ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ႐ြာငံၿမိဳ႕နယ္တြင္ ဧၿပီ ၂၃ ရက္တြင္ မိုးသီးမ်ား ကြမ္းသီးလုးံခန႔္ ေႂကြက်သျဖင့္ ေနအိမ္မ်ား သြပ္ေပါက္ျခင္း၊ အမိုးလန္ျခင္းႏွင့္ ႏွစ္ရွည္ပင္အခ်ိဳ႕ ထိခိုက္ ပ်က္စီးဆုံးရႈံးမႈမ်ားရွိေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

႐ြာငံၿမိဳ႕နယ္တြင္ ဧၿပီ ၂၃ ရက္ ညေန ၄ နာရီေက်ာ္တြင္ မိုးအနည္းငယ္႐ြာၿပီး ကြမ္းသီးလုံးခန႔္ မိုးသီးမ်ား ေႂကြက်မႈေၾကာင့္၊ ၿမိဳ႕ေပၚရပ္ကြက္အားလုံး အိမ္ေခါင္မိုး ေပါက္ၿပဲျခင္း၊ အမိုးလန္ျခင္းမ်ား ျဖစ္ေပၚခဲ့ၿပီး၊ မိုးသီးက်ဆင္းျခင္းသည္ ဆယ္မိနစ္ခန႔္သာ ၾကာျမင့္ကာ အ႐ြယ္စားႀကီးၿပီး၊ အေရတြက္မ်ားသျဖင့္ အိမ္ေခါင္မိုးမ်ား ေပါက္ၿပဲျခင္းျဖစ္ေၾကာင္း ႐ြာငံၿမိဳ႕နယ္မွ ရပ္မိရပ္ဖ တစ္ဦးျဖစ္သူ ဦးခင္ေမာင္တင့္က ေျပာၾကားသည္။

ထို႔ျပင္ မိုးသီးမ်ား ေႂကြက်သျဖင့္ ေကာ္ဖီပင္မ်ား ထိမွန္ႏိုင္သျဖင့္ ပ်က္စီးဆုံးရႈံးမႈ ရွိႏိုင္ၿပီး၊ ႐ြာငံၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာအလိုက္ ပ်က္စီးဆုံးရႈံးမႈ အေသးစိတ္စာရင္းကို မသိရွိႏိုင္ေသးေၾကာင္း ႐ြာငံၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ သိရသည္။

“ဒါက တတိယႀကိမ္ေျမာက္ေပါ့ ။ ပထမႀကိမ္က မိုးသီးနည္းနည္းပဲ။ ဒုတိယႀကိမ္က မိုးသီးေသးတယ္။ အခုတစ္ေခါက္ႀကီးၿပီး မ်ားမ်ား က်လိုက္တယ္။ အထူးသျဖင့္ ေကာ္ဖီပင္ေတြ ထိႏိုင္တာေပါ့။ သီးကင္းဝင္ အပြင့္ေတြ ပ်က္သြားတာေပါ့။ သတင္းပို႔တာ တစ္ရက္ေလာက္ေတာ့ ေစာင့္ရဦးမယ္။ ၿမိဳ႕ေပၚရပ္ကြက္ေတြက အကုန္လုံး ပါတယ္။ အိမ္ေတြၿပိဳတာေတာ့ မၾကားဖူး၊ သြပ္ေတြ ေပါက္ၿပဲကုန္တာေပါ့။ ဆယ္မိနစ္ေလာက္ပဲ အမ်ားႀကီး ေဝါေဝါနဲ႔ ႐ြာလိုက္တာ”ဟု ႐ြာငံ ၿမိဳ႕မိၿမိဳ႕ဖ ဦးခင္ေမာင္တင့္က ေျပာၾကားသည္။

ထို႔ျပင္ ယခုအခ်ိန္မွာ ေတာင္ယာစိုက္ပ်ိဳးခ်ိန္ မဟုတ္၍ မိုးသီးေႂကြက်မႈေၾကာင့္ သီးႏွံပ်က္စီးမႈ မရွိေသာ္လည္း ဥယ်ာဥ္ၿခံမ်ားအတြင္းရွိ ႏွစ္ရွည္သီးႏွံပင္တစ္ခ်ိဳ႕ မိုးသီးထိမွန္ကာ ေႂကြက်ဆုံးရႈံးမႈရွိေၾကာင္း ေဒသခံမ်ားထံမွ သိရသည္

႐ြာငံၿမိဳ႕နယ္တြင္ အဓိကအားျဖင့္ ေကာ္ဖီပင္ႏွင့္ လက္ဖက္ပင္မ်ား စိုက္ပ်ိဳးၾကျခင္း ျဖစ္သည္။

” ၿပီးခဲ့တဲ့ ေလးရက္က က်တဲ့ မိုးသီးက ဆီးသီးလုံး ဖန္ေပသီးလုံး အ႐ြယ္ေလာက္ပဲရွိတာ ။ဒီတစ္ခါ အ႐ြယ္အစား ပိုႀကီးၿပီး ေက်ာက္ေပသီးလုံးထက္ေတာင္ ႀကီးေလာက္တယ္ ။အ႐ြယ္အစား ထင္သာျမင္သာေအာင္ေျပာရမယ္ဆို လိုက္ၾကက္ဥ အ႐ြယ္ေလာက္ရွိတယ္ ။ ေနာက္ၿပီး မိုးသီးေႂကြတာ အရမ္းျပင္းေတာ့ သြပ္မိုးတစ္ခ်ိဳ႕ ေပါက္ကုန္တာေတြျဖစ္တယ္ ။ မိုးသီးေႂကြက်တာကလည္း မိုး႐ြာၿပီး ၄၅ မိနစ္ေလာက္ၾကမွ မိုးသီးေတြ ပါလာတာ “ဟု ေဒသခံ တစ္ဦးကေျပာၾကားသည္ ။

ထို႔အတူ ရွမ္းျပည္နယ္ေျမာက္ပိုင္း ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ၊ နမ့္ဆန္ၿမိဳ႕ တြင္လည္း ကြမ္းသီးလုံးခန႔္ မိုးသီးအလုံးမ်ား ဧၿပီ ၂၃ ရက္ ညေနပိုင္းက ေႂကြက်ခဲ့သျဖင့္ ၊ လက္ဖက္ပင္မ်ား ထိခိုက္ႏိုင္ေၾကာင္း ေဒသခံမ်ား ထံမွ သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:news-eleven
#Unicode Version#
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ဧပြီ ၂၃ ရက်တွင် မိုးသီးများ ကွမ်းသီးလုးံခန့် ကြွေကျသဖြင့် နေအိမ်များ သွပ်ပေါက်ခြင်း၊ အမိုးလန်ခြင်းနှင့် နှစ်ရှည်ပင်အချို့ ထိခိုက် ပျက်စီးဆုံးရှုံးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

ရွာငံမြို့နယ်တွင် ဧပြီ ၂၃ ရက် ညနေ ၄ နာရီကျော်တွင် မိုးအနည်းငယ်ရွာပြီး ကွမ်းသီးလုံးခန့် မိုးသီးများ ကြွေကျမှုကြောင့်၊ မြို့ပေါ်ရပ်ကွက်အားလုံး အိမ်ခေါင်မိုး ပေါက်ပြဲခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး၊ မိုးသီးကျဆင်းခြင်းသည် ဆယ်မိနစ်ခန့်သာ ကြာမြင့်ကာ အရွယ်စားကြီးပြီး၊ အရေတွက်များသဖြင့် အိမ်ခေါင်မိုးများ ပေါက်ပြဲခြင်းဖြစ်ကြောင်း ရွာငံမြို့နယ်မှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးခင်မောင်တင့်က ပြောကြားသည်။

ထို့ပြင် မိုးသီးများ ကြွေကျသဖြင့် ကော်ဖီပင်များ ထိမှန်နိုင်သဖြင့် ပျက်စီးဆုံးရှုံးမှု ရှိနိုင်ပြီး၊ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာအလိုက် ပျက်စီးဆုံးရှုံးမှု အသေးစိတ်စာရင်းကို မသိရှိနိုင်သေးကြောင်း ရွာငံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

“ဒါက တတိယကြိမ်မြောက်ပေါ့ ။ ပထမကြိမ်က မိုးသီးနည်းနည်းပဲ။ ဒုတိယကြိမ်က မိုးသီးသေးတယ်။ အခုတစ်ခေါက်ကြီးပြီး များများ ကျလိုက်တယ်။ အထူးသဖြင့် ကော်ဖီပင်တွေ ထိနိုင်တာပေါ့။ သီးကင်းဝင် အပွင့်တွေ ပျက်သွားတာပေါ့။ သတင်းပို့တာ တစ်ရက်လောက်တော့ စောင့်ရဦးမယ်။ မြို့ပေါ်ရပ်ကွက်တွေက အကုန်လုံး ပါတယ်။ အိမ်တွေပြိုတာတော့ မကြားဖူး၊ သွပ်တွေ ပေါက်ပြဲကုန်တာပေါ့။ ဆယ်မိနစ်လောက်ပဲ အများကြီး ဝေါဝေါနဲ့ ရွာလိုက်တာ”ဟု ရွာငံ မြို့မိမြို့ဖ ဦးခင်မောင်တင့်က ပြောကြားသည်။

ထို့ပြင် ယခုအချိန်မှာ တောင်ယာစိုက်ပျိုးချိန် မဟုတ်၍ မိုးသီးကြွေကျမှုကြောင့် သီးနှံပျက်စီးမှု မရှိသော်လည်း ဥယျာဉ်ခြံများအတွင်းရှိ နှစ်ရှည်သီးနှံပင်တစ်ချို့ မိုးသီးထိမှန်ကာ ကြွေကျဆုံးရှုံးမှုရှိကြောင်း ဒေသခံများထံမှ သိရသည်

ရွာငံမြို့နယ်တွင် အဓိကအားဖြင့် ကော်ဖီပင်နှင့် လက်ဖက်ပင်များ စိုက်ပျိုးကြခြင်း ဖြစ်သည်။

” ပြီးခဲ့တဲ့ လေးရက်က ကျတဲ့ မိုးသီးက ဆီးသီးလုံး ဖန်ပေသီးလုံး အရွယ်လောက်ပဲရှိတာ ။ဒီတစ်ခါ အရွယ်အစား ပိုကြီးပြီး ကျောက်ပေသီးလုံးထက်တောင် ကြီးလောက်တယ် ။အရွယ်အစား ထင်သာမြင်သာအောင်ပြောရမယ်ဆို လိုက်ကြက်ဥ အရွယ်လောက်ရှိတယ် ။ နောက်ပြီး မိုးသီးကြွေတာ အရမ်းပြင်းတော့ သွပ်မိုးတစ်ချို့ ပေါက်ကုန်တာတွေဖြစ်တယ် ။ မိုးသီးကြွေကျတာကလည်း မိုးရွာပြီး ၄၅ မိနစ်လောက်ကြမှ မိုးသီးတွေ ပါလာတာ “ဟု ဒေသခံ တစ်ဦးကပြောကြားသည် ။

ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ နမ့်ဆန်မြို့ တွင်လည်း ကွမ်းသီးလုံးခန့် မိုးသီးအလုံးများ ဧပြီ ၂၃ ရက် ညနေပိုင်းက ကြွေကျခဲ့သဖြင့် ၊ လက်ဖက်ပင်များ ထိခိုက်နိုင်ကြောင်း ဒေသခံများ ထံမှ သိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:news-eleven
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top