ဧရာဝတီလင္းပိုင္ေတြ အဓိက က်က္စားတဲ့ မႏၱေလးနဲ႔ ဗန္းေမာ္ၾကားမွာ ဧရာဝတီလင္းပိုင္ ေတြ႔ရိွရမႈဟာ အရင္ႏွစ္ကထက္စာရင္ ေလ်ာ့နည္းလာေနတယ္လို႔ ဧရာဝတီလင္းပိုင္ ထိန္းသိမ္းေရးတာဝန္ခံ သားငွက္ထိန္းသိမ္းေရးအဖြဲ႔မွ ကိုေက်ာ္လွသိန္းက ေျပာပါတယ္။

မႏၱေလး နဲ႔ ဗန္းေမာ္ၾကား ဧရာဝတီလင္းပိုင္ေတြကို ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ၇၆ ေကာင္ေတြ႔ရိွရၿပီး ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ၇၂ ေကာင္ ေတြ႔ရိွရတယ္လို႔ ေျပာပါတယ္။

ဧရာဝတီလင္းပိုင္ ထိန္းသိမ္းေရးတာဝန္ခံ သားငွက္ ထိန္းသိမ္းေရးအဖြဲ႔မွ ကိုေက်ာ္လွသိန္း က “ဧရာဝတီ လင္းပိုင္ေသတဲ့ပံုစံက ၃ မ်ိဳးရိွတယ္။ တခုက အရြယ္ေရာက္လို႔ အသက္ႀကီးလို႔ ပံုမွန္အတိုင္းေသတာ၊ ေနာက္တခုကငါးဖမ္းပိုက္ေတြမွာ ၿငိတြယ္ၿပီး ေသဆံုးတယ္။ ေနာက္တခုက ဘထၳရီေရွာ့နဲ႔မိၿပီး ေသဆံုးတာ ေတြရိွတယ္။ ဘထၳရီေရွာ့တိုက္ငါးဖမ္းဆီးတာက ေတာ္ေတာ္ေလး အႏၱရာယ္မ်ားတယ္။ ငါးသယံဇာတကို မ်ိဳးျပဳန္းေအာင္လုပ္တဲ့ ငါးဖမ္းနည္းျဖစ္တာေပါ့။ ဥကေန အစ သားေကာင္ေပါက္ အေကာင္ႀကီးေတြအထိ အကုန္ေသတာျဖစ္တဲ့အတြက္ ငါးသယံဇာတ ျပဳန္းတီးေစတဲ့ ငါးဖမ္းနည္းျဖစ္တယ္။ ဘထၳရီေရွာ့တိုက္ ငါးဖမ္းတာက ဧရာဝတီလင္းပိုင္ေတြအတြက္ အႏၱရာယ္အရိွဆံုး ငါးဖမ္းနည္းတခုပဲျဖစ္ပါတယ္”လို႔ ေျပာပါတယ္။

၂၀၀၂ ခုႏွစ္မွ စတင္ကာ ၂၀၁၉ ခုႏွစ္အထိ ႏွစ္စဥ္ မႏၱေလးမွ ဗန္းေမာ္ၾကား တႏွစ္ကို တႀကိမ္ စစ္တမ္းေကာက္ယူတဲ့လုပ္ငန္းကို လုပ္ေဆာင္ေနၿပီး မႏၱေလး-ဗန္းေမာ္ၾကားမွာ ဧရာဝတီလင္းပိုင္ကို ပ်မ္းမွ် ၇၀ ပတ္ဝန္းက်င္မွာ ေတြ႔ရိွရတယ္လို႔ သိရပါတယ္။

၂၀၁၈ ခုႏွစ္မွာ ၇၆ ေကာင္နဲ႔ အမ်ားဆံုး စံခ်ိန္တင္ေတြ႔ရၿပီး ယခင္က ၇၃ ေကာင္ပတ္ဝန္းက်င္မွာ ေတြ႔ရတယ္လို႔ သိရပါတယ္။

ဧရာဝတီလင္းပိုင္ေတြဟာ ေကာင္ေရ ၇၀ ပတ္ဝန္းက်င္မွာရိွေနၿပီး ေသတဲ့အေကာင္ေတြ ရိွသလို ျပန္ေပါက္တဲ့ အေကာင္ေတြနဲ႔ညီမွ်ေနတယ္။ တကယ္လို႔ ေသတဲ့ အေကာင္ေတြကို ေလ်ာ့ခ်ႏိုင္မယ္ဆိုရင္ အေကာင္အေရအတြက္ သိသိသာသာတိုးလာဖို႔ရိွေနတယ္လို႔ ဧရာဝတီ လင္းပိုင္ထိန္းသိမ္းေရး တာဝန္ခံ သားငွက္ထိန္းသိမ္းေရးအဖြဲ႕မွ ကိုေက်ာ္လွသိန္း က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

ဧရာဝတီလင်းပိုင်တွေ အဓိက ကျက်စားတဲ့ မန္တလေးနဲ့ ဗန်းမော်ကြားမှာ ဧရာဝတီလင်းပိုင် တွေ့ရှိရမှုဟာ အရင်နှစ်ကထက်စာရင် လျော့နည်းလာနေတယ်လို့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးတာဝန်ခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ ကိုကျော်လှသိန်းက ပြောပါတယ်။

မန္တလေး နဲ့ ဗန်းမော်ကြား ဧရာဝတီလင်းပိုင်တွေကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ ၇၆ ကောင်တွေ့ရှိရပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ ၇၂ ကောင် တွေ့ရှိရတယ်လို့ ပြောပါတယ်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးတာဝန်ခံ သားငှက် ထိန်းသိမ်းရေးအဖွဲ့မှ ကိုကျော်လှသိန်း က “ဧရာဝတီ လင်းပိုင်သေတဲ့ပုံစံက ၃ မျိုးရှိတယ်။ တခုက အရွယ်ရောက်လို့ အသက်ကြီးလို့ ပုံမှန်အတိုင်းသေတာ၊ နောက်တခုကငါးဖမ်းပိုက်တွေမှာ ငြိတွယ်ပြီး သေဆုံးတယ်။ နောက်တခုက ဘထ္ထရီရှော့နဲ့မိပြီး သေဆုံးတာ တွေရှိတယ်။ ဘထ္ထရီရှော့တိုက်ငါးဖမ်းဆီးတာက တော်တော်လေး အန္တရာယ်များတယ်။ ငါးသယံဇာတကို မျိုးပြုန်းအောင်လုပ်တဲ့ ငါးဖမ်းနည်းဖြစ်တာပေါ့။ ဥကနေ အစ သားကောင်ပေါက် အကောင်ကြီးတွေအထိ အကုန်သေတာဖြစ်တဲ့အတွက် ငါးသယံဇာတ ပြုန်းတီးစေတဲ့ ငါးဖမ်းနည်းဖြစ်တယ်။ ဘထ္ထရီရှော့တိုက် ငါးဖမ်းတာက ဧရာဝတီလင်းပိုင်တွေအတွက် အန္တရာယ်အရှိဆုံး ငါးဖမ်းနည်းတခုပဲဖြစ်ပါတယ်”လို့ ပြောပါတယ်။

၂၀၀၂ ခုနှစ်မှ စတင်ကာ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ် မန္တလေးမှ ဗန်းမော်ကြား တနှစ်ကို တကြိမ် စစ်တမ်းကောက်ယူတဲ့လုပ်ငန်းကို လုပ်ဆောင်နေပြီး မန္တလေး-ဗန်းမော်ကြားမှာ ဧရာဝတီလင်းပိုင်ကို ပျမ်းမျှ ၇၀ ပတ်ဝန်းကျင်မှာ တွေ့ရှိရတယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ်မှာ ၇၆ ကောင်နဲ့ အများဆုံး စံချိန်တင်တွေ့ရပြီး ယခင်က ၇၃ ကောင်ပတ်ဝန်းကျင်မှာ တွေ့ရတယ်လို့ သိရပါတယ်။

ဧရာဝတီလင်းပိုင်တွေဟာ ကောင်ရေ ၇၀ ပတ်ဝန်းကျင်မှာရှိနေပြီး သေတဲ့အကောင်တွေ ရှိသလို ပြန်ပေါက်တဲ့ အကောင်တွေနဲ့ညီမျှနေတယ်။ တကယ်လို့ သေတဲ့ အကောင်တွေကို လျော့ချနိုင်မယ်ဆိုရင် အကောင်အရေအတွက် သိသိသာသာတိုးလာဖို့ရှိနေတယ်လို့ ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး တာဝန်ခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ ကိုကျော်လှသိန်း က ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top