ျမန္မာႏိုင္ငံအတြင္း ပညာသင္ၾကားေရးက႑တြင္ ၂ ႏွစ္တာဝန္ထမ္းေဆာင္ရန္ အေမရိကန္ ပိစ္ေကာ ေစတနာ့ဝန္ထမ္းမ်ား က်မ္းသစၥာက်ိန္ဆိုမႈကို ရန္ကုန္ၿမိဳ႕၊ Summit Parkview Hotel တြင္ ဧၿပီ ၅ ရက္က ျပဳလုပ္ခဲ့သည္။

စတုတၳအဖြဲ႕အျဖစ္လာေရာက္မည့္ အေမရိကန္ ပိစ္ေကာ ေစတနာ့ဝန္ထမ္းမ်ား က်မ္းသစၥာက်ိန္ဆိုသည့္ အခမ္းအနားႏွင့္ ေစတနာ့ဝန္ထမ္းသစ္မ်ား၏ တာဝန္ထမ္းေဆာင္မႈကို အသိအမွတ္ျပဳသည့္ အခမ္းအနားကို ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ပညာေရးဝန္ႀကီး၊ မေကြးတိုင္းဝန္ႀကီးခ်ဳပ္၊ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ႀကီးတို႔ တက္ေရာက္ခဲ့ၾကသည္။

“ ကြၽန္ုပ္ သည္ ျမန္မာႏိုင္ငံသားမ်ားႏွင့္ အတူယွဥ္တြဲၿပီး တာဝန္ထမ္းေဆာင္သြားရန္ ကတိျပဳပါသည္။ ကြၽန္ုပ္ သည္ အေမရိကန္ျပည္ေထာင္စုႏွင့္ ျမန္မာႏိုင္ငံတို႔မွ ျပည္သူလူထုႏွစ္ရပ္အၾကား ၿငိမ္းခ်မ္းေရးႏွင့္ ရင္းႏွီးခ်စ္ၾကည္မႈ ေပါင္းကူးတည္ေဆာက္ရာတြင္ ပါဝင္ကူညီရန္ ကတိျပဳပါသည္။ ကြၽႏု္ပ္သည္ ႏွစ္ႏိုင္ငံ ယဥ္ေက်းမႈအၾကား နားလည္မႈကို ျပဳစုပ်ိဳးေထာင္ရာတြင္ ေလးစားမႈ၊၊ သတိရွိမႈတို႔ျဖင့္ လုပ္ေဆာင္သြားရန္ ကတိျပဳပါသည္။

ကြၽန္ုပ္ သည္ ေဆာင္႐ြက္ရမည့္တာဝန္မ်ားကို သည္းခံျခင္း၊ ႏွိမ့္ခ်႐ိုက်ိဳးျခင္းႏွင့္ ခိုင္မာေသာ ဆုံးျဖတ္ခ်က္မ်ားျဖင့္ ထမ္းေဆာင္သြားရန္ ကတိျပဳပါသည္။ ကြၽန္ုပ္ သည္ ပိစ္ေကာေစတနာ့ဝန္ထမ္းတစ္ဦး အေနျဖင့္ ပိစ္ေကာ၏ ဂုဏ္ယူဖြယ္ရာ အစဥ္အလာ သမိုင္းေၾကာင္းကို ဦးထိပ္ထားၿပီး ဂုဏ္ယူမႈ၊ ဂုဏ္သိကၡာရွိမႈ တာဝန္သိမႈ အစရွိေသာ အျမင့္မားဆုံးစံႏႈန္းမ်ားျဖင့္ ထမ္းေဆာင္သြားရန္ ကတိျပဳပါသည္” ဟု ပိေကာစ္ျမန္မာ ေဖ့ဘြတ္ခ္ေပ့ခ်္တြင္ ေဖာ္ျပထားသည္။

၂၀၁၉ ခုႏွစ္အတြက္ ပဲခူးတိုင္းေဒသႀကီး၊ မြန္ျပည္နယ္ႏွင့္ မေကြးတိုင္းေဒသႀကီးတို႔တြင္ အဂၤလိပ္စာ သင္ၾကား ေပးရန္ အတြက္ ျဖစ္ၿပီး ဆရာ၊ ဆရာမ ၃၂ ဦး ပါဝင္သည္။

အဆိုပါ အေမရိကန္ ဆရာ၊ ဆရာမ်ားကို လုပ္ငန္းခြင္အႀကိဳ ေလးလတာ သင္တန္းကို ပို႔ခ်ေပးခဲ့ၿပီး တာဝန္ မထမ္းေဆာင္မီ အခ်ိန္အတြင္းတြင္ ျမန္မာဘာသာစကား၊ ျမန္မာ့ယဥ္ေက်းမႈ၊ သင္ၾကားေရးစြမ္းရည္၊ က်န္းမာေရးႏွင့္ ေဘးကင္းလုံၿခဳံေရးဆိုင္ရာ သင္တန္းမ်ားကို ႀကိဳတင္တက္ေရာက္ခဲ့ရေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ၂၀၁၆ ခုႏွစ္၊ စက္တင္ဘာလက အဂၤလိပ္ဘာသာစကားသင္ၾကားေပးရန္အတြက္ အေမရိကန္ Peace Corps အဖြဲ႕မွ ပထမအသုတ္အေနျဖင့္ ေစတနာ့ဝန္ထမ္း ၆ ဦးျဖင့္ လာေရာက္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္ မတ္လ တြင္ ဒုတိယအႀကိမ္အျဖစ္ ၁၆ ဦး လာေရာက္ခဲ့သည္။

၂၀၁၈ ခုႏွစ္တြင္ တတိယအႀကိမ္အျဖစ္ ပဲခူးတိုင္းေဒသႀကီး၊ မြန္ျပည္နယ္၊ ရန္ကုန္တိုင္းေဒသႀကီးတို႔တြင္ အေမရိကန္ေစတနာ့ဝန္ထမ္း ဆရာ၊ ဆရာမမ်ား လာေရာက္ခဲ့ၾကသည္။

ပညာေရးဝန္ႀကီးဌာနႏွင့္ အေမရိကန္ Peace Corps အဖြဲ႕တို႔ ပူးေပါင္း၍ ပညာရည္အဆင့္အတန္းျမႇင့္တင္ေရး၊ ဆရာ၊ ဆရာမမ်ား၏ စြမ္းရည္ ျမႇင့္တင္ေရး၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို အရည္အေသြးမီ အဂၤလိပ္ ဘာသာစကား သင္ၾကားပို႔ခ်ေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနျခင္း ျဖစ္သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: Mizzima

#Unicode Version#
မြန်မာနိုင်ငံအတွင်း ပညာသင်ကြားရေးကဏ္ဍတွင် ၂ နှစ်တာဝန်ထမ်းဆောင်ရန် အမေရိကန် ပိစ်ကော စေတနာ့ဝန်ထမ်းများ ကျမ်းသစ္စာကျိန်ဆိုမှုကို ရန်ကုန်မြို့၊ Summit Parkview Hotel တွင် ဧပြီ ၅ ရက်က ပြုလုပ်ခဲ့သည်။

စတုတ္ထအဖွဲ့အဖြစ်လာရောက်မည့် အမေရိကန် ပိစ်ကော စေတနာ့ဝန်ထမ်းများ ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားနှင့် စေတနာ့ဝန်ထမ်းသစ်များ၏ တာဝန်ထမ်းဆောင်မှုကို အသိအမှတ်ပြုသည့် အခမ်းအနားကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပညာရေးဝန်ကြီး၊ မကွေးတိုင်းဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြသည်။

“ ကျွန်ုပ် သည် မြန်မာနိုင်ငံသားများနှင့် အတူယှဉ်တွဲပြီး တာဝန်ထမ်းဆောင်သွားရန် ကတိပြုပါသည်။ ကျွန်ုပ် သည် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့မှ ပြည်သူလူထုနှစ်ရပ်အကြား ငြိမ်းချမ်းရေးနှင့် ရင်းနှီးချစ်ကြည်မှု ပေါင်းကူးတည်ဆောက်ရာတွင် ပါဝင်ကူညီရန် ကတိပြုပါသည်။ ကျွနု်ပ်သည် နှစ်နိုင်ငံ ယဉ်ကျေးမှုအကြား နားလည်မှုကို ပြုစုပျိုးထောင်ရာတွင် လေးစားမှု၊၊ သတိရှိမှုတို့ဖြင့် လုပ်ဆောင်သွားရန် ကတိပြုပါသည်။

ကျွန်ုပ် သည် ဆောင်ရွက်ရမည့်တာဝန်များကို သည်းခံခြင်း၊ နှိမ့်ချရိုကျိုးခြင်းနှင့် ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ထမ်းဆောင်သွားရန် ကတိပြုပါသည်။ ကျွန်ုပ် သည် ပိစ်ကောစေတနာ့ဝန်ထမ်းတစ်ဦး အနေဖြင့် ပိစ်ကော၏ ဂုဏ်ယူဖွယ်ရာ အစဉ်အလာ သမိုင်းကြောင်းကို ဦးထိပ်ထားပြီး ဂုဏ်ယူမှု၊ ဂုဏ်သိက္ခာရှိမှု တာဝန်သိမှု အစရှိသော အမြင့်မားဆုံးစံနှုန်းများဖြင့် ထမ်းဆောင်သွားရန် ကတိပြုပါသည်” ဟု ပိကောစ်မြန်မာ ဖေ့ဘွတ်ခ်ပေ့ချ်တွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ်အတွက် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် အင်္ဂလိပ်စာ သင်ကြား ပေးရန် အတွက် ဖြစ်ပြီး ဆရာ၊ ဆရာမ ၃၂ ဦး ပါဝင်သည်။

အဆိုပါ အမေရိကန် ဆရာ၊ ဆရာများကို လုပ်ငန်းခွင်အကြို လေးလတာ သင်တန်းကို ပို့ချပေးခဲ့ပြီး တာဝန် မထမ်းဆောင်မီ အချိန်အတွင်းတွင် မြန်မာဘာသာစကား၊ မြန်မာ့ယဉ်ကျေးမှု၊ သင်ကြားရေးစွမ်းရည်၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ သင်တန်းများကို ကြိုတင်တက်ရောက်ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလက အင်္ဂလိပ်ဘာသာစကားသင်ကြားပေးရန်အတွက် အမေရိကန် Peace Corps အဖွဲ့မှ ပထမအသုတ်အနေဖြင့် စေတနာ့ဝန်ထမ်း ၆ ဦးဖြင့် လာရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လ တွင် ဒုတိယအကြိမ်အဖြစ် ၁၆ ဦး လာရောက်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် တတိယအကြိမ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် အမေရိကန်စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ လာရောက်ခဲ့ကြသည်။

ပညာရေးဝန်ကြီးဌာနနှင့် အမေရိကန် Peace Corps အဖွဲ့တို့ ပူးပေါင်း၍ ပညာရည်အဆင့်အတန်းမြှင့်တင်ရေး၊ ဆရာ၊ ဆရာမများ၏ စွမ်းရည် မြှင့်တင်ရေး၊ ကျောင်းသား၊ ကျောင်းသူများကို အရည်အသွေးမီ အင်္ဂလိပ် ဘာသာစကား သင်ကြားပို့ချရေး လုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သည်။


ဖိုးသူတော်(www.phothutaw.com)
Credit: Mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top