ရန္ကင္း ဆီဒိုးနားဟိုတယ္အနီး Star Villa (Sunian Park) ကြန္ဒိုအေရာင္းျပပြဲ
×

ပရိသတ္အားေပးမႈ ရရွိထားတဲ့ ဝါရင့္ မင္းသမီး လင္းဇာနည္ေဇာ္ကေတာ့ တခ်ိန္က ဖိုက္တင္မင္းသား ရဲကိုကိုနဲ႔ အတြဲမ်ားခဲ့ျပီး ဇနီးေမာင္ႏွံအျဖစ္ေတာင္ ေပါင္းသင္းခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အိမ္ေထာင္ကြဲခဲ့ျပီး ရဲကိုကိုကလည္း အႏုပညာေလာကထဲကေတာင္ ေပ်ာက္သြားခဲ့ပါေသးတယ္။ ခုဆိုရင္ ဆယ္စုႏွစ္ေတြၾကာခဲ့ျပီ ျဖစ္ျပီး သူတို႔ႏွစ္ေယာက္ရဲ့ သမီးေလးေတာင္ အသက္ ၂၀ ေက်ာ္ေနျပီ ျဖစ္ပါတယ္။ လင္းဇာနည္ေဇာ္ကေတာ့ တေယာက္ထဲေနရတာ ႏွစ္ေတြၾကာလာျပီ ျဖစ္တာေၾကာင့္ သူ႔အေနနဲ႔ ေနာက္အိမ္ေထာင္ျပဳဖို႔ အေၾကာင္းနဲ႔ ပတ္သက္ျပီး ရင္ဖြင့္လာခဲ့ပါတယ္။
သမီးျဖစ္သူက အေဖနဲ႔ ျပန္ေပါင္းေစခ်င္တယ္ဆိုတဲ႔ လင္းဇာနည္ေဇာ္ 3
လင္းဇာနည္ေဇာ္ကေတာ့ The Radar နဲ႔ အင္တာဗ်ဴးတြင္ တေယာက္ထဲေနဖို႔ မ်ားလားဆိုတဲ့ အေပၚမွာေတာ့ “ဒါကေတာ့ ဘယ္ေျပာလို႔ရမွာလဲ။ လံုးဝကို ၾကိဳမေျပာဘူး။ အေသခံသြားမယ္။ မနက္ျဖန္ေတာင္ ဘာျဖစ္မလဲမွ မသိတာ”
သမီးျဖစ္သူက အေဖနဲ႔ ျပန္ေပါင္းေစခ်င္တယ္ဆိုတဲ႔ လင္းဇာနည္ေဇာ္ 4
သမီးကေရာ ကိုယ့္ကုိစိတ္တိုင္းက်လုပ္ဖို႔ ခြင့္ျပဳထားလားဆိုတဲ့ အေပၚမွာေတာ့ “မီးမီးက အမကို အမ်ားၾကီး နားလည္တယ္။ သူငယ္ငယ္တုန္းက အခ်ိန္ကဆို အမကို သူ႔အေဖနဲ႔ ျပန္ေပါင္းမွာေတာင္ မနာလိုဘူး။ အဲ့ေလာက္ထိ စိတ္ပုတ္ရွာတယ္။ သူက သနားပါတယ္။ ဒါေပမယ့္အခုက်ေတာ့ အမတေယာက္ထဲ ရုန္းေနရတာကို သူသိတယ္ေလ။ စဥ္းစားၾကည့္ေလ။ မီးမီး ၂ ႏွစ္ေက်ာ္ေလာက္ကတည္းကေန အခု ၂၁ ႏွစ္ေက်ာ္အထိ အမ တေယာက္ထဲ အပူအေအးမွန္သမွ် အမတေယာက္ထဲ ခံလာျပီး ေက်ာင္းေတြ ထားလာတာေလ။ အခုက်ေတာ့သူ အမအရမ္းပင္ပန္းေနတာသိေတာ့ သူကလည္း အေမၾကီး သက္သာမယ္ ေမၾကီးေပၚမွာကူေပးႏိုင္မယ့္လူေတြ႔ရင္ မီးကို မငွဲ႔နဲ႔ေပါ့။ ေမၾကီးစိတ္ခ်မ္းသာရင္ မီးလည္း စိတ္ခ်မ္းသာတယ္တဲ့”

“မလင္းကေတာ့ ခုခ်ိန္မွာေတာ့ ကိုယ့္မိသားစုနဲ႔ စီးပြားေရးကိုပဲ အာရံုစိုက္ေနပါတယ္။ အျပင္စီးပြားေရးနဲ႔ ပတ္သက္ျပီး လုပ္ျဖစ္ပါတယ္။ ျပီးေတာ့ အမ ျမန္မာေပါကားေတြ ရပ္ဆိုျပီးေတာ့ ရိုက္ထားတဲ့ကားေလး လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္က ရိုက္ထားတာ။ အရမ္းကုိ ရံုတင္ခြင့္ ရခ်င္ေနျပီ။ အဲ့အတြက္လည္း ဘုရားတရားေတြလည္း စံုေနတာပဲ။ အဲ့ကားေလးကို ျမန္ျမန္ရံုတင္ရပါေစလို႔ ဆုေတာင္းေပးၾကပါဦး။ ပရိသတ္ေတြလည္း ဝိုင္းဝန္းျပီးေတာ့ အားေပးပါဦးလို႔ ေျပာခ်င္ပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:nanmalgyi
#Unicode Version#
ပရိသတ်အားပေးမှု ရရှိထားတဲ့ ဝါရင့် မင်းသမီး လင်းဇာနည်ဇော်ကတော့ တချိန်က ဖိုက်တင်မင်းသား ရဲကိုကိုနဲ့ အတွဲများခဲ့ပြီး ဇနီးမောင်နှံအဖြစ်တောင် ပေါင်းသင်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ကွဲခဲ့ပြီး ရဲကိုကိုကလည်း အနုပညာလောကထဲကတောင် ပျောက်သွားခဲ့ပါသေးတယ်။ ခုဆိုရင် ဆယ်စုနှစ်တွေကြာခဲ့ပြီ ဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ သမီးလေးတောင် အသက် ၂၀ ကျော်နေပြီ ဖြစ်ပါတယ်။ လင်းဇာနည်ဇော်ကတော့ တယောက်ထဲနေရတာ နှစ်တွေကြာလာပြီ ဖြစ်တာကြောင့် သူ့အနေနဲ့ နောက်အိမ်ထောင်ပြုဖို့ အကြောင်းနဲ့ ပတ်သက်ပြီး ရင်ဖွင့်လာခဲ့ပါတယ်။

လင်းဇာနည်ဇော်ကတော့ The Radar နဲ့ အင်တာဗျူးတွင် တယောက်ထဲနေဖို့ များလားဆိုတဲ့ အပေါ်မှာတော့ “ဒါကတော့ ဘယ်ပြောလို့ရမှာလဲ။ လုံးဝကို ကြိုမပြောဘူး။ အသေခံသွားမယ်။ မနက်ဖြန်တောင် ဘာဖြစ်မလဲမှ မသိတာ”

သမီးကရော ကိုယ့်ကိုစိတ်တိုင်းကျလုပ်ဖို့ ခွင့်ပြုထားလားဆိုတဲ့ အပေါ်မှာတော့ “မီးမီးက အမကို အများကြီး နားလည်တယ်။ သူငယ်ငယ်တုန်းက အချိန်ကဆို အမကို သူ့အဖေနဲ့ ပြန်ပေါင်းမှာတောင် မနာလိုဘူး။ အဲ့လောက်ထိ စိတ်ပုတ်ရှာတယ်။ သူက သနားပါတယ်။ ဒါပေမယ့်အခုကျတော့ အမတယောက်ထဲ ရုန်းနေရတာကို သူသိတယ်လေ။ စဉ်းစားကြည့်လေ။ မီးမီး ၂ နှစ်ကျော်လောက်ကတည်းကနေ အခု ၂၁ နှစ်ကျော်အထိ အမ တယောက်ထဲ အပူအအေးမှန်သမျှ အမတယောက်ထဲ ခံလာပြီး ကျောင်းတွေ ထားလာတာလေ။ အခုကျတော့သူ အမအရမ်းပင်ပန်းနေတာသိတော့ သူကလည်း အမေကြီး သက်သာမယ် မေကြီးပေါ်မှာကူပေးနိုင်မယ့်လူတွေ့ရင် မီးကို မငှဲ့နဲ့ပေါ့။ မေကြီးစိတ်ချမ်းသာရင် မီးလည်း စိတ်ချမ်းသာတယ်တဲ့”

“မလင်းကတော့ ခုချိန်မှာတော့ ကိုယ့်မိသားစုနဲ့ စီးပွားရေးကိုပဲ အာရုံစိုက်နေပါတယ်။ အပြင်စီးပွားရေးနဲ့ ပတ်သက်ပြီး လုပ်ဖြစ်ပါတယ်။ ပြီးတော့ အမ မြန်မာပေါကားတွေ ရပ်ဆိုပြီးတော့ ရိုက်ထားတဲ့ကားလေး လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရိုက်ထားတာ။ အရမ်းကို ရုံတင်ခွင့် ရချင်နေပြီ။ အဲ့အတွက်လည်း ဘုရားတရားတွေလည်း စုံနေတာပဲ။ အဲ့ကားလေးကို မြန်မြန်ရုံတင်ရပါစေလို့ ဆုတောင်းပေးကြပါဦး။ ပရိသတ်တွေလည်း ဝိုင်းဝန်းပြီးတော့ အားပေးပါဦးလို့ ပြောချင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top