ရာသီေသြးအမ်ိဳးအစားကေနသိႏိုင္တဲ့ သင့္ရဲ႕က်န္းမာေရးအေျခအေန
အမ်ိဳးသမီးမ်ား မဖတ္အားေသးရင္ သိမ္းထားပါ.. လုံးဝေတာ့ေက်ာ္မသြားပါနဲ႔
ရာသီေသြးအမ်ိဳးအစားကေနသိႏိုင္တဲ့ သင့္ရဲ႕က်န္းမာေရးအေျခအေန
အမ်ိဳးသမီးေတြရဲ႕ က်န္းမာေရးနဲ႔ပတ္သက္ၿပီး ေဆြးေႏြးၾကတဲ့အခါ အမ်ားစုက ဓမၼတာလာတဲ့ ကိစၥကို ပြင့္ပြင့္လင္းလင္းမေျပာတတ္ၾကပါဘူး
ဒါေပမဲ့ အမ်ိဳးသမီးေတြအေနနဲ႔ ရာသီေသြးအေျခအေန တစ္ခုခုထူးျခားတာနဲ႔ ကုိယ့္ရဲ႕ က်န္းမာေရးမွာလည္း
သက္ေရာက္မႈရွိေနတယ္ဆိုတာကို သတိျပဳ ဆင္ျခင္ဖို႔လိုပါတယ္
ဒါေၾကာင့္ ရာသီေသြးဆင္းတာဟာရွက္စရာမဟုတ္သလို ရာသီေသြးအမ်ိဳးအစား အလိုက္သိႏိုင္တဲ့
က်န္းမာေရးအေျခအေနေတြအေၾကာင္း ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးလုိက္ပါတယ္
ပန္းေရာင္သမ္းေနရင္
ရာသီေသြးဟာပံုမွန္ဆင္းေနက်အေရာင္ထက္ ေသြးအေရာင္ေဖ်ာ့ၿပီး ပန္းေရာင္ဘက္သမ္းေနတယ္ ဆိုရင္
ခႏၶာကိုယ္ထဲမွာ အမေဟာ္မုန္းနည္းလြန္းေန တယ္ဆိုတဲ့လကၡဏာပါပဲ
အဲဒီလို ရာသီေသြးပန္းေရာင္သမ္းတာဟာ မၾကာခဏျဖစ္တယ္၊ ေသြးအေရာင္ဟာသိသိသာသာေဖ်ာ့လာတယ္ ဆိုရင္
အရိုးပြေရာဂါျဖစ္ႏိုင္ေျခရွိလာႏိုင္တယ္ဆိုတာကို သတိျပဳရမွာျဖစ္ပါတယ္
ရာသီေသြးက်ဲလြန္းရင္
ေသြးအေရာင္ေဖ်ာ့လြန္းၿပီး ရာသီေသြးဟာခပ္က်ဲက်ဲျဖစ္ေနမယ္ဆိုရင္
အာဟာရမမွ်တဘူးဆိုတဲ့လက ၡဏာျဖစ္ၿပီး သားအိမ္ကင္ဆာျဖစ္ပြားႏိုင္ေျခရွိလို႔ စိုးရိမ္ရတဲ့အေျခအေနျဖစ္ပါတယ္
ဒါေပမဲ့ အရမ္းႀကီး လည္းစိတ္မပူပါနဲ႔၊ သားအိမ္ျပြန္ကင္ဆာ၊
သားအိမ္ကင္ဆာဟာ တျခားသားဖြားမီးယပ္ကင္ ဆာေရာဂါေတြထက္စာရင္ ျဖစ္ပြားႏိုင္ေျခ ၂ ရာခိုင္ႏႈန္းေလာက္ပဲရွိပါတယ္
ဒါေၾကာင့္ ဒီလိုအေျခ အေနမ်ိဳးမွာ သားဖြားမီးယပ္ဆရာဝန္နဲ႔ေသခ်ာျပသၿပီး ကာကြယ္ထားႏိုင္ပါတယ္
အညိဳရင့္ေရာင္ေျပာင္းေနရင္
ရာသီေသြးအေရာင္က အညိဳရင့္ေရာင္ျဖစ္ေနတာဟာ လစဥ္ဓမၼတာလာတဲ့အခါ ေသြးကုန္ေအာင္ မဆင္းဘဲ
သားအိမ္ထဲမွာ အခ်ိန္ၾကာျမင့္စြာက်န္ေနျခင္းေၾကာင့္ျဖစ္ပါတယ္
ဒီအေျခအေနဟာ က်န္းမာေရးအတြက္ ဘာမွသိသိသာသာထိခိုက္မႈမရွိေပမယ့္ အရက္ေသာက္လြန္းတဲ့အမ်ိဳးသားေတြ
ေဆးလိပ္အလြန္အကၽြံေသာက္လြန္းတဲ့အမ်ိဳးသားေတြ ေခၽြးထြက္ရင္ အရက္နံ႔၊ ေဆးလိပ္နံ႔နံသလိုမ်ိဳး ရာသီေသြးက်န္တဲ့အမ်ိဳးသမီးေတြလည္း
အနံ႔အသက္မေကာင္းတဲ့ကိုယ္န႔ံ၊ ေခၽြးနံ႔ေတြထြက္တတ္လို႔ သတိထားသင့္ပါတယ္
အနီရင့္ေရာင္အညစ္အေၾကးေတြပါလာရင္
ဒီအေျခအေနကေတာ့ ခႏၶာကိုယ္ထဲမွာ မေဟာ္မုန္းျမင့္ေနတဲ့လကၡဏာပဲျဖစ္ပါတယ္
တခါတေလ သားအိမ္ထဲမွာ ရာသီေသြးက်န္တဲ့အခ်ိန္မွာလည္းဒီလိုေတြ႕ရတတ္ပါတယ္
ဒါအျပင္ ေဟာ္မုန္းမညီမွ်ရင္ လည္း အဲဒီလိုအညစ္အေၾကးေတြပါလာတတ္ပါတယ္
ဒါေပမဲ့ စိုးရိမ္ရတဲ့အေျခအေနေတာ့ မဟုတ္ပါဘူး
ဘယ္ရီသီးရဲ႕အနီေရာင္လိုျဖစ္ေနရင္
ဒီအေရာင္ကေတာ့ သင့္အေနနဲ႔ က်န္းမာေရးေကာင္းတဲ့လကၡဏာပါပဲ
ဒါေပမဲ့ တစ္ေယာက္နဲ႔ တစ္ေယာက္ က်န္းမာေရးေကာင္းတဲ့အေျခအေနက မတူႏိုင္တဲ့အတြက္ သားဖြားမီးယပ္ဆရာဝန္နဲ႔ပံုမွန္ စစ္ေဆးမႈျပဳလုပ္သင့္ပါတယ္
မီးခိုးေရာင္နဲ႔အနီေရာင္ေရာေနရင္
ဒီအေရာင္ဟာ အေျခအေနႏွစ္မ်ိဳးေၾကာင့္ျဖစ္ႏုိင္ပါတယ္
ပထမတစ္ခ်က္က သင္ဟာကိုယ္ဝန္ေဆာင္ မိခင္မဟုတ္ဘဲ ဒီလိုအေရာင္မ်ိဳးရာသီေသြးဆင္းရင္ STD/STIဆိုတဲ့
လိင္နဲ႔ပတ္သက္တဲ့ေရာ ဂါပိုးကူးစက္ႏိုင္ေျခရွိေနတဲ့လကၡဏာျဖစ္ပါတယ္
ေနာက္တစ္ခ်က္ကေတာ့ ကိုယ္ဝန္နဲ႔ပတ္သက္ၿပီး က်န္းမာေရးအေျခအေနတစ္ခုခုလြဲေခ်ာ္ေနျခင္းပဲျဖစ္ပါတယ္
ဒါေၾကာင့္ သက္ဆိုင္ရာဆရာဝန္နဲ႔ အျမန္ဆံုးျပသသင့္ပါတယ္
လိေမၼာ္ေရာင္သမ္းေနရင္
ရာသီေသြးလိေမၼာ္ေရာင္သမ္းတာရွားေတာ့ရွားတယ္၊ ဒါေပမဲ့ ရာသီေသြးလိေမၼာ္ေရာင္သမ္းၿပီဆို ရင္ေတာ့ စိုးရိမ္ရတဲ့အေျခအေနမွာရွိေနပါတယ္
STD/STIေရာဂါပိုးကူးစက္ခံေနရတဲ့လကၡဏာပဲျဖစ္ ပါတယ္။ ဒါေၾကာင့္မေပါ့ဆသင့္ဘဲ သက္ဆိုင္ရာေဆးရံု၊ ေဆးခန္းမွာအျမန္ဆံုးသြားေရာက္ ကုသ သင့္ပါတယ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #
အမျိုးသမီးများ မဖတ်အားသေးရင် သိမ်းထားပါ.. လုံးဝတော့ကျော်မသွားပါနဲ့
ရာသီသွေးအမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ
အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးကြတဲ့အခါ အများစုက ဓမ္မတာလာတဲ့ ကိစ္စကို ပွင့်ပွင့်လင်းလင်းမပြောတတ်ကြပါဘူး
ဒါပေမဲ့ အမျိုးသမီးတွေအနေနဲ့ ရာသီသွေးအခြေအနေ တစ်ခုခုထူးခြားတာနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးမှာလည်း
သက်ရောက်မှုရှိနေတယ်ဆိုတာကို သတိပြု ဆင်ခြင်ဖို့လိုပါတယ်
ဒါကြောင့် ရာသီသွေးဆင်းတာဟာရှက်စရာမဟုတ်သလို ရာသီသွေးအမျိုးအစား အလိုက်သိနိုင်တဲ့
ကျန်းမာရေးအခြေအနေတွေအကြောင်း ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်
ပန်းရောင်သမ်းနေရင်
ရာသီသွေးဟာပုံမှန်ဆင်းနေကျအရောင်ထက် သွေးအရောင်ဖျော့ပြီး ပန်းရောင်ဘက်သမ်းနေတယ် ဆိုရင်
ခန္ဓာကိုယ်ထဲမှာ အမဟော်မုန်းနည်းလွန်းနေ တယ်ဆိုတဲ့လက္ခဏာပါပဲ
အဲဒီလို ရာသီသွေးပန်းရောင်သမ်းတာဟာ မကြာခဏဖြစ်တယ်၊ သွေးအရောင်ဟာသိသိသာသာဖျော့လာတယ် ဆိုရင်
အရိုးပွရောဂါဖြစ်နိုင်ခြေရှိလာနိုင်တယ်ဆိုတာကို သတိပြုရမှာဖြစ်ပါတယ်
ရာသီသွေးကျဲလွန်းရင်
သွေးအရောင်ဖျော့လွန်းပြီး ရာသီသွေးဟာခပ်ကျဲကျဲဖြစ်နေမယ်ဆိုရင်
အာဟာရမမျှတဘူးဆိုတဲ့လက ္ခဏာဖြစ်ပြီး သားအိမ်ကင်ဆာဖြစ်ပွားနိုင်ခြေရှိလို့ စိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်
ဒါပေမဲ့ အရမ်းကြီး လည်းစိတ်မပူပါနဲ့၊ သားအိမ်ပြွန်ကင်ဆာ၊
သားအိမ်ကင်ဆာဟာ တခြားသားဖွားမီးယပ်ကင် ဆာရောဂါတွေထက်စာရင် ဖြစ်ပွားနိုင်ခြေ ၂ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်
ဒါကြောင့် ဒီလိုအခြေ အနေမျိုးမှာ သားဖွားမီးယပ်ဆရာဝန်နဲ့သေချာပြသပြီး ကာကွယ်ထားနိုင်ပါတယ်
အညိုရင့်ရောင်ပြောင်းနေရင်
ရာသီသွေးအရောင်က အညိုရင့်ရောင်ဖြစ်နေတာဟာ လစဉ်ဓမ္မတာလာတဲ့အခါ သွေးကုန်အောင် မဆင်းဘဲ
သားအိမ်ထဲမှာ အချိန်ကြာမြင့်စွာကျန်နေခြင်းကြောင့်ဖြစ်ပါတယ်
ဒီအခြေအနေဟာ ကျန်းမာရေးအတွက် ဘာမှသိသိသာသာထိခိုက်မှုမရှိပေမယ့် အရက်သောက်လွန်းတဲ့အမျိုးသားတွေ
ဆေးလိပ်အလွန်အကျွံသောက်လွန်းတဲ့အမျိုးသားတွေ ချွေးထွက်ရင် အရက်နံ့၊ ဆေးလိပ်နံ့နံသလိုမျိုး ရာသီသွေးကျန်တဲ့အမျိုးသမီးတွေလည်း
အနံ့အသက်မကောင်းတဲ့ကိုယ်နံ့၊ ချွေးနံ့တွေထွက်တတ်လို့ သတိထားသင့်ပါတယ်
အနီရင့်ရောင်အညစ်အကြေးတွေပါလာရင်
ဒီအခြေအနေကတော့ ခန္ဓာကိုယ်ထဲမှာ မဟော်မုန်းမြင့်နေတဲ့လက္ခဏာပဲဖြစ်ပါတယ်
တခါတလေ သားအိမ်ထဲမှာ ရာသီသွေးကျန်တဲ့အချိန်မှာလည်းဒီလိုတွေ့ရတတ်ပါတယ်
ဒါအပြင် ဟော်မုန်းမညီမျှရင် လည်း အဲဒီလိုအညစ်အကြေးတွေပါလာတတ်ပါတယ်
ဒါပေမဲ့ စိုးရိမ်ရတဲ့အခြေအနေတော့ မဟုတ်ပါဘူး
ဘယ်ရီသီးရဲ့အနီရောင်လိုဖြစ်နေရင်
ဒီအရောင်ကတော့ သင့်အနေနဲ့ ကျန်းမာရေးကောင်းတဲ့လက္ခဏာပါပဲ
ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ကျန်းမာရေးကောင်းတဲ့အခြေအနေက မတူနိုင်တဲ့အတွက် သားဖွားမီးယပ်ဆရာဝန်နဲ့ပုံမှန် စစ်ဆေးမှုပြုလုပ်သင့်ပါတယ်
မီးခိုးရောင်နဲ့အနီရောင်ရောနေရင်
ဒီအရောင်ဟာ အခြေအနေနှစ်မျိုးကြောင့်ဖြစ်နိုင်ပါတယ်
ပထမတစ်ချက်က သင်ဟာကိုယ်ဝန်ဆောင် မိခင်မဟုတ်ဘဲ ဒီလိုအရောင်မျိုးရာသီသွေးဆင်းရင် STD/STIဆိုတဲ့
လိင်နဲ့ပတ်သက်တဲ့ရော ဂါပိုးကူးစက်နိုင်ခြေရှိနေတဲ့လက္ခဏာဖြစ်ပါတယ်
နောက်တစ်ချက်ကတော့ ကိုယ်ဝန်နဲ့ပတ်သက်ပြီး ကျန်းမာရေးအခြေအနေတစ်ခုခုလွဲချော်နေခြင်းပဲဖြစ်ပါတယ်
ဒါကြောင့် သက်ဆိုင်ရာဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်
လိမ္မော်ရောင်သမ်းနေရင်
ရာသီသွေးလိမ္မော်ရောင်သမ်းတာရှားတော့ရှားတယ်၊ ဒါပေမဲ့ ရာသီသွေးလိမ္မော်ရောင်သမ်းပြီဆို ရင်တော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်
STD/STIရောဂါပိုးကူးစက်ခံနေရတဲ့လက္ခဏာပဲဖြစ် ပါတယ်။ ဒါကြောင့်မပေါ့ဆသင့်ဘဲ သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းမှာအမြန်ဆုံးသွားရောက် ကုသ သင့်ပါတယ်
ဖိုးသူတော် (www.phothutaw.com)
Credit:tameelay