ေတာင္ကိုရီးယားႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္ေရး ၂၀၁၇ က ကိုရီးယားဘာသာအရည္အခ်င္းစစ္စာေမးပြဲေျဖဆိုရန္ ေလွ်ာက္လႊာတင္ေနသူမ်ား

ကိုရီးယားဘာသာ အရည္အခ်င္းစစ္စာေမးပဲြကို လာမည့္ ႏွစ္တြင္ ပုံမွန္အတုိင္းက်င္းပမည္ဟု အလုပ္သမားၫႊန္ၾကားေရးဦးစီး ဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦး၀င္းရွိန္က ေျပာသည္။

၂၀၁၉ အတြက္ (၁၃)ႀကိမ္ေျမာက္ ကိုရီးယားဘာသာ အရည္ အခ်င္းစစ္စာေမးပဲြ(EPS-TOPIK) ေအာင္ျမင္မႈႏႈန္း ေလွ်ာ့ခ်ျခင္းေၾကာင့္ က်င္းပမည္မဟုတ္ေသာ္လည္း လာမည့္ႏွစ္တြင္ ေအာင္ျမင္မႈႏႈန္း ျပန္ လည္တုိးေပးရန္ေတာင္းဆိုၿပီး စာေမးပဲြက်င္းပမည္ဟု ၎ကဆိုသည္။

‘‘ေနာက္ႏွစ္မွာေတာ့ ပံုမွန္ျပန္လုပ္မယ္’’ဟုဦးဝင္းရွိန္က ေျပာသည္။

‘‘ဒီႏွစ္စာေမးပဲြမက်င္းပျဖစ္တာကလည္း ၀င္ေရာက္ေျဖဆိုမယ့္ အလုပ္သမားေတြအတြက္ရယ္ အဘက္ဘက္က ျဖစ္ေပၚႏုိင္မႈေတြကို ခ်ိန္ ဆၿပီးဆုံးျဖတ္လုိက္တာ’’ဟု ၎က ဆက္ေျပာသည္။

ကိုရီးယားႏုိင္ငံက ၂၀၁၉ တြင္ ျမန္မာႏုိင္ငံအတြက္ EPS-TOPIK စာေမးပဲြေအာင္ျမင္မႈႏႈန္း ကို ကုန္ထုတ္လုပ္ငန္းတြင္ ၅၀၀ ဦး၊ စိုက္ပ်ဳိးေရးႏွင့္ ေမြးျမဴေရး လုပ္ငန္းတြင္ ၁,၀၀၀ ဦးသာ ခြင့္ ျပဳထားၿပီး ေဆာက္လုပ္ေရးလုပ္ငန္းကုိ ေအာင္ျမင္မႈႏႈန္းေပးထား ျခင္း မရွိေပ။

ျမန္မာႏုိင္ငံ၌ ယင္းစာေမးပဲြေျဖဆုိမည့္သူဦးေရ ေလးေသာင္း ခန္႔ရွိျခင္းေၾကာင့္ ေဆာက္လုပ္ ေရး၊ စိုက္ပ်ဳိးေရးႏွင့္ ကုန္ထုတ္ လုပ္ငန္းတုိ႔အတြက္ ေအာင္ျမင္သည့္ ဦးေရ ၃,၅၀၀ ေပးရန္ ေတာင္းဆိုေသာ္လည္း အဆင္မေျပ၍ စာေမးပဲြ မက်င္းပေၾကာင္း ဦး၀င္းရွိန္က ေျပာသည္။

ထုိ႔အျပင္ ျမန္မာႏုိင္ငံ၌ EPS-TOPIK စာေမးပဲြေအာင္ ထားၿပီး အလုပ္ေခၚယူမႈ တန္းစီ စာရင္းတြင္ ဦးေရ ၉,၀၀၀ ခန္႔ရွိ သျဖင့္ ယခုႏွစ္ေအာင္ျမင္မႈႏႈန္း မတုိးေပးႏုိင္ျခင္းျဖစ္ေၾကာင္း ကိုရီးယားဘက္က အစိုးရျပည္ပအလုပ္အကိုင္ ရွာေဖြေရး ေအဂ်င္စီထံအေၾကာင္း ျပန္ ထားသည္။

ျမန္မာႏုိင္ငံဘက္က ယခုႏွစ္ တြင္ စာေမးပဲြမက်င္းပသျဖင့္ ကိုရီးယားအလုပ္ရွင္မ်ားက အလုပ္သမားေခၚယူပါက ေအာင္ျမင္ထားသူဦးေရ ၉,၀၀၀ ထဲက ေရြးခ်ယ္ရမည္ ျဖစ္သည္။

‘‘စာေမးပဲြမလုပ္ေတာ့ အ ရင္ေအာင္ထားတဲ့သူေတြ ေရြး ခ်ယ္ခံရမယ့္ အခြင့္အလမ္းပိုမ်ား တယ္။ ဘယ္ႏွဦးအလုပ္ရမယ္ဆုိ တာကေတာ့ ကံေပါ့’’ဟု (၁၂) ႀကိမ္ေျမာက္ EPS-TOPIK စာ ေမးပဲြေအာင္ျမင္ထားသူကိုသိန္း ဦးက ေျပာသည္။

ကိုရီးယား၌ သြားေရာက္ လုပ္ကိုင္လုိသူမ်ားသည္ (EPS-TOPIK) စာေမးပဲြကို ဦးစြာေျဖဆုိ ရၿပီး ေအာင္ျမင္ပါက တစ္ဖက္ႏုိင္ငံရွိ အလုပ္ရွင္မ်ားသိရွိေအာင္ ေၾကညာေပးကာ အလုပ္ရွင္က ႀကိဳက္ႏွစ္သက္သူကို ေရြးခ်ယ္ ေခၚယူျခင္း ျဖစ္သည္။

ထုိ႔ေၾကာင့္ စာေမးပဲြေအာင္ ျမင္ေသာ္လည္း အလုပ္ရွင္က ေရြးခ်ယ္ျခင္း မရွိပါက သြားေရာက္ လုပ္ကုိင္ခြင့္ရႏုိင္မည္ မဟုတ္ေပ။

ကိုရီးယားႏုိင္ငံက စာေမးပဲြ ေအာင္ျမင္မႈႏႈန္းသာ သတ္မွတ္ ေပးၿပီး လုပ္သားေခၚယူႏႈန္း ပုံ ေသမရွိေသာ္လည္း ႏွစ္စဥ္ျမန္မာ အလုပ္သမားဦးေရ ေလးေထာင္ ခန္႔ ေရြးခ်ယ္ေခၚယူသည္။

ယင္းႏုိင္ငံသို႔ ၂၀၁၁ မွ ယခု ႏွစ္မတ္လကုန္အထိ သြားေရာက္ လုပ္ကိုင္သည့္ ျမန္မာအလုပ္သ မားဦးေရ ၃၇,၀၀၀ ေက်ာ္ရွိ ေၾကာင္း အလုပ္သမားၫႊန္ၾကား ေရးဦးစီးဌာနစာရင္းမ်ား၌ ေဖာ္ျပထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရေး ၂၀၁၇ က ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲဖြေဆိုရန် လျှောက်လွှာတင်နေသူများ

ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲကို လာမည့် နှစ်တွင် ပုံမှန်အတိုင်းကျင်းပမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။

၂၀၁၉ အတွက် (၁၃)ကြိမ်မြောက် ကိုရီးယားဘာသာ အရည် အချင်းစစ်စာမေးပွဲ(EPS-TOPIK) အောင်မြင်မှုနှုန်း လျှော့ချခြင်းကြောင့် ကျင်းပမည်မဟုတ်သော်လည်း လာမည့်နှစ်တွင် အောင်မြင်မှုနှုန်း ပြန် လည်တိုးပေးရန်တောင်းဆိုပြီး စာမေးပွဲကျင်းပမည်ဟု ၎င်းကဆိုသည်။

‘‘နောက်နှစ်မှာတော့ ပုံမှန်ပြန်လုပ်မယ်’’ဟုဦးဝင်းရှိန်က ပြောသည်။

‘‘ဒီနှစ်စာမေးပွဲမကျင်းပဖြစ်တာကလည်း ဝင်ရောက်ဖြေဆိုမယ့် အလုပ်သမားတွေအတွက်ရယ် အဘက်ဘက်က ဖြစ်ပေါ်နိုင်မှုတွေကို ချိန် ဆပြီးဆုံးဖြတ်လိုက်တာ’’ဟု ၎င်းက ဆက်ပြောသည်။

ကိုရီးယားနိုင်ငံက ၂၀၁၉ တွင် မြန်မာနိုင်ငံအတွက် EPS-TOPIK စာမေးပွဲအောင်မြင်မှုနှုန်း ကို ကုန်ထုတ်လုပ်ငန်းတွင် ၅၀၀ ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းတွင် ၁,၀၀၀ ဦးသာ ခွင့် ပြုထားပြီး ဆောက်လုပ်ရေးလုပ်ငန်းကို အောင်မြင်မှုနှုန်းပေးထား ခြင်း မရှိပေ။

မြန်မာနိုင်ငံ၌ ယင်းစာမေးပွဲဖြေဆိုမည့်သူဦးရေ လေးသောင်း ခန့်ရှိခြင်းကြောင့် ဆောက်လုပ် ရေး၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ် လုပ်ငန်းတို့အတွက် အောင်မြင်သည့် ဦးရေ ၃,၅၀၀ ပေးရန် တောင်းဆိုသော်လည်း အဆင်မပြေ၍ စာမေးပွဲ မကျင်းပကြောင်း ဦးဝင်းရှိန်က ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ EPS-TOPIK စာမေးပွဲအောင် ထားပြီး အလုပ်ခေါ်ယူမှု တန်းစီ စာရင်းတွင် ဦးရေ ၉,၀၀၀ ခန့်ရှိ သဖြင့် ယခုနှစ်အောင်မြင်မှုနှုန်း မတိုးပေးနိုင်ခြင်းဖြစ်ကြောင်း ကိုရီးယားဘက်က အစိုးရပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီထံအကြောင်း ပြန် ထားသည်။

မြန်မာနိုင်ငံဘက်က ယခုနှစ် တွင် စာမေးပွဲမကျင်းပသဖြင့် ကိုရီးယားအလုပ်ရှင်များက အလုပ်သမားခေါ်ယူပါက အောင်မြင်ထားသူဦးရေ ၉,၀၀၀ ထဲက ရွေးချယ်ရမည် ဖြစ်သည်။

‘‘စာမေးပွဲမလုပ်တော့ အ ရင်အောင်ထားတဲ့သူတွေ ရွေး ချယ်ခံရမယ့် အခွင့်အလမ်းပိုများ တယ်။ ဘယ်နှဦးအလုပ်ရမယ်ဆို တာကတော့ ကံပေါ့’’ဟု (၁၂) ကြိမ်မြောက် EPS-TOPIK စာ မေးပွဲအောင်မြင်ထားသူကိုသိန်း ဦးက ပြောသည်။

ကိုရီးယား၌ သွားရောက် လုပ်ကိုင်လိုသူများသည် (EPS-TOPIK) စာမေးပွဲကို ဦးစွာဖြေဆို ရပြီး အောင်မြင်ပါက တစ်ဖက်နိုင်ငံရှိ အလုပ်ရှင်များသိရှိအောင် ကြေညာပေးကာ အလုပ်ရှင်က ကြိုက်နှစ်သက်သူကို ရွေးချယ် ခေါ်ယူခြင်း ဖြစ်သည်။

ထို့ကြောင့် စာမေးပွဲအောင် မြင်သော်လည်း အလုပ်ရှင်က ရွေးချယ်ခြင်း မရှိပါက သွားရောက် လုပ်ကိုင်ခွင့်ရနိုင်မည် မဟုတ်ပေ။

ကိုရီးယားနိုင်ငံက စာမေးပွဲ အောင်မြင်မှုနှုန်းသာ သတ်မှတ် ပေးပြီး လုပ်သားခေါ်ယူနှုန်း ပုံ သေမရှိသော်လည်း နှစ်စဉ်မြန်မာ အလုပ်သမားဦးရေ လေးထောင် ခန့် ရွေးချယ်ခေါ်ယူသည်။

ယင်းနိုင်ငံသို့ ၂၀၁၁ မှ ယခု နှစ်မတ်လကုန်အထိ သွားရောက် လုပ်ကိုင်သည့် မြန်မာအလုပ်သ မားဦးရေ ၃၇,၀၀၀ ကျော်ရှိ ကြောင်း အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနစာရင်းများ၌ ဖော်ပြထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top