20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


အသားအေရကို ပ်က္စီးမွာ စိုးရိမ္တဲ့ သူတိုင္း ခရမ္းလြန္ေရာင္ျခည္ကို ေၾကာက္လန္႔တတ္ၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔အသားအေရကို မြဲေျခာက္သြားေစဖို႔၊ ထိခိုက္ပ်က္စီးေစဖို႔၊ အေရးအေၾကာင္းေတြ ထင္ေစျပီး အိုမင္းရင့္ေရာ္ေစဖို႔ ေကာင္းေကာင္းဒုကၡေပးႏိုင္တာကိုး။

တကယ္ေတာ့ ခရမ္းလြန္ေရာင္ျခည္ဆိုတာ အလွအပအတြက္သာ မကပါဘူး။ အေရျပားကင္ဆာေတြ ျဖစ္ႏိုင္တဲ့အထိ သက္ေရာက္မႈက ျပင္းလြန္းပါတယ္။

ဒါေၾကာင့္လည္း ကၽြန္ေတာ္တို႔ေတြ အျပင္ထြက္တဲ့အခ်ိန္တိုင္း ေနေလာင္ကာလိမ္းေဆးေတြ မျဖစ္မေန လိမ္းဖို႔ လိုအပ္တာပါ။ ခဏေလးပဲဆိုျပီး ဘာမွမလိမ္းဘဲ မ်က္ႏွာေျပာင္နဲ႔ ထြက္ျပီး ျပန္လာရင္ ကိုယ့္မ်က္ႏွာက သိသိသာသာကို မဲျပာျပီး ပ်က္စီးသြားႏိုင္ပါတယ္။

ဒီေန႔ ကၽြန္ေတာ္ေျပာျပေပးမယ့္ အေၾကာင္းအရာကေတာ့ အလွအပနဲ႔ က်န္းမာေရးကို စိတ္ဝင္စားသူတိုင္း သိထားသင့္တဲ့ ခရမ္းလြန္ေရာင္ျခည္အေၾကာင္းပဲ ျဖစ္ပါတယ္။
ခရမ္းလြန္ေရာင္ျခည္ဆိုတာ ဘာလဲ။

ေနကေန ကမာၻေျမေပၚကို က်ေရာက္လာတဲ့ အလင္းေရာင္စဥ္တန္းကေန ကြဲထြက္လာတဲ့ ဓာတ္ေရာင္ျခည္ကို ခရမ္းလြန္ေရာင္ျခည္ (Ultraviolet Radiation) လို႔ ေခၚပါတယ္။ ခရမ္းလြန္ေရာင္ျခည္ေတြဟာ ကၽြန္ေတာ္တို႔ လူသားေတြ သာမန္မ်က္စိနဲ႔ မျမင္ႏိုင္ေလာက္တဲ့ အလင္းလႈိင္းေတြအျဖစ္ ျပိဳကြဲသြားပါတယ္။

ခရမ္းလြန္ေရာင္ျခည္မွာ အလင္းလႈိင္းအကြာအေဝးေပၚ မူတည္ျပီး UV-A ၊ UV-B နဲ႔ UV-C ဆိုျပီးေတာ့ ၃မ်ိဳး ကြဲသြားပါတယ္။ ကံေကာင္းစြာနဲ႔ပဲ UV-C ဟာ ကမာၻ ေျမ ၾကီးရဲ႕ ေလထုကို ထိုးေဖာက္ႏိုင္စြမ္းမရွိတဲ့အတြက္ UV-A နဲ႔ UV-B ၂မ်ိဳးတည္းကိုသာ အဓိက ကာကြယ္ေပးဖို႔ လိုပါတယ္။

ခရမ္းလြန္ေရာင္ျခည္ရဲ႕ အသားအေရေပၚ ဘယ္ေလာက္ထိ ဒုကၡျဖစ္ေစလဲ။

ခရမ္းလြန္ေရာင္ျခည္ ၃ မ်ိဳးလံုးမွာ အသားအေရကို ထိခိုက္ပ်က္စီးေစႏိုင္တဲ့ ဆိုးက်ိဳးေတြ ပါဝင္ေနပါတယ္။

၁။ ခရမ္းလြန္ေရာင္ျခည္ေတြထဲမွာ ကမာၻေပၚကို ၉၅ ရာခိုင္ႏႈန္း က်ေရာက္တာကေတာ့ UV-A ပါပဲ။ သူက ကၽြန္ေတာ္တို႔ရဲ႕ အေရျပားရဲ႕ ဒုတိယေျမာက္အလႊာထိ ထိုးေဖာက္ႏိုင္စြမ္းရွိတယ္။ အေရးအေၾကာင္းေတြ ျဖစ္ေစျပီး အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းကို ျဖစ္ေစတယ္။

အသားအေရကိုလည္း အေရာင္မွိန္ျပီး ထိခိုက္ပ်က္စီးေစပါတယ္။ UV-A ရဲ႕ ေနာက္ထပ္ေၾကာက္ဖို႔ေကာင္းတဲ့အခ်က္ကေတာ့ တိမ္ေတြ၊ ေလထုကိုသာမက အိမ္က မွန္ျပတင္းေပါက္ေတြကိုပါ ထိုးေဖာက္ႏိုင္စြမ္းရွိတာပါ။

၂။ ေနေလာင္တယ္၊ အသားအေရထိခိုက္ပ်က္စီးသြားတယ္ ဆိုတဲ့ ကိစၥေတြမွာ အဓိကတရားခံကို ေျပာပါဆိုရင္ေတာ့ UV-B ပါပဲ။ အေရျပားရဲ႕ အေပၚယံအလႊာကို ျပင္းျပင္းထန္ထန္ ထိခိုက္ေစတယ္။ ေနပူထဲ ၁၅မိနစ္ေလာက္ ဘာမွမလိမ္းဘဲ ထြက္သြားလိုက္ျပီဆိုတာနဲ႔ အေရျပားတစ္သွ်ဴးေတြကို ေကာင္းေကာင္းၾကီး ဒုကၡေပးႏိုင္ပါတယ္။

နီရဲစပ္ဖ်ဥ္းျပီး ပူစပ္ပူေလာင္သလို ခံစားရမယ္၊ အသားက ကိုင္လိုက္တာနဲ႔ အျဖဴဖတ္ေတြ ကြာက်လာမယ္၊ ခႏၶာကိုယ္ကပါ ေရဓာတ္ဆံုးရံႈးျပီဆိုရင္ ပိုျပီးေတာ့ ေဝဒနာကို ဆိုးဆိုးရြားရြား ခံစားရေစႏိုင္ပါတယ္။ ဒါ့အျပင္ UV-B ခရမ္းလြန္ေရာင္ျခည္က အေရျပားကင္ဆာကိုလည္း ျဖစ္ေစႏိုင္တယ္လို႔ ေလ့လာေတြ႔ရွိရပါတယ္။

၃။ UV-C ကေတာ့ အထက္မွာ ေျပာခဲ့သလိုပဲ ကမာၻ႔ေလထုကို ထိုးေဖာက္ႏိုင္စြမ္းမရွိတဲ့အတြက္ သိပ္ျပီး စိတ္ပူဖို႔ မလိုပါဘူး။ လူေတြကိုယ္တိုင္ ျပဳလုပ္ထားတဲ့ ျပဒါးမီးအိမ္၊ သံဂေဟဆက္တဲ့ ေနရာမွာ အသံုးျပဳတဲ့ မီးရွဴးေတြမွာေတာ့ UV-C အနည္းနဲ႔ အမ်ား ပါဝင္ႏိုင္ပါတယ္။

UV-C က အေရျပားကင္ဆာ ျဖစ္ေစေလာက္တဲ့ ခရမ္းလြန္ေရာင္ျခည္ထဲမွာေတာ့ မပါဝင္ေသးပါဘူး။ ဒါေပမယ့္လည္း အသားအေရကို အေရာင္မွိန္သြားေစျပီး ညိဳမည္းလာေစႏိုင္တယ္ဆိုတာကိုေတာ့ သတိထားသင့္တယ္ေနာ္။

ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ အသားအေရပ်က္စီးမႈကို ဘယ္လိုကာကြယ္မလဲ။

၁။ မနက္ ၁၀နာရီမွ ညေန ၄နာရီအတြင္း အခ်ိန္ဟာ ေနအပူဆံုးနဲ႔ ခရမ္းလြန္ေရာင္ျခည္ ျပင္းထန္စြာ က်ေရာက္ႏိုင္တဲ့ အခ်ိန္ ျဖစ္တဲ့အတြက္ အဲ့ဒီအခ်ိန္အတြင္း တတ္ႏိုင္သေလာက္ အျပင္ထြက္တာမ်ိဳး ေရွာင္သင့္ပါတယ္။

၂။ အျပင္သြားေတာ့မယ္ဆိုရင္ ေနေရာင္နဲ႔ တိုက္ရိုက္ထိေတြ႔ႏိုင္မယ့္ ေနရာမွန္သမွ် ေနေလာင္ကာလိမ္းေဆး လိမ္းေပးဖို႔ အေရးၾကီးပါတယ္။ ၅ ႏွစ္နဲ႔ အထက္ ကေလးေတြကို SPF 15 ေလာက္ပါဝင္တဲ့ လိမ္းေဆး လိမ္းေပးပါ။ အသက္ ၁၈ အထက္ လူငယ္ေတြနဲ႔ လူၾကီးေတြဆိုရင္ SPF 30 အနည္းဆံုး ပါဝင္တဲ့ ေနေလာင္ကာလိမ္းေဆးမ်ိဳး အသံုးျပဳသင့္ပါတယ္။

၃။ ေနေလာင္ကာလိမ္းေဆး ဝယ္ရာမွာ UV-A နဲ႔ UV-B ၂မ်ိဳးလံုးကို ကာကြယ္ေပးႏိုင္တဲ့ တံဆိပ္ကို ေရြးခ်ယ္ဝယ္ယူပါ။

၄။ ေနပူတဲ့အခ်ိန္ သို႔မဟုတ္ ေျပးလႊားလႈပ္ရွားေနရင္ ေခၽြးပိုထြက္တဲ့အတြက္ ေနေလာင္ကာလိမ္းေဆးက ပ်က္ျပယ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ ၂နာရီျခား တစ္ခါ မ်က္ႏွာကို တစ္သွ်ဴးအေျခာက္ သို႔မဟုတ္ wet tissue အသံုးျပဳျပီး သုတ္ျပီးမွ ေနေလာင္ကာလိမ္းေဆး ျပန္လိမ္းေပးရပါမယ္။

၅။ လိုအပ္ရင္ ထီး၊ ဦးထုပ္၊ ေဆာင္းသြားပါ။ အက်ီၤလက္ရွည္၊ ေဘာင္းဘီရွည္ အစရွိသျဖင့္ အဝတ္အစားကို လံုလံုျခံဳျခံဳ ဝတ္သြားပါ။ မ်က္လံုးကိုလည္း ထိခိုက္မႈမျဖစ္ေစဖို႔ ေနအရမ္းပူလြန္းတဲ့ အခ်ိန္ေတြမွာ ေနကာမ်က္မွန္ တပ္ေပးလို႔ ရပါတယ္။

ကိုယ့္ဘက္ကသာ ေသခ်ာျပင္ဆင္သြားမယ္၊ အကာအကြယ္ေတြ သံုးသြားမယ္ဆိုရင္ ေနေရာင္ေၾကာင့္ အသားအေရ ပ်က္စီးမွာ စိတ္ပူစရာမလိုဘဲ ေႏြရာသီရဲ႕ အေငြ႔အသက္ေလးကို ေသခ်ာခံစားၾကည့္လို႔ ရျပီေပါ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #

အသားအရေကို ပျက်စီးမှာ စိုးရိမ်တဲ့ သူတိုင်း ခရမ်းလွန်ရောင်ခြည်ကို ကြောက်လန့်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အသားအရေကို မွဲခြောက်သွားစေဖို့၊ ထိခိုက်ပျက်စီးစေဖို့၊ အရေးအကြောင်းတွေ ထင်စေပြီး အိုမင်းရင့်ရော်စေဖို့ ကောင်းကောင်းဒုက္ခပေးနိုင်တာကိုး။

တကယ်တော့ ခရမ်းလွန်ရောင်ခြည်ဆိုတာ အလှအပအတွက်သာ မကပါဘူး။ အရေပြားကင်ဆာတွေ ဖြစ်နိုင်တဲ့အထိ သက်ရောက်မှုက ပြင်းလွန်းပါတယ်။

ဒါကြောင့်လည်း ကျွန်တော်တို့တွေ အပြင်ထွက်တဲ့အချိန်တိုင်း နေလောင်ကာလိမ်းဆေးတွေ မဖြစ်မနေ လိမ်းဖို့ လိုအပ်တာပါ။ ခဏလေးပဲဆိုပြီး ဘာမှမလိမ်းဘဲ မျက်နှာပြောင်နဲ့ ထွက်ပြီး ပြန်လာရင် ကိုယ့်မျက်နှာက သိသိသာသာကို မဲပြာပြီး ပျက်စီးသွားနိုင်ပါတယ်။

ဒီနေ့ ကျွန်တော်ပြောပြပေးမယ့် အကြောင်းအရာကတော့ အလှအပနဲ့ ကျန်းမာရေးကို စိတ်ဝင်စားသူတိုင်း သိထားသင့်တဲ့ ခရမ်းလွန်ရောင်ခြည်အကြောင်းပဲ ဖြစ်ပါတယ်။
ခရမ်းလွန်ရောင်ခြည်ဆိုတာ ဘာလဲ။

နေကနေ ကမ္ဘာမြေပေါ်ကို ကျရောက်လာတဲ့ အလင်းရောင်စဉ်တန်းကနေ ကွဲထွက်လာတဲ့ ဓာတ်ရောင်ခြည်ကို ခရမ်းလွန်ရောင်ခြည် (Ultraviolet Radiation) လို့ ခေါ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်တွေဟာ ကျွန်တော်တို့ လူသားတွေ သာမန်မျက်စိနဲ့ မမြင်နိုင်လောက်တဲ့ အလင်းလှိုင်းတွေအဖြစ် ပြိုကွဲသွားပါတယ်။

ခရမ်းလွန်ရောင်ခြည်မှာ အလင်းလှိုင်းအကွာအဝေးပေါ် မူတည်ပြီး UV-A ၊ UV-B နဲ့ UV-C ဆိုပြီးတော့ ၃မျိုး ကွဲသွားပါတယ်။ ကံကောင်းစွာနဲ့ပဲ UV-C ဟာ ကမ္ဘာမြေကြီးရဲ့ လေထုကို ထိုးဖောက်နိုင်စွမ်းမရှိတဲ့အတွက် UV-A နဲ့ UV-B ၂မျိုးတည်းကိုသာ အဓိက ကာကွယ်ပေးဖို့ လိုပါတယ်။

ခရမ်းလွန်ရောင်ခြည်ရဲ့ အသားအရေပေါ် ဘယ်လောက်ထိ ဒုက္ခဖြစ်စေလဲ။

ခရမ်းလွန်ရောင်ခြည် ၃ မျိုးလုံးမှာ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ ဆိုးကျိုးတွေ ပါဝင်နေပါတယ်။

၁။ ခရမ်းလွန်ရောင်ခြည်တွေထဲမှာ ကမ္ဘာပေါ်ကို ၉၅ ရာခိုင်နှုန်း ကျရောက်တာကတော့ UV-A ပါပဲ။ သူက ကျွန်တော်တို့ရဲ့ အရေပြားရဲ့ ဒုတိယမြောက်အလွှာထိ ထိုးဖောက်နိုင်စွမ်းရှိတယ်။ အရေးအကြောင်းတွေ ဖြစ်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတယ်။

အသားအရေကိုလည်း အရောင်မှိန်ပြီး ထိခိုက်ပျက်စီးစေပါတယ်။ UV-A ရဲ့ နောက်ထပ်ကြောက်ဖို့ကောင်းတဲ့အချက်ကတော့ တိမ်တွေ၊ လေထုကိုသာမက အိမ်က မှန်ပြတင်းပေါက်တွေကိုပါ ထိုးဖောက်နိုင်စွမ်းရှိတာပါ။

၂။ နေလောင်တယ်၊ အသားအရေထိခိုက်ပျက်စီးသွားတယ် ဆိုတဲ့ ကိစ္စတွေမှာ အဓိကတရားခံကို ပြောပါဆိုရင်တော့ UV-B ပါပဲ။ အရေပြားရဲ့ အပေါ်ယံအလွှာကို ပြင်းပြင်းထန်ထန် ထိခိုက်စေတယ်။ နေပူထဲ ၁၅မိနစ်လောက် ဘာမှမလိမ်းဘဲ ထွက်သွားလိုက်ပြီဆိုတာနဲ့ အရေပြားတစ်သျှူးတွေကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။

နီရဲစပ်ဖျဉ်းပြီး ပူစပ်ပူလောင်သလို ခံစားရမယ်၊ အသားက ကိုင်လိုက်တာနဲ့ အဖြူဖတ်တွေ ကွာကျလာမယ်၊ ခန္ဓာကိုယ်ကပါ ရေဓာတ်ဆုံးရှုံးပြီဆိုရင် ပိုပြီးတော့ ဝေဒနာကို ဆိုးဆိုးရွားရွား ခံစားရစေနိုင်ပါတယ်။ ဒါ့အပြင် UV-B ခရမ်းလွန်ရောင်ခြည်က အရေပြားကင်ဆာကိုလည်း ဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

၃။ UV-C ကတော့ အထက်မှာ ပြောခဲ့သလိုပဲ ကမ္ဘာ့လေထုကို ထိုးဖောက်နိုင်စွမ်းမရှိတဲ့အတွက် သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး။ လူတွေကိုယ်တိုင် ပြုလုပ်ထားတဲ့ ပြဒါးမီးအိမ်၊ သံဂဟေဆက်တဲ့ နေရာမှာ အသုံးပြုတဲ့ မီးရှူးတွေမှာတော့ UV-C အနည်းနဲ့ အများ ပါဝင်နိုင်ပါတယ်။

UV-C က အရေပြားကင်ဆာ ဖြစ်စေလောက်တဲ့ ခရမ်းလွန်ရောင်ခြည်ထဲမှာတော့ မပါဝင်သေးပါဘူး။ ဒါပေမယ့်လည်း အသားအရေကို အရောင်မှိန်သွားစေပြီး ညိုမည်းလာစေနိုင်တယ်ဆိုတာကိုတော့ သတိထားသင့်တယ်နော်။

ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေပျက်စီးမှုကို ဘယ်လိုကာကွယ်မလဲ။

၁။ မနက် ၁၀နာရီမှ ညနေ ၄နာရီအတွင်း အချိန်ဟာ နေအပူဆုံးနဲ့ ခရမ်းလွန်ရောင်ခြည် ပြင်းထန်စွာ ကျရောက်နိုင်တဲ့ အချိန် ဖြစ်တဲ့အတွက် အဲ့ဒီအချိန်အတွင်း တတ်နိုင်သလောက် အပြင်ထွက်တာမျိုး ရှောင်သင့်ပါတယ်။

၂။ အပြင်သွားတော့မယ်ဆိုရင် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့နိုင်မယ့် နေရာမှန်သမျှ နေလောင်ကာလိမ်းဆေး လိမ်းပေးဖို့ အရေးကြီးပါတယ်။ ၅ နှစ်နဲ့ အထက် ကလေးတွေကို SPF 15 လောက်ပါဝင်တဲ့ လိမ်းဆေး လိမ်းပေးပါ။ အသက် ၁၈ အထက် လူငယ်တွေနဲ့ လူကြီးတွေဆိုရင် SPF 30 အနည်းဆုံး ပါဝင်တဲ့ နေလောင်ကာလိမ်းဆေးမျိုး အသုံးပြုသင့်ပါတယ်။

၃။ နေလောင်ကာလိမ်းဆေး ဝယ်ရာမှာ UV-A နဲ့ UV-B ၂မျိုးလုံးကို ကာကွယ်ပေးနိုင်တဲ့ တံဆိပ်ကို ရွေးချယ်ဝယ်ယူပါ။

၄။ နေပူတဲ့အချိန် သို့မဟုတ် ပြေးလွှားလှုပ်ရှားနေရင် ချွေးပိုထွက်တဲ့အတွက် နေလောင်ကာလိမ်းဆေးက ပျက်ပြယ်သွားနိုင်ပါတယ်။ ဒါကြောင့် ၂နာရီခြား တစ်ခါ မျက်နှာကို တစ်သျှူးအခြောက် သို့မဟုတ် wet tissue အသုံးပြုပြီး သုတ်ပြီးမှ နေလောင်ကာလိမ်းဆေး ပြန်လိမ်းပေးရပါမယ်။

၅။ လိုအပ်ရင် ထီး၊ ဦးထုပ်၊ ဆောင်းသွားပါ။ အကျီၤလက်ရှည်၊ ဘောင်းဘီရှည် အစရှိသဖြင့် အဝတ်အစားကို လုံလုံခြုံခြုံ ဝတ်သွားပါ။ မျက်လုံးကိုလည်း ထိခိုက်မှုမဖြစ်စေဖို့ နေအရမ်းပူလွန်းတဲ့ အချိန်တွေမှာ နေကာမျက်မှန် တပ်ပေးလို့ ရပါတယ်။

ကိုယ့်ဘက်ကသာ သေချာပြင်ဆင်သွားမယ်၊ အကာအကွယ်တွေ သုံးသွားမယ်ဆိုရင် နေရောင်ကြောင့် အသားအရေ ပျက်စီးမှာ စိတ်ပူစရာမလိုဘဲ နွေရာသီရဲ့ အငွေ့အသက်လေးကို သေချာခံစားကြည့်လို့ ရပြီပေါ့။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top