ဧၿပီ ၁ ရက္က ဖြင့္လွစ္ခဲ့သည့္ ထီဖြင့္ပြဲတြင္ က်ပ္ ၁၀၀၀ တန္ ထီစာအုပ္ေပါင္း ၄၃၅၅၇၇ အုပ္ႏွင့္ က်ပ္ ၅၀၀ တန္ ထီစာအုပ္ေပါင္း ၂၀၃၄၄၈ အုပ္တို႔ ေရာင္းမကုန္ထီအျဖစ္က်န္ရွိခဲ့သည္ဟု သိရၿပီး ထီလက္မွတ္ေဈးႏႈန္းမ်ားမွာလည္း က်ပ္ ၁၀၀၀ တန္ထီက က်ပ္ ၈၀၀ ခန္႔ႏွင့္ က်ပ္ ၅၀၀ တန္ထီက က်ပ္ ၂၅၀ ခန္႔အထိ ေဈးက်ခဲ့သည္ကို ေတြ႕ရ သည္။

ႏွစ္ႀကိမ္ေျမာက္ က်ပ္ ၁၀၀၀ တန္ထီအတြက္ အကၡရာအလုံးေရ ၄၀၊ ထီစာအုပ္ ေပါင္း ၃၂၇၂၇၂၀ ႏွင့္ ၂၅ ႀကိမ္ေျမာက္ က်ပ္ ၅၀၀ တန္ထီအတြက္ အကၡရာ ၁၂ လုံး၊ ထီစာအုပ္ေပါင္း ၉၈၁၈၁၆ အုပ္ ေရာင္းခ်ခဲ့ၿပီး ေရာင္းမကုန္ေသာ ထီစာအုပ္ေရ ႏွစ္မ်ိဳးေပါင္း ၆၃၉၀၂၅ အုပ္ က်န္ရွိခဲ့သည္ဟု မတ္ ၃၀ ရက္စြဲျဖင့္ ေအာင္ဘာေလ သိန္းဆုဌာနခြဲ၏ ေၾကညာခ်က္ကို မတ္ ၃၀ ရက္ ေန႔ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ေဖာ္ျပခဲ့သည္။

ၿပီးခဲ့သည့္ မတ္လ ၁ ရက္က ဖြင့္လွစ္ခဲ့သည့္ ပထမအႀကိမ္ က်ပ္ ၁၀၀၀ တန္ထီႏွင့္ ၂၄ ႀကိမ္ေျမာက္ က်ပ္ ၅၀၀ တန္ ထီလက္မွတ္မ်ားမွာ ေအာင္ဘာေလသိန္းဆုဌာနခြဲမွ ေဖေဖၚဝါရီလအတြင္းက အားလုံးေရာင္းကုန္ခဲ့ေသာ္လည္း ထီေရာင္းခ်သူမ်ားက ျပန္လည္ေရာင္းခ်ရာတြင္ ေရာင္းမကုန္ခဲ့သျဖင့္

က်ပ္ ၁၀၀၀ တန္ ထီလက္မွတ္ အရင္း ေဈးမွာ က်ပ္ ၉၁၀ ျဖစ္ေသာ္လည္း ျပင္ပလက္ကားကိုယ္စားလွယ္ေဈး က်ပ္ ၄၅၀ ႏွင့္ လက္လီေဈး က်ပ္ ၇၀၀ ခန္႔အထိ က်ဆင္းခဲ့သည္။ က်ပ္ ၅၀၀ တန္ထီမွာလည္း လက္လီေဈး ၂၅၀ က်ပ္အထိ က်ဆင္းခဲ့သည္။

ထို႔ေၾကာင့္ မတ္လတြင္ ထီထုတ္ယူခြင့္ရသူမ်ားအေနျဖင့္ ဧၿပီ ၁ ရက္ဖြင့္မည့္ ထီ လက္မွတ္မ်ားကို အျပည့္ထုတ္ယူျခင္းမရွိေတာ့၍ ေရာင္းမကုန္ထီ မ်ားျပားခဲ့ျခင္း ျဖစ္ကာ က်ပ္ ၁၀၀၀ တန္ထီမွာ ၁၃ ရာခိုင္ႏႈန္းႏွင့္ က်ပ္ ၅၀၀ တန္ထီမွာ ၂၀ ရာခိုင္ ႏႈန္းဝန္းက်င္ ေရာင္းမကုန္ထီအျဖစ္ က်န္ရွိခဲ့ျခင္းျဖစ္သည္။

ထီလက္မွတ္ႏွစ္မ်ိဳးေပါင္း ထီစာအုပ္ေရ ၆၄၀၀၀၀ ခန္႔ ေရာင္းမကုန္အျဖစ္ ေအာင္ဘာေလသိန္းဆုဌာနခြဲတြင္ က်န္ခဲ့၍ ျပင္ပေဈးကြက္တြင္ ေရာင္းမကုန္ပိုလၽွံမႈမွာမူ ယခင္လထက္ ေလ်ာ့က်ခဲ့သည္။

ထို႔ေၾကာင့္ မတ္လ ၃၁ ရက္တြင္ က်ပ္ ၁၀၀၀ တန္ထီလက္မွတ္ လက္လီေဈးသည္ တစ္ေစာင္လၽွင္ က်ပ္ ၈၅၀ ႏႈန္းႏွင့္ ထီအေစာင္ ၄၀ ပါ တစ္တြဲလၽွင္ က်ပ္ ၃၂၀၀၀ ျဖင့္ တစ္ေစာင္လၽွင္ က်ပ္ ၈၀၀ ႏႈန္းအထိသာ ေလ်ာ့က်ေၾကာင္း သိရသည္။ က်ပ္ ၅၀၀ တန္ ထီလက္မွတ္မွာမူ ၁၂ ေစာင္ပါ ထီတစ္တြဲလၽွင္ က်ပ္ ၃၀၀၀ က်ပ္ျဖင့္ ေရာင္းခ်ခဲ့သည္ကို ေတြ႕ရသည္။

က်ပ္ ၁၀၀၀ တန္ထီႏွင့္ က်ပ္ ၅၀၀ တန္ထီ ႏွစ္မ်ိဳးေရာင္းခ်ျခင္းသည္ ဧၿပီလ အထိသာျဖစ္ၿပီး ေမ ၁ ရက္တြင္ဖြင့္မည့္ ၂၆ ႀကိမ္ေျမာက္ က်ပ္ ၅၀၀ တန္ထီသည္ ေနာက္ဆုံးျဖစ္ကာ ေမလဆန္းမွစ၍ (၄)ႀကိမ္ေျမာက္ က်ပ္ ၁၀၀၀ တန္ထီလက္မွတ္ တစ္မ်ိဳးတည္းကိုသာ ေရာင္းခ်မည္ဟု သက္ဆိုင္ရာက အသိေပးထားသည္။

ထိုသို႔ ထီတစ္မ်ိဳးတည္းေရာင္းခ်ခ်ိန္တြင္ ျပင္ပထီေဈးကြက္တြင္ သတ္မွတ္ေဈးႏႈန္းအတိုင္း က်ပ္ ၁၀၀၀ ႏႈန္းျဖင့္ ျပန္လည္ေရာင္းခ်ႏိုင္လိမ့္မည္ဟု ထီေရာင္းခ်ေနသူမ်ားက ေမၽွာ္လင့္ေနၾကသလို ထီကံစမ္းေနသူမ်ားကလည္း သတ္မွတ္ေဈးႏႈန္း က်ပ္ ၁၀၀၀ ထက္ပို၍ ေဈးႏႈန္းျမႇင့္ မဝယ္ရရန္ ေမၽွာ္လင့္ေနၾကသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmaalinn

#Unicode Version# ျဖင့္ဖတ္ပါ ။

ဧပြီ ၁ ရက်က ဖွင့်လှစ်ခဲ့သည့် ထီဖွင့်ပွဲတွင် ကျပ် ၁၀၀၀ တန် ထီစာအုပ်ပေါင်း ၄၃၅၅၇၇ အုပ်နှင့် ကျပ် ၅၀၀ တန် ထီစာအုပ်ပေါင်း ၂၀၃၄၄၈ အုပ်တို့ ရောင်းမကုန်ထီအဖြစ်ကျန်ရှိခဲ့သည်ဟု သိရပြီး ထီလက်မှတ်ဈေးနှုန်းများမှာလည်း ကျပ် ၁၀၀၀ တန်ထီက ကျပ် ၈၀၀ ခန့်နှင့် ကျပ် ၅၀၀ တန်ထီက ကျပ် ၂၅၀ ခန့်အထိ ဈေးကျခဲ့သည်ကို တွေ့ရ သည်။

နှစ်ကြိမ်မြောက် ကျပ် ၁၀၀၀ တန်ထီအတွက် အက္ခရာအလုံးရေ ၄၀၊ ထီစာအုပ် ပေါင်း ၃၂၇၂၇၂၀ နှင့် ၂၅ ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီအတွက် အက္ခရာ ၁၂ လုံး၊ ထီစာအုပ်ပေါင်း ၉၈၁၈၁၆ အုပ် ရောင်းချခဲ့ပြီး ရောင်းမကုန်သော ထီစာအုပ်ရေ နှစ်မျိုးပေါင်း ၆၃၉၀၂၅ အုပ် ကျန်ရှိခဲ့သည်ဟု မတ် ၃၀ ရက်စွဲဖြင့် အောင်ဘာလေ သိန်းဆုဌာနခွဲ၏ ကြေညာချက်ကို မတ် ၃၀ ရက် နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်က ဖွင့်လှစ်ခဲ့သည့် ပထမအကြိမ် ကျပ် ၁၀၀၀ တန်ထီနှင့် ၂၄ ကြိမ်မြောက် ကျပ် ၅၀၀ တန် ထီလက်မှတ်များမှာ အောင်ဘာလေသိန်းဆုဌာနခွဲမှ ဖေဖေါ်ဝါရီလအတွင်းက အားလုံးရောင်းကုန်ခဲ့သော်လည်း ထီရောင်းချသူများက ပြန်လည်ရောင်းချရာတွင် ရောင်းမကုန်ခဲ့သဖြင့်

ကျပ် ၁၀၀၀ တန် ထီလက်မှတ် အရင်း ဈေးမှာ ကျပ် ၉၁၀ ဖြစ်သော်လည်း ပြင်ပလက်ကားကိုယ်စားလှယ်ဈေး ကျပ် ၄၅၀ နှင့် လက်လီဈေး ကျပ် ၇၀၀ ခန့်အထိ ကျဆင်းခဲ့သည်။ ကျပ် ၅၀၀ တန်ထီမှာလည်း လက်လီဈေး ၂၅၀ ကျပ်အထိ ကျဆင်းခဲ့သည်။

ထို့ကြောင့် မတ်လတွင် ထီထုတ်ယူခွင့်ရသူများအနေဖြင့် ဧပြီ ၁ ရက်ဖွင့်မည့် ထီ လက်မှတ်များကို အပြည့်ထုတ်ယူခြင်းမရှိတော့၍ ရောင်းမကုန်ထီ များပြားခဲ့ခြင်း ဖြစ်ကာ ကျပ် ၁၀၀၀ တန်ထီမှာ ၁၃ ရာခိုင်နှုန်းနှင့် ကျပ် ၅၀၀ တန်ထီမှာ ၂၀ ရာခိုင် နှုန်းဝန်းကျင် ရောင်းမကုန်ထီအဖြစ် ကျန်ရှိခဲ့ခြင်းဖြစ်သည်။

ထီလက်မှတ်နှစ်မျိုးပေါင်း ထီစာအုပ်ရေ ၆၄၀၀၀၀ ခန့် ရောင်းမကုန်အဖြစ် အောင်ဘာလေသိန်းဆုဌာနခွဲတွင် ကျန်ခဲ့၍ ပြင်ပဈေးကွက်တွင် ရောင်းမကုန်ပိုလျှံမှုမှာမူ ယခင်လထက် လျော့ကျခဲ့သည်။

ထို့ကြောင့် မတ်လ ၃၁ ရက်တွင် ကျပ် ၁၀၀၀ တန်ထီလက်မှတ် လက်လီဈေးသည် တစ်စောင်လျှင် ကျပ် ၈၅၀ နှုန်းနှင့် ထီအစောင် ၄၀ ပါ တစ်တွဲလျှင် ကျပ် ၃၂၀၀၀ ဖြင့် တစ်စောင်လျှင် ကျပ် ၈၀၀ နှုန်းအထိသာ လျော့ကျကြောင်း သိရသည်။ ကျပ် ၅၀၀ တန် ထီလက်မှတ်မှာမူ ၁၂ စောင်ပါ ထီတစ်တွဲလျှင် ကျပ် ၃၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့သည်ကို တွေ့ရသည်။

ကျပ် ၁၀၀၀ တန်ထီနှင့် ကျပ် ၅၀၀ တန်ထီ နှစ်မျိုးရောင်းချခြင်းသည် ဧပြီလ အထိသာဖြစ်ပြီး မေ ၁ ရက်တွင်ဖွင့်မည့် ၂၆ ကြိမ်မြောက် ကျပ် ၅၀၀ တန်ထီသည် နောက်ဆုံးဖြစ်ကာ မေလဆန်းမှစ၍ (၄)ကြိမ်မြောက် ကျပ် ၁၀၀၀ တန်ထီလက်မှတ် တစ်မျိုးတည်းကိုသာ ရောင်းချမည်ဟု သက်ဆိုင်ရာက အသိပေးထားသည်။

ထိုသို့ ထီတစ်မျိုးတည်းရောင်းချချိန်တွင် ပြင်ပထီဈေးကွက်တွင် သတ်မှတ်ဈေးနှုန်းအတိုင်း ကျပ် ၁၀၀၀ နှုန်းဖြင့် ပြန်လည်ရောင်းချနိုင်လိမ့်မည်ဟု ထီရောင်းချနေသူများက မျှော်လင့်နေကြသလို ထီကံစမ်းနေသူများကလည်း သတ်မှတ်ဈေးနှုန်း ကျပ် ၁၀၀၀ ထက်ပို၍ ဈေးနှုန်းမြှင့် မဝယ်ရရန် မျှော်လင့်နေကြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Myanmaalinn

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top