တကယ့္ျဖစ္ရပ္မွန္ ဇာတ္လမ္းတိုေလး တစ္ပုဒ္ပါ။ မိန္းကေလးေတြအမ်ားစု အရမ္းလွလြန္းရင္ မူရာ၊ မာယာ မ်ားတတ္ပါတယ္။ သူတို႔ကို ေယာက္်ားေလးေတြ ၀ိုင္း၀ိုင္းလည္ေနရင္ ပို၍ ပဲေပးတတ္ၾကပါတယ္။ ဒါက မိန္းကေလးတိုင္းပါ။ ဘယ္ေလာက္ပဲ အထာမကိုင္တတ္ဘူး၊ မာနမႀကီးတတ္ဘူး ေျပာေလ့ရွိတဲ့ မိန္းကေလးေတြေတာင္ သူ႔အလွတရားအတြက္ တစ္ေနရာရာမွာ ထင္ေပၚေစခ်င္ၾက အေျပာခံခ်င္ၾကပါတယ္။

“အင္းစိန္ၿမိဳ႕နယ္” တစ္ေနရာက အန္တီ့အခ်စ္ဆုံးသူငယ္ခ်င္းေပါ့။ နာမည္ေလးက “မသက္ထား” တဲ့။ အလြန္ေခ်ာ အလြန္လွေပါ့။ အန္တီတို႔ေခတ္တုန္းက ထမိန္ကို ေျခသလုံးအလယ္အထိဝတ္၊ ဆံပင္တစ္ျခမ္းေစာင္းေကနဲ႔ မိန္းကေလးအမ်ားစု ထားခဲ့ ေနခဲ့ဖူးၾကတယ္လို႔ အန္တီေျပာတယ္။

အဲဒီေခတ္မွာ “အန္တီသက္ထား” က အင္းစိန္ အ.ထ.က (၁) ရဲ့ အေခ်ာဆုံး အလွဆုံး “ကြင္း” (Queen) တဲ့။ ၈-တန္းႏွစ္ကတည္းက ရည္းစားထားတာ ၁၀-တန္းႏွစ္အထိေပါ့။ အန္တီတို႔သူတို႔က ေက်ာင္းအရမ္းေျပးၾကတာ။ အန္တီကလည္း ၁၀-တန္းႏွစ္မွာ ရည္းစား စ,ထားတာတဲ့။ “မသက္ထား” ကေတာ့သူတို႔ဆရာတဲ့။ “မသက္ထား” က တစ္ဦးတည္းေသာသမီး။ ရည္းစား စ,ထားကတည္းက သူက သူ႔ရည္းစားမိဘက ခ်မ္းသာရမယ္၊ ပညာတတ္ရမယ္။ သူ႔ရည္းစားက စာေတာ္တာ မေတာ္တာမလိုဘူး။ သူ႔လို႐ုပ္လွရမယ္။ ေခ်ာရမယ္။ ႐ုပ္ရည္မသန္႔ျပန္႔တဲ့ေကာင္ ရည္းစားစကားလာမေျပာနဲ႔… ဆိုၿပီး ႏွစ္ျပားမတန္ အရွက္ခြဲေျပာဆိုတတ္တယ္။

သူတို႔သူငယ္ခ်င္းမ်ား ၁၀-တန္းပထမႏွစ္ေပါ့။ “မသက္ထား” ေက်ာင္းမွာ ရည္းစား၂-ေယာက္။ အျပင္မွာ တကၠသိုလ္ေက်ာင္းသား ရည္းစား၂-ေယာက္ “မသက္ထား” ၄-ေယာက္ လက္မလည္ေအာင္ ခ်ိန္းေတြ႔ရတယ္။ သူ႔ရည္းစား ၄-ေယာက္လုံးကလည္း အလန္း။ ပိုက္ဆံရွိ သားသမီးေတြေပါ့။

သူတို႔အမ်ားဆုံး ဘဲနဲ႔ခ်ိန္းေတြ႔တဲ့ေနရာက “ကမာၻေအးဘုရား”။ တစ္ေန႔ သူနဲ႔ သူငယ္ခ်င္းမ်ားတစ္ဖြဲ႔ ေက်ာင္းေျပးၿပီး ဘဲေတြကိုယ္စီနဲ႔ျပန္လာၾကတာ။ အဲဒီအခ်ိန္မွာ တစ္လမ္းလုံး သူငယ္ခ်င္းေတြ ဆူညံ့ ေနၾကတာေပါ့။ လမ္းခ်ိဳးတစ္ေနရာ ေရာက္ေတာ့စက္ဘီးတစ္စီးက အမွတ္မထင္ ေရအိုင္ကိုနင္းမိေတာ့ “မသက္ထား” ကိုစင္သြားပါေလေရာ။ အဲဒီအခ်ိန္မွာ “မသက္ထား” ေဒါသျဖစ္ၿပီး စက္ဘီးသမားကို အတင္းလွမ္းတား သူ႔ရည္းစား “ကိုေဇ” က ပထမႏွစ္ေက်ာင္းသား။ ႐ုပ္ေခ်ာသေလာက္ ခပ္မိုက္မိုက္ေပါ့။ စက္ဘီးသမားကို အတင္းတားေတာ့ စက္ဘီးသမားက ရပ္လိုက္တယ္။

အဲဒီစက္ဘီးသမားက “မသက္ထား” ကို၉-တန္းႏွစ္က ရည္းစားစကားေျပာဖူးတဲ့ “ကိုေသာ္” ျဖစ္ေနတယ္။ “ကိုေသာ္” က စီးပြားေရး အဆင္မေျပေတာ့လို႔ ေက်ာင္းမတတ္ေတာ့ပဲ ဝက္သတ္႐ုံမွာ လုပ္ေနတာ။ “ကိုေသာ္” က စက္ဘီးေပၚမွဆင္းၿပီး ေတာင္းပန္ေနေပမဲ့ “မသက္ထား” မေက်နပ္ဘူး။ သ႔ူဘဲေ႐ွ႕မွာ ပါ၀ါျပတာလည္းပါတာေပါ့။

“ဟဲ့… “ကိုေသာ္” ငါ့ကို ေရေတြစင္ကုန္တာ နင္ဘာလုပ္ေပးမွာလဲ…”

“ငါေတာင္းပန္ပါတယ္ “သက္ထား” ရယ္…”

“ေအး… ငါမေက်နပ္ဘူး…”

“ငါေတာင္းပန္ေနတာ နင္ကမေက်နပ္ရင္ ငါဘာလုပ္ေပးရမလဲ…”

“ဘာမွမလုပ္နဲ႔… ကဲ… ထီြး… ဖ်န္း…” ဆိုၿပီး တံေတြးနဲ႔ မ်က္ႏွာကိုလွမ္းေထြးၿပီး ပါး႐ိုက္လိုက္တယ္။

“ကိုေသာ္” က ႐ွက္႐ွက္နဲ႔ ျပန္လုပ္မယ္ျပင္ေတာ့ သူ႔ဘဲကပါ၀ိုင္းထိုးတာေပါ့။ သူငယ္ခ်င္းေတြက ၀ိုင္းဆြဲၿပီး…

“သက္ထား” နင္မွားတယ္၊ နင္ဘဲကိုဆြဲ သူကအျပင္လူ တခုခုျဖစ္ရင္ အားလုံးေက်ာင္းအထုတ္ခံၾကရမွာ…” ၀ိုင္းေျပာၾကေတာ့ “မသက္ထား” က…

“လာပါ “ကိုေဇ” ရယ္… အဆင့္မ႐ွိတဲ့ေကာင္နဲ႔ ဖက္ျဖစ္မေနပါနဲ႔…” လို႔ေျပာၿပီး သူ႔ရည္းစားက္ို ဆြဲေခၚသြားပါတယ္။

ဒါေပမဲ့ ေယာက္်ားတစ္ေယာက္မရဲ့ မာန၊ အ႐ွက္တရားကိုထိခိုက္သြားတာ “မသက္ထား” မသိလိုက္ပါ။ “ကိုေသာ္” အံႀကိတ္ၿပီးထြက္သြားပါတယ္။ ဒီလိုနဲ႔ ၁၀-တန္း စာေမးပြဲေျဖလို႔ စာေမးပြဲ ေနာက္ဆုံးေန႔မွာ “မသက္ထား” ရဲ့ ရည္းစားေဟာင္းနဲ႔ ရည္းစားသစ္ ႏွစ္ဦးသား စၿငိၾကပါေလေရာ။ “ကိုေဇ” ရယ္ “ကိုထိုက္” ဆိုတဲ့ တကၠသိုလ္
ေက်ာင္းသား ႏွစ္ေယာက္ဆုံၿပီး ကြိဳင္တတ္ၾကတယ္။ အဲဒီမွာ “ကိုေဇ” က သူ႔ကို…

“နင့္႐ုပ္ေလး လွသေလာက္ ငါတို႔ေကာင္ေတြကိုလွည့္စားတယ္၊ နင္ေနာင္တ မရေစနဲ႔…” လို႔ ေျပာၿပီးထြက္သြားတယ္။ ေအာင္စာရင္းမထြက္ခင္ကာလ၊ သူတို႔ အန္တီတို႔ တစ္ဖြဲ႔၊ သူငယ္ခ်င္းေတြ တစ္ပတ္တစ္ခါ အတြဲမျပတ္ ေတြ႔ျဖစ္ၾကတယ္။ ဒီလိုနဲ႔ ေက်ာင္းပိတ္တာ၂-လေက်ာ္ေလာက္၊ တစ္ေန႔ညေန အန္တီ့ကို လာေခၚတယ္။

“…”တာတာ” ေရ… ေဟ့… “တာတာ”…”

အန္တီက အဖြားတို႔ အဖိုးတို႔ ရွိေနေတာ့ အသံခပ္အုပ္အုပ္နဲ႔ အေပၚထပ္ကေန ေျပးဆင္းလာၿပီး ထူးရင္းနဲ႔…

“ဘာလဲ “သက္ထား”…”

“ငါနဲ႔လိုက္ခဲ့ဟာ…”

“နင္ကလဲဟာ… ငါ့အေမနဲ႔ အေဖရွိတယ္ဟဲ့၊ ဘယ္လဲ…”

“…”ကိုေဇ” က ငါ့ကိုေတြ႔ခ်င္လိုတဲ့ဟ…”

“နင္ျပန္ဆက္ေနတာလား…”

“မဟုတ္ဘူး၊ သူကသူ႔အိမ္က မိန္းမမေပးစားခင္ ေနာက္ဆုံးအႀကိမ္ တစ္ေခါက္ေလာက္ ေတြ႔ခ်င္တယ္ေျပာလို႔ သြားေတြ႔ မလို႔…”

“နင္ကလည္း… မိုးခ်ဳပ္ေတာ့မယ္၊ ဘယ္မွာခ်ိန္းတာလဲ…”

“ဘူတာ႐ုံဘက္မွာ…”

“မျဖစ္ဘူး၊ ငါရည္းစားထားတာ အိမ္ကသိလို႔ ငါ့အမေတြ အေမေတြက အလစ္မေပးဘူးဟ… နင္လည္း သိရက္သားနဲ႔…”

“ေအးဟာ… ဒါဆို ငါတစ္ေယာက္တည္းပဲ သြားေတာ့မယ္၊ ေနေတာ့…”

“အျမန္သြား အျမန္ျပန္ေနာ္…”

“ေအး ေအး…”

ထိုအခ်ိန္မွာ အဖြားမိတာ

“နင္တို႔ဘာေတြ႐ႈပ္ေနတာလဲ…ေအာင္စာရင္းထြက္လို႔ မေအာင္ရင္ နင္ဒီႏွစ္ရန္ကုန္မွာမထားဘူး…”

“အေမကလည္း ဘာမွမဆိုင္တာ…”

အန္တီကိုဆူၿပီး အန္တီလည္း ဘာမွမေျပာပဲအိမ္ခန္းထဲ၀င္ၿပီး ဘယ္ေလာက္မွမၾကာဘူး၊ အိမ္ေရွ႕ကေန အန္တီ့သူငယ္ခ်င္း သူ႔ရည္းစား “ကိုသန္းစိုး” က…

“ဟဲ့… “တာတာ” ေရ… “တာတာ” “မိသက္ထား” တစ္ေယာက္ ရထားလမ္းဘက္မွာ မ်က္ႏွာအက္ဆစ္နဲ႔ အပတ္ခံရၿပီး ဓါးနဲ႔အထိုးခံရလို႔တဲ့…”

အဲဒီအခ်ိန္ အန္တီလည္း အေျပးတစ္ပိုင္း ဆင္းလာၿပီး…”အေမေရ… လုပ္ပါဦး… “သန္းစိုး” အခုေလးတင္ “သက္ထား” င့ါအိမ္က ထြက္သြားတာ…”

“ေအး… အခု တရားခံေရာ ဘာေရာ တစ္ခါတည္း မိတယ္တဲ့… သူေသမလား ႐ွင္မလားေတာ့ မသိေသးဘူးဟာ… ေဆး႐ုံေတာ့ ေခၚသြားၾကၿပီ…”

ဒီလိုနဲ႔ တျခားသူငယ္ခ်င္းေတြပါေခၚၿပီး လိုက္သြားၾကည့္ေတာ့ သူအေရးေပၚအခန္းမွာ တရားခံက “ကိုေဇ” နဲ႔ “ကိုေသာ္” ပါ။ ဒီလိုနဲ႔ ေနာက္ေန႔ညေန သူသိရလာပါတယ္။ ဟိုႏွစ္ေယာက္ကလည္း အခ်ဳပ္ထဲမွာ အမႈ႔စစ္ေတာ့ အဲဒီေန႔ “မသက္ထား” သြားေတာ့ “ကိုေဇ” က ရထားလမ္းဟိုဘက္က မီးရထားေခါင္းတြဲအပ်က္ထဲ ေခၚသြားၿပီး “မသက္ထား” မ်က္ႏွာကို အက္ဆစ္နဲ႔ ပတ္တာပါ။ အဲဒါကို “မသက္ထား” ရထားလမ္းဘက္သြားတာကို “ကိုေသာ္” က အေနာက္က လိုက္ေခ်ာင္း ရင္း နဲ႔ အဲဒီလို “ကိုေဇ” လုပ္တာေတြ႔ေတာ့ သူလည္း အ႐ွက္ရထားေတာ့ကာ အၿပီးဆိုၿပီးေတာ့ လက္ထဲက အသင့္ပါလာ တဲ့ဓါးနဲ႔ ထိုးလိုက္တာပါ။ “ကိုေဇ” က အက္ဆစ္နဲ႔ပတ္ၿပီး ထြက္ေျပးသြားၿပီးမွ “ကိုေသာ္” က အျမင္ကပ္ပုဒ္မနဲ႔ သတ္တာပါ။ “ကိုေသာ္” ဓါးနဲ႔ထိုးၿပီး ရထားေခါင္းတြဲထဲကအထြက္ မီးရထားရဲ့ လွည့္ကင္းက မသကၤာလို႔ ေခၚစစ္ရင္းနဲ႔ လက္ကေသြး ေတြလည္း ေပေနေတာ့ အဲဒီညေနပဲ ႏွစ္ေယာက္လုံးကို တစ္ခါတည္းဖမ္းမိတာပါ။ “မသက္ထား” ကေဆး႐ုံမွာ သတိျပန္ရ ေပမဲ့ ၅-ရက္ေနေတာ့ ရရွိခဲ့တဲ့ ဒဏ္ရာေတြေၾကာင့္ ဆုံးသြားပါတယ္။

သူမေသခင္ သူငယ္ခ်င္းအရင္းျဖစ္သူ အန္တီနဲ႔ သူငယ္ခ်င္း ေနာက္ႏွစ္ေယာက္က ေန႔ခင္းဆို ေဆး႐ုံမွာ သူ႔ကိုသြားေစာင့္ ပါတယ္။ သူကေလ သူငယ္ခ်င္းေတြအနားမွာ႐ွိရင္ မ်က္ရည္ေတြက်ၿပီး…

“ငါမလွေတာ့ဘူး… ငါေသရေတာ့မွာ…” ခ်ည္း ငိုညည္းရင္း ေျပာေလ့ရွိတယ္။

အေဖအေမကလည္း ၀မ္းနည္းမဆုံးေပါ့။ ေသခါနီး ၁-ရက္အလိုေန႔ကေပါ့။ တစ္ေနကုန္ မ်က္ရည္ေတြက်ၿပီး ပါးစပ္ကေန…

“ငါ့မ်က္ႏွာႀကီး ငိုရင္လည္းမလွ၊ ရယ္ရင္လည္းမလွေတာ့ဘူး…”

ဆိုၿပီး တစ္ေနကုန္ငိုေနတာ ပါးစပ္က တတြတ္တြတ္ေပါ့။ ၅-ရက္ေျမာက္ေန႔ ညေန ၅-နာရီမွာ သူေသသြားပါတယ္။ အဲဒီညေနက သူငယ္ခ်င္းေတြကို လိုက္အိပ္မက္ေပးတယ္။ အိမ္ကအန္တီဆို၂-ပတ္ေလာက္ဖ်ားတယ္။ အိပ္မက္လည္း တစ္ပုံစံတည္း သူငယ္ခ်င္းေတြကိုေပးတာ။ အိမ္မက္ထဲမွာ သူကအရင္မ်က္ႏွာအတိုင္းပဲလာၿပီး စကားေျပာတယ္။

“…”တာတာ” ငါ့မ်က္ႏွာ အရင္အတိုင္းပဲ လွေသးတယ္ေနာ္…”

အန္တီက အိမ္မက္ထဲမွာ… “နင္ကလွၿပီးသားပဲ “သက္ထား” ရယ္…” ေျပာေတာ့…

“ေအးပါ… ဒီမွာ ငါတကယ္မလွေတာ့ဘူး…” ေျပာေတာ့ မ်က္ႏွာက ေၾကာက္စရာႀကီးတဲ့။ ေဆး႐ုံမွာတုန္းက ပတ္တီးနဲ႔ ဆိုေတာ့ မသိရဘူးတဲ့။ အန္တီလည္း အိပ္ယာကလန္႔ႏုိး ေၾကာက္လန္႔ၿပီး၂-ပတ္ေလာက္ ဖ်ားပါေလ ေရာ။ ျပန္ေကာင္းေတာ့ အဖြားက အန္တီ့ကို “ေညာင္တုန္း” ကိုပို႔လိုက္ေရာ။ ေအာင္စာရင္းေတြထြက္ေတာ့ သူတို႔တစ္ဖြဲ႔ က်တဲ့သူကက်ေပါ့။ အန္တီနဲ႔ “မသက္ထား” နဲ႔ ေနာက္တစ္ေယာက္က (ခ) နဲ႔ ေအာင္တယ္တဲ့။ အန္တီလည္း ေနာက္ႏွစ္ စာေမးပြဲေတာ့ “ေညာင္တုန္း” မွာေျဖၿပီးမွ ၁၀-တန္းေအာင္တယ္တဲ့။ ဒါေပမဲ့ အန္တီစာေမးပြဲေျဖၿပီး ရန္ကုန္ျပန္လာေတာ့ ရပ္ကြက္ထဲမွာ “မသက္ထား” သတင္းက ၾကားေနရဆဲပဲ။ “မသက္ထား” တို႔ အိမ္နားက မက်ည္းပင္နားမွာ သရဲေျခာက္ တယ္တဲ့။ အေျခာက္ခံရတဲ့သူေတြက ေျပာတာၾကည့္လိုက္ရင္…”လွတယ္… အနားေရာက္သြားရင္ ေၾကာက္စရာမ်က္ႏွာ ႀကီး…” တဲ့။

တစ္ေန႔ညက ဆိုက္ကားသမားတစ္ေယာက္ ဆိုက္ကားနင္းျပန္လာတာ မူးေနတာတဲ့။ ပါးစပ္သရမ္းၿပီး

“ဟဲ့… “သက္ထား”… နင့္မ်က္ႏွာေလး ျပစမ္း…”

ဆိုၿပီး မက်ည္းပင္ေအာက္ကေျပာတာ ဟိုကျပလိုက္တာ ဆိုက္ကားသမားခမ်ာ တစ္ခါတည္း ၂-ပတ္ေလာက္ ေနမေကာင္းျဖစ္သြားတယ္တဲ့။

“မသက္ထား” မိသားစုကေတာ့ “မသက္ထား” ေသၿပီး ဘယ္ေလာက္မွမၾကာဘူး။ သူ႔အေဖနဲ႔ အေမက “ေမၿမိဳ႕” က အမ်ိဳးေတြဆီကို ေျပာင္းသြားတယ္တဲ့။ အခ်ိန္အေတာ္ၾကာၾကာ အတိုင္းအတာတစ္ခုအထိ အဲဒီအခ်ိန္တုန္းက အဲဒီ မက်ည္းပင္ရွိတဲ့လမ္းကို “ငိုမလွ ရယ္မလွ မသက္ထားလမ္း” လို႔ ေခၚၾကတယ္။ အခုေတာ့ အဲဒီအပင္ႀကီးလည္း မရွိေတာ့ဘူး။ “မသက္ထား” လည္း ဘယ္ဘ၀ေရာက္မွန္း မသိေတာ့ပါဘူး။

ဇာတ္လမ္းေလးကဒါပါပဲကြယ္။ ႐ုပ္ေခ်ာေခ်ာ၊ လွလွ၊ မမ၊ ညီမမ်ား ျဖစ္ႏုိင္ရင္အတတ္ႏုိင္ဆုံး သေဘာေကာင္းေပးၾကပါ။ ခ်စ္ေရးဆိုတဲ့ ေကာင္ေလးေတြကိုလည္း ေမွ်ာ္လင့္ခ်က္မေပးပါနဲ႔။ မမူပါနဲ႔။ အေျဖတစ္ခါတည္းေပးပါ။ ဒီလူခ်စ္ေရး      ဆိုကတည္းက ကိုယ့္စိတ္မွာ အေျဖရွိၿပီးသားပါ။ မမူနဲ႔၊ ပဲမမ်ားၾကပါနဲ႔၊ မာန္မတတ္ၾကပါနဲ႔။ အခ်စ္စစ္မွန္ရင္ ႐ုပ္လွဖို႔၊ ပညာတတ္ဖို႔မလိုပါဘူး။ ႐ိုးသားျဖဴစင္တဲ့အခ်စ္နဲ႔ ကိုယ့္ဘ၀တစ္ခုလုံးကို တစ္သက္လုံးတန္ဖိုးထားၿပီး ကိုယ္ကလည္း တန္ျပန္တန္ဖိုးထားခ်စ္တဲ့အခ်စ္နဲ႔ ခ်စ္ခင္ႏုိင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သရဲ

#Unicode Version# ျဖင့္ဖတ္ပါ ။

တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတိုလေး တစ်ပုဒ်ပါ။ မိန်းကလေးတွေအများစု အရမ်းလှလွန်းရင် မူရာ၊ မာယာ များတတ်ပါတယ်။ သူတို့ကို ယောက်ျားလေးတွေ ဝိုင်းဝိုင်းလည်နေရင် ပို၍ ပဲပေးတတ်ကြပါတယ်။ ဒါက မိန်းကလေးတိုင်းပါ။ ဘယ်လောက်ပဲ အထာမကိုင်တတ်ဘူး၊ မာနမကြီးတတ်ဘူး ပြောလေ့ရှိတဲ့ မိန်းကလေးတွေတောင် သူ့အလှတရားအတွက် တစ်နေရာရာမှာ ထင်ပေါ်စေချင်ကြ အပြောခံချင်ကြပါတယ်။

“အင်းစိန်မြို့နယ်” တစ်နေရာက အန်တီ့အချစ်ဆုံးသူငယ်ချင်းပေါ့။ နာမည်လေးက “မသက်ထား” တဲ့။ အလွန်ချော အလွန်လှပေါ့။ အန်တီတို့ခေတ်တုန်းက ထမိန်ကို ခြေသလုံးအလယ်အထိဝတ်၊ ဆံပင်တစ်ခြမ်းစောင်းကေနဲ့ မိန်းကလေးအများစု ထားခဲ့ နေခဲ့ဖူးကြတယ်လို့ အန်တီပြောတယ်။

အဲဒီခေတ်မှာ “အန်တီသက်ထား” က အင်းစိန် အ.ထ.က (၁) ရဲ့ အချောဆုံး အလှဆုံး “ကွင်း” (Queen) တဲ့။ ၈-တန်းနှစ်ကတည်းက ရည်းစားထားတာ ၁၀-တန်းနှစ်အထိပေါ့။ အန်တီတို့သူတို့က ကျောင်းအရမ်းပြေးကြတာ။ အန်တီကလည်း ၁၀-တန်းနှစ်မှာ ရည်းစား စ,ထားတာတဲ့။ “မသက်ထား” ကတော့သူတို့ဆရာတဲ့။ “မသက်ထား” က တစ်ဦးတည်းသောသမီး။ ရည်းစား စ,ထားကတည်းက သူက သူ့ရည်းစားမိဘက ချမ်းသာရမယ်၊ ပညာတတ်ရမယ်။ သူ့ရည်းစားက စာတော်တာ မတော်တာမလိုဘူး။ သူ့လိုရုပ်လှရမယ်။ ချောရမယ်။ ရုပ်ရည်မသန့်ပြန့်တဲ့ကောင် ရည်းစားစကားလာမပြောနဲ့… ဆိုပြီး နှစ်ပြားမတန် အရှက်ခွဲပြောဆိုတတ်တယ်။

သူတို့သူငယ်ချင်းများ ၁၀-တန်းပထမနှစ်ပေါ့။ “မသက်ထား” ကျောင်းမှာ ရည်းစား၂-ယောက်။ အပြင်မှာ တက္ကသိုလ်ကျောင်းသား ရည်းစား၂-ယောက် “မသက်ထား” ၄-ယောက် လက်မလည်အောင် ချိန်းတွေ့ရတယ်။ သူ့ရည်းစား ၄-ယောက်လုံးကလည်း အလန်း။ ပိုက်ဆံရှိ သားသမီးတွေပေါ့။

သူတို့အများဆုံး ဘဲနဲ့ချိန်းတွေ့တဲ့နေရာက “ကမ္ဘာအေးဘုရား”။ တစ်နေ့ သူနဲ့ သူငယ်ချင်းများတစ်ဖွဲ့ ကျောင်းပြေးပြီး ဘဲတွေကိုယ်စီနဲ့ပြန်လာကြတာ။ အဲဒီအချိန်မှာ တစ်လမ်းလုံး သူငယ်ချင်းတွေ ဆူညံ့ နေကြတာပေါ့။ လမ်းချိုးတစ်နေရာ ရောက်တော့စက်ဘီးတစ်စီးက အမှတ်မထင် ရေအိုင်ကိုနင်းမိတော့ “မသက်ထား” ကိုစင်သွားပါလေရော။ အဲဒီအချိန်မှာ “မသက်ထား” ဒေါသဖြစ်ပြီး စက်ဘီးသမားကို အတင်းလှမ်းတား သူ့ရည်းစား “ကိုဇေ” က ပထမနှစ်ကျောင်းသား။ ရုပ်ချောသလောက် ခပ်မိုက်မိုက်ပေါ့။ စက်ဘီးသမားကို အတင်းတားတော့ စက်ဘီးသမားက ရပ်လိုက်တယ်။

အဲဒီစက်ဘီးသမားက “မသက်ထား” ကို၉-တန်းနှစ်က ရည်းစားစကားပြောဖူးတဲ့ “ကိုသော်” ဖြစ်နေတယ်။ “ကိုသော်” က စီးပွားရေး အဆင်မပြေတော့လို့ ကျောင်းမတတ်တော့ပဲ ဝက်သတ်ရုံမှာ လုပ်နေတာ။ “ကိုသော်” က စက်ဘီးပေါ်မှဆင်းပြီး တောင်းပန်နေပေမဲ့ “မသက်ထား” မကျေနပ်ဘူး။ သ့ူဘဲရှေ့မှာ ပါဝါပြတာလည်းပါတာပေါ့။

“ဟဲ့… “ကိုသော်” ငါ့ကို ရေတွေစင်ကုန်တာ နင်ဘာလုပ်ပေးမှာလဲ…”

“ငါတောင်းပန်ပါတယ် “သက်ထား” ရယ်…”

“အေး… ငါမကျေနပ်ဘူး…”

“ငါတောင်းပန်နေတာ နင်ကမကျေနပ်ရင် ငါဘာလုပ်ပေးရမလဲ…”

“ဘာမှမလုပ်နဲ့… ကဲ… ထွီး… ဖျန်း…” ဆိုပြီး တံတွေးနဲ့ မျက်နှာကိုလှမ်းထွေးပြီး ပါးရိုက်လိုက်တယ်။

“ကိုသော်” က ရှက်ရှက်နဲ့ ပြန်လုပ်မယ်ပြင်တော့ သူ့ဘဲကပါဝိုင်းထိုးတာပေါ့။ သူငယ်ချင်းတွေက ဝိုင်းဆွဲပြီး…

“သက်ထား” နင်မှားတယ်၊ နင်ဘဲကိုဆွဲ သူကအပြင်လူ တခုခုဖြစ်ရင် အားလုံးကျောင်းအထုတ်ခံကြရမှာ…” ဝိုင်းပြောကြတော့ “မသက်ထား” က…

“လာပါ “ကိုဇေ” ရယ်… အဆင့်မရှိတဲ့ကောင်နဲ့ ဖက်ဖြစ်မနေပါနဲ့…” လို့ပြောပြီး သူ့ရည်းစားကို ဆွဲခေါ်သွားပါတယ်။

ဒါပေမဲ့ ယောက်ျားတစ်ယောက်မရဲ့ မာန၊ အရှက်တရားကိုထိခိုက်သွားတာ “မသက်ထား” မသိလိုက်ပါ။ “ကိုသော်” အံကြိတ်ပြီးထွက်သွားပါတယ်။ ဒီလိုနဲ့ ၁၀-တန်း စာမေးပွဲဖြေလို့ စာမေးပွဲ နောက်ဆုံးနေ့မှာ “မသက်ထား” ရဲ့ ရည်းစားဟောင်းနဲ့ ရည်းစားသစ် နှစ်ဦးသား စငြိကြပါလေရော။ “ကိုဇေ” ရယ် “ကိုထိုက်” ဆိုတဲ့ တက္ကသိုလ်
ကျောင်းသား နှစ်ယောက်ဆုံပြီး ကွိုင်တတ်ကြတယ်။ အဲဒီမှာ “ကိုဇေ” က သူ့ကို…

“နင့်ရုပ်လေး လှသလောက် ငါတို့ကောင်တွေကိုလှည့်စားတယ်၊ နင်နောင်တ မရစေနဲ့…” လို့ ပြောပြီးထွက်သွားတယ်။ အောင်စာရင်းမထွက်ခင်ကာလ၊ သူတို့ အန်တီတို့ တစ်ဖွဲ့၊ သူငယ်ချင်းတွေ တစ်ပတ်တစ်ခါ အတွဲမပြတ် တွေ့ဖြစ်ကြတယ်။ ဒီလိုနဲ့ ကျောင်းပိတ်တာ၂-လကျော်လောက်၊ တစ်နေ့ညနေ အန်တီ့ကို လာခေါ်တယ်။

“…”တာတာ” ရေ… ဟေ့… “တာတာ”…”

အန်တီက အဖွားတို့ အဖိုးတို့ ရှိနေတော့ အသံခပ်အုပ်အုပ်နဲ့ အပေါ်ထပ်ကနေ ပြေးဆင်းလာပြီး ထူးရင်းနဲ့…

“ဘာလဲ “သက်ထား”…”

“ငါနဲ့လိုက်ခဲ့ဟာ…”

“နင်ကလဲဟာ… ငါ့အမေနဲ့ အဖေရှိတယ်ဟဲ့၊ ဘယ်လဲ…”

“…”ကိုဇေ” က ငါ့ကိုတွေ့ချင်လိုတဲ့ဟ…”

“နင်ပြန်ဆက်နေတာလား…”

“မဟုတ်ဘူး၊ သူကသူ့အိမ်က မိန်းမမပေးစားခင် နောက်ဆုံးအကြိမ် တစ်ခေါက်လောက် တွေ့ချင်တယ်ပြောလို့ သွားတွေ့ မလို့…”

“နင်ကလည်း… မိုးချုပ်တော့မယ်၊ ဘယ်မှာချိန်းတာလဲ…”

“ဘူတာရုံဘက်မှာ…”

“မဖြစ်ဘူး၊ ငါရည်းစားထားတာ အိမ်ကသိလို့ ငါ့အမတွေ အမေတွေက အလစ်မပေးဘူးဟ… နင်လည်း သိရက်သားနဲ့…”

“အေးဟာ… ဒါဆို ငါတစ်ယောက်တည်းပဲ သွားတော့မယ်၊ နေတော့…”

“အမြန်သွား အမြန်ပြန်နော်…”

“အေး အေး…”

ထိုအချိန်မှာ အဖွားမိတာ

“နင်တို့ဘာတွေရှုပ်နေတာလဲ…အောင်စာရင်းထွက်လို့ မအောင်ရင် နင်ဒီနှစ်ရန်ကုန်မှာမထားဘူး…”

“အမေကလည်း ဘာမှမဆိုင်တာ…”

အန်တီကိုဆူပြီး အန်တီလည်း ဘာမှမပြောပဲအိမ်ခန်းထဲဝင်ပြီး ဘယ်လောက်မှမကြာဘူး၊ အိမ်ရှေ့ကနေ အန်တီ့သူငယ်ချင်း သူ့ရည်းစား “ကိုသန်းစိုး” က…

“ဟဲ့… “တာတာ” ရေ… “တာတာ” “မိသက်ထား” တစ်ယောက် ရထားလမ်းဘက်မှာ မျက်နှာအက်ဆစ်နဲ့ အပတ်ခံရပြီး ဓါးနဲ့အထိုးခံရလို့တဲ့…”

အဲဒီအချိန် အန်တီလည်း အပြေးတစ်ပိုင်း ဆင်းလာပြီး…”အမေရေ… လုပ်ပါဦး… “သန်းစိုး” အခုလေးတင် “သက်ထား” င့ါအိမ်က ထွက်သွားတာ…”

“အေး… အခု တရားခံရော ဘာရော တစ်ခါတည်း မိတယ်တဲ့… သူသေမလား ရှင်မလားတော့ မသိသေးဘူးဟာ… ဆေးရုံတော့ ခေါ်သွားကြပြီ…”

ဒီလိုနဲ့ တခြားသူငယ်ချင်းတွေပါခေါ်ပြီး လိုက်သွားကြည့်တော့ သူအရေးပေါ်အခန်းမှာ တရားခံက “ကိုဇေ” နဲ့ “ကိုသော်” ပါ။ ဒီလိုနဲ့ နောက်နေ့ညနေ သူသိရလာပါတယ်။ ဟိုနှစ်ယောက်ကလည်း အချုပ်ထဲမှာ အမှု့စစ်တော့ အဲဒီနေ့ “မသက်ထား” သွားတော့ “ကိုဇေ” က ရထားလမ်းဟိုဘက်က မီးရထားခေါင်းတွဲအပျက်ထဲ ခေါ်သွားပြီး “မသက်ထား” မျက်နှာကို အက်ဆစ်နဲ့ ပတ်တာပါ။ အဲဒါကို “မသက်ထား” ရထားလမ်းဘက်သွားတာကို “ကိုသော်” က အနောက်က လိုက်ချောင်း ရင်း နဲ့ အဲဒီလို “ကိုဇေ” လုပ်တာတွေ့တော့ သူလည်း အရှက်ရထားတော့ကာ အပြီးဆိုပြီးတော့ လက်ထဲက အသင့်ပါလာ တဲ့ဓါးနဲ့ ထိုးလိုက်တာပါ။ “ကိုဇေ” က အက်ဆစ်နဲ့ပတ်ပြီး ထွက်ပြေးသွားပြီးမှ “ကိုသော်” က အမြင်ကပ်ပုဒ်မနဲ့ သတ်တာပါ။ “ကိုသော်” ဓါးနဲ့ထိုးပြီး ရထားခေါင်းတွဲထဲကအထွက် မီးရထားရဲ့ လှည့်ကင်းက မသင်္ကာလို့ ခေါ်စစ်ရင်းနဲ့ လက်ကသွေး တွေလည်း ပေနေတော့ အဲဒီညနေပဲ နှစ်ယောက်လုံးကို တစ်ခါတည်းဖမ်းမိတာပါ။ “မသက်ထား” ကဆေးရုံမှာ သတိပြန်ရ ပေမဲ့ ၅-ရက်နေတော့ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဆုံးသွားပါတယ်။

သူမသေခင် သူငယ်ချင်းအရင်းဖြစ်သူ အန်တီနဲ့ သူငယ်ချင်း နောက်နှစ်ယောက်က နေ့ခင်းဆို ဆေးရုံမှာ သူ့ကိုသွားစောင့် ပါတယ်။ သူကလေ သူငယ်ချင်းတွေအနားမှာရှိရင် မျက်ရည်တွေကျပြီး…

“ငါမလှတော့ဘူး… ငါသေရတော့မှာ…” ချည်း ငိုညည်းရင်း ပြောလေ့ရှိတယ်။

အဖေအမေကလည်း ဝမ်းနည်းမဆုံးပေါ့။ သေခါနီး ၁-ရက်အလိုနေ့ကပေါ့။ တစ်နေကုန် မျက်ရည်တွေကျပြီး ပါးစပ်ကနေ…

“ငါ့မျက်နှာကြီး ငိုရင်လည်းမလှ၊ ရယ်ရင်လည်းမလှတော့ဘူး…”

ဆိုပြီး တစ်နေကုန်ငိုနေတာ ပါးစပ်က တတွတ်တွတ်ပေါ့။ ၅-ရက်မြောက်နေ့ ညနေ ၅-နာရီမှာ သူသေသွားပါတယ်။ အဲဒီညနေက သူငယ်ချင်းတွေကို လိုက်အိပ်မက်ပေးတယ်။ အိမ်ကအန်တီဆို၂-ပတ်လောက်ဖျားတယ်။ အိပ်မက်လည်း တစ်ပုံစံတည်း သူငယ်ချင်းတွေကိုပေးတာ။ အိမ်မက်ထဲမှာ သူကအရင်မျက်နှာအတိုင်းပဲလာပြီး စကားပြောတယ်။

“…”တာတာ” ငါ့မျက်နှာ အရင်အတိုင်းပဲ လှသေးတယ်နော်…”

အန်တီက အိမ်မက်ထဲမှာ… “နင်ကလှပြီးသားပဲ “သက်ထား” ရယ်…” ပြောတော့…

“အေးပါ… ဒီမှာ ငါတကယ်မလှတော့ဘူး…” ပြောတော့ မျက်နှာက ကြောက်စရာကြီးတဲ့။ ဆေးရုံမှာတုန်းက ပတ်တီးနဲ့ ဆိုတော့ မသိရဘူးတဲ့။ အန်တီလည်း အိပ်ယာကလန့်နိုး ကြောက်လန့်ပြီး၂-ပတ်လောက် ဖျားပါလေ ရော။ ပြန်ကောင်းတော့ အဖွားက အန်တီ့ကို “ညောင်တုန်း” ကိုပို့လိုက်ရော။ အောင်စာရင်းတွေထွက်တော့ သူတို့တစ်ဖွဲ့ ကျတဲ့သူကကျပေါ့။ အန်တီနဲ့ “မသက်ထား” နဲ့ နောက်တစ်ယောက်က (ခ) နဲ့ အောင်တယ်တဲ့။ အန်တီလည်း နောက်နှစ် စာမေးပွဲတော့ “ညောင်တုန်း” မှာဖြေပြီးမှ ၁၀-တန်းအောင်တယ်တဲ့။ ဒါပေမဲ့ အန်တီစာမေးပွဲဖြေပြီး ရန်ကုန်ပြန်လာတော့ ရပ်ကွက်ထဲမှာ “မသက်ထား” သတင်းက ကြားနေရဆဲပဲ။ “မသက်ထား” တို့ အိမ်နားက မကျည်းပင်နားမှာ သရဲခြောက် တယ်တဲ့။ အခြောက်ခံရတဲ့သူတွေက ပြောတာကြည့်လိုက်ရင်…”လှတယ်… အနားရောက်သွားရင် ကြောက်စရာမျက်နှာ ကြီး…” တဲ့။

တစ်နေ့ညက ဆိုက်ကားသမားတစ်ယောက် ဆိုက်ကားနင်းပြန်လာတာ မူးနေတာတဲ့။ ပါးစပ်သရမ်းပြီး

“ဟဲ့… “သက်ထား”… နင့်မျက်နှာလေး ပြစမ်း…”

ဆိုပြီး မကျည်းပင်အောက်ကပြောတာ ဟိုကပြလိုက်တာ ဆိုက်ကားသမားခမျာ တစ်ခါတည်း ၂-ပတ်လောက် နေမကောင်းဖြစ်သွားတယ်တဲ့။

“မသက်ထား” မိသားစုကတော့ “မသက်ထား” သေပြီး ဘယ်လောက်မှမကြာဘူး။ သူ့အဖေနဲ့ အမေက “မေမြို့” က အမျိုးတွေဆီကို ပြောင်းသွားတယ်တဲ့။ အချိန်အတော်ကြာကြာ အတိုင်းအတာတစ်ခုအထိ အဲဒီအချိန်တုန်းက အဲဒီ မကျည်းပင်ရှိတဲ့လမ်းကို “ငိုမလှ ရယ်မလှ မသက်ထားလမ်း” လို့ ခေါ်ကြတယ်။ အခုတော့ အဲဒီအပင်ကြီးလည်း မရှိတော့ဘူး။ “မသက်ထား” လည်း ဘယ်ဘဝရောက်မှန်း မသိတော့ပါဘူး။

ဇာတ်လမ်းလေးကဒါပါပဲကွယ်။ ရုပ်ချောချော၊ လှလှ၊ မမ၊ ညီမများ ဖြစ်နိုင်ရင်အတတ်နိုင်ဆုံး သဘောကောင်းပေးကြပါ။ ချစ်ရေးဆိုတဲ့ ကောင်လေးတွေကိုလည်း မျှော်လင့်ချက်မပေးပါနဲ့။ မမူပါနဲ့။ အဖြေတစ်ခါတည်းပေးပါ။ ဒီလူချစ်ရေး      ဆိုကတည်းက ကိုယ့်စိတ်မှာ အဖြေရှိပြီးသားပါ။ မမူနဲ့၊ ပဲမများကြပါနဲ့၊ မာန်မတတ်ကြပါနဲ့။ အချစ်စစ်မှန်ရင် ရုပ်လှဖို့၊ ပညာတတ်ဖို့မလိုပါဘူး။ ရိုးသားဖြူစင်တဲ့အချစ်နဲ့ ကိုယ့်ဘဝတစ်ခုလုံးကို တစ်သက်လုံးတန်ဖိုးထားပြီး ကိုယ်ကလည်း တန်ပြန်တန်ဖိုးထားချစ်တဲ့အချစ်နဲ့ ချစ်ခင်နိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: သရဲ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top