


Credit:Thutasone

#Unicode Version#
 ပရိသတ်ကြီးရေ သရုပ်ဆောင် နေထက်လင်း နဲ့ သရုပ်ဆောင် ဝေဠုကျော် တို့ကိုတော့ မသိတဲ့ မရှိလောက်ဘူးလို့ထင်ပါတယ်နော်။ ဗီဒီယိုခေတ်မှာ နာမည်ကြီးခဲ့တဲ့ မင်းသားတွေဖြစ်သလို ကျရာဇာတ်ရုပ်ကိုပိုင်နိုင်စွာသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်အချစ်တော်မင်းသားတွေပဲဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားခေတ်ပျက်သွားလို့ ဗီဒီယိုအရိုက်နဲပြီး ပရိသတ်ရှေ့မရောက်လာတဲ့သူတို့ဟာ ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။

စစ်ဘေးရှောင်ပြည်သူများ ထောက်ပံ့ကူညီရေးအဖွဲ့မှ ဥက္ကဋ္ဌ သရုပ်ဆောင် နေထက်လင်း နဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း မှ ဒုဥက္ကဋ္ဌ သရုပ်ဆောင် ဝေဠုကျော် တို့က ငြိမ်းချမ်းရေး အထောက်အကူပြု ကော်မတီ သို့ ရခိုင်ပြည်နယ် စစ်ဘေးရှောင် ပြည်သူများအတွက် အဝတ်အထည် အသစ် (၁၀) ထုပ် အထည်ပေါင်း (၁၅၀၀) ကျော် ကို ဒုတိယအကြိမ်အဖြစ် ကူညီထောက်ပံ့ ပေးခဲ့ပါတယ်။

ပရိသတ်ကြီးအတွက် သရုပ်ဆောင် နေထက်လင်း နဲ့ သရုပ်ဆောင် ဝေဠုကျော် တို့က စစ်ဘေးရှောင် ပြည်သူများအတွက် အဝတ်အထည်များ ကူညီထောက်ပံ့ပေးခဲ့တဲ့ ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ ပရဟိတမင်းသားတွေကိုချစ်ရင် Share ပေးသွားကြပါဦးနော်။


ဖိုးသူတော်(www.phothutaw.com)
Credit:Thutasone
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top