လက္ရွိအခ်ိန္ကာလဟာဆိုရင္ ေႏြရာသီႀကီးကိုေရာက္ရွိလုိ႔လာပါၿပီ။ ပူျပင္းလွတဲ့ ေႏြကာလေတြမွာ ေရခဲေရေအးေအးေလးေသာက္မွ အေမာေျပတတ္တာ ပါပဲေနာ္။ တကယ္ေတာ့ ေႏြရာသီမွာ ေရခဲေရမ်ားမ်ားေသာက္ေပးျခင္းဟာ ေရပိုဆာေစတဲ့ အေၾကာင္းအရင္းျဖစ္ေနပါတယ္။ အဲ့ဒီအေၾကာင္းအရင္းေတြက ဘာေတြလဲဆိုတာကို ပိုပိုေလးမွ တင္ဆက္ေပးလုိက္ပါတယ္။
အစာေခ်ဖ်က္ဖို႔ အေႏွာင့္အယွက္ေပးျခင္း

ေရခဲေရမွာ ပါဝင္တဲ့ အေအးဓာတ္ဟာ ေသြးေလလည္ပတ္မွုကို ေႏွးေကြးေစၿပီး အစာေခ်ဖ်က္မွုစြမ္းအားကိုလဲေႏွာင့္ေႏွးေစႏုိင္ပါတယ္။ ေရခဲဟာ ကိုယ္ခႏၶာရဲ႕ အပူခ်ိန္ကုိ ထိန္းညွိဖို႔ႀကိဳးစားၿပီး သင့္ခႏၶာကိုယ္ကုိ ေရဓာတ္ခမ္းေျခာက္ေအာင္ျပဳလုပ္ပါလိမ့္မယ္။ လူတစ္ေယာက္ရဲ႕ ပုံမွန္ ကိုယ္အပူခ်ိန္ဟာ  ၃၇ ဒီဂရီဆယ္စီးယက္ ရွိၿပီး ေရခဲေရေသာက္လုိက္တဲ့အခါမွာေတာ့ ကုိယ္အပူခ်ိန္ဟာသာမန္ထက္ေလ်ာ့နည္းသြားမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ေရခဲေရေသာက္သုံးျခင္းဟာ ကုိယ္ခႏၶာအစိတ္အပိုင္းေတြအတြင္း ပုံမွန္လည္ပတ္မွုကို ေႏွာင့္ေနွးေစတာျဖစ္ပါတယ္။ ပုံမွန္ကိုယ္အပူခ်ိန္ကုိ ျပန္လည္ရရွိဖို႔ ခႏၶာကိုယ္လွုပ္ရွားမွု အနည္းငယ္ျပဳလုပ္ႏုိင္ပါတယ္။
လည္ေခ်ာင္းနာ အာေခါင္ေျခာက္ျခင္း

ေႏြရာသီမွာ ေနကပူပူ နဲ႔ ေရခဲေရေတြေသာက္ေနမယ္ဆိုရင္ေတာ့ အာေခါင္ေျခာက္ျခင္း ေဝဒနာကို အလြယ္တကူခံစားရေစမွာပါ။ အာေခါင္ေျခာက္လာၿပီး ေခ်ာင္းေျခာက္ဆိုးတာေတြေတာင္ျဖစ္ေပၚလာေစႏုိင္ပါတယ္။ ေခ်ာင္းေျခာက္ဆုိးတာဟာ အင္မတန္မွေနရခက္တယ္ဆိုတာ ဆိုးဖူးသူတိုင္းသိၾကမွာပါေနာ္။ ေနာက္တစ္နည္းကေတာ့ ေႏြေနပူပူမွာ ေရခဲေရေသာက္ေနရင္ အာသီးေရာင္လာၿပီး လည္ေခ်ာင္းနာလာတတ္ပါတယ္။ အာသီးေရာင္တာဟာေပါ့စရာကိစၥတစ္ခုမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ လည္ေခ်ာင္းနာတာတို႔ဘာတို႔ဟာ အာသီးေရာင္တာကေန စတတ္တာမို႔ပါ။
ႏွလုံးခုန္ႏွုန္းကို ေႏွးေကြးေစတယ္

ေရခဲေရဟာ ခႏၶာကိုယ္တြင္းမွာရွိတဲ့အလိုအေလ်ာက္ေသြးေၾကာ စစ္စတမ္ကို ကေျပာင္းကျပန္ျဖစ္ေစပါတယ္။ ဒီလိုျဖစ္တာဟာ ႏွလုံးခုန္ႏွုန္းကို သာမန္ထက္ ေႏွးသြားေစၿပီး ေသြးဖိအားေလ်ာ့နည္းလာကာ ေသြးေပါင္က်ေစႏုိင္ပါတယ္။

ဒီေလာက္ဆို ေႏြေနပူပူမွာ ေရခဲေရ ဘာေၾကာင့္မေသာက္သင့္ဘူးလဲဆိုတာကို ပရိတ္သတ္ႀကီးလဲသိေလာက္ၿပီနဲ႔တူပါတယ္။ ေရခဲေရေအးေအးေလးမွေသာက္ခ်င္တယ္ဆိုတဲ့သူေတြလဲ သတိထားဖို႔ လိုေနပါၿပီေနာ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:ပိုပိုေလး
#Unicode Version#
လက်ရှိအချိန်ကာလဟာဆိုရင် နွေရာသီကြီးကိုရောက်ရှိလို့လာပါပြီ။ ပူပြင်းလှတဲ့ နွေကာလတွေမှာ ရေခဲရေအေးအေးလေးသောက်မှ အမောပြေတတ်တာ ပါပဲနော်။ တကယ်တော့ နွေရာသီမှာ ရေခဲရေများများသောက်ပေးခြင်းဟာ ရေပိုဆာစေတဲ့ အကြောင်းအရင်းဖြစ်နေပါတယ်။ အဲ့ဒီအကြောင်းအရင်းတွေက ဘာတွေလဲဆိုတာကို ပိုပိုလေးမှ တင်ဆက်ပေးလိုက်ပါတယ်။
အစာချေဖျက်ဖို့ အနှောင့်အယှက်ပေးခြင်း

ရေခဲရေမှာ ပါဝင်တဲ့ အအေးဓာတ်ဟာ သွေးလေလည်ပတ်မှုကို နှေးကွေးစေပြီး အစာချေဖျက်မှုစွမ်းအားကိုလဲနှောင့်နှေးစေနိုင်ပါတယ်။ ရေခဲဟာ ကိုယ်ခန္ဓာရဲ့ အပူချိန်ကို ထိန်းညှိဖို့ကြိုးစားပြီး သင့်ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်အောင်ပြုလုပ်ပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ ပုံမှန် ကိုယ်အပူချိန်ဟာ  ၃၇ ဒီဂရီဆယ်စီးယက် ရှိပြီး ရေခဲရေသောက်လိုက်တဲ့အခါမှာတော့ ကိုယ်အပူချိန်ဟာသာမန်ထက်လျော့နည်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ရေခဲရေသောက်သုံးခြင်းဟာ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေအတွင်း ပုံမှန်လည်ပတ်မှုကို နှောင့်နှေးစေတာဖြစ်ပါတယ်။ ပုံမှန်ကိုယ်အပူချိန်ကို ပြန်လည်ရရှိဖို့ ခန္ဓာကိုယ်လှုပ်ရှားမှု အနည်းငယ်ပြုလုပ်နိုင်ပါတယ်။
လည်ချောင်းနာ အာခေါင်ခြောက်ခြင်း

နွေရာသီမှာ နေကပူပူ နဲ့ ရေခဲရေတွေသောက်နေမယ်ဆိုရင်တော့ အာခေါင်ခြောက်ခြင်း ဝေဒနာကို အလွယ်တကူခံစားရစေမှာပါ။ အာခေါင်ခြောက်လာပြီး ချောင်းခြောက်ဆိုးတာတွေတောင်ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ချောင်းခြောက်ဆိုးတာဟာ အင်မတန်မှနေရခက်တယ်ဆိုတာ ဆိုးဖူးသူတိုင်းသိကြမှာပါနော်။ နောက်တစ်နည်းကတော့ နွေနေပူပူမှာ ရေခဲရေသောက်နေရင် အာသီးရောင်လာပြီး လည်ချောင်းနာလာတတ်ပါတယ်။ အာသီးရောင်တာဟာပေါ့စရာကိစ္စတစ်ခုမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လည်ချောင်းနာတာတို့ဘာတို့ဟာ အာသီးရောင်တာကနေ စတတ်တာမို့ပါ။
နှလုံးခုန်နှုန်းကို နှေးကွေးစေတယ်

ရေခဲရေဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့အလိုအလျောက်သွေးကြော စစ်စတမ်ကို ကပြောင်းကပြန်ဖြစ်စေပါတယ်။ ဒီလိုဖြစ်တာဟာ နှလုံးခုန်နှုန်းကို သာမန်ထက် နှေးသွားစေပြီး သွေးဖိအားလျော့နည်းလာကာ သွေးပေါင်ကျစေနိုင်ပါတယ်။

ဒီလောက်ဆို နွေနေပူပူမှာ ရေခဲရေ ဘာကြောင့်မသောက်သင့်ဘူးလဲဆိုတာကို ပရိတ်သတ်ကြီးလဲသိလောက်ပြီနဲ့တူပါတယ်။ ရေခဲရေအေးအေးလေးမှသောက်ချင်တယ်ဆိုတဲ့သူတွေလဲ သတိထားဖို့ လိုနေပါပြီနော်။
ဖိုးသူတော်(www.phothutaw.com)
Credit:ပိုပိုလေး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top