20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

အသက္ ၁၁ လအရြယ္ ကေလးငယ္ေလးဟာ မိခင္ျဖစ္သူရဲ့ သတိလက္လြတ္ ေပါ့ဆမွုေၾကာင့္ က်ိဳက္က်ိဳက္ဆူေနတဲ့ ေရေႏြးေတြ အျပည့္ထည့္ထားတဲ့ ေရပုံးထဲကို ျပဳတ္က်ခဲ့ၿပီး အရွင္လတ္လတ္ ထည့္ျပဳတ္ခံရသလိုျဖစ္ခဲ့ပါတယ္။

ယူကရိန္းနိုင္ငံေတာင္ပိုင္း ေက်းရြာတစ္ရြာမွာ ျဖစ္ပ်က္ခဲ့တာပါ၊ ဆရာဝန္ေတြက ဆိုးဆိုးရြားရြား ေဝဒနာခံစားေနရတဲ့ ကေလးကို အသက္လုၿပီး ကယ္တင္ေနေပမယ့္ ကေလးရဲ့ခႏၶာကိုယ္ ၈၀% က အပူေလာင္ဒဏ္ရာေတြရထားပါတယ္။
 
“Daniil” လို႔ အမည္ေပးထားတဲ့ ကေလးေလးဟာ ေဆး႐ုံကုတင္ေပၚမွာ တစ္ကိုယ္လုံးကို မံမီလို ပတ္တီးေတြစည္းၾကပ္ထားတဲ့ျမင္ကြင္းက ေတြ႕ရသူတိုင္း စိတ္ထိခိုက္ေၾကကြဲေစပါတယ္။ ျဖစ္စဥ္က မိခင္ျဖစ္သူ “Tetyana Chernenko” ဟာ ကေလးကို ေရေႏြးနဲ႔စပ္ၿပီး ေရခ်ိဳးေပးဖို႔ ပြက္ပြက္ဆူေနတဲ့ ေရေႏြးကို ေရခ်ိဳးခန္းထဲယူလာကာ စာပြဲခုံအနီးမွာ ခ်ထားလိုက္ပါတယ္။ ကေလးကလည္း စားပြဲေပၚက ကေလးေရခ်ိဳးကန္ေလးထဲမွာ ရွိေနပါတယ္။

သူမရဲ့အစီစဥ္က ကေလးကို ေရခ်ိဳးကန္ထဲမွာ ေရေအးနဲ႔ ေရေႏြးစပ္ၿပီး ခ်ိဳးေပးဖို႔ပါ။ တစ္ခ်ိန္ထဲမွာပဲ ကေလးကလည္း စားပြဲေပၚက ေရခ်ိဳးကန္ေလးထဲမွာ ေဆာ့ကစားေနပါတယ္။ အဲဒီအခ်ိန္မွာ မိခင္ျဖစ္သူက သူကို ခဏေလးထားခဲ့ၿပီး ေရေအးသြားယူေနတုန္း ကေလးက စားပြဲေပၚကေန ေရပြက္ပြက္ဆူေနတဲ့ ေရပုံးႀကီးထဲ ျပဳတ္က်ခဲ့တာျဖစ္ပါတယ္။

“သူေရပုံးထဲျပဳတ္က်သြာတာ ျမင္ျမင္ခ်င္း ေရပုံးဆီေျပးသြားၿပီး သူ႔ကို ဆြဲထုတ္တယ္။ အဝတ္ေတြနဲ႔ ကေလးကို ပတ္ထားေပးတယ္ အဲဒီအခ်ိန္မွာ ကေလးရဲ့ အေရျပားေတြ ကြာက်လာတာေတြ႕ရေတာ့ က်မအရမ္းလန႔္သြားတယ္” လို႔ မိခင္ျဖစ္သူက ဆိုပါတယ္။ အဲဒီေနာက္ ကေလးကို ေဆး႐ုံအျမန္ပို႔ခဲ့တာျဖစ္ပါတယ္။

ကေလးရဲ့ နဖူး၊ လက္ေခ်ာင္း၊ ေျခေခ်ာင္းေလးေတြကေတာ့ အပူေလာင္ဒဏ္ရာမရရွိခဲ့ဘူးလို႔ သိရပါတယ္။ ကေလးဟာ ေဖာ္မျပနိုင္ေလာက္တဲ့ ေဝဒနာခံစားေနရတာေၾကာင့္ ေအာ္ငိုလြန္းလို႔ အသံေတြေတာင္ ကြဲအက္ေနတယ္လို႔ ေဆး႐ုံဝန္ထမ္းေတြက စိတ္မေကာင္းစြာနဲ႔ ေျပာပါတယ္။

ဆရာဝန္ေတြအေနနဲ႔ ကေလး အသက္ရွင္နိုင္ေအာင္ အစြမ္းကုန္ႀကိဳးစားေနၿပီး ေဆး႐ုံအုပ္ျဖစ္တဲ့ Vadim Shukhtin က တတ္နိုင္သမၽွ နည္းလမ္းေတြအကုန္ သုံးၿပီးကယ္တင္မယ္လို႔ ဆိုပါတယ္။ မိခင္ျဖစ္သူက ကေလးနဲ႔အတူ ေဆး႐ုံမွာရွိေနၿပီး ရဲေတြအေနနဲ႔ ဒါကို မေတာ္တဆမွုမျဖစ္သာ သတ္မွတ္ထားေၾကာင္း သိရွိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay

#Unicode Version#
အသက် ၁၁ လအရွယ် ကလေးငယ်လေးဟာ မိခင်ဖြစ်သူရဲ့ သတိလက်လွတ် ပေါ့ဆမှုကြောင့် ကျိုက်ကျိုက်ဆူနေတဲ့ ရေနွေးတွေ အပြည့်ထည့်ထားတဲ့ ရေပုံးထဲကို ပြုတ်ကျခဲ့ပြီး အရှင်လတ်လတ် ထည့်ပြုတ်ခံရသလိုဖြစ်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံတောင်ပိုင်း ကျေးရွာတစ်ရွာမှာ ဖြစ်ပျက်ခဲ့တာပါ၊ ဆရာဝန်တွေက ဆိုးဆိုးရွားရွား ဝေဒနာခံစားနေရတဲ့ ကလေးကို အသက်လုပြီး ကယ်တင်နေပေမယ့် ကလေးရဲ့ခန္ဓာကိုယ် ၈၀% က အပူလောင်ဒဏ်ရာတွေရထားပါတယ်။

“Daniil” လို့ အမည်ပေးထားတဲ့ ကလေးလေးဟာ ဆေးရုံကုတင်ပေါ်မှာ တစ်ကိုယ်လုံးကို မံမီလို ပတ်တီးတွေစည်းကြပ်ထားတဲ့မြင်ကွင်းက တွေ့ရသူတိုင်း စိတ်ထိခိုက်ကြေကွဲစေပါတယ်။ ဖြစ်စဉ်က မိခင်ဖြစ်သူ “Tetyana Chernenko” ဟာ ကလေးကို ရေနွေးနဲ့စပ်ပြီး ရေချိုးပေးဖို့ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို ရေချိုးခန်းထဲယူလာကာ စာပွဲခုံအနီးမှာ ချထားလိုက်ပါတယ်။ ကလေးကလည်း စားပွဲပေါ်က ကလေးရေချိုးကန်လေးထဲမှာ ရှိနေပါတယ်။

သူမရဲ့အစီစဉ်က ကလေးကို ရေချိုးကန်ထဲမှာ ရေအေးနဲ့ ရေနွေးစပ်ပြီး ချိုးပေးဖို့ပါ။ တစ်ချိန်ထဲမှာပဲ ကလေးကလည်း စားပွဲပေါ်က ရေချိုးကန်လေးထဲမှာ ဆော့ကစားနေပါတယ်။ အဲဒီအချိန်မှာ မိခင်ဖြစ်သူက သူကို ခဏလေးထားခဲ့ပြီး ရေအေးသွားယူနေတုန်း ကလေးက စားပွဲပေါ်ကနေ ရေပွက်ပွက်ဆူနေတဲ့ ရေပုံးကြီးထဲ ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

“သူရေပုံးထဲပြုတ်ကျသွာတာ မြင်မြင်ချင်း ရေပုံးဆီပြေးသွားပြီး သူ့ကို ဆွဲထုတ်တယ်။ အဝတ်တွေနဲ့ ကလေးကို ပတ်ထားပေးတယ် အဲဒီအချိန်မှာ ကလေးရဲ့ အရေပြားတွေ ကွာကျလာတာတွေ့ရတော့ ကျမအရမ်းလန့်သွားတယ်” လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ အဲဒီနောက် ကလေးကို ဆေးရုံအမြန်ပို့ခဲ့တာဖြစ်ပါတယ်။

ကလေးရဲ့ နဖူး၊ လက်ချောင်း၊ ခြေချောင်းလေးတွေကတော့ အပူလောင်ဒဏ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။ ကလေးဟာ ဖော်မပြနိုင်လောက်တဲ့ ဝေဒနာခံစားနေရတာကြောင့် အော်ငိုလွန်းလို့ အသံတွေတောင် ကွဲအက်နေတယ်လို့ ဆေးရုံဝန်ထမ်းတွေက စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

ဆရာဝန်တွေအနေနဲ့ ကလေး အသက်ရှင်နိုင်အောင် အစွမ်းကုန်ကြိုးစားနေပြီး ဆေးရုံအုပ်ဖြစ်တဲ့ Vadim Shukhtin က တတ်နိုင်သမျှ နည်းလမ်းတွေအကုန် သုံးပြီးကယ်တင်မယ်လို့ ဆိုပါတယ်။ မိခင်ဖြစ်သူက ကလေးနဲ့အတူ ဆေးရုံမှာရှိနေပြီး ရဲတွေအနေနဲ့ ဒါကို မတော်တဆမှုမဖြစ်သာ သတ်မှတ်ထားကြောင်း သိရှိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top