ကိုယ္အေလးခိ်န္ ေလွ်ာ့ခ် လိုသူေတြ အတြက္ ေႏြရာသီ အခိ်န္က အေကာင္းဆံုး အခိ်န္ျဖစ္တယ္လို႔ နယူးေဒလီ ေလ့လာမႈ ဆိုင္ရာ ကြ်မ္းက်င္သူ ေတြက ဆိုပါတယ္။

ေႏြရာသီဟာ လူေတြရဲ့ အစာစားတဲ့ အေလ့အထကို အလိုအေလ်ာက္ ေျပာင္းလဲ ေစတာေၾကာင့္ ျဖစ္တယ္လို႔ အာဟာရ ပညာရွင္ ဆာမာဒါးက ဆိုပါတယ္။

''ေႏြရာသီဟာ ေဆာင္းရာသီနဲ့ ယွဥ္ရင္ ကိုယ္အေလးခိ်န္ကို လြယ္လြယ္ ေလွ်ာ့ခ်နိုင္ပါတယ္။ အေၾကာင္းကေတာ့ ဒီရာသီမွာ ေလ့က်င့္ခန္းကို ပိုလုပ္နိုင္ၾကျပီး အစားအေသာက္ကို အလြန္အမင္း မစားျဖစ္ေစတဲ့အျပင္ ခနၶာကိုယ္တြင္း စနစ္ေတြ ေနွးေကြးျပီး အရည္ကိုပဲ မ်ားမ်ား ေသာက္သံုး ျဖစ္လို႔ပါ။ ဒီအခ်က္ေတြ အားလံုးက ကိုယ္အေလးခိ်န္ကို အဓိက ေလ်ာ့က်ေစတဲ့ အခ်က္ေတြ ျဖစ္ပါတယ္။ ကိုယ္အေလးခိ်န္ ေလ်ာ့က်ဖို့ လုပ္သင့္တဲ့ ပထမဆံုး အဆင့္က နံနက္ေစာေစာမွာ နံနက္စာ စားဖို့၊ ေန့လယ္စာနဲ့ ညစာမစားခင္ အဆာေျပ သေရစာ စားေပးဖို့ လိုအပ္ပါတယ္။ နံနက္ေစာေစာမွာ ပ်ားရည္အနည္းငယ္ ထည့္ထားတဲ့ ေရေနြး တစ္ဖန္ခြက္ကို ေသာက္ေပး ရမွာ ျဖစ္ပါတယ္။ျပီးရင္ အခံြမာတဲ့ အေစ့အဆန္ နွစ္ေစ့၊ သံုးေစ့ စားျပီးမွ နံနက္စာကို အာဟာရ ျပည့္ျပည့္၀၀ ရေအာင္စားပါ။ အခိ်န္နွစ္နာရီ ၾကာတဲ့အခါ သစ္သီးစားျပီးမွ ေန့လယ္စာ စားပါ။ညစာအေနနဲ့ ဟင္းသီးဟင္းရြက္ စြပ္ျပဳတ္၊ သစ္သီး စတာေတြကိုပဲ စားေပးပါ။ တကယ္လို့ ညအိပ္ရာမ၀င္ခင္ ဗိုက္ဆာေနရင္ နြားနို့ပူပူ တစ္ဖန္ခြက္ ေသာက္ေပး နိုင္ပါတယ္'' လို႔ဆာမာဒါးက ရွင္းျပပါတယ္။ သစ္သီးစားတာက ကယ္လိုရီ ေလ်ာ့က် ေစေပမယ့္ ဖရဲသီး၊လိေမၼာ္သီးစတဲ့ ကယ္လိုရီပါ၀င္မႈနည္းတဲ့ သစ္သီးေတြကို အဓိက စားသင့္ပါတယ္။

အစာမစားခင္ မိနစ္ ၄၀ အလိုနဲ့ အစာစားျပီး မိနစ္ ၄၀ အၾကာမွာ သစ္သီး စားေပးပါ။ အဆီအျပည့္ပါတဲ့ ႏြားနို့၊ ဆီေၾကာ္စာ၊ သၾကား၊ သၾကားပါတဲ့မုန့္၊ အျဖူေရာင္ ေပါင္မုန့္ စတာေတြကို ေရွာင္ရပါမယ္။

ကိုယ္အေလးခိ်န္ ေလွ်ာ့ခ် လိုသူေတြ အတြက္ ေရေႏြးပူပူကို ေသာက္သင့္ ပါတယ္။ ေရေႏြး ေသာက္တာက အစာေျခစနစ္ရဲ့ လုပ္ငန္း ေဆာင္တာေတြကို ေခ်ာေမြ႔ ေစတာေၾကာင့္ပါ။ ''ပ်ားရည္နဲ့ လီမြန္သီး ထည့္ထားတဲ့ ေရေနြးပူပူကို ေသာက္တာက ခနၶာကိုယ္ရဲ့ ဇီ၀ရုပ္ျဖစ္ပ်က္မႈကို ျမန္ေစျပီး ခနၶာကိုယ္မွ အဆိပ္ေတြ ထြက္ရိွ ေစတာေၾကာင့္ ကိုယ္အေလးခိ်န္ ေလ်ာ့က် ေစပါတယ္''လို႔ ဆာမားဒါးက ရွင္းျပပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:နွင္းဆီဖူးေလးမ်ား


#Unicode Version#
 ကိုယ်အလေးချိန် လျှော့ချ လိုသူတွေ အတွက် နွေရာသီ အချိန်က အကောင်းဆုံး အချိန်ဖြစ်တယ်လို့ နယူးဒေလီ လေ့လာမှု ဆိုင်ရာ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။

နွေရာသီဟာ လူတွေရဲ့ အစာစားတဲ့ အလေ့အထကို အလိုအလျောက် ပြောင်းလဲ စေတာကြောင့် ဖြစ်တယ်လို့ အာဟာရ ပညာရှင် ဆာမာဒါးက ဆိုပါတယ်။

''နွေရာသီဟာ ဆောင်းရာသီနဲ့ ယှဉ်ရင် ကိုယ်အလေးချိန်ကို လွယ်လွယ် လျှော့ချနိုင်ပါတယ်။ အကြောင်းကတော့ ဒီရာသီမှာ လေ့ကျင့်ခန်းကို ပိုလုပ်နိုင်ကြပြီး အစားအသောက်ကို အလွန်အမင်း မစားဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်တွင်း စနစ်တွေ နှေးကွေးပြီး အရည်ကိုပဲ များများ သောက်သုံး ဖြစ်လို့ပါ။ ဒီအချက်တွေ အားလုံးက ကိုယ်အလေးချိန်ကို အဓိက လျော့ကျစေတဲ့ အချက်တွေ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် လျော့ကျဖို့ လုပ်သင့်တဲ့ ပထမဆုံး အဆင့်က နံနက်စောစောမှာ နံနက်စာ စားဖို့၊ နေ့လယ်စာနဲ့ ညစာမစားခင် အဆာပြေ သရေစာ စားပေးဖို့ လိုအပ်ပါတယ်။ နံနက်စောစောမှာ ပျားရည်အနည်းငယ် ထည့်ထားတဲ့ ရေနွေး တစ်ဖန်ခွက်ကို သောက်ပေး ရမှာ ဖြစ်ပါတယ်။ပြီးရင် အခွံမာတဲ့ အစေ့အဆန် နှစ်စေ့၊ သုံးစေ့ စားပြီးမှ နံနက်စာကို အာဟာရ ပြည့်ပြည့်၀၀ ရအောင်စားပါ။ အချိန်နှစ်နာရီ ကြာတဲ့အခါ သစ်သီးစားပြီးမှ နေ့လယ်စာ စားပါ။ညစာအနေနဲ့ ဟင်းသီးဟင်းရွက် စွပ်ပြုတ်၊ သစ်သီး စတာတွေကိုပဲ စားပေးပါ။ တကယ်လို့ ညအိပ်ရာမဝင်ခင် ဗိုက်ဆာနေရင် နွားနို့ပူပူ တစ်ဖန်ခွက် သောက်ပေး နိုင်ပါတယ်'' လို့ဆာမာဒါးက ရှင်းပြပါတယ်။ သစ်သီးစားတာက ကယ်လိုရီ လျော့ကျ စေပေမယ့် ဖရဲသီး၊လိမ္မော်သီးစတဲ့ ကယ်လိုရီပါဝင်မှုနည်းတဲ့ သစ်သီးတွေကို အဓိက စားသင့်ပါတယ်။

အစာမစားခင် မိနစ် ၄၀ အလိုနဲ့ အစာစားပြီး မိနစ် ၄၀ အကြာမှာ သစ်သီး စားပေးပါ။ အဆီအပြည့်ပါတဲ့ နွားနို့၊ ဆီကြော်စာ၊ သကြား၊ သကြားပါတဲ့မုန့်၊ အဖြူရောင် ပေါင်မုန့် စတာတွေကို ရှောင်ရပါမယ်။

ကိုယ်အလေးချိန် လျှော့ချ လိုသူတွေ အတွက် ရေနွေးပူပူကို သောက်သင့် ပါတယ်။ ရေနွေး သောက်တာက အစာခြေစနစ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ချောမွေ့ စေတာကြောင့်ပါ။ ''ပျားရည်နဲ့ လီမွန်သီး ထည့်ထားတဲ့ ရေနွေးပူပူကို သောက်တာက ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို မြန်စေပြီး ခန္ဓာကိုယ်မှ အဆိပ်တွေ ထွက်ရှိ စေတာကြောင့် ကိုယ်အလေးချိန် လျော့ကျ စေပါတယ်''လို့ ဆာမားဒါးက ရှင်းပြပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:နှင်းဆီဖူးလေးများ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top