အက္သလက္တီကိုမက္ဒရစ္က ဂ်ီရိုနာကို ဂိုဒင္၊ ဂရစ္မန္းဇ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ႏိုင္ပြဲရသြားခဲ့လို႔ ဘာစီလိုနာနဲ႔ (၈)မွတ္ကြာ အေနအထားကို ျပန္ေရာက္သြားခဲ့ပါျပီ။ လက္က်န္ပြဲစဥ္ (၈)ပြဲက်န္ရွိေနတာျဖစ္ျပီး အက္သလက္တီကိုအတြက္ လာလီဂါဖလားေမွ်ာ္လင့္ခ်က္ေတြက ျပန္လည္ေတာက္ပခဲ့ပါတယ္။

လာလီဂါအမွတ္ေပးဇယားကို ဦးေဆာင္ေနခဲ့တဲ့ ဘာစီလိုနာအသင္းဟာ မေန႔ညက ကစားခဲ့တဲ့ ဗီလာရီးရဲလ္နဲ႔ ပြဲမွာေတာ့ သေရတစ္မွတ္ရဖို႔ ရုန္းကန္သြားခဲ့ရျပီး ပြဲခ်ိန္ေနာက္ဆံုးမိနစ္ေတြမွာ ရရွိခဲ့တဲ့ သြင္းဂိုး (၂)ဂိုးေၾကာင့္ ကံေကာင္းေထာက္မစြာနဲ႔ သေရတစ္မွတ္ကို ရယူႏိုင္ခဲ့ပါတယ္။ ဘာစီလိုနာကိုေတာ့ မက္ဆီ နဲ႔ ဆြာရက္ဇ္တို႔ကပဲ ကယ္တင္ခဲ့ရတာ ျဖစ္ပါတယ္။

တန္းဆင္းဇုန္အထက္မွာ (၁)မွတ္အကြာနဲ႔သာ ရပ္တည္ေနခဲ့တဲ့ ဗီလာရီးရဲလ္ဟာ အိမ္ ကြင္းမွာ ဘာစီလိုနာကို အႏိုင္ရဖို႔ အေကာင္းဆံုးကစားသြားခဲ့ျပီး အႏိုင္ (၃)မွတ္ရယူႏိုင္ဖို႔ အနီးစပ္ဆံုးအေနအထားထိ ျဖစ္ခဲ့ေပမယ့္ တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရျပီးေနာက္မွာ ဂိုးေတြျပန္လည္ ခြင့္ျပဳခဲ့ရျပီး သေရတစ္မွတ္နဲ႔သာ ေက်နပ္ခဲ့ရပါတယ္။



ပြဲကစားခ်ိန္ (၁၂)မိနစ္မွာ ေကာ္တင္ဟို၊ (၁၆)မိနစ္တို႔မွာ မယ္လ္ကြန္တို႔က ဘာစီလိုနာအတြက္ ဦးေဆာင္ဂိုး (၂)ဂိုး သြင္းယူေပးခဲ့ပါတယ္။ ဘာစီလုိနာမွာ ေျခစြမ္းျပႏိုင္ဖို႔ ရုန္းကန္ေနရတဲ့ ကစားသမားႏွစ္ဦးက ပြဲထြက္ခြင့္ရတဲ့အခ်ိန္မွာ သြင္းဂိုးေတြ အသီးသီးသြင္းယူႏိုင္ခဲ့တာာျဖစ္ပါတယ္။ ဒါေပမယ့္လည္း (၂၃)မိနစ္မွာ ခ်ဴကြီဇီက ဗီလာရီးရဲလ္အတြက္ ေခ်ပဂိုးတစ္ဂိုးျပန္လည္သြင္းေပး ခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဗီလာရီးရဲလ္တုိ႔ ကစားပံုပိုေကာင္းခဲ့ျပီး အီကမ္ဘီ၊ အိုင္ေဘာ္ရာ၊ ဘက္ကာတို႔က ဂိုးေတြဆက္တိုက္သြင္းယူေပးခဲ့ပါတယ္။ (၄-၂)နဲ႔ အႏိုင္ရေနခဲ့ျပီး ပြဲခ်ိန္ (၈၆)မိနစ္မွာ ေနာက္ခံလူ အယ္ဗာရိုဂြန္ဇာလက္ဖ္ ႏွစ္၀ါတစ္နီနဲ႔ ထုတ္ပယ္ခံခဲ့ရျပီးေနာက္ ဗီလာရီးရဲလ္အတြက္ ကံဆိုးမႈေတြက စတင္သြားခဲ့ပါတယ္။

မိနစ္ (၉၀)မွာေတာ့ မက္ဆီက ေခ်ပဂိုးတစ္ဂိုး သြင္းေပးခဲ့ပါတယ္။ ဒုတိယပိုင္း (၆၁)မိနစ္မွာ မက္ဆီက လူစား၀င္လာခဲ့တာျဖစ္ျပီး အသင္းအတြက္အေရးပါတဲ့ သြင္းဂိုးတစ္ဂိုးကို ရယူေပးခဲ့ပါတယ္။

 ေနာက္ထပ္ေခ်ပဂိုးရဖို႔ အားထည့္ကစားလာခဲ့တဲ့ ဘာစီလိုနာကို ဗီလာရီးရဲလ္အသင္း မထိန္းခ်ဳပ္ႏိုင္ခဲ့ပဲ ဆြာရက္ဇ္က နာက်င္အခ်ိန္ပိုမွာ ေခ်ပဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ဗီလာရီးရဲလ္ကေတာ့ လက္က်န္ပြဲခ်ိန္ (၄)မိနစ္ခန္႔မွာ (၂)ဂိုးအသာနဲ႔ ဦးေဆာင္ေနခဲ့ေပမယ့္လည္း ဂိုးေတြျပန္ေပးရခဲ့ျပီး အဖိုးတန္ရမွတ္ (၂)မွတ္ နစ္နာခဲ့ရပါတယ္။

အက္သလက္တီကိုမက္ဒရစ္က ဂ်ီရိုနာကို ဂိုဒင္၊ ဂရစ္မန္းဇ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ႏိုင္ပြဲရသြားခဲ့လို႔ ဘာစီလိုနာနဲ႔ (၈)မွတ္ကြာ အေနအထားကို ျပန္ေရာက္သြားခဲ့ပါျပီ။ လက္က်န္ပြဲစဥ္ (၈)ပြဲက်န္ရွိေနတာျဖစ္ျပီး အက္သလက္တီကိုအတြက္ လာလီဂါဖလားေမွ်ာ္လင့္ခ်က္ေတြက ျပန္လည္ေတာက္ပခဲ့ပါတယ္။



ဘာစီလိုနာရဲ႕ အမွားေတြကို အခြင့္အေရးယူႏိုင္ခဲ့မယ္ဆိုရင္ လာလီဂါဖလားလုပြဲကလည္း ေနာက္ဆံုးအခ်ိန္ထိ အၾကိတ္အနယ္ရွိလာဖြယ္ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


အက်သလက်တီကိုမက်ဒရစ်က ဂျီရိုနာကို ဂိုဒင်၊ ဂရစ်မန်းဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ နိုင်ပွဲရသွားခဲ့လို့ ဘာစီလိုနာနဲ့ (၈)မှတ်ကွာ အနေအထားကို ပြန်ရောက်သွားခဲ့ပါပြီ။ လက်ကျန်ပွဲစဉ် (၈)ပွဲကျန်ရှိနေတာဖြစ်ပြီး အက်သလက်တီကိုအတွက် လာလီဂါဖလားမျှော်လင့်ချက်တွေက ပြန်လည်တောက်ပခဲ့ပါတယ်။

လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေခဲ့တဲ့ ဘာစီလိုနာအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ ပွဲမှာတော့ သရေတစ်မှတ်ရဖို့ ရုန်းကန်သွားခဲ့ရပြီး ပွဲချိန်နောက်ဆုံးမိနစ်တွေမှာ ရရှိခဲ့တဲ့ သွင်းဂိုး (၂)ဂိုးကြောင့် ကံကောင်းထောက်မစွာနဲ့ သရေတစ်မှတ်ကို ရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာကိုတော့ မက်ဆီ နဲ့ ဆွာရက်ဇ်တို့ကပဲ ကယ်တင်ခဲ့ရတာ ဖြစ်ပါတယ်။

တန်းဆင်းဇုန်အထက်မှာ (၁)မှတ်အကွာနဲ့သာ ရပ်တည်နေခဲ့တဲ့ ဗီလာရီးရဲလ်ဟာ အိမ်ကွင်းမှာ ဘာစီလိုနာကို အနိုင်ရဖို့ အကောင်းဆုံးကစားသွားခဲ့ပြီး အနိုင် (၃)မှတ်ရယူနိုင်ဖို့ အနီးစပ်ဆုံးအနေအထားထိ ဖြစ်ခဲ့ပေမယ့် တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီးနောက်မှာ ဂိုးတွေပြန်လည် ခွင့်ပြုခဲ့ရပြီး သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ပွဲကစားချိန် (၁၂)မိနစ်မှာ ကော်တင်ဟို၊ (၁၆)မိနစ်တို့မှာ မယ်လ်ကွန်တို့က ဘာစီလိုနာအတွက် ဦးဆောင်ဂိုး (၂)ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဘာစီလိုနာမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ ကစားသမားနှစ်ဦးက ပွဲထွက်ခွင့်ရတဲ့အချိန်မှာ သွင်းဂိုးတွေ အသီးသီးသွင်းယူနိုင်ခဲ့တာာဖြစ်ပါတယ်။ ဒါပေမယ့်လည်း (၂၃)မိနစ်မှာ ချူကွီဇီက ဗီလာရီးရဲလ်အတွက် ချေပဂိုးတစ်ဂိုးပြန်လည်သွင်းပေး ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဗီလာရီးရဲလ်တို့ ကစားပုံပိုကောင်းခဲ့ပြီး အီကမ်ဘီ၊ အိုင်ဘော်ရာ၊ ဘက်ကာတို့က ဂိုးတွေဆက်တိုက်သွင်းယူပေးခဲ့ပါတယ်။ (၄-၂)နဲ့ အနိုင်ရနေခဲ့ပြီး ပွဲချိန် (၈၆)မိနစ်မှာ နောက်ခံလူ အယ်ဗာရိုဂွန်ဇာလက်ဖ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဗီလာရီးရဲလ်အတွက် ကံဆိုးမှုတွေက စတင်သွားခဲ့ပါတယ်။

မိနစ် (၉၀)မှာတော့ မက်ဆီက ချေပဂိုးတစ်ဂိုး သွင်းပေးခဲ့ပါတယ်။ ဒုတိယပိုင်း (၆၁)မိနစ်မှာ မက်ဆီက လူစားဝင်လာခဲ့တာဖြစ်ပြီး အသင်းအတွက်အရေးပါတဲ့ သွင်းဂိုးတစ်ဂိုးကို ရယူပေးခဲ့ပါတယ်။

 နောက်ထပ်ချေပဂိုးရဖို့ အားထည့်ကစားလာခဲ့တဲ့ ဘာစီလိုနာကို ဗီလာရီးရဲလ်အသင်း မထိန်းချုပ်နိုင်ခဲ့ပဲ ဆွာရက်ဇ်က နာကျင်အချိန်ပိုမှာ ချေပဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဗီလာရီးရဲလ်ကတော့ လက်ကျန်ပွဲချိန် (၄)မိနစ်ခန့်မှာ (၂)ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပေမယ့်လည်း ဂိုးတွေပြန်ပေးရခဲ့ပြီး အဖိုးတန်ရမှတ် (၂)မှတ် နစ်နာခဲ့ရပါတယ်။

အက်သလက်တီကိုမက်ဒရစ်က ဂျီရိုနာကို ဂိုဒင်၊ ဂရစ်မန်းဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ နိုင်ပွဲရသွားခဲ့လို့ ဘာစီလိုနာနဲ့ (၈)မှတ်ကွာ အနေအထားကို ပြန်ရောက်သွားခဲ့ပါပြီ။ လက်ကျန်ပွဲစဉ် (၈)ပွဲကျန်ရှိနေတာဖြစ်ပြီး အက်သလက်တီကိုအတွက် လာလီဂါဖလားမျှော်လင့်ချက်တွေက ပြန်လည်တောက်ပခဲ့ပါတယ်။

ဘာစီလိုနာရဲ့ အမှားတွေကို အခွင့်အရေးယူနိုင်ခဲ့မယ်ဆိုရင် လာလီဂါဖလားလုပွဲကလည်း နောက်ဆုံးအချိန်ထိ အကြိတ်အနယ်ရှိလာဖွယ်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top