










ဗုဒ္ဓဟူးသမီးလေး 👶
၇ ပေါင် ၈ အောင်စ

ကလေးတို့ရဲ့မေမေ

Credit:myanmarnews1
#Unicode Version#

ပရဟိတ သူရဲကောင်းမလေး ခိုင်နှင်းဝေဆိုတာ ပရိတ်သတ်တွေသာမက အနုပညာ အသိုင်းအဝိုင်းကပါ လေးစားအားကျရတဲ့ အနုပညာရှင် သရုပ်ဆောင် ကောင်းတစ်ယောက် ဖြစ်ပါတယ်။

အနုပညာလုပ်ငန်း သရုပ်ဆောင်ခြင်းအလုပ်ကို လုပ်ကိုင်နေသလို လူမှုရေးလုပ်ငန်းများကိုလည်း “ခိုင်နှင်းဝေ” ပရဟိတ ဖောင်ဒေးရှင်း တည်ထောင်ပြီး အဆက်မပြတ်လုပ်ကိုင်လျှက်ရှိပါတယ်။

ပြီးခဲ့တဲ့ရက်တွေဆီကလည်း ရာသီဥတု အပူဒဏ်ကို ခါးဆီးခံနေရတဲ့ ထီးအကြီးစားကြီးတွေကို လိုအပ်နေတဲ့နေရာမှာ လိုအပ်သလို လှူဒါန်းခဲ့လို့ ပရိတ်သတ်တွေရဲ့ ချီးမွမ်းခြင်းကို အထူးခံခဲ့ရပါတယ်

ဒါတွေအပြင် သူမဟာ စွန့်ပစ်ခံကလေးတွေရဲ့ ဘဝကို ကယ်တင်နေတဲ့ သူ ၁ ဦးလည်း ဖြစ်ပါတယ်

ဒီနေ့မှာတော့ သူမရဲ့ ကယ်တင်ခဲ့တဲ့ စွန့်ပစ်ခံသမီးလေးရဲ့ အကြောင်း နဲ့ သူမဟာ ကလေး ၈ ယောက်ရှိသွားပြီ ဆိုတဲ့အကြောင်း ခုလို ဖွင့်ပြလာပါတယ်…

ပေးခဲ့ပြန်ပြီ နောက်ထပ်သမီးလေးတစ်ယောက် ❤

ဘယ်ကလေးပဲရောက်လာရောက်လာ မေမေဆိုတဲ့ ကျွန်မကတော့ရင်ခွင်တံခါးကြီးအမြဲတမ်းဖွင့်ထားလျှက်ပါ။

ဘယ်လိုအကြောင်းကြောင့်စွန့်စွန့်. ,,,စွန့်ခဲ့တဲ့အမေကိုလည်း အပြစ်မမြင်သလို ရောက်ရှိလာတဲ့ကလေးတိုင်းကိုလည်း အမြဲတမ်း နွေးထွေးစွာနဲ့ကြိုဆိုတယ်။

မေမေဆိုတဲ့ကျွန်မမှာ အခုသမီးလေး အပါအဝင်ဆို သားသမီးပေါင်း၈ယောက်ရှိသွားပါပြီ။

မေမေ့ရင်ခွင်ကိုရောက်လာတဲ့ကလေးတိုင်းအားငယ်စိတ်သိမ်ငယ်စိတ်တွေမရှိရအောင်မေမေ့မှာရှိသမျှခွန်အားတွေနဲ့

သားသားမီးမီးတို့တွေအတွက် ကာကွယ်စောင့်ရှာက်သွားမှာပါ။

ဗုဒ္ဓဟူးသမီးလေး 👶
၇ ပေါင် ၈ အောင်စ

ကလေးတို့ရဲ့မေမေ
ခိုင်နှင်းဝေ ဆိုပြီး ပြောပြထားပါတယ်

ပရဟိတ သူရဲကောင်းမလေး ခိုင်နှင်းဝေ ၁ ယောက် အစစအရာရာ အဆင်ပြေပြီး ပရဟိတများလည်း ပို၍ လုပ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

ဖိုးသူတော်(www.phothutaw.com)
Credit:myanmarnews1
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top