ဒီပုိ႕စ္ေလးကို အဆံုးထိ ဖတ္ေပးဖုိ႕နဲ႕ ရွယ္သင့္တယ္ထင္ရင္ ရွယ္ေပးဖို႕ အရင္ဆံုး ေျပာခ်င္ပါတယ္။

တကယ္ေတာ့ ျမစ္ဆံုကိစၥဟာ ကၽြန္ေတာ္ကၽြမ္းက်င္တဲ့ နယ္ပယ္မ်ိဳး မဟုတ္ပါဘူး။ အမွန္ေျပာရရင္ ပြဲေခါင္းစဥ္ ဖတ္ၾကည္႕ေတာ့လည္း စိတ္ထဲ ဘ၀င္မေတြ႕လွဘူး။ ျမစ္ဆံုကိစၥဟာ ဒီလိုျပည္သူေတြ ၀ုိင္းေလ်ာ္လုိက္ရံုနဲ႕ ျပီးသြားေလာက္ေအာင္ မရုိးရွင္းဘူး ထင္လို႕ပါ။ ဒါေပမဲ့ ေလးစားရတဲ့ အန္တီဂ်ဴးကုိယ္တုိင္ ဖိတ္တာမုိ႕ သြားနားေထာင္ျဖစ္ခဲ့ပါတယ္။ ဒီေတာ့မွ ျမစ္ဆံုကိစၥကို ပုိျပီး သေဘာေပါက္ခဲ့တယ္။ ပြဲရဲ႕ ရည္ရြယ္ခ်က္ကိုလည္း နားလည္ခဲ့တယ္။ အခု ေတာ္ေတာ္မ်ားမ်ား အထင္လြဲေနၾကတာ သတိထားမိလုိ႕လည္း ကုိယ္နားေထာင္ခဲ့ရသေလာက္ ျပန္ရွင္းျပေပးခ်င္ပါတယ္။
Image result for ဧရာ၀တီ
အရင္ဦးဆံုး ျမစ္ဆံုဆည္ ဘာေၾကာင့္ မေဆာက္သင့္သလဲ ဆုိတာကို ေျပာျပပါမယ္။ ဒါက ဆရာၾကီး ေဒါက္တာထြန္းလြင္ ေျပာခဲ့တာ ၾကာလွပါျပီ။ ဒီပြဲမွာလည္း ဆရာၾကီးက အႏွစ္ခ်ဳပ္သေဘာ ထပ္ေျပာသြားပါတယ္။

၁) ေဆာက္မွာက Mega Dam ျဖစ္ပါတယ္။

ဆည္ေဆာက္တာမွာ ၃ မ်ိဳး ရွိပါတယ္။ Small dam, Medium dam နဲ႕ Mega dam ။ အဲဒီထဲမွာ ျမစ္ဆံုမွာ ေဆာက္မွာကေတာ့ Mega dam ျဖစ္ပါတယ္။ ႏုိင္ငံတကာက ေလ့လာထားခ်က္ေတြအရ ဖြံ႕ျဖိဳးဆဲႏုိင္ငံေတြဟာ အက်ိဳးအျမတ္ ေမွ်ာ္ကိုးျပီး Mega dam ေဆာက္ရင္ ပိုလို႕ေတာင္ အေၾကြးႏြံနစ္ၾကရတယ္လို႕ ေျပာပါတယ္။ ဆည္က အခ်ိန္မီမျပီး။ ကုန္က်စရိတ္ေတြက ကုန္နဲ႕။ ဒါက အက်ိဳးအျမတ္အတြက္ဆုိေတာင္ မလုပ္သင့္ဘူးလို႕ အတိအလင္း ေျပာထားတာ။ ကၽြန္ေတာ္တုိ႕ဟာက အက်ိဳးအျမတ္ ေမွ်ာ္တယ္ ေျပာရေအာင္လည္း ကုိယ္က ၅% ပဲ ရမွာပါ။
Related image
၂) ျမစ္ေပ်ာက္ရင္ လူေတြပါ ေပ်ာက္ကုန္မယ္။

ႏုိင္ငံလူဦးေရရဲ႕ ၇၀ % ဟာ ဒီျမစ္ေၾကာင့္ အက်ိဳးရွိေနၾကတာပါ။ ဒါေၾကာင့္ ဒီျမစ္ပ်က္စီးရင္ ဒီလူေတြလည္း ထိခုိက္ကုန္ပါလိမ့္မယ္။ ကခ်င္ေဒသခံေတြဆုိလည္း ျပင္းျပင္းထန္ထန္ကုိ ကန္႕ကြက္ေနၾကပါတယ္။

၃) Assessment ေသခ်ာလုပ္မထားပါ။

ဒီလိုဆည္တစ္ခု ေဆာက္မယ္ဆုိ ျဖစ္လာႏုိင္တဲ့ အက်ိဳးဆက္ေတြကို ေသခ်ာေလ့လာဆန္းစစ္ျပီးမွ လုပ္ရပါသတဲ့။ တရုတ္မွာဆုိ ဆည္ရဲ႕ အရြယ္အစားအလုိက္ ႏွစ္ ၅၀ ၾကာ လုပ္ခဲ့တာေတြေတာင္ ရွိတယ္လို႕ ဆုိပါတယ္။ ဒီျမစ္ဆံုဆည္နဲ႕ ဧရာ၀တီရဲ႕ အရြယ္အရ အနည္းဆံုး ၆ ႏွစ္ကေန ၈ ႏွစ္ လုပ္သင့္ေပမဲ့ ခု ၂ ႏွစ္ေလာက္ပဲ လုပ္ထားပါတယ္။ ဒါေၾကာင့္ ဆည္ေၾကာင့္ ျဖစ္လာႏုိ္င္ေခ်ေတြက ေဘးကင္းလံုျခံဳပါမယ္လုိ႕ အာမ,မခံႏုိင္ပါဘူး။

၄) အခ်ဳပ္အျခာ အာဏာ

တုိင္းျပည္ရဲ႕ အေပၚဆံုးမွာ ဒီေလာက္ၾကီးတဲ့ ဆည္ၾကီးကို ေဆာက္ထားျပီး ထိန္းခ်ဳပ္ခြင့္ကလည္း သူတုိ႕ဆီမွာ ေပးထားရတယ္ ဆုိတဲ့ အဓိပၸါယ္ဟာ ဘာကို ဆုိလိုသလဲ သေဘာေပါက္မယ္ ထင္ပါတယ္။ တစ္သက္လံုး သူတို႕မ်က္ႏွာပဲ ၾကည္႕သြားရေတာ့မယ့္ သေဘာ ျဖစ္ေနပါတယ္။ တျခားျပႆနာေတြက အဲ့ေဒသတစ္၀ုိက္က လူေတြပဲ ထိတယ္လို႕ ေတြးမယ္ဆုိေတာင္ ျမစ္ဆံုကေတာ့ တစ္ျပည္လံုးအတြက္ သိပ္ကုိမွ စုိးရိမ္စရာေကာင္းတဲ့ အေျခအေနမ်ိဳးပါ။

ဒါက ဆရာၾကီး ပညာရပ္ရႈေထာင့္ကေန ေျပာခဲ့တဲ့ အခ်က္တခ်ိဳ႕ ျဖစ္ပါတယ္။ (အနည္းငယ္ လြဲေကာင္းလြဲႏုိင္ပါတယ္) ေတြးရင္းနဲ႕ေတာင္ ရင္ေမာစရာေကာင္းတဲ့ ကိစၥမ်ိဳးပါ။

ဟုတ္ျပီ။ မလုပ္သင့္ဘူး ဆုိတာ ေသခ်ာေနျပီဆုိေတာ့ တားရမယ္။ ဘယ္လုိတားၾကမလဲ။

အစိုးရသစ္ဟာ ရခုိင္ကိစၥနဲ႕ ပတ္သက္လို႕ အေနာက္အုပ္စုနဲ႕ ကြဲလာပါတယ္။ ဆုိလိုတာက တရုတ္ကလြဲလို႕ ေရြးခ်ယ္စရာ မရွိဘူးဆုိတဲ့ စစ္အစိုးရလက္ထက္က ပံုစံမ်ိဳး ျပန္ျဖစ္ေနပါတယ္။ ျငိမ္းခ်မ္းေရးဟာလည္း တရုတ္နဲ႕ ပတ္သက္ေနျပန္တယ္။ သူတို႕အေပၚ မူတည္ေနျပန္တယ္။ ဧရာ၀တီကို ငါတုိ႕ပုိင္တယ္ ဘာညာေလွ်ာက္ေအာ္မေနဘဲ လက္ေတြ႕က်က် ၾကည္႕မယ္ဆုိ အဲဒီအေျခအေနကို ျမင္ပါလိမ့္မယ္။

ေနာက္ျပီး တရုတ္ဆုိတာကလည္း ကမာၻမွာ အက်ိဳးစီးပြားကလြဲရင္ က်န္တာ မၾကည္႕တဲ့သူအျဖစ္ နာမည္ထြက္ေနသူပါ။ ဆရာေအာ္ပီက်ယ္ ေျပာသလို၊ ဧရာ၀တီက သတို႕သမီး ဆိုရင္ သူၾကီးက လက္ညွိဳးထုိး ေပးစားသြားတာနဲ႕ ကၽြန္ေတာ္တုိ႕မိဘေတြက သတို႕သားကို ေသခ်ာေတာင္ မသိလိုက္ဘဲ ထုိးအပ္ရေတာ့မယ့္ကိန္း ျဖစ္ေနျပီး အဲဒီသတို႕သားဟာ ကမာၻ႕အႏွံ႕မွာလည္း မယားၾကီးေတြ ရွိတယ္။ အဲဒီမယားၾကီးေတြအားလံုးဟာလည္း ဒီသတို႕သားရဲ႕ ကတိမတည္မႈေတြေၾကာင့္ မ်က္ရည္နဲ႕ မ်က္ခြက္ ျဖစ္ေနရတယ္။ ဒီေတာ့ ဒီဆည္ေၾကာင့္ ဘယ္လုိေတြ ထိခိုက္ကုန္မယ္ ဆုိျပီး သြားေျပာရံုနဲ႕လည္း ညွာတာစိတ္ ၀င္မွာ မဟုတ္ပါဘူး။

ဒါေၾကာင့္ အစုိးရအတြက္လည္း တကယ့္ကို ေဘးၾကပ္နံၾကပ္ အေျခအေနမ်ိဳးပါပဲ။ ျငင္းလုိ႕လည္း မတတ္ႏုိင္၊ လက္ခံဖုိ႕ကလည္း မျဖစ္။

ေနာက္ျပီး စာခ်ဳပ္မွာ ဘာေတြ ပါမွန္း ဘယ္သူမွမသိလို႕ ဒါကို ခ်ျပဖို႕ အရင္ေတာင္းဆုိသင့္တယ္ ဆုိျပီး ေျပာေနၾကတာလည္း ရွိပါတယ္။ စဥ္းစားၾကည္႕ပါ။ ခုလက္ရွိ အစိုးရဟာ သူတုိ႕အာဏာရရင္ ဒီစာခ်ဳပ္ကုိ ျပည္သူ႕ထံ ခ်ျပမယ္ဆုိတဲ့ ကတိနဲ႕ တက္လာတဲ့ အစိုးရပါ။ ခု ေနာက္ေရြးေကာက္ပြဲေတာင္ ေရာက္ေတာ့မယ္။ ဘာမွန္း မသိရေသးပါဘူး။ ဒါကို ထပ္ေတာင္းဆုိေနရဦးမွာလား။

ဟုိဟာလည္း မရ၊ ဒီဟာလည္း မရ ဆုိေတာ့ ကၽြန္ေတာ္တုိ႕ လုပ္ႏုိင္တာ ဘာရွိလဲ။

ျပည္သူ႕အားေတြ စုေပါင္းဖုိ႕ပဲ က်န္ပါေတာ့တယ္။

ဧျပီလကုန္ပုိင္းေလာက္ တရုတ္ႏုိင္ငံမွာ Belt & Road Initiative (BRI) ပုိးလမ္းမစီမံကိန္းနဲ႕ ပတ္သက္တဲ့ Forum ရွိပါတယ္။ အဲဒီကုိ ျမန္မာေခါင္းေဆာင္ေတြလည္း သြားတက္ၾကမွာပါ။ အဲဒီပြဲမွာ ႏုိင္ငံ့ေခါင္းေဆာင္ေတြအေနနဲ႕ ေဆြးေႏြးတဲ့အခါ “ျပည္သူေတြက ငါတုိ႕ေနာက္မွာ ရွိတယ္၊ လိုအပ္ရင္ ေငြေၾကးပါ စို္က္ထုတ္မယ္ ဆုိတာမ်ိဳးထိ ဒီစီမံကိန္းကုိ ကန္႕ကြက္ေနၾကတယ္” ဆုိတဲ့ အသံကုိ ေပးခဲ့ေစခ်င္တာပါ။

ဘာလို႕ဆုိေတာ့ ဒီပုိးလမ္းမစီမံကိန္းကို အေကာင္အထည္ေဖာ္တဲ့အခါ သက္ဆုိင္ရာ ျပည္သူေတြရဲ႕ ဆႏၵၾကည္ျဖဴမႈ၊ ပူးေပါင္းပါ၀င္မႈေတြကို အေလးထားရမယ္ ဆုိတဲ့မူကုိ တရုတ္ကုိယ္တုိင္က ခ်ထားတာျဖစ္လုိ႕ ဒါကို နင္းျပီး ေဆြးေႏြးလို႕ရေအာင္ အသံေတြ ပူးေပါင္းတဲ့ပြဲလို႕ ခံစားနားလည္ခဲ့ပါတယ္။

ဆရာျမင့္မုိးေအာင္ ေျပာတဲ့ဥပမာလို ဗုံးက ကုိယ့္သေဘာၤဆီ လာေနျပီ၊ ဘယ္လိုလုပ္ရမွန္း မသိလုိ႕ သေဘာၤေပၚက လူေတြ တစ္ေယာက္ အၾကံတစ္ခု မျဖစ္မေန ေပးၾက ဆုိေတာ့ ျပီးျပီးေရာသေဘာနဲ႕ တစ္ေယာက္က ေျပာတယ္။ ကၽြန္ေတာ္တုိ႕ ေလနဲ႕ ၀ုိင္းမႈတ္ထုတ္ၾကမယ္တဲ့။ စဥ္းစားၾကည္႕၊ ဘယ္ေလာက္ရူးႏွမ္းတဲ့ အေတြးလဲ။ ဒါေပမဲ့ အဲ့လိုပါးစပ္နဲ႕ ေလမႈတ္တာ မဟုတ္ဘဲ စက္နဲ႕ မႈတ္ထုတ္တဲ့အခါ ဗံုးကုိ သေဘာၤနဲ႕ ေ၀းရာဆီ ပုိ႕လိုက္ႏုိင္ပါသတဲ့။ (အနည္းငယ္လြဲႏုိင္ပါတယ္၊ ဆုိလိုရင္းကုိသာ ၾကည္႕ေပးပါ)

ခုလည္း ဒီလိုမ်ိဳးပဲ။ တစ္ေယာက္ တစ္ေဒၚလာစီ ထည္႕ၾက ဆုိတာၾကီးက ရယ္စရာ ေကာင္းခ်င္ေကာင္းေနမယ္။ အလုပ္ျဖစ္ခ်င္မွ ျဖစ္မယ္။ သို႕ေသာ္ ဒီကတစ္ဆင့္ ပုိေကာင္းတဲ့၊ ပုိထိေရာက္တဲ့ ေျဖရွင္းနည္းေတြ ထြက္လာမယ္လို႕ ေမွ်ာ္လင့္ပါတယ္။ အနည္းဆံုးေတာ့ ျပည္သူေတြဟာ သူတုိ႕အိတ္စိုက္ျပီး ေလ်ာ္ေပးဖုိ႕ထိေတာင္ ဒါကုိ ကန္႕ကြက္ေနၾကတယ္ ဆုိတာကုိ သိသြားေစခ်င္တာပါပဲ။ (ဒါမွတစ္ပါး တျခားလုပ္စရာလည္း မရွိေတာ့ဘူးေလ)

ကၽြန္ေတာ္တုိ႕ဟာ တရုတ္ႏုိင္ငံနဲ႕ ဒီတစ္ခုတည္း ပတ္သက္ဆက္စပ္ေနရတာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္တုိ႕ ေငြေကာက္ျပီး ေလ်ာ္လုိက္ရံုနဲ႕ ျပီးမွာ မဟုတ္ဘူး။ အဲဒါက အေျဖတစ္ခုလို႕လည္း မထင္သလို၊ ဒီပြဲရဲ႕ ပထမဦးစားေပးကလည္း ျပည္သူ႕အသံေတြကုိ စုေပါင္းေစခ်င္တာပါ။ ဒီအတြက္ BRI Forum မတုိင္မီေလး ခုလို လုပ္ခဲ့တာလုိ႕ သိရပါတယ္။

ဒီပြဲနဲ႕ပတ္သက္လို႕ စီစဥ္သူေတြ၊ မီဒီယာေတြနဲ႕ ျပည္သူေတြၾကား Communication gap ျဖစ္ေနတယ္လုိ႕ ထင္မိပါတယ္။ ခုက တကယ့္အႏွစ္သာရျဖစ္တဲ့ တညီတညႊတ္တည္း ကန္႕ကြက္ရမယ့္အစား တစ္ေဒၚလာကိစၥကုိပဲ အာရံုေရာက္ျပီး ေ၀ဖန္ေနၾကတယ္။ တကယ့္အႏွစ္သာရက ျပည္သူေတြဟာ လံုး၀လက္သင့္မခံႏုိင္ဘူး ဆုိတာကုိ ျပသခ်င္တာပါ။ ဒါေၾကာင့္လည္း ခုလို ၀င္ရွင္းျပေပးတာ ျဖစ္ပါတယ္။

ေျပာခဲ့ျပီးသလို ျမစ္ဆံုကိစၥဟာ တစ္ႏုိင္ငံလံုးနဲ႕ ဆိုင္ပါတယ္။ ျမစ္တစ္စင္း တိမ္သြားတာ၊ သဘာ၀ပတ္၀န္းက်င္ ထိခိုက္တာေလာက္တင္ မဟုတ္ပါဘူး။ တစ္ရြာလံုး ပုိင္တာကို သူၾကီးက လက္ညွိဳးထုိး ေရာင္းသြားခဲ့ျပီးျပီ။ ဒါကို ျပန္ကယ္တင္ရမွာပါ။

တျခားဟာေတြ အျမင္မတူေတာင္ ျမစ္ဆံုမွာေတာ့ တူေစခ်င္ပါတယ္။ ေမေမတို႕အစိုးရ လုပ္တာမို႕ တုိင္းျပည္အက်ိဳးရွိမွာပါ ဆုိတာမ်ိဳး ဖာတာ ေထးတာ မလုပ္ပါနဲ႕။ ကုိယ္က ေနာက္ ၅ ႏွစ္ေလာက္ေနရင္ လူ႕ေလာကမွာ မရွိေလာက္ေတာ့ဘူး ထင္သူေတြ၊ တစ္မ်ိဳးလံုး ႏုိင္ငံရပ္ျခား ေျပာင္းေရႊ႕အေျခခ်ေတာ့မယ့္သူေတြကလြဲရင္ က်န္တဲ့ ျမန္မာႏုိင္ငံသားတုိင္းနဲ႕ သက္ဆုိင္ပါတယ္။ ဒါေၾကာင့္ ကုိယ့္သက္ဆုို္င္ရာအလုိက္ ပါ၀င္ေပးၾကဖို႕ တုိက္တြန္းခ်င္ပါတယ္။

ကၽြန္ေတာ့္အေနနဲ႕လည္း ပညာရွင္တစ္ေယာက္ မဟုတ္တာမို႕ မ်ားမ်ားစားစား မကူညီႏုိင္ေပမဲ့ ခုလို အမ်ားျပည္သူကုိ ရွင္းလင္းေအာင္ ေျပာျပေပးရတဲ့ ေနရာမ်ိဳးမွာေတာ့ ကၽြန္ေတာ္ အနည္းငယ္တတ္ကၽြမ္းတဲ့ စာေရးသားျခင္းပညာနဲ႕ ပါ၀င္သြားဖုိ႕ အသင့္ရွိေနတယ္ ဆုိတာေလး ေျပာခ်င္ပါတယ္။ ေက်းဇူးတင္ပါတယ္ခင္ဗ်။

(က်ေနာ့္ကြ်မ္းက်င္ရာ မဟုတ္ဘဲ ကိုယ္နားလည္ခဲ့သေလာက္ကို ႏုိင္ငံရဲ႕ လိုအပ္ခ်က္အရ ဝင္ေရးတာမို႔ လြဲေခ်ာ္မႈ တစ္စံုတစ္ရာ ရွိခဲ့ရင္လည္း ခြင့္လႊတ္ေပးေစခ်င္ပါတယ္)

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေဒါက္တာ ျဖိဳးသီဟ
၂၀.၄.၂၀၁၉
#Unicode Version#
ဒီပို့စ်လေးကို အဆုံးထိ ဖတ်ပေးဖို့နဲ့ ရှယ်သင့်တယ်ထင်ရင် ရှယ်ပေးဖို့ အရင်ဆုံး ပြောချင်ပါတယ်။

တကယ်တော့ မြစ်ဆုံကိစ္စဟာ ကျွန်တော်ကျွမ်းကျင်တဲ့ နယ်ပယ်မျိုး မဟုတ်ပါဘူး။ အမှန်ပြောရရင် ပွဲခေါင်းစဉ် ဖတ်ကြည့်တော့လည်း စိတ်ထဲ ဘဝင်မတွေ့လှဘူး။ မြစ်ဆုံကိစ္စဟာ ဒီလိုပြည်သူတွေ ဝိုင်းလျော်လိုက်ရုံနဲ့ ပြီးသွားလောက်အောင် မရိုးရှင်းဘူး ထင်လို့ပါ။ ဒါပေမဲ့ လေးစားရတဲ့ အန်တီဂျူးကိုယ်တိုင် ဖိတ်တာမို့ သွားနားထောင်ဖြစ်ခဲ့ပါတယ်။ ဒီတော့မှ မြစ်ဆုံကိစ္စကို ပိုပြီး သဘောပေါက်ခဲ့တယ်။ ပွဲရဲ့ ရည်ရွယ်ချက်ကိုလည်း နားလည်ခဲ့တယ်။ အခု တော်တော်များများ အထင်လွဲနေကြတာ သတိထားမိလို့လည်း ကိုယ်နားထောင်ခဲ့ရသလောက် ပြန်ရှင်းပြပေးချင်ပါတယ်။

အရင်ဦးဆုံး မြစ်ဆုံဆည် ဘာကြောင့် မဆောက်သင့်သလဲ ဆိုတာကို ပြောပြပါမယ်။ ဒါက ဆရာကြီး ဒေါက်တာထွန်းလွင် ပြောခဲ့တာ ကြာလှပါပြီ။ ဒီပွဲမှာလည်း ဆရာကြီးက အနှစ်ချုပ်သဘော ထပ်ပြောသွားပါတယ်။

၁) ဆောက်မှာက Mega Dam ဖြစ်ပါတယ်။

ဆည်ဆောက်တာမှာ ၃ မျိုး ရှိပါတယ်။ Small dam, Medium dam နဲ့ Mega dam ။ အဲဒီထဲမှာ မြစ်ဆုံမှာ ဆောက်မှာကတော့ Mega dam ဖြစ်ပါတယ်။ နိုင်ငံတကာက လေ့လာထားချက်တွေအရ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ အကျိုးအမြတ် မျှော်ကိုးပြီး Mega dam ဆောက်ရင် ပိုလို့တောင် အကြွေးနွံနစ်ကြရတယ်လို့ ပြောပါတယ်။ ဆည်က အချိန်မီမပြီး။ ကုန်ကျစရိတ်တွေက ကုန်နဲ့။ ဒါက အကျိုးအမြတ်အတွက်ဆိုတောင် မလုပ်သင့်ဘူးလို့ အတိအလင်း ပြောထားတာ။ ကျွန်တော်တို့ဟာက အကျိုးအမြတ် မျှော်တယ် ပြောရအောင်လည်း ကိုယ်က ၅% ပဲ ရမှာပါ။

၂) မြစ်ပျောက်ရင် လူတွေပါ ပျောက်ကုန်မယ်။

နိုင်ငံလူဦးရေရဲ့ ၇၀ % ဟာ ဒီမြစ်ကြောင့် အကျိုးရှိနေကြတာပါ။ ဒါကြောင့် ဒီမြစ်ပျက်စီးရင် ဒီလူတွေလည်း ထိခိုက်ကုန်ပါလိမ့်မယ်။ ကချင်ဒေသခံတွေဆိုလည်း ပြင်းပြင်းထန်ထန်ကို ကန့်ကွက်နေကြပါတယ်။

၃) Assessment သေချာလုပ်မထားပါ။

ဒီလိုဆည်တစ်ခု ဆောက်မယ်ဆို ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို သေချာလေ့လာဆန်းစစ်ပြီးမှ လုပ်ရပါသတဲ့။ တရုတ်မှာဆို ဆည်ရဲ့ အရွယ်အစားအလိုက် နှစ် ၅၀ ကြာ လုပ်ခဲ့တာတွေတောင် ရှိတယ်လို့ ဆိုပါတယ်။ ဒီမြစ်ဆုံဆည်နဲ့ ဧရာဝတီရဲ့ အရွယ်အရ အနည်းဆုံး ၆ နှစ်ကနေ ၈ နှစ် လုပ်သင့်ပေမဲ့ ခု ၂ နှစ်လောက်ပဲ လုပ်ထားပါတယ်။ ဒါကြောင့် ဆည်ကြောင့် ဖြစ်လာနိုင်ချေတွေက ဘေးကင်းလုံခြုံပါမယ်လို့ အာမ,မခံနိုင်ပါဘူး။

၄) အချုပ်အခြာ အာဏာ

တိုင်းပြည်ရဲ့ အပေါ်ဆုံးမှာ ဒီလောက်ကြီးတဲ့ ဆည်ကြီးကို ဆောက်ထားပြီး ထိန်းချုပ်ခွင့်ကလည်း သူတို့ဆီမှာ ပေးထားရတယ် ဆိုတဲ့ အဓိပ္ပါယ်ဟာ ဘာကို ဆိုလိုသလဲ သဘောပေါက်မယ် ထင်ပါတယ်။ တစ်သက်လုံး သူတို့မျက်နှာပဲ ကြည့်သွားရတော့မယ့် သဘော ဖြစ်နေပါတယ်။ တခြားပြဿနာတွေက အဲ့ဒေသတစ်ဝိုက်က လူတွေပဲ ထိတယ်လို့ တွေးမယ်ဆိုတောင် မြစ်ဆုံကတော့ တစ်ပြည်လုံးအတွက် သိပ်ကိုမှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေမျိုးပါ။

ဒါက ဆရာကြီး ပညာရပ်ရှုထောင့်ကနေ ပြောခဲ့တဲ့ အချက်တချို့ ဖြစ်ပါတယ်။ (အနည်းငယ် လွဲကောင်းလွဲနိုင်ပါတယ်) တွေးရင်းနဲ့တောင် ရင်မောစရာကောင်းတဲ့ ကိစ္စမျိုးပါ။

ဟုတ်ပြီ။ မလုပ်သင့်ဘူး ဆိုတာ သေချာနေပြီဆိုတော့ တားရမယ်။ ဘယ်လိုတားကြမလဲ။

အစိုးရသစ်ဟာ ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ အနောက်အုပ်စုနဲ့ ကွဲလာပါတယ်။ ဆိုလိုတာက တရုတ်ကလွဲလို့ ရွေးချယ်စရာ မရှိဘူးဆိုတဲ့ စစ်အစိုးရလက်ထက်က ပုံစံမျိုး ပြန်ဖြစ်နေပါတယ်။ ငြိမ်းချမ်းရေးဟာလည်း တရုတ်နဲ့ ပတ်သက်နေပြန်တယ်။ သူတို့အပေါ် မူတည်နေပြန်တယ်။ ဧရာဝတီကို ငါတို့ပိုင်တယ် ဘာညာလျှောက်အော်မနေဘဲ လက်တွေ့ကျကျ ကြည့်မယ်ဆို အဲဒီအခြေအနေကို မြင်ပါလိမ့်မယ်။

နောက်ပြီး တရုတ်ဆိုတာကလည်း ကမ္ဘာမှာ အကျိုးစီးပွားကလွဲရင် ကျန်တာ မကြည့်တဲ့သူအဖြစ် နာမည်ထွက်နေသူပါ။ ဆရာအော်ပီကျယ် ပြောသလို၊ ဧရာဝတီက သတို့သမီး ဆိုရင် သူကြီးက လက်ညှိုးထိုး ပေးစားသွားတာနဲ့ ကျွန်တော်တို့မိဘတွေက သတို့သားကို သေချာတောင် မသိလိုက်ဘဲ ထိုးအပ်ရတော့မယ့်ကိန်း ဖြစ်နေပြီး အဲဒီသတို့သားဟာ ကမ္ဘာ့အနှံ့မှာလည်း မယားကြီးတွေ ရှိတယ်။ အဲဒီမယားကြီးတွေအားလုံးဟာလည်း ဒီသတို့သားရဲ့ ကတိမတည်မှုတွေကြောင့် မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေရတယ်။ ဒီတော့ ဒီဆည်ကြောင့် ဘယ်လိုတွေ ထိခိုက်ကုန်မယ် ဆိုပြီး သွားပြောရုံနဲ့လည်း ညှာတာစိတ် ဝင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် အစိုးရအတွက်လည်း တကယ့်ကို ဘေးကြပ်နံကြပ် အခြေအနေမျိုးပါပဲ။ ငြင်းလို့လည်း မတတ်နိုင်၊ လက်ခံဖို့ကလည်း မဖြစ်။

နောက်ပြီး စာချုပ်မှာ ဘာတွေ ပါမှန်း ဘယ်သူမှမသိလို့ ဒါကို ချပြဖို့ အရင်တောင်းဆိုသင့်တယ် ဆိုပြီး ပြောနေကြတာလည်း ရှိပါတယ်။ စဉ်းစားကြည့်ပါ။ ခုလက်ရှိ အစိုးရဟာ သူတို့အာဏာရရင် ဒီစာချုပ်ကို ပြည်သူ့ထံ ချပြမယ်ဆိုတဲ့ ကတိနဲ့ တက်လာတဲ့ အစိုးရပါ။ ခု နောက်ရွေးကောက်ပွဲတောင် ရောက်တော့မယ်။ ဘာမှန်း မသိရသေးပါဘူး။ ဒါကို ထပ်တောင်းဆိုနေရဦးမှာလား။

ဟိုဟာလည်း မရ၊ ဒီဟာလည်း မရ ဆိုတော့ ကျွန်တော်တို့ လုပ်နိုင်တာ ဘာရှိလဲ။

ပြည်သူ့အားတွေ စုပေါင်းဖို့ပဲ ကျန်ပါတော့တယ်။

ဧပြီလကုန်ပိုင်းလောက် တရုတ်နိုင်ငံမှာ Belt & Road Initiative (BRI) ပိုးလမ်းမစီမံကိန်းနဲ့ ပတ်သက်တဲ့ Forum ရှိပါတယ်။ အဲဒီကို မြန်မာခေါင်းဆောင်တွေလည်း သွားတက်ကြမှာပါ။ အဲဒီပွဲမှာ နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ ဆွေးနွေးတဲ့အခါ “ပြည်သူတွေက ငါတို့နောက်မှာ ရှိတယ်၊ လိုအပ်ရင် ငွေကြေးပါ စိုက်ထုတ်မယ် ဆိုတာမျိုးထိ ဒီစီမံကိန်းကို ကန့်ကွက်နေကြတယ်” ဆိုတဲ့ အသံကို ပေးခဲ့စေချင်တာပါ။

ဘာလို့ဆိုတော့ ဒီပိုးလမ်းမစီမံကိန်းကို အကောင်အထည်ဖော်တဲ့အခါ သက်ဆိုင်ရာ ပြည်သူတွေရဲ့ ဆန္ဒကြည်ဖြူမှု၊ ပူးပေါင်းပါဝင်မှုတွေကို အလေးထားရမယ် ဆိုတဲ့မူကို တရုတ်ကိုယ်တိုင်က ချထားတာဖြစ်လို့ ဒါကို နင်းပြီး ဆွေးနွေးလို့ရအောင် အသံတွေ ပူးပေါင်းတဲ့ပွဲလို့ ခံစားနားလည်ခဲ့ပါတယ်။

ဆရာမြင့်မိုးအောင် ပြောတဲ့ဥပမာလို ဗုံးက ကိုယ့်သဘောၤဆီ လာနေပြီ၊ ဘယ်လိုလုပ်ရမှန်း မသိလို့ သဘောၤပေါ်က လူတွေ တစ်ယောက် အကြံတစ်ခု မဖြစ်မနေ ပေးကြ ဆိုတော့ ပြီးပြီးရောသဘောနဲ့ တစ်ယောက်က ပြောတယ်။ ကျွန်တော်တို့ လေနဲ့ ဝိုင်းမှုတ်ထုတ်ကြမယ်တဲ့။ စဉ်းစားကြည့်၊ ဘယ်လောက်ရူးနှမ်းတဲ့ အတွေးလဲ။ ဒါပေမဲ့ အဲ့လိုပါးစပ်နဲ့ လေမှုတ်တာ မဟုတ်ဘဲ စက်နဲ့ မှုတ်ထုတ်တဲ့အခါ ဗုံးကို သဘောၤနဲ့ ဝေးရာဆီ ပို့လိုက်နိုင်ပါသတဲ့။ (အနည်းငယ်လွဲနိုင်ပါတယ်၊ ဆိုလိုရင်းကိုသာ ကြည့်ပေးပါ)

ခုလည်း ဒီလိုမျိုးပဲ။ တစ်ယောက် တစ်ဒေါ်လာစီ ထည့်ကြ ဆိုတာကြီးက ရယ်စရာ ကောင်းချင်ကောင်းနေမယ်။ အလုပ်ဖြစ်ချင်မှ ဖြစ်မယ်။ သို့သော် ဒီကတစ်ဆင့် ပိုကောင်းတဲ့၊ ပိုထိရောက်တဲ့ ဖြေရှင်းနည်းတွေ ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။ အနည်းဆုံးတော့ ပြည်သူတွေဟာ သူတို့အိတ်စိုက်ပြီး လျော်ပေးဖို့ထိတောင် ဒါကို ကန့်ကွက်နေကြတယ် ဆိုတာကို သိသွားစေချင်တာပါပဲ။ (ဒါမှတစ်ပါး တခြားလုပ်စရာလည်း မရှိတော့ဘူးလေ)

ကျွန်တော်တို့ဟာ တရုတ်နိုင်ငံနဲ့ ဒီတစ်ခုတည်း ပတ်သက်ဆက်စပ်နေရတာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ငွေကောက်ပြီး လျော်လိုက်ရုံနဲ့ ပြီးမှာ မဟုတ်ဘူး။ အဲဒါက အဖြေတစ်ခုလို့လည်း မထင်သလို၊ ဒီပွဲရဲ့ ပထမဦးစားပေးကလည်း ပြည်သူ့အသံတွေကို စုပေါင်းစေချင်တာပါ။ ဒီအတွက် BRI Forum မတိုင်မီလေး ခုလို လုပ်ခဲ့တာလို့ သိရပါတယ်။

ဒီပွဲနဲ့ပတ်သက်လို့ စီစဉ်သူတွေ၊ မီဒီယာတွေနဲ့ ပြည်သူတွေကြား Communication gap ဖြစ်နေတယ်လို့ ထင်မိပါတယ်။ ခုက တကယ့်အနှစ်သာရဖြစ်တဲ့ တညီတညွှတ်တည်း ကန့်ကွက်ရမယ့်အစား တစ်ဒေါ်လာကိစ္စကိုပဲ အာရုံရောက်ပြီး ဝေဖန်နေကြတယ်။ တကယ့်အနှစ်သာရက ပြည်သူတွေဟာ လုံးဝလက်သင့်မခံနိုင်ဘူး ဆိုတာကို ပြသချင်တာပါ။ ဒါကြောင့်လည်း ခုလို ဝင်ရှင်းပြပေးတာ ဖြစ်ပါတယ်။

ပြောခဲ့ပြီးသလို မြစ်ဆုံကိစ္စဟာ တစ်နိုင်ငံလုံးနဲ့ ဆိုင်ပါတယ်။ မြစ်တစ်စင်း တိမ်သွားတာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်တာလောက်တင် မဟုတ်ပါဘူး။ တစ်ရွာလုံး ပိုင်တာကို သူကြီးက လက်ညှိုးထိုး ရောင်းသွားခဲ့ပြီးပြီ။ ဒါကို ပြန်ကယ်တင်ရမှာပါ။

တခြားဟာတွေ အမြင်မတူတောင် မြစ်ဆုံမှာတော့ တူစေချင်ပါတယ်။ မေမေတို့အစိုးရ လုပ်တာမို့ တိုင်းပြည်အကျိုးရှိမှာပါ ဆိုတာမျိုး ဖာတာ ထေးတာ မလုပ်ပါနဲ့။ ကိုယ်က နောက် ၅ နှစ်လောက်နေရင် လူ့လောကမှာ မရှိလောက်တော့ဘူး ထင်သူတွေ၊ တစ်မျိုးလုံး နိုင်ငံရပ်ခြား ပြောင်းရွှေ့အခြေချတော့မယ့်သူတွေကလွဲရင် ကျန်တဲ့ မြန်မာနိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် ကိုယ့်သက်ဆိုင်ရာအလိုက် ပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

ကျွန်တော့်အနေနဲ့လည်း ပညာရှင်တစ်ယောက် မဟုတ်တာမို့ များများစားစား မကူညီနိုင်ပေမဲ့ ခုလို အများပြည်သူကို ရှင်းလင်းအောင် ပြောပြပေးရတဲ့ နေရာမျိုးမှာတော့ ကျွန်တော် အနည်းငယ်တတ်ကျွမ်းတဲ့ စာရေးသားခြင်းပညာနဲ့ ပါဝင်သွားဖို့ အသင့်ရှိနေတယ် ဆိုတာလေး ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

(ကျနော့်ကျွမ်းကျင်ရာ မဟုတ်ဘဲ ကိုယ်နားလည်ခဲ့သလောက်ကို နိုင်ငံရဲ့ လိုအပ်ချက်အရ ဝင်ရေးတာမို့ လွဲချော်မှု တစ်စုံတစ်ရာ ရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးစေချင်ပါတယ်)

ဖိုးသူတော်(www.phothutaw.com)
Credit:ဒေါက်တာ ဖြိုးသီဟ
၂၀.၄.၂၀၁၉
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top