောင် ကျွတ်ကျခါနီးဖြစ်နေပြီ တဖြည်းဖြည်းနဲ့။ ပတ်ဝန်းကျင်မှာရှိတဲ့လူကြီးတွေကတော့ သင်ပေးတာပေ့ါခင်ဗျာ။ ဒါမျိုးဝတ်ဒါမျိုးဝတ်။

လူမတွေ့တဲ့နေရာကျရင်နောက်ကနေချည်ပေးတာတို့။ ဝတ်ပေးတာတို့လုပ်ပေးတယ်ခင်ဗျ။ အဲလိုနဲ့ပဲကြိုးစားနေတာပဲခင်ဗျာ”လို့ ရယ်မောရင်းပြောထားပါတယ်။ အဝင်းဟာ မြန်မာလူမျိုးဖြစ်လို့ အခုထိလည်း ပတ်စ်ပို့မပြောင်းပဲ မြန်မာပတ်စ်ပို့ပဲကိုင်တယ်လို့လည်းပြောပြသွားပါသေးတယ်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်၊နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲအဝင်းက အချစ်ရေးနဲ့ပတ်သက်ပြီး သူချွဲတာခံမယ့်လူမျိုးရှာနေတယ်လို့ “ဟိုမှာလည်း Drama တစ်ကားရိုက်ဖို့ရှိတယ်။ လာမယ့်ဆယ်လပိုင်းမှာပြမယ့်ရုပ်ရှင်တစ်ကားလည်းရှိတယ်။ နောက်နှစ်မှာပြမယ့်ရုပ်ရှင် တစ်ကားလည်းရှိတယ်။

ဟိုမှာလည်း ကျွန်တော်တို့က Live show လုပ်တာတို့ CD ထုတ်တာတို့ရှိတယ်။ ဟိုမှာလည်း Schedule ကအပြည့်ခင်ဗျာ။ ကျွန်တော်အကောင်းပြောမယ် အသားကုန်ပင်ပန်းတယ်ခင်ဗျာ။ ကျွန်တော့်စိတ်ကိုအစာကျွေးမယ့်သူကျွန်တော်ရှာနေပါတယ်ခင်ဗျာ(အားပါးတရရယ်လျက်) ကျွန်တော်ချွဲလို့ရမယ့်လူတစ်ယောက်လောက်ရှာပေးပါခင်ဗျာ။

မမလည်း ညီမလေးလည်းကိစ္စမရှိဘူး။ ကျွန်တော်ချွဲတာခံပေးရင်ပြီးရော”လို့ ပြုံးစိစိနဲ့ ဖြေကြားထားပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးရော အဝင်းကိုချစ်ကြလား ။ အဝင်း ရဲ့ရုပ်ရှင်တွေထွက်လာရင် အားပေးကြမှာလား။အဝင်းလေးချွဲတာရော ခံချင်နေကြပြီ လား။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top