ရန္ကုန္တိုင္း တိုက္ႀကီးၿမိဳ႕နယ္ ဖလုံဘူတာေက်းရြာအုပ္စု ဖလုံဘူတာဝင္းအတြင္း ဧၿပီ ၆ ရက္ေန႔ ညေန ၆ နာရီေလာက္က အမိႈက္ပုံမီးရိႈ႕ရာက ေပါက္ကြဲမႈျဖစ္ပြားခဲ့တယ္လို႔ ဖလုံ ဘူတာရဲကင္း တာဝန္ရွိသူတဦးကေျပာပါတယ္။

မီးရထား MD စစ္ေဆးေရးလမ္းေၾကာင္းရွိလို႔ ဒု႐ုိပိုင္ဦးေနဝင္းထြန္းက ဝန္ထမ္း ထိန္လင္းေအာင္နဲ႔ ဦးစံဝင္းတို႔ကို အမိႈက္ေတြ ရွင္းလင္းမီးရႈိ႕ခိုင္းရာက ေပါက္ကြဲမႈျဖစ္တာလို႔ သိရပါတယ္။



အရွည္(၁၈)လက္မ၊လုံးပတ္ (၆) လက္မရွိတဲ့ ေလယာဥ္ပစ္ဗုံးသီးေဟာင္းက ထပြင့္ၿပီး ၃ မိုင္ေလာက္အကြာ လမ္းေဘးေရေျမာင္းထဲကို က်သြားတာျဖစ္ၿပီး ထိခိုက္မႈမရွိဘူးလို႔ တိုက္ႀကီး ၿမိဳ႕မရဲစခန္းမွ စခန္းမႉးရဲမႉးေက်ာ္ခိုင္စိုးက ေျပာပါတယ္။

တိုက္ႀကီးၿမိဳ႕နယ္ အမွတ္ ၂၀၁၇ ေလေၾကာင္းရန္ကာကြယ္ေရးတပ္ကို အပ္ႏွံခဲ့တယ္လို႔ တိုက္ႀကီးၿမိဳ႕မရဲစခန္းက သိရပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာအုပ်စု ဖလုံဘူတာဝင်းအတွင်း ဧပြီ ၆ ရက်နေ့ ညနေ ၆ နာရီလောက်က အမှိုက်ပုံမီးရှို့ရာက ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဖလုံ ဘူတာရဲကင်း တာဝန်ရှိသူတဦးကပြောပါတယ်။

မီးရထား MD စစ်ဆေးရေးလမ်းကြောင်းရှိလို့ ဒုရိုပိုင်ဦးနေဝင်းထွန်းက ဝန်ထမ်း ထိန်လင်းအောင်နဲ့ ဦးစံဝင်းတို့ကို အမှိုက်တွေ ရှင်းလင်းမီးရှို့ခိုင်းရာက ပေါက်ကွဲမှုဖြစ်တာလို့ သိရပါတယ်။

အရှည်(၁၈)လက်မ၊လုံးပတ် (၆) လက်မရှိတဲ့ လေယာဉ်ပစ်ဗုံးသီးဟောင်းက ထပွင့်ပြီး ၃ မိုင်လောက်အကွာ လမ်းဘေးရေမြောင်းထဲကို ကျသွားတာဖြစ်ပြီး ထိခိုက်မှုမရှိဘူးလို့ တိုက်ကြီး မြို့မရဲစခန်းမှ စခန်းမှူးရဲမှူးကျော်ခိုင်စိုးက ပြောပါတယ်။

တိုက်ကြီးမြို့နယ် အမှတ် ၂၀၁၇ လေကြောင်းရန်ကာကွယ်ရေးတပ်ကို အပ်နှံခဲ့တယ်လို့ တိုက်ကြီးမြို့မရဲစခန်းက သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top