မြန်မာ့လက်ရွေးစင်ဘောလုံး သမားလေးအောင်သူနဲ့သရုပ်ဆောင် မင်း သမီးချောလေး ပိုးအိအိခန့်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲအခမ်းအနားကို မတ် လ ၂၆ ရက် ညပိုင်းကရန်ကုန်မြို့၊Western Park Ruby မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၉ လ လောက်ကတည်းက လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးထားကြ တယ်ဆိုတဲ့သတင်းတွေကိုလည်း သူတို့က အခုလိုရှင်းပြပါတယ်။
“လက်ထပ်စာချုပ်ထဲမှာ လက် မှတ်ထိုးထားတာ ၉ လလောက်ရှိပါပြီ။ သူ လည်း ထိုင်းမှာအသင်းနဲ့ စာချုပ်ချုပ်ရတာတွေနဲ့ မအားဘူး။ သူအားတဲ့ရက်လေး ကို စီစဉ်ရင်းနဲ့ အခုမှ မင်္ဂလာဆောင်ဖြစ်တာပေါ့”လို့ပိုးအိအိခန့်က ပြောပါ တယ်။
ချစ်သူ သက်တမ်း ၃ နှစ်အတွင်းမှာ ဘဝကို နှစ်ဦးအတူ ဖြတ်သန်းဖြစ်တာ ကတော့ …
“အဓိကကတော့ ယုံကြည်မှုပါပဲ။ တစ်ယောက်နဲ့တစ် ယောက်ယုံ ကြည်မှုရှိတယ်။ နားလည် မှုလည်းရှိတယ်ပေါ့။ ပြီးတော့ ကျွန် တော့်အပေါ်လည်း ကောင်းမယ်ထင်တယ်။
အဲဒီအတွက် ကျွန်တော်ရွေးချယ်ဖြစ်တာပါ”လို့ အောင်သူက ပြောသလို ပိုးအိအိခန့်ကလည်း …
“သူ့ကိုလည်း ညီမက တစ် သက်လုံးအတွက် ယုံကြည်ရမယ့် ယောကျာ်းတစ်ယောက်ဆိုပြီးတော့ စိတ်ထဲမှာ တကယ်လည်း ယုံကြည်တယ်။ ပြီးတော့ ချစ်လည်းချစ်တယ်။
အဲဒါ ကြောင့်မို့လို့ လက်တွဲဖော်အဖြစ်နဲ့ စဉ်းစားလိုက်တာပါ”လို့ ဆိုပါတယ်။
အောင်သူက လက်ရှိ အချိန်မှာ ထိုင်းလိဂ်က Muangthong United FC မှာ ကစားနေတဲ့ ကစား သမားတစ်ဦးဖြစ်ပါတယ်။
သျှောင်နောက်ဆံထုံးပါဆိုသလို အောင်သူ့နောက်ကို လိုက်ပါသွားတော့မယ်ဆိုတဲ့ ပိုးအိအိခန့်က …
“အနုပညာနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ညီမတို့ အနုပညာမှာလည်း ခေတ်ကအရင်တုန်းကလောက် ကောင်းနေတဲ့အချိန် မဟုတ်ဘူးလေ။ နည်းနည်းအေးနေတယ်ပေါ့နော်။
အခု ချိန်မှာ ညီမကအိမ်ထောင်လည်းကျသွားပြီဆိုတော့ သူ့နားမှာလိုက်နေမယ်။ သူ့အတွက် လိုအပ်တာလေးတွေ လိုက်ဖြည့်ဆည်းပေးမယ်။ ပြီးတော့ အနုပညာ ကလည်း အလုပ်တွေပါးနေတဲ့အတွက်ကြောင့်ကျောင်းနဲပတ်သက်တဲ့ ကိစ္စ လေးတွေ လုပ်မယ်ပေါ့နော်။ လောလောဆယ်မှာတော့ အဲဒီလိုမျိုးတွေပဲ ရှိပါ တယ်။
အားလုံးကို စွန့်ခွာပြီးသွားတယ်ဆိုတာထက် ထိုင်းနဲ့ မြန်မာဆိုတာကလည်း သွားလို့လာလို့အဆင်ပြေနေတဲ့နေရာဆိုတော့ ကိုယ်အလုပ်ရှိရင်လည်း ပြန်လာမယ်။အလုပ်မရှိရင်လည်း သူ့အနားမှာနေမယ်ပေါ့”လို့ ပြောပါတယ်။ အချစ်ရေးမှာလည်း ကံကောင်းပြီးပြီ။
အားကစားမှာလည်း တစ်နိုင်ငံလုံးက ချစ်ကြတဲ့ကစားသမားဆိုတော့ အောင်သူရဲ့ မျှော်လင့်ချက်က…
“မျှော်လင့် ချက်ကတော့ ကျွန်တော်ကတော့ ဘယ်သူပဲလာမေးမေး လက်ရွေးစင်တို့ဘာတို့ ကမ့်ဝင်လို့လာမေးလည်း မျှော်မှန်း ချက်က ဘာလဲလို့မေးရင် ငါဘယ်ရောက်ရမယ်
ဥရောပရောက်ရမယ်။ အဲဒီလိုမျိုး မျှော်လင့်ချက် မထားဖူးဘူး။ ကျွန်တော့် ဆီမှာရှိတာကတော့ ကိုယ်တတ်နိုင်သလောက်သွားကြည့်မယ်။ ကိုယ့်မှာ အစွမ်း ရှိသလောက် ကိုယ်လုပ်ကြည့် မယ်။
အဲဒါပါပဲ”လို့ အောင်သူက ပြောပြခဲ့ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:Popular Journal
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top