ဟန္နာယူရီနဲ႔ဘန္နီျဖိဳးဟာ ခုနစ္နွစ္ေက်ာ္ခ်စ္ၾကိဳက္လာတဲ့ ခ်စ္သူေတြျဖစ္ပါတယ္။ ဒါေပမယ့္ ဟန္နာယူရီက သူမရဲ႕လုပ္ငန္းျပႆနာေတြနဲ႔ စိတ္ညစ္စရာေတြအျပည့္ျဖစ္ေနတဲ့အခ်ိန္မွာ အေၾကာင္းေၾကာင္းေၾကာင့္ဘန္နီျဖိဳးကပါ သူမကုိ လမ္းခြဲသြားခဲ့တာပါ။ သူတို႔စံုတြဲေလးဟာ အရမ္းကုိခ်စ္ဖုိ႔ေကာင္းျပီး ပရိသတ္ေတာ္ေတာ္မ်ားမ်ားရဲ႕ Idol couple ျဖစ္ခဲ့တာေၾကာင့္ လမ္းခြဲၾကတဲ့အခ်ိန္မွာ ေဝဖန္မႈေတြအမ်ားအျပားေပၚထြက္လာခဲ့ပါတယ္။

အခ်ိဳ႕ကလည္း ဘန္နီျဖိဳးက အပူဟပ္လို႔လမ္းခြဲသြားတာလို႔ ေျပာျပီး ဟန္နာယူရီကေတာ့ သူမရဲ႕ ပုိ႔စ္တစ္ခုက comment မွာ နွစ္ေယာက္ၾကားကုိ တတိယလူဝင္လာခဲ့တယ္လို႔ ရင္ဖြင့္ခဲ့ဖူးပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ နွစ္ေတြအၾကာၾကီးတည္ေဆာက္ထားခဲ့တဲ့ အခ်စ္ေရးတစ္ခုျပိဳကြဲသြားျခင္းဟာ အျပင္လူေတြထက္ ကာယကံရွင္နွစ္ဦးကုိ ပိုျပီးထိခိုက္ေၾကကြဲေစမွာေသခ်ာပါတယ္။ လမ္းခြဲခဲ့တာနွစ္နွစ္ေလာက္ၾကာျပီျဖစ္ေပမယ့္လည္း သူတို႔နွစ္ေယာက္စလံုးရဲ႕ပရိသတ္အခ်ိဳ႕ကေတာ့ သူတို႔နွစ္ေယာက္ခ်စ္ၾကည္နူးခဲ့စဥ္က အျဖစ္အပ်က္ေတြကုိ အမွတ္တရရွိေနၾကဆဲပါပဲ။

ခ်စ္သူကုိအရမ္းကုိတြယ္ကပ္ျပီး အရမ္းခ်စ္ခဲ့တဲ့ဟန္နာယူရီတစ္ေယာက္ေတာ့ လမ္းခြဲျပီးသြားရင္ဘယ္လုိေတာင္ စိတ္ဓာတ္ေတြယိမ္းယိုင္ျပိဳလဲျပီး အသည္းကြဲခံစားေနရမလဲလို႔ ပရိသတ္ေတြပူပန္စုိးရိမ္ေနခဲ့ၾကေပမယ့္ ဟန္နာယူရီကေတာ ့လမ္းခြဲသြားျပီးမွ ေလာင္းရိပ္ေအာက္ကလြတ္သြားတဲ့ ပန္းတစ္ပြင့္လို အစြမ္းကုန္အလွပဆံုးပြင့္လန္းလာခဲ့တာေတြ႕ရပါတယ္။

အခုဆိုရင္ SFX Make Up Artist အျဖစ္ ျမန္မာနုိင္ငံရဲ႕ ရုပ္ရွင္ကားၾကီးေတြမွာ ပါဝင္ေနျပီျဖစ္သလို ကုိယ္တိုင္လည္း ေအာင္ျမင္တဲ့ေမာ္ဒယ္တစ္ေယာက္ျဖစ္ေနတဲ့ ဟန္နာယူရီက ခိုင္မာတဲ့ ပရိသတ္အင္အားကိုလည္း အေသအခ်ာရထားျပီလို႔ဆိုရမွာပါ။ ဟန္နာယူရီဟာ မၾကာေသးမီက ပရိသတ္ေတြအတြက္ Instagram မွာ Q and A section ေလးတစ္ခုုလုပ္ခဲ့ပါတယ္။ အဲဒီမွာ ပရိသတ္ေတြေမးတဲ့ ေမးခြန္းေပါင္းေျမာက္မ်ားစြာကုိ စိတ္ရွည္လက္ရွည္ေျဖၾကားထားတာေတြ႕ရပါတယ္။

ပရိသတ္တစ္ေယာက္က ဟန္နာယူရီကုိ “ကုိယ့္ရည္းစားေဟာင္းက ရည္းစားအသစ္ရသြားရင္ ဘယ္လုိခံစားရမလဲ”လို႔ ေမးထားျပီး ဟန္နာယူရီက အဲဒီေမးခြန္းကုိ “ရည္းစားအသစ္ရရ ဘယ္လိုမိန္းမမ်ိဳးနဲ႔တြဲတြဲ ျဖစ္ခ်င္ရာျဖစ္ ကိုယ္နဲ႔လည္းမဆိုင္ေတာ့လို႔ ဘာခံစားခ်က္မွမရွိပါဘူးရွင္။ Ri က ျပတ္ျပီဆိုကတည္းက မခ်စ္ေတာ့လို႔ လမ္းခြဲခဲ့တာျဖစ္လို႔ ရည္းစားေဟာင္းေတြအဆက္ေဟာင္းေတြကုိ ေသသြားျပီလို႔ပဲ သတ္မွတ္လိုက္ပါတယ္”လို႔ ေျဖၾကားထားတာေတြ႕ရပါတယ္။ ေနာက္ျပီး “Ri ေရာ ရည္းစားအသစ္ရျပီလား”ဆိုတဲ့ေမးခြန္းကုိေတာ့ “Single ပါ”လို႔ ေျဖထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

ဟန်နာယူရီနဲ့ဘန်နီဖြိုးဟာ ခုနစ်နှစ်ကျော်ချစ်ကြိုက်လာတဲ့ ချစ်သူတွေဖြစ်ပါတယ်။ ဒါပေမယ့် ဟန်နာယူရီက သူမရဲ့လုပ်ငန်းပြဿနာတွေနဲ့ စိတ်ညစ်စရာတွေအပြည့်ဖြစ်နေတဲ့အချိန်မှာ အကြောင်းကြောင်းကြောင့်ဘန်နီဖြိုးကပါ သူမကို လမ်းခွဲသွားခဲ့တာပါ။ သူတို့စုံတွဲလေးဟာ အရမ်းကိုချစ်ဖို့ကောင်းပြီး ပရိသတ်တော်တော်များများရဲ့ Idol couple ဖြစ်ခဲ့တာကြောင့် လမ်းခွဲကြတဲ့အချိန်မှာ ဝေဖန်မှုတွေအများအပြားပေါ်ထွက်လာခဲ့ပါတယ်။

အချို့ကလည်း ဘန်နီဖြိုးက အပူဟပ်လို့လမ်းခွဲသွားတာလို့ ပြောပြီး ဟန်နာယူရီကတော့ သူမရဲ့ ပို့စ်တစ်ခုက comment မှာ နှစ်ယောက်ကြားကို တတိယလူဝင်လာခဲ့တယ်လို့ ရင်ဖွင့်ခဲ့ဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်တွေအကြာကြီးတည်ဆောက်ထားခဲ့တဲ့ အချစ်ရေးတစ်ခုပြိုကွဲသွားခြင်းဟာ အပြင်လူတွေထက် ကာယကံရှင်နှစ်ဦးကို ပိုပြီးထိခိုက်ကြေကွဲစေမှာသေချာပါတယ်။ လမ်းခွဲခဲ့တာနှစ်နှစ်လောက်ကြာပြီဖြစ်ပေမယ့်လည်း သူတို့နှစ်ယောက်စလုံးရဲ့ပရိသတ်အချို့ကတော့ သူတို့နှစ်ယောက်ချစ်ကြည်နူးခဲ့စဉ်က အဖြစ်အပျက်တွေကို အမှတ်တရရှိနေကြဆဲပါပဲ။

ချစ်သူကိုအရမ်းကိုတွယ်ကပ်ပြီး အရမ်းချစ်ခဲ့တဲ့ဟန်နာယူရီတစ်ယောက်တော့ လမ်းခွဲပြီးသွားရင်ဘယ်လိုတောင် စိတ်ဓာတ်တွေယိမ်းယိုင်ပြိုလဲပြီး အသည်းကွဲခံစားနေရမလဲလို့ ပရိသတ်တွေပူပန်စိုးရိမ်နေခဲ့ကြပေမယ့် ဟန်နာယူရီကတော့လမ်းခွဲသွားပြီးမှ လောင်းရိပ်အောက်ကလွတ်သွားတဲ့ ပန်းတစ်ပွင့်လို အစွမ်းကုန်အလှပဆုံးပွင့်လန်းလာခဲ့တာတွေ့ရပါတယ်။

အခုဆိုရင် SFX Make Up Artist အဖြစ် မြန်မာနိုင်ငံရဲ့ ရုပ်ရှင်ကားကြီးတွေမှာ ပါဝင်နေပြီဖြစ်သလို ကိုယ်တိုင်လည်း အောင်မြင်တဲ့မော်ဒယ်တစ်ယောက်ဖြစ်နေတဲ့ ဟန်နာယူရီက ခိုင်မာတဲ့ ပရိသတ်အင်အားကိုလည်း အသေအချာရထားပြီလို့ဆိုရမှာပါ။ ဟန်နာယူရီဟာ မကြာသေးမီက ပရိသတ်တွေအတွက် Instagram မှာ Q and A section လေးတစ်ခုလုပ်ခဲ့ပါတယ်။ အဲဒီမှာ ပရိသတ်တွေမေးတဲ့ မေးခွန်းပေါင်းမြောက်များစွာကို စိတ်ရှည်လက်ရှည်ဖြေကြားထားတာတွေ့ရပါတယ်။

ပရိသတ်တစ်ယောက်က ဟန်နာယူရီကို “ကိုယ့်ရည်းစားဟောင်းက ရည်းစားအသစ်ရသွားရင် ဘယ်လိုခံစားရမလဲ”လို့ မေးထားပြီး ဟန်နာယူရီက အဲဒီမေးခွန်းကို “ရည်းစားအသစ်ရရ ဘယ်လိုမိန်းမမျိုးနဲ့တွဲတွဲ ဖြစ်ချင်ရာဖြစ် ကိုယ်နဲ့လည်းမဆိုင်တော့လို့ ဘာခံစားချက်မှမရှိပါဘူးရှင်။ Ri က ပြတ်ပြီဆိုကတည်းက မချစ်တော့လို့ လမ်းခွဲခဲ့တာဖြစ်လို့ ရည်းစားဟောင်းတွေအဆက်ဟောင်းတွေကို သေသွားပြီလို့ပဲ သတ်မှတ်လိုက်ပါတယ်”လို့ ဖြေကြားထားတာတွေ့ရပါတယ်။ နောက်ပြီး “Ri ရော ရည်းစားအသစ်ရပြီလား”ဆိုတဲ့မေးခွန်းကိုတော့ “Single ပါ”လို့ ဖြေထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top