ကခ်င္ျပည္နယ္ရွိသစ္ ေတာႀကိဳး၀ိုင္းႏွစ္ခုအတြင္း က်ဴး ေက်ာ္ကာ တစ္သွ်ဴးငွက္ေပ်ာဧက ငါးေထာင္ေက်ာ္တရားမ၀င္ ၀င္ ေရာက္စိုက္ပ်ိဳးထားသည့္ ကုမၸဏီ ငါးခုကို တရားစြဲဆိုမည္ဟု ျပည္နယ္သစ္ေတာဦးစီးဌာန ဦး စီးမွဴး ဦးခင္ေမာင္ဦးကေျပာ သည္။

၀ိုင္းေမာ္ၿမိဳ႕နယ္ အတြင္းရွိ ၀ါေရွာင္ႏွင့္ နန္႔၀ါသစ္ေတာႀကိဳး ၀ိုင္းအတြင္း တစ္သွ်ဴးငွက္ေပ်ာ ကုမၸဏီမ်ားျဖစ္ေသာ လြယ္ဖူး ဘြမ္၊ ရွိန္သာ၊ ခ်မ္းရင္ခူး၊ မ်ိဳး ဆက္ၾကယ္ပြင့္၊ မလိခနဂါးတုိ႔က တစ္သွ်ဴးငွက္ေပ်ာစိုက္ထားျခင္း ေၾကာင့္ ဖယ္ရွားေပးေရး တရား စြဲဆိုရန္ ၫႊန္ၾကားထားသည္ဟု ၎ကေျပာသည္။

‘‘ကုမၸဏီ ငါးခုကို တရားစြဲ ဖို႔ၿမိဳ႕နယ္သစ္ေတာကို ၫႊန္ၾကား ထားပါတယ္။ စိစစ္တာတုိ႔၊ ေက်း ရြာေတြမွာသက္ေသယူတာတုိ႔ ေဆာင္ရြက္ေနပါတယ္’’ ဟု ဦး ခင္ေမာင္ဦးကဆိုသည္။

သစ္ေတာဦးစီးဌာနက ၎တစ္သွ်ဴးငွက္ေပ်ာကုမၸဏီငါးခု ကို တရားစြဲဆိုျခင္းသည္ ဒုတိယအႀကိမ္ျဖစ္ၿပီး ပထမတစ္ႀကိမ္တြင္ တရား႐ံုးက ေငြဒဏ္ခ်မွတ္ကာ ဖယ္ရွားေပးရန္ အမိန္႔ခ်မွတ္ျခင္းမရွိေပ။ ထို႔ေၾကာင့္ ၂၀၁၈ စက္တင္ဘာက အတည္ျပဳခဲ့ေသာ သစ္ေတာဥပေဒျဖင့္ ထပ္မံတရားစြဲရန္ ျပင္ဆင္ျခင္းျဖစ္သည္။

၀ိုင္းေမာ္ၿမိဳ႕နယ္တြင္ တစ္ သွ်ဴးငွက္ေပ်ာကုမၸဏီ ၂၀ ေက်ာ္ က ဧကေျခာက္ေသာင္းေက်ာ္ စိုက္ပ်ိဳးထားသည္ဟု စာရင္းအရ သိရွိထားေသာ္လည္း ယင္းပမာ ဏထက္ပိုႏုိင္သည္ဟု ျပည္နယ္ စိုက္ပ်ိဳးေရး၀န္ႀကီးဦးေက်ာ္ေက်ာ္ ၀င္းကေျပာသည္။

သစ္ေတာဧရိယာအတြင္း စိုက္ပ်ိဳးထားသည့္ တစ္သွ်ဴးငွက္ ေပ်ာခင္းမ်ားကို ၀ိုင္းေမာ္ – ေဒါ့ ဖုန္းယန္ကားလမ္းမေဘးတြင္ အ ထင္အရွားေတြ႕ရသည္။

‘‘ကုမၸဏီေတြကို သစ္ေတာ ပိုင္ေျမကေန ဖယ္ရွာေပးဖို႔ သစ္ ေတာဌာနက သံုးႀကိမ္ႏို႔တစ္စာ ထုတ္ခဲ့တယ္။ ဒါေပမဲ့ မဖယ္ ၾကဘူး။ အခုကအရင္လိုမဟုတ္ ဘူး။ ေခတ္ကေျပာင္းသြားၿပီ’’ ဟု ၀ိုင္းေမာ္ၿမိဳ႕နယ္အမ်ိဳးသားဒီမိုက ေရစီအဖြဲ႕ခ်ဳပ္မွ ဦးဉာဏ္ထြန္းက ေျပာသည္။

သစ္ေတာဧရိယာမ်ားအ တြင္း တစ္သွ်ဴးငွက္ေပ်ာစိုက္ပ်ိဳး မႈကို ယခင္က မတားဆီးႏုိင္ျခင္း မွာ လံုၿခံဳေရးအေျခအေနအရ ကန္႔သတ္မႈမ်ားရွိ၍ ျဖစ္ေၾကာင္း သစ္ေတာဦးစီးဌာန တာ၀န္ရွိသူ မ်ားကဆိုသည္။

ယခုအခါေဒသခံမ်ားကိုယ္ တုိင္က တစ္သွ်ဴးငွက္ေပ်ာစိုက္ ပ်ိဳးမႈကို လက္မခံေတာ့သလို သစ္ေတာ၀န္ထမ္းမ်ားကိုယ္တုိင္ နယ္ေျမကြင္းဆင္းစစ္ေဆးႏုိင္ၿပီ ျဖစ္၍ ကုမၸဏီမ်ား၏ တရားမ၀င္ စိုက္ပ်ိဳးထားမႈကို စိစစ္ေတြ႕ရွိျခင္း ျဖစ္ေၾကာင္း ဦးခင္ေမာင္ဦးက ေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ကုမၸဏီငါးခုထံ ဆက္သြယ္ေမး ျမန္းရန္ႀကိဳးစားေသာ္လည္း မရ ေပ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:7daydaily
#Unicode Version#


ကချင်ပြည်နယ်ရှိသစ် တောကြိုးဝိုင်းနှစ်ခုအတွင်း ကျူး ကျော်ကာ တစ်သျှူးငှက်ပျောဧက ငါးထောင်ကျော်တရားမဝင် ဝင် ရောက်စိုက်ပျိုးထားသည့် ကုမ္ပဏီ ငါးခုကို တရားစွဲဆိုမည်ဟု ပြည်နယ်သစ်တောဦးစီးဌာန ဦး စီးမှူး ဦးခင်မောင်ဦးကပြော သည်။

ဝိုင်းမော်မြို့နယ် အတွင်းရှိ ဝါရှောင်နှင့် နန့်ဝါသစ်တောကြိုး ဝိုင်းအတွင်း တစ်သျှူးငှက်ပျော ကုမ္ပဏီများဖြစ်သော လွယ်ဖူး ဘွမ်၊ ရှိန်သာ၊ ချမ်းရင်ခူး၊ မျိုး ဆက်ကြယ်ပွင့်၊ မလိခနဂါးတို့က တစ်သျှူးငှက်ပျောစိုက်ထားခြင်း ကြောင့် ဖယ်ရှားပေးရေး တရား စွဲဆိုရန် ညွှန်ကြားထားသည်ဟု ၎င်းကပြောသည်။

‘‘ကုမ္ပဏီ ငါးခုကို တရားစွဲ ဖို့မြို့နယ်သစ်တောကို ညွှန်ကြား ထားပါတယ်။ စိစစ်တာတို့၊ ကျေး ရွာတွေမှာသက်သေယူတာတို့ ဆောင်ရွက်နေပါတယ်’’ ဟု ဦး ခင်မောင်ဦးကဆိုသည်။

သစ်တောဦးစီးဌာနက ၎င်းတစ်သျှူးငှက်ပျောကုမ္ပဏီငါးခု ကို တရားစွဲဆိုခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမတစ်ကြိမ်တွင် တရားရုံးက ငွေဒဏ်ချမှတ်ကာ ဖယ်ရှားပေးရန် အမိန့်ချမှတ်ခြင်းမရှိပေ။ ထို့ကြောင့် ၂၀၁၈ စက်တင်ဘာက အတည်ပြုခဲ့သော သစ်တောဥပဒေဖြင့် ထပ်မံတရားစွဲရန် ပြင်ဆင်ခြင်းဖြစ်သည်။

ဝိုင်းမော်မြို့နယ်တွင် တစ် သျှူးငှက်ပျောကုမ္ပဏီ ၂၀ ကျော် က ဧကခြောက်သောင်းကျော် စိုက်ပျိုးထားသည်ဟု စာရင်းအရ သိရှိထားသော်လည်း ယင်းပမာ ဏထက်ပိုနိုင်သည်ဟု ပြည်နယ် စိုက်ပျိုးရေးဝန်ကြီးဦးကျော်ကျော် ဝင်းကပြောသည်။

သစ်တောဧရိယာအတွင်း စိုက်ပျိုးထားသည့် တစ်သျှူးငှက် ပျောခင်းများကို ဝိုင်းမော် – ဒေါ့ ဖုန်းယန်ကားလမ်းမဘေးတွင် အ ထင်အရှားတွေ့ရသည်။

‘‘ကုမ္ပဏီတွေကို သစ်တော ပိုင်မြေကနေ ဖယ်ရှာပေးဖို့ သစ် တောဌာနက သုံးကြိမ်နို့တစ်စာ ထုတ်ခဲ့တယ်။ ဒါပေမဲ့ မဖယ် ကြဘူး။ အခုကအရင်လိုမဟုတ် ဘူး။ ခေတ်ကပြောင်းသွားပြီ’’ ဟု ဝိုင်းမော်မြို့နယ်အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ဦးဉာဏ်ထွန်းက ပြောသည်။

သစ်တောဧရိယာများအ တွင်း တစ်သျှူးငှက်ပျောစိုက်ပျိုး မှုကို ယခင်က မတားဆီးနိုင်ခြင်း မှာ လုံခြုံရေးအခြေအနေအရ ကန့်သတ်မှုများရှိ၍ ဖြစ်ကြောင်း သစ်တောဦးစီးဌာန တာဝန်ရှိသူ များကဆိုသည်။

ယခုအခါဒေသခံများကိုယ် တိုင်က တစ်သျှူးငှက်ပျောစိုက် ပျိုးမှုကို လက်မခံတော့သလို သစ်တောဝန်ထမ်းများကိုယ်တိုင် နယ်မြေကွင်းဆင်းစစ်ဆေးနိုင်ပြီ ဖြစ်၍ ကုမ္ပဏီများ၏ တရားမဝင် စိုက်ပျိုးထားမှုကို စိစစ်တွေ့ရှိခြင်း ဖြစ်ကြောင်း ဦးခင်မောင်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကုမ္ပဏီငါးခုထံ ဆက်သွယ်မေး မြန်းရန်ကြိုးစားသော်လည်း မရ ပေ။


ဖိုးသူတော်(www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top