သၾကၤန္ေရာက္ေပၿပီ။ သၾကၤန္ဆိုသည္ကား သကၤႏၱမွလာသည္။ ေျပာင္းေရႊ႕ျခင္းဟု အဓိပၸာယ္ရသည္။ မည္သည့္အရာကို ေျပာင္းေရႊ႕သနည္း? အတိတ္ဇာတ္ေၾကာင္းကား အသို႔နည္း? လင္းပါမည္။ (ဟိုGroup ထဲက အလင္းမဟုတ္ပါ) သိၾကားမင္း ႏွင့္ ျဗဟၼာမင္း စစ္ခင္းၾကရာဝယ္ သိၾကားမင္းအႏုိင္ရ၍ ျဗဟၼာႀကီး ဦးေခါင္းကို ရသည္။ အဆိုပါ ဦးေခါင္းကို ဘယ္နားမွလည္း ပစ္၍မေတာ္.. အေၾကာင္းကား ေလထဲပစ္လွ်င္လည္း သတၱဝါေတြ ပ်က္စီးေသေၾကၾကရမည္၊ ေရထဲပစ္လွ်င္လည္း ေရတို႔အေငြ႕ပ်ံၾကမည္၊ ေျမေပၚထားလွ်င္လည္း အႏုျမဴဗံုးထက္ပင္ ဆုိးသြားႏုိင္ေသးသည္။ ထို႔ေၾကာင့္ သိၾကားမင္းကား လက္ထဲသာ ကိုင္ထားရသည္။

သို႔ေသာ္.. ဘယ္သြားသြား ဦးေခါင္းတစ္လံုးကို ကိုင္သြားေနျခင္းက အဆင္မေျပေတာ့.. သိၾကားေနရာ သင္ကိုယ္သင္ထား၍သာ စဥ္းစားၾကည့္ပါ။ ဘယ္သြားသြား အိတ္တစ္လံုးကိုင္ရလွ်င္ပင္ ၾကာေတာ့ ေညာင္းေခ်ၿပီမဟုတ္ေလာ.. သိၾကားမင္းလည္း ထိုနည္းႏွင္ႏွင္ပင္။ ထို႕ေၾကာင့္ပင္ ျဗဟၼာႀကီးဦးေခါင္းကို လက္လႊဲရန္ လူရွာရေတာ့သည္။ အႀကံကားရေခ်ၿပီ။ တစ္ႏွစ္လွ်င္ အစြမ္းထက္ တန္ခိုးႀကီး နတ္မင္းႀကီး တစ္ဦးစီကို ကိုင္ခိုင္းလိုက္လွ်င္ သူသက္သာေခ်ၿပီမဟုတ္ေလာ…

နတ္မင္းႀကီးတို႔ကား ကံဆိုးၾကေခ်ၿပီ။ သို႔ေသာ္ နတ္တို႔သနင္း သိၾကားမင္းျဖစ္၍ ဘာမွ်မေျပာသာ.. ကိုင္ဆို ကိုင္ေပးလုိက္ရံုေပါ့ဟုသာ သေဘာထား၍ တစ္ႏွစ္တစ္ေယာက္ေျပာင္း၍ ကိုင္ၾကသည္။ ကံေကာင္းသည္ကား တစ္ႏွစ္တစ္ေယာက္ေျပာင္းရသည္ ဆိုရာဝယ္ နတ္တို႔ႏွစ္မဟုတ္ဘဲ လူတို႔၏ အခ်ိန္ကာလ တစ္ႏွစ္ျဖစ္ေနျခင္းပင္။ လူတစ္သက္ နတ္တစ္မနက္ဟု ဆိုရိုးရွိသည္မဟုတ္ေလာ..

နတ္မင္းႀကီးတို႔မွာ ျဗဟၼာႀကီးဦးေခါင္း ကိုင္ရသည္မွာ မၾကာေသာ္လည္း နတ္တို႔အခ်ိန္ စကၠန္႔ဝက္တုိင္း တစ္ခါ လႊဲေျပာင္းရသည့္ ဒုကၡေတာ့ ရွိေလသည္။ မည္သို႔ဆိုေစ.. သိၾကားမင္း၏ အခ်စ္ေတာ္ လူသားမ်ားကေတာ့ ျဗဟၼာႀကီး ဦးေခါင္း ေျမေပၚမက်လာတိုင္း ေပ်ာ္ၾကေတာ့သည္။ ကိုင္ေဆာင္ရသည့္ နတ္မင္းႀကီးတို႔ ေအးခ်မ္းပါေစေတာ့ရယ္လို႔ တစ္ဦးကို တစ္ဦး ေရေလာင္းၾကသည္။ တကယ္ပူေလာင္ေနရသည့္၊ လက္ေညာင္းေနရသည့္ သူတို႔ကိုေတာ့ တစ္ဦးတစ္ေယာက္ကမွ် ေရလာမေလာင္း -_-

သိၾကားမင္းကို ကယ္ခိုင္းဖို႔ ၾကည့္ျပန္ေတာ့လည္း သိၾကားမင္း ဒုကၡကား မေသး.. အေၾကာင္းကား ထို လူ႕ျပည္လူ႔ရြာက လူတို႔ေၾကာင့္ပင္.. သူတို႔ တစ္ႏွစ္ျပည့္တုိင္း သိၾကားမင္းမွာ လူ႕ျပည္တစ္ခါဆင္းရရွာသည္။ ဘုန္းကံအေလ်ာက္ေပၚလာသည့္ နတ္ရထားတို႔ပင္ မသံုးရ။ ခဏေန ႏြားစီးၿပီးဆင္းရ၊ ခဏေန ဘီလူးစီးဆင္းရ၊ တစ္ႏွစ္တစ္ႏွစ္အလ်ဥ္မီေအာင္လည္း သိၾကားမင္းေဘးမွာ သတၱဝါအစံုထားရရွာသည္။ လူတို႔ တစ္ႏွစ္မွာ မည္သို႔မွ် မၾကာရကား သိၾကားမင္းမွာလည္း ခုတက္၊ ခုဆင္းပင္ ျဖစ္ေနရွာေတာ့သည္။ ပ႑ဳကဗၺလာျမေက်ာက္ဖ်ာ တင္းမတင္းကိုလည္း မသိႏုိင္ေတာ့… ေက်ာက္ဖ်ာေပၚလည္း ဖင္ပူေအာင္ပင္ မထိုင္ရေခ်တကား.. ဒါေၾကာင့္ပင္ လူတို႔ရြာ၌ လူဆိုးတို႔ေပါမ်ားလာျခင္းႏွင့္တူသည္။ စစ္ပြဲေတြလည္း မ်ားလာသည္။ ဒါလည္း လူတို႔မွာ သူတို႔ေၾကာင့္မွန္း မသိရွာ.. သိၾကားသာသနာဟုသာ ဆိုလို႔ သိၾကားကိုသာ အခါခါ တေနၾကသည္။ သိၾကားကား မအား…

မအားရသည့္ၾကားထဲ အိမ္စာကပါလာေသးသည္။ သိၾကားကိုေတာင္ အိမ္စာ ေပးႏုိင္ေသာ လူတို႔၏အစြမ္းကား မေသး။ သိၾကားမင္းမွာ လူ႕ျပည္ဆင္းတိုင္း ပုရပိုဒ္ ႏွစ္ခု ယူသြားရရွာသည္။ ေခြးသားေရျဖင့္လုပ္ထားေသာ ပုရပိုဒ္ကားတစ္ခု- ဤပုရပိုဒ္တြင္ေတာ့ လူဆိုးမ်ားကို မွတ္ရသည္။ ေရႊပုရပိုဒ္ကား တစ္ခု – ဤ ပုရပိုဒ္တြင္ေတာ့ လူေကာင္းတို႔ကို မွတ္သည္။ သို႔ေသာ္ လူတို႔မွာ ဟန္ေဆာင္လိမ္ညာမႈ၌ တစ္ဘက္ကမ္းခတ္ရကား သိၾကားမင္း ဆင္းလာမည့္အခ်ိန္တြင္ အစြမ္းကုန္ လိမၼာျပလ်က္ သၾကၤန္မတိုင္မီႏွင့္ သၾကၤန္အၿပီးတြင္ကား ဆိုးၿမဲဆိုးလ်က္ရွိေလရာ သိၾကားမင္းလည္း ေခါင္းေျခာက္ရေလသည္။ မည္သူ႕ကို ေရႊေပလႊာထက္တင္၍ မည္သူ႕ကို ေခြးသားေရ ပုရပိုဒ္ထဲ သြင္းရမည္မသိ..

ပိုဆိုးသည္ကား ဒီႏွစ္ပိုင္းတြင္ ေခြးသားေရ ပုရပိုဒ္ကို ရွာရခက္ျခင္းပင္။ ေခြးဆိုးတို႔ ေပါမ်ားလွေသာ္လည္း ေခြးခ်စ္သူမ်ား၏ အကာအကြယ္ေပးမႈေၾကာင့္ သက္ဆိုးရွည္ၾကေသာ္ျငား ေသဆံုးၿပီးသား ေခြးတို႔ပင္ အဘယ္ေရာက္သြားသည္မသိ၊ သားေရမေျပာနွင့္ အရိုးပါ ရွာရခက္ေလသည္။ ေနာက္ပိုင္းမွ ယမမင္းေျပာ၍ သိရသည္မွာ ေသဆံုးၿပီးသားေခြးတို႔၏ ရုပ္အေလာင္းတို႔သည္ ဆတ္သားေျခာက္လည္း ျဖစ္ရရွာသည္၊ အမဲေျခာက္လည္း ျဖစ္ရရွာသည္၊ ၾကက္သားလံုးလည္း ျဖစ္ရရွာသည္ ဟူသတတ္.. ယမမင္း၏ ဒုကၡကလည္း မေသးလွဟု ၾကားမိေသးသည္။ အဘယ္ေၾကာင့္နည္း။ ရိုးရာ အတာသၾကၤန္ဟု ေၾကြးေၾကာ္ၿပီး ရိုးရာမပ်က္ ရန္ျဖစ္ၾကေလသည္။ မေတာ္တဆမႈေတြကလည္း မ်ားလြန္းလွသည္။ ယမမင္း္ႏွင့္ အေပါင္းအပါ သူ႕လက္ေအာက္ငယ္သားတို႔အတြက္ေတာ့ သၾကၤန္ကာလသည္ တစ္ႏွစ္တာလံုးအတြက္ အလုပ္အမ်ားဆံုးကာလပင္။

သိၾကားမင္းအတြက္ လူ႕ျပည္သို႔ ဆင္းရန္လည္း မလြယ္လွေခ်။ လူတို႔ကား သိၾကားကို အေတာ္ဒုကၡေပးေသာ အမ်ိဳးပင္တည္း။ သိၾကားမင္းမွာ လူ႕ျပည္ကို ဆင္းခ်င္တိုင္းလည္း ဆင္းမရရွာ။ လူ႕ျပည္ကို ခဏခဏဆင္းရမည္မွာ အလုပ္ရႈပ္၍ သံုးေလးႏွစ္စာ တစ္ခါတည္း မွတ္မည္ဆို၍လည္းမရ.. အဘယ္ေၾကာင့္နည္း? လူတို႔သတ္မွတ္ထားသည္မွာ သိၾကားမင္း ဆင္းလာရမည့္ေန႔သည္ အက်ေန႔ျဖစ္ၿပီး ျပန္တက္မည့္ေန႔သည္ အတက္ေန႔ျဖစ္ရမည္။ ထို႔ေၾကာင့္ သိၾကားမင္းမွာ ဒုကၡေရာက္ရရွာသည္။ သူ႕အတြက္ စကၠန္႔ပိုင္းမွ် လြဲေခ်ာ္သြားလွ်င္ေတာင္ လူတို႔ ၿငိဳျငင္မွာ စိုးရေသးသည္။

ဘုရားလက္ထက္ေတာ္ကေတာင္ သိၾကား၊ နတ္တို႔သည္ သန္းေခါင္အခ်ိန္ လူရွင္းမွသာ ဆင္းလာၿပီး တရားနာၾကရရွာသည္။ အေၾကာင္းကား သိၾကားတို႔ နတ္တို႔သည္ လူတို႔အနံ႕ကို မခံႏိုင္၍ ဟူသတည္း။ ယခုမူကား အျခားနတ္တို႔မွာေတာ့ ဒုကၡကင္းသည္။ သိၾကားမင္းကား ဒုကၡလွလွေရာက္ရရွာသည္။ နဂိုကမွ လူအနံ႕ကို မခံႏုိင္ရသည့္ၾကား သၾကၤန္ကာလ လူ႕ျပည္သို႔ ဆင္းလာရသည့္အခါ အရက္ေသစာ ေသာက္စားထားသည့္ လူရမ္းကားတို႔ၾကားသြား၍ စာရင္းမွတ္ရေသးသည္။ ေန႔ခ်င္းျပန္ နတ္သက္ေၾကြခ်င္စရာ အျဖစ္ပင္။ ေယာကၡမျဖစ္သူ အသူရာကပဲ ေျမွာက္ထိုးပင့္ေကာ္လုပ္ထား၍လားမသိ။ သူရာရည္ေတြေတာ့ ေဖာခ်င္းေသာခ်င္း… ေနာက္ေတာ့မွ ေယာကၡမ နဲ႔လည္း တစ္ပြဲတစ္လမ္း အကဲစမ္းရေခ်ဦးမည္။ သၾကၤန္တြင္း နတ္သက္ေၾကြခ်င္စိတ္ေပၚလာေအာင္ လုပ္ထား၍….

လူတို႔ကား သိၾကားတို႔ ဒုကၡကို မသိ… သူတို႔ဒုကၡကို ကူညီေျဖရွင္းရန္သာ သိၾကားမင္းၾကြလာခ်ိန္တိုင္းအတြက္ လိမၼာခ်င္ေယာင္ေဆာင္ေနၾကေတာ့သည္။

သိၾကားျဖစ္ရေသာ ဒုကၡကား မေသးလွေခ်တကား…..

ဖိုးသူေတာ္(www.phothutaw.com)
Credit:Angelic Demon (The Lifestyle Myanmar )

#Unicode Version#
သြင်္ကန်ရောက်ပေပြီ။ သြင်္ကန်ဆိုသည်ကား သင်္ကန္တမှလာသည်။ ပြောင်းရွှေ့ခြင်းဟု အဓိပ္ပာယ်ရသည်။ မည်သည့်အရာကို ပြောင်းရွှေ့သနည်း? အတိတ်ဇာတ်ကြောင်းကား အသို့နည်း? လင်းပါမည်။ (ဟိုGroup ထဲက အလင်းမဟုတ်ပါ) သိကြားမင်း နှင့် ဗြဟ္မာမင်း စစ်ခင်းကြရာဝယ် သိကြားမင်းအနိုင်ရ၍ ဗြဟ္မာကြီး ဦးခေါင်းကို ရသည်။ အဆိုပါ ဦးခေါင်းကို ဘယ်နားမှလည်း ပစ်၍မတော်.. အကြောင်းကား လေထဲပစ်လျှင်လည်း သတ္တဝါတွေ ပျက်စီးသေကြေကြရမည်၊ ရေထဲပစ်လျှင်လည်း ရေတို့အငွေ့ပျံကြမည်၊ မြေပေါ်ထားလျှင်လည်း အနုမြူဗုံးထက်ပင် ဆိုးသွားနိုင်သေးသည်။ ထို့ကြောင့် သိကြားမင်းကား လက်ထဲသာ ကိုင်ထားရသည်။

သို့သော်.. ဘယ်သွားသွား ဦးခေါင်းတစ်လုံးကို ကိုင်သွားနေခြင်းက အဆင်မပြေတော့.. သိကြားနေရာ သင်ကိုယ်သင်ထား၍သာ စဉ်းစားကြည့်ပါ။ ဘယ်သွားသွား အိတ်တစ်လုံးကိုင်ရလျှင်ပင် ကြာတော့ ညောင်းချေပြီမဟုတ်လော.. သိကြားမင်းလည်း ထိုနည်းနှင်နှင်ပင်။ ထို့ကြောင့်ပင် ဗြဟ္မာကြီးဦးခေါင်းကို လက်လွှဲရန် လူရှာရတော့သည်။ အကြံကားရချေပြီ။ တစ်နှစ်လျှင် အစွမ်းထက် တန်ခိုးကြီး နတ်မင်းကြီး တစ်ဦးစီကို ကိုင်ခိုင်းလိုက်လျှင် သူသက်သာချေပြီမဟုတ်လော…

နတ်မင်းကြီးတို့ကား ကံဆိုးကြချေပြီ။ သို့သော် နတ်တို့သနင်း သိကြားမင်းဖြစ်၍ ဘာမျှမပြောသာ.. ကိုင်ဆို ကိုင်ပေးလိုက်ရုံပေါ့ဟုသာ သဘောထား၍ တစ်နှစ်တစ်ယောက်ပြောင်း၍ ကိုင်ကြသည်။ ကံကောင်းသည်ကား တစ်နှစ်တစ်ယောက်ပြောင်းရသည် ဆိုရာဝယ် နတ်တို့နှစ်မဟုတ်ဘဲ လူတို့၏ အချိန်ကာလ တစ်နှစ်ဖြစ်နေခြင်းပင်။ လူတစ်သက် နတ်တစ်မနက်ဟု ဆိုရိုးရှိသည်မဟုတ်လော..

နတ်မင်းကြီးတို့မှာ ဗြဟ္မာကြီးဦးခေါင်း ကိုင်ရသည်မှာ မကြာသော်လည်း နတ်တို့အချိန် စက္ကန့်ဝက်တိုင်း တစ်ခါ လွှဲပြောင်းရသည့် ဒုက္ခတော့ ရှိလေသည်။ မည်သို့ဆိုစေ.. သိကြားမင်း၏ အချစ်တော် လူသားများကတော့ ဗြဟ္မာကြီး ဦးခေါင်း မြေပေါ်မကျလာတိုင်း ပျော်ကြတော့သည်။ ကိုင်ဆောင်ရသည့် နတ်မင်းကြီးတို့ အေးချမ်းပါစေတော့ရယ်လို့ တစ်ဦးကို တစ်ဦး ရေလောင်းကြသည်။ တကယ်ပူလောင်နေရသည့်၊ လက်ညောင်းနေရသည့် သူတို့ကိုတော့ တစ်ဦးတစ်ယောက်ကမျှ ရေလာမလောင်း -_-

သိကြားမင်းကို ကယ်ခိုင်းဖို့ ကြည့်ပြန်တော့လည်း သိကြားမင်း ဒုက္ခကား မသေး.. အကြောင်းကား ထို လူ့ပြည်လူ့ရွာက လူတို့ကြောင့်ပင်.. သူတို့ တစ်နှစ်ပြည့်တိုင်း သိကြားမင်းမှာ လူ့ပြည်တစ်ခါဆင်းရရှာသည်။ ဘုန်းကံအလျောက်ပေါ်လာသည့် နတ်ရထားတို့ပင် မသုံးရ။ ခဏနေ နွားစီးပြီးဆင်းရ၊ ခဏနေ ဘီလူးစီးဆင်းရ၊ တစ်နှစ်တစ်နှစ်အလျဉ်မီအောင်လည်း သိကြားမင်းဘေးမှာ သတ္တဝါအစုံထားရရှာသည်။ လူတို့ တစ်နှစ်မှာ မည်သို့မျှ မကြာရကား သိကြားမင်းမှာလည်း ခုတက်၊ ခုဆင်းပင် ဖြစ်နေရှာတော့သည်။ ပဏ္ဍုကဗ္ဗလာမြကျောက်ဖျာ တင်းမတင်းကိုလည်း မသိနိုင်တော့… ကျောက်ဖျာပေါ်လည်း ဖင်ပူအောင်ပင် မထိုင်ရချေတကား.. ဒါကြောင့်ပင် လူတို့ရွာ၌ လူဆိုးတို့ပေါများလာခြင်းနှင့်တူသည်။ စစ်ပွဲတွေလည်း များလာသည်။ ဒါလည်း လူတို့မှာ သူတို့ကြောင့်မှန်း မသိရှာ.. သိကြားသာသနာဟုသာ ဆိုလို့ သိကြားကိုသာ အခါခါ တနေကြသည်။ သိကြားကား မအား…

မအားရသည့်ကြားထဲ အိမ်စာကပါလာသေးသည်။ သိကြားကိုတောင် အိမ်စာ ပေးနိုင်သော လူတို့၏အစွမ်းကား မသေး။ သိကြားမင်းမှာ လူ့ပြည်ဆင်းတိုင်း ပုရပိုဒ် နှစ်ခု ယူသွားရရှာသည်။ ခွေးသားရေဖြင့်လုပ်ထားသော ပုရပိုဒ်ကားတစ်ခု- ဤပုရပိုဒ်တွင်တော့ လူဆိုးများကို မှတ်ရသည်။ ရွှေပုရပိုဒ်ကား တစ်ခု – ဤ ပုရပိုဒ်တွင်တော့ လူကောင်းတို့ကို မှတ်သည်။ သို့သော် လူတို့မှာ ဟန်ဆောင်လိမ်ညာမှု၌ တစ်ဘက်ကမ်းခတ်ရကား သိကြားမင်း ဆင်းလာမည့်အချိန်တွင် အစွမ်းကုန် လိမ္မာပြလျက် သြင်္ကန်မတိုင်မီနှင့် သြင်္ကန်အပြီးတွင်ကား ဆိုးမြဲဆိုးလျက်ရှိလေရာ သိကြားမင်းလည်း ခေါင်းခြောက်ရလေသည်။ မည်သူ့ကို ရွှေပေလွှာထက်တင်၍ မည်သူ့ကို ခွေးသားရေ ပုရပိုဒ်ထဲ သွင်းရမည်မသိ..

ပိုဆိုးသည်ကား ဒီနှစ်ပိုင်းတွင် ခွေးသားရေ ပုရပိုဒ်ကို ရှာရခက်ခြင်းပင်။ ခွေးဆိုးတို့ ပေါများလှသော်လည်း ခွေးချစ်သူများ၏ အကာအကွယ်ပေးမှုကြောင့် သက်ဆိုးရှည်ကြသော်ငြား သေဆုံးပြီးသား ခွေးတို့ပင် အဘယ်ရောက်သွားသည်မသိ၊ သားရေမပြောနှင့် အရိုးပါ ရှာရခက်လေသည်။ နောက်ပိုင်းမှ ယမမင်းပြော၍ သိရသည်မှာ သေဆုံးပြီးသားခွေးတို့၏ ရုပ်အလောင်းတို့သည် ဆတ်သားခြောက်လည်း ဖြစ်ရရှာသည်၊ အမဲခြောက်လည်း ဖြစ်ရရှာသည်၊ ကြက်သားလုံးလည်း ဖြစ်ရရှာသည် ဟူသတတ်.. ယမမင်း၏ ဒုက္ခကလည်း မသေးလှဟု ကြားမိသေးသည်။ အဘယ်ကြောင့်နည်း။ ရိုးရာ အတာသြင်္ကန်ဟု ကြွေးကြော်ပြီး ရိုးရာမပျက် ရန်ဖြစ်ကြလေသည်။ မတော်တဆမှုတွေကလည်း များလွန်းလှသည်။ ယမမင်းနှင့် အပေါင်းအပါ သူ့လက်အောက်ငယ်သားတို့အတွက်တော့ သြင်္ကန်ကာလသည် တစ်နှစ်တာလုံးအတွက် အလုပ်အများဆုံးကာလပင်။

သိကြားမင်းအတွက် လူ့ပြည်သို့ ဆင်းရန်လည်း မလွယ်လှချေ။ လူတို့ကား သိကြားကို အတော်ဒုက္ခပေးသော အမျိုးပင်တည်း။ သိကြားမင်းမှာ လူ့ပြည်ကို ဆင်းချင်တိုင်းလည်း ဆင်းမရရှာ။ လူ့ပြည်ကို ခဏခဏဆင်းရမည်မှာ အလုပ်ရှုပ်၍ သုံးလေးနှစ်စာ တစ်ခါတည်း မှတ်မည်ဆို၍လည်းမရ.. အဘယ်ကြောင့်နည်း? လူတို့သတ်မှတ်ထားသည်မှာ သိကြားမင်း ဆင်းလာရမည့်နေ့သည် အကျနေ့ဖြစ်ပြီး ပြန်တက်မည့်နေ့သည် အတက်နေ့ဖြစ်ရမည်။ ထို့ကြောင့် သိကြားမင်းမှာ ဒုက္ခရောက်ရရှာသည်။ သူ့အတွက် စက္ကန့်ပိုင်းမျှ လွဲချော်သွားလျှင်တောင် လူတို့ ငြိုငြင်မှာ စိုးရသေးသည်။

ဘုရားလက်ထက်တော်ကတောင် သိကြား၊ နတ်တို့သည် သန်းခေါင်အချိန် လူရှင်းမှသာ ဆင်းလာပြီး တရားနာကြရရှာသည်။ အကြောင်းကား သိကြားတို့ နတ်တို့သည် လူတို့အနံ့ကို မခံနိုင်၍ ဟူသတည်း။ ယခုမူကား အခြားနတ်တို့မှာတော့ ဒုက္ခကင်းသည်။ သိကြားမင်းကား ဒုက္ခလှလှရောက်ရရှာသည်။ နဂိုကမှ လူအနံ့ကို မခံနိုင်ရသည့်ကြား သြင်္ကန်ကာလ လူ့ပြည်သို့ ဆင်းလာရသည့်အခါ အရက်သေစာ သောက်စားထားသည့် လူရမ်းကားတို့ကြားသွား၍ စာရင်းမှတ်ရသေးသည်။ နေ့ချင်းပြန် နတ်သက်ကြွေချင်စရာ အဖြစ်ပင်။ ယောက္ခမဖြစ်သူ အသူရာကပဲ မြှောက်ထိုးပင့်ကော်လုပ်ထား၍လားမသိ။ သူရာရည်တွေတော့ ဖောချင်းသောချင်း… နောက်တော့မှ ယောက္ခမ နဲ့လည်း တစ်ပွဲတစ်လမ်း အကဲစမ်းရချေဦးမည်။ သြင်္ကန်တွင်း နတ်သက်ကြွေချင်စိတ်ပေါ်လာအောင် လုပ်ထား၍….

လူတို့ကား သိကြားတို့ ဒုက္ခကို မသိ… သူတို့ဒုက္ခကို ကူညီဖြေရှင်းရန်သာ သိကြားမင်းကြွလာချိန်တိုင်းအတွက် လိမ္မာချင်ယောင်ဆောင်နေကြတော့သည်။

သိကြားဖြစ်ရသော ဒုက္ခကား မသေးလှချေတကား…..

ဖိုးသူတော်(www.phothutaw.com)
Credit:Angelic Demon (The Lifestyle Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top