လူၾကမ္း သရုပ္ေဆာင္ ကိုကိုဦးရဲ႕ သားေလး သီဟေအာင္က အခုဆိုရင္ မိန္းကေလး ပရိသတ္ေတြရဲ႕ အားေပးမႈကို ပိုင္ဆုိင္ထားၿပီျဖစ္ပါတယ္။ သားလိမၼာေလး တစ္ေယာက္ျဖစ္တဲ့ သီဟေအာင္ဟာ သူပထမဆံုး ရတဲ့ အႏုပညာေၾကးနဲ႕ မိခင္ကို ကန္ေတာ့ခဲ့ပါတယ္တဲ့။

ကိုကိုဦးရဲ႕ သားေလး သီဟေအာင္ကို ၂၀၁၈ခုႏွစ္ အကယ္ဒမီေပးပြဲ ေရႊႀကိဳကေန ပရိသတ္ေတြ သတိထားမိလာၾကတာပါ။ ခ်စ္စရာေကာင္းၿပီး ရည္မြန္တဲ့ သူ႕ရဲ႕ ပံုစံေလးေၾကာင့္ မိန္းကေလး ပရိသတ္ေတြရဲ႕ အားေပးမႈကိုရရွိလာသူေလးလည္း ျဖစ္ပါတယ္။ အခုလည္း သူ႕ရဲ႕ ပထမဆံုး ရတဲ့ အႏုပညာေငြေၾကးနဲ႕ မိခင္ကို အရင္ဆံုး ကန္ေတာ့ခဲ့တယ္လို႕ ဆုိပါတယ္။

“ပထမဦးဆံုးရတဲ့အႏုပညာေၾကးနဲ႕ေမေမ့ကိုအရင္ဆံုးကန္ေတာ့တယ္ အတိုင္းမသိရင္ထဲမွာသားနားလည္သေလာက္ဘာႏွင့္မွမလဲႏိုင္ေအာင္ေပ်ာ္ရႊ င္ရပါတယ္။ ဒီထက္မကလည္းေဖေဖႏွင့္ေမေမကိုအလုပ္အေကြၽးျပဳရပါေစ” ဆုိၿပီး ဧၿပီ(၄) ရက္ေန႕က သီဟေအာင္ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။

သူရဲ႕ ရင္ထဲက စာသားေလးနဲ႕အတူ မိခင္နဲ႕အတူ ရိုက္ထားတဲ့ ဓာတ္ပံုေလးကိုလည္း တင္ထားပါေသးတယ္။ မိခင္အေပၚ သိတတ္လြန္းတဲ့ သီဟေအာင္ကို ပရိသတ္ေတြ အခ်စ္ပိုေနၾကပါၿပီ။ သားျဖစ္သူရဲ႕ ေအာင္ျမင္မႈကို ၾကည့္ၿပီး ဖခင္ျဖစ္သူ ကိုိကိုဦးကလည္း ၾကည္ႏူးပီတိေတြျဖစ္ေနပါေသးတယ္။

ကုိကုိဦးဟာ သားျဖစ္သူကုိ အရင္က ပရိသတ္ေတြနဲ႔ မိတ္ဆက္ေပးေလ့ မရွိပါဘူး။

သားေလး သီဟေအာင္ကလည္း ပညာေရးဘက္မွာ ဦးစားေပးေနရတာေၾကာင့္ ဖခင္ျဖစ္သူရဲ႕ ရုပ္ရွင္ရုိက္ကြင္းေတြလည္း မလုိက္ျဖစ္ခဲ့ဘူးလုိ႔ ဆုိပါတယ္။

‘’ဇာတ္ကားေတြ ရုိက္တုန္းကေတာ့ ကၽြန္ေတာ့ဇနီးနဲပဲသြားျဖစ္တာမ်ားတယ္။ တခ်ဳိ႕ေတြကေတာ့ ကုိကုိဦးမွာ သားေလးရွိတယ္ဆုိတာသိတယ္။ ဘယ္အရြယ္ေရာက္ေနၿပီလဲဆုိတာေတာ့ မသိဘူး။ ကၽြန္ေတာ္ကလည္း ဒီေလာကနဲ႔ ၅ ႏွစ္ေလာက္ေဝးသြားေတာ့ ကုိကုိဦး မင္း သားလားဆုိတာမ်ဳိးေတြ ျဖစ္တာေပါ့ေနာ္။ တခ်ဳိ႔က အခုမွ သိၾကတာ’’ လုိ႔ ဆုိပါတယ္။

သီဟေအာင္က လက္ရွိမွာ ေၾကာ္ျငာရိုက္ကူးမႈေတြ စလုပ္ေနၿပီျဖစ္သလို ရုပ္ရွင္ဇာတ္ကားႀကီး တစ္ကား ရိုက္ကူးဖို႕ကိုလည္း ကမ္းလွမ္း ခံထားရတယ္လို႕ သိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Duwun

#Unicode Version#
လူကြမ်း သရုပ်ဆောင် ကိုကိုဦးရဲ့ သားလေး သီဟအောင်က အခုဆိုရင် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ သားလိမ္မာလေး တစ်ယောက်ဖြစ်တဲ့ သီဟအောင်ဟာ သူပထမဆုံး ရတဲ့ အနုပညာကြေးနဲ့ မိခင်ကို ကန်တော့ခဲ့ပါတယ်တဲ့။

ကိုကိုဦးရဲ့ သားလေး သီဟအောင်ကို ၂၀၁၈ခုနှစ် အကယ်ဒမီပေးပွဲ ရွှေကြိုကနေ ပရိသတ်တွေ သတိထားမိလာကြတာပါ။ ချစ်စရာကောင်းပြီး ရည်မွန်တဲ့ သူ့ရဲ့ ပုံစံလေးကြောင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိလာသူလေးလည်း ဖြစ်ပါတယ်။ အခုလည်း သူ့ရဲ့ ပထမဆုံး ရတဲ့ အနုပညာငွေကြေးနဲ့ မိခင်ကို အရင်ဆုံး ကန်တော့ခဲ့တယ်လို့ ဆိုပါတယ်။

“ပထမဦးဆုံးရတဲ့အနုပညာကြေးနဲ့မေမေ့ကိုအရင်ဆုံးကန်တော့တယ် အတိုင်းမသိရင်ထဲမှာသားနားလည်သလောက်ဘာနှင့်မှမလဲနိုင်အောင်ပျော်ရွှ င်ရပါတယ်။ ဒီထက်မကလည်းဖေဖေနှင့်မေမေကိုအလုပ်အကျွေးပြုရပါစေ” ဆိုပြီး ဧပြီ(၄) ရက်နေ့က သီဟအောင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

သူရဲ့ ရင်ထဲက စာသားလေးနဲ့အတူ မိခင်နဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးကိုလည်း တင်ထားပါသေးတယ်။ မိခင်အပေါ် သိတတ်လွန်းတဲ့ သီဟအောင်ကို ပရိသတ်တွေ အချစ်ပိုနေကြပါပြီ။ သားဖြစ်သူရဲ့ အောင်မြင်မှုကို ကြည့်ပြီး ဖခင်ဖြစ်သူ ကိုကိုဦးကလည်း ကြည်နူးပီတိတွေဖြစ်နေပါသေးတယ်။

ကိုကိုဦးဟာ သားဖြစ်သူကို အရင်က ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလေ့ မရှိပါဘူး။

သားလေး သီဟအောင်ကလည်း ပညာရေးဘက်မှာ ဦးစားပေးနေရတာကြောင့် ဖခင်ဖြစ်သူရဲ့ ရုပ်ရှင်ရိုက်ကွင်းတွေလည်း မလိုက်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

‘’ဇာတ်ကားတွေ ရိုက်တုန်းကတော့ ကျွန်တော့ဇနီးနဲပဲသွားဖြစ်တာများတယ်။ တချို့တွေကတော့ ကိုကိုဦးမှာ သားလေးရှိတယ်ဆိုတာသိတယ်။ ဘယ်အရွယ်ရောက်နေပြီလဲဆိုတာတော့ မသိဘူး။ ကျွန်တော်ကလည်း ဒီလောကနဲ့ ၅ နှစ်လောက်ဝေးသွားတော့ ကိုကိုဦး မင်း သားလားဆိုတာမျိုးတွေ ဖြစ်တာပေါ့နော်။ တချို့က အခုမှ သိကြတာ’’ လို့ ဆိုပါတယ်။

သီဟအောင်က လက်ရှိမှာ ကြော်ငြာရိုက်ကူးမှုတွေ စလုပ်နေပြီဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီး တစ်ကား ရိုက်ကူးဖို့ကိုလည်း ကမ်းလှမ်း ခံထားရတယ်လို့ သိရပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top