သဇင္ထူးျမင့္လို႔ဆိုလိုက္ရင္ေတာ့ ခ်စ္စရာ ျဖဴျဖဴေဖြးေဖြးအရုပ္မေလးပံုစံကို ေျပးျမင္ၾကမွာပါေနာ္။ ဖခင္နဲ႔ မိခင္တို႔ရဲ႕ အေမြအႏွစ္ေတြကိုရရွိထားတာေၾကာင့္ ရုပ္အဆင္းရူပကာနဲ႔ျပည့္စုံျပီး တကၠသိုလ္ေက်ာင္းရဲ႕ Queen အျဖစ္လည္း ရရွိထားျပန္ပါေသးတယ္။ သူမကေတာ့ သရုပ္ေဆာင္ ခင္လွိုင္ရဲ႕ တစ္ဦးတည္းေသာ သမီးေလးပဲျဖစ္ပါတယ္။



အႏုပညာအလုပ္ေတြကို ဝါသနာမပါေသးေပမယ့္ ေလာေလာလတ္လတ္မွာေတာ့ မၾကာေသးခင္က က်င္းပခဲ့တဲ့အကယ္ဒမီေပးပြဲမွာ ေရႊၾကိဳအျဖစ္ေရြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။ အႏုပညာရွင္ရဲ႕ မ်ိဳးဆက္သစ္ေလးေတြကို ေရြးထုတ္ျပီး အကယ္ဒမီေပးပြဲမွာ ေရြၾကိဳအျဖစ္ေရြးခဲ့တဲ့ပြဲမွာ သဇင္ထူးျမင့္ကလည္း အလွပဆံုးျဖစ္ေနခဲ့ျပီး ပရိသတ္ေတြရဲ႕အားေပးမွုေတြကိုလည္း အမ်ားၾကီးရခဲ့တာကို ေတြ႔ခဲ့ရပါတယ္။



သဇင္ထူးျမင့္ကေတာ့ ယေန႔ေလးမွာ သူမ ဖခင္ၾကိဳက္တဲ့ မ်က္မွန္ေလးကို သူမရဲ႕ ပထမဆံုးရရွိတဲ့ အႏုပညာေၾကးေလးနဲ႔ ဝယ္ယူျပီးကန္ေတာ့ခဲ့တာျဖစ္ပါတယ္။ ဒီလိုကန္ေတာ့ခဲ့တဲ့အခါမွာ ျဖစ္ေပၚလာတဲ့ ပီတိေလးကို သဇင္ထူးျမင့္က ခုလိုပဲေဖာ္ျပထားပါတယ္။



“သဲရဲ ့ပထမဆံုးရတဲ့အႏုပညာလုပ္အားခနဲ ့ေဖ့ေဖ့ႀကိဳက္တဲ့ မ်က္မွန္ဝယ္ၿပီးကန္ေတာ့ခဲ့တယ္ အရမ္းၾကည္ႏူးၿပီးေပ်ာ္မိတယ္” တဲ့ ။ မိဘေက်းဇူးကို ဒီလိုသိတတ္တဲ့သမီးေလး သဇင္ထူးျမင့္ အႏုပညာေလာကမွာ ဒီထက္ပိုျပီးေအာင္ျမင္ပါေစလို႔လည္း ပရိသတ္ေတြနဲ႔အတူ ဆုေတာင္းေပးလိုက္ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #



သဇင်ထူးမြင့်လို့ဆိုလိုက်ရင်တော့ ချစ်စရာ ဖြူဖြူဖွေးဖွေးအရုပ်မလေးပုံစံကို ပြေးမြင်ကြမှာပါနော်။ ဖခင်နဲ့ မိခင်တို့ရဲ့ အမွေအနှစ်တွေကိုရရှိထားတာကြောင့် ရုပ်အဆင်းရူပကာနဲ့ပြည့်စုံပြီး တက္ကသိုလ်ကျောင်းရဲ့ Queen အဖြစ်လည်း ရရှိထားပြန်ပါသေးတယ်။ သူမကတော့ သရုပ်ဆောင် ခင်လှိုင်ရဲ့ တစ်ဦးတည်းသော သမီးလေးပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို ဝါသနာမပါသေးပေမယ့် လောလောလတ်လတ်မှာတော့ မကြာသေးခင်က ကျင်းပခဲ့တဲ့အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ အနုပညာရှင်ရဲ့ မျိုးဆက်သစ်လေးတွေကို ရွေးထုတ်ပြီး အကယ်ဒမီပေးပွဲမှာ ရွေကြိုအဖြစ်ရွေးခဲ့တဲ့ပွဲမှာ သဇင်ထူးမြင့်ကလည်း အလှပဆုံးဖြစ်နေခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကိုလည်း အများကြီးရခဲ့တာကို တွေ့ခဲ့ရပါတယ်။

သဇင်ထူးမြင့်ကတော့ ယနေ့လေးမှာ သူမ ဖခင်ကြိုက်တဲ့ မျက်မှန်လေးကို သူမရဲ့ ပထမဆုံးရရှိတဲ့ အနုပညာကြေးလေးနဲ့ ဝယ်ယူပြီးကန်တော့ခဲ့တာဖြစ်ပါတယ်။ ဒီလိုကန်တော့ခဲ့တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ပီတိလေးကို သဇင်ထူးမြင့်က ခုလိုပဲဖော်ပြထားပါတယ်။

“သဲရဲ့ပထမဆုံးရတဲ့အနုပညာလုပ်အားခနဲ့ဖေ့ဖေ့ကြိုက်တဲ့ မျက်မှန်ဝယ်ပြီးကန်တော့ခဲ့တယ် အရမ်းကြည်နူးပြီးပျော်မိတယ်” တဲ့ ။ မိဘကျေးဇူးကို ဒီလိုသိတတ်တဲ့သမီးလေး သဇင်ထူးမြင့် အနုပညာလောကမှာ ဒီထက်ပိုပြီးအောင်မြင်ပါစေလို့လည်း ပရိသတ်တွေနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top