မယ္လုိဒီက ဘာသာေရးမွာ ကုိင္းရႈိင္းလွတဲ့သားေလးရဲ႕ အျပဳအမူေတြေၾကာင့္ အ့ံၾသမဆုံးျဖစ္ေနတာကို ေတြ႔ရပါတယ္။အခုလည္း သစ္တံခါး ဆရာေတာ္ အျပန္မွာ ဆရာေတာ္ေနာက္ လိုက္သြားမယ္လုပ္ေနတဲ့ သားသားကို မလိုက္ဖို႕ မနည္းျပန္တားခဲ့ရတယ္လို႕ ဆုိပါတယ္။

မယ္လိုဒီရဲ႕ သားေလး သိဒၶိစစ္က ဘာသာေရးက ငယ္ငယ္ေလးနဲ႕ ဘာသာေရး ကိုင္းရိႈင္းသူ တစ္ဦးပါ။ ဆရာေတာ္ႀကီးကို ဖူးေတြ႕ခြင့္ရတဲ့ အခ်ိန္ေတြမွာဆို အၿမဲေပ်ာ္ရႊင္ေနတတ္တဲ့ သားေလးက အခုလည္း သစ္တံခါး ဆရာေတာ္ေနာက္ အတင္းလိုက္သြားမယ္ဆိုၿပီး လုပ္ေနလို႕ ဆရာေတာ္ ကားထဲက မနည္းျပန္ေခၚထားရတယ္လို႕ မယ္လိုဒီက ဆုိပါတယ္။

“ဆရာေတာ္ေနာက္လိုက္မယ္တဲ့ ေဖေဖ ေမေမ တာ့တာတဲ့ မလိုက္ပါနဲ႔သားရယ္ ေစာေသးတယ္ အသက္နည္းနည္းႀကီးမွလိုက္ပါလို႔ တားလိုက္ရတယ္

ကားထဲကမနည္းျပန္ဆြဲထုတ္ရတယ္ ဆရာေတာ္ေတြနဲ႔ေတြ႕ရင္ လူလိမ္မာေလးပါခင္ဗ်ာ” ဆုိၿပီး မယ္လိုဒီရဲ႕ ေဖ့စ္ဘြတ္မွာ ဧၿပီ(၄) ရက္ေန႕က ေရးသားထားတာေတြ႕ရပါတယ္။

မယ္လိုဒီဟာ သားေလး သိဒၶိစစ္ေၾကာင့္ အျမဲတမ္း ဂုဏ္ယူေနရတဲ့ မိခင္တစ္ဦးျဖစ္ပါတယ္။ ဆရာေတာ္ႀကီးေတြကုိ ဖူးခြင့္ရတဲ့အခ်ိန္ဆုိ အျမဲ ေပ်ာ္ရႊင္ေနတတ္တဲ့ သားေလး သိဒၶိစစ္ အေၾကာင္းကုိ အခုလုိ ေျပာျပထားပါေသးတယ္။

''အိမ္မွာ အၿငိမ္မေနရႈပ္ပြေအာင္ ကစားေသာ္လည္း ဆရာေတာ္ႀကီးမ်ားကိုဖူးခြင့္ရခ်ိန္မွာေတာ့ျဖင့္ ကြ်န္ေတာ္ဟာ လူေအးေလး သိဒၶိစစ္ ဘဝအေမာေတြ ေျပေပ်ာက္ရပါတယ္။ သားလိမၼာမို႔ စိတ္ခ်မ္းသာရပါတယ္။ အမွတ္တရ ထပ္တူထပ္မွ် စိတ္ခ်မ္းသာ ၾကပါေစရွင္။ ၇ရက္သားသမီး အားလုးံ သက္ရွည္ က်န္းမာ စိတ္ခ်မ္းသာ လိုရာဆႏၵ ျပည့္စုံ ၾကပါေစရွင္'' ဆုိၿပီးေတာ့ လည္း သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ဖူးပါတယ္။

သရုပ္ေဆာင္အကယ္ဒမီ မယ္လုိဒီရဲ႕ သားေလးကေတာ့ အခုဆုိရင္ ၃ ရပါတယ္။ေမြးကင္းစကေလးအရြယ္ကေန ဒီေန႔ အခ်ိန္ထိ အားေပးလာၾကတဲ့ သိဒၶိစစ္ေလးရဲ႕ ပရိသတ္ေတြကလည္း တစ္ေန႔ထက္ တစ္ေန႔ အခ်စ္ပုိလုိ႔ေနပါတယ္။သားသားဟာ ဘာသာေရးကို အရမ္းကိုင္းရိႈင္းတဲ့ ကေလးေလးတစ္ဦးပါ။

သရုပ္ေဆာင္မယ္လုိဒီနဲ႔ သူ႔ရဲ႕ သားေလး သိဒၶိစစ္တုိ႔ရဲ႕ ေပ်ာ္ရႊင္စရာေကာင္ းတဲ့ဓာတ္ပုံေလးေတြကုိ လူမႈကြန္ယက္စာ မ်က္ႏွာေပၚမွာ မၾကာခဏ ဆုိသလုိ တင္ေလ့ရွိၿပီး မယ္လုိဒီကိုခ်စ္တဲ့ ပရိသတ္ေတြကလည္း သားေလးသိဒၵိစစ္အေပၚ အခ်စ္ေတြပုိခဲ့ ရပါေသးတယ္။ မယ္လုိဒီကေတာ့ အခုလက္ရွိမွာ ဗီဒီယုိဇာတ္ကား၊ ရုပ္ရွင္ဇာတ္ကားႀကီးေတြကုိလည္း လက္ခံရုိက္ကူး ေနၿပီျဖစ္တယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Duwun
#Unicode Version#
မယ်လိုဒီက ဘာသာရေးမှာ ကိုင်းရှိုင်းလှတဲ့သားလေးရဲ့ အပြုအမူတွေကြောင့် အံ့သြမဆုံးဖြစ်နေတာကို တွေ့ရပါတယ်။အခုလည်း သစ်တံခါး ဆရာတော် အပြန်မှာ ဆရာတော်နောက် လိုက်သွားမယ်လုပ်နေတဲ့ သားသားကို မလိုက်ဖို့ မနည်းပြန်တားခဲ့ရတယ်လို့ ဆိုပါတယ်။

မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ်က ဘာသာရေးက ငယ်ငယ်လေးနဲ့ ဘာသာရေး ကိုင်းရှိုင်းသူ တစ်ဦးပါ။ ဆရာတော်ကြီးကို ဖူးတွေ့ခွင့်ရတဲ့ အချိန်တွေမှာဆို အမြဲပျော်ရွှင်နေတတ်တဲ့ သားလေးက အခုလည်း သစ်တံခါး ဆရာတော်နောက် အတင်းလိုက်သွားမယ်ဆိုပြီး လုပ်နေလို့ ဆရာတော် ကားထဲက မနည်းပြန်ခေါ်ထားရတယ်လို့ မယ်လိုဒီက ဆိုပါတယ်။

“ဆရာတော်နောက်လိုက်မယ်တဲ့ ဖေဖေ မေမေ တာ့တာတဲ့ မလိုက်ပါနဲ့သားရယ် စောသေးတယ် အသက်နည်းနည်းကြီးမှလိုက်ပါလို့ တားလိုက်ရတယ်

ကားထဲကမနည်းပြန်ဆွဲထုတ်ရတယ် ဆရာတော်တွေနဲ့တွေ့ရင် လူလိမ်မာလေးပါခင်ဗျာ” ဆိုပြီး မယ်လိုဒီရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၄) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

မယ်လိုဒီဟာ သားလေး သိဒ္ဓိစစ်ကြောင့် အမြဲတမ်း ဂုဏ်ယူနေရတဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။ ဆရာတော်ကြီးတွေကို ဖူးခွင့်ရတဲ့အချိန်ဆို အမြဲ ပျော်ရွှင်နေတတ်တဲ့ သားလေး သိဒ္ဓိစစ် အကြောင်းကို အခုလို ပြောပြထားပါသေးတယ်။

''အိမ်မှာ အငြိမ်မနေရှုပ်ပွအောင် ကစားသော်လည်း ဆရာတော်ကြီးများကိုဖူးခွင့်ရချိန်မှာတော့ဖြင့် ကျွန်တော်ဟာ လူအေးလေး သိဒ္ဓိစစ် ဘဝအမောတွေ ပြေပျောက်ရပါတယ်။ သားလိမ္မာမို့ စိတ်ချမ်းသာရပါတယ်။ အမှတ်တရ ထပ်တူထပ်မျှ စိတ်ချမ်းသာ ကြပါစေရှင်။ ၇ရက်သားသမီး အားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံ ကြပါစေရှင်'' ဆိုပြီးတော့ လည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။

သရုပ်ဆောင်အကယ်ဒမီ မယ်လိုဒီရဲ့ သားလေးကတော့ အခုဆိုရင် ၃ ရပါတယ်။မွေးကင်းစကလေးအရွယ်ကနေ ဒီနေ့ အချိန်ထိ အားပေးလာကြတဲ့ သိဒ္ဓိစစ်လေးရဲ့ ပရိသတ်တွေကလည်း တစ်နေ့ထက် တစ်နေ့ အချစ်ပိုလို့နေပါတယ်။သားသားဟာ ဘာသာရေးကို အရမ်းကိုင်းရှိုင်းတဲ့ ကလေးလေးတစ်ဦးပါ။

သရုပ်ဆောင်မယ်လိုဒီနဲ့ သူ့ရဲ့ သားလေး သိဒ္ဓိစစ်တို့ရဲ့ ပျော်ရွှင်စရာကောင် းတဲ့ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်စာ မျက်နှာပေါ်မှာ မကြာခဏ ဆိုသလို တင်လေ့ရှိပြီး မယ်လိုဒီကိုချစ်တဲ့ ပရိသတ်တွေကလည်း သားလေးသိဒ္ဒိစစ်အပေါ် အချစ်တွေပိုခဲ့ ရပါသေးတယ်။ မယ်လိုဒီကတော့ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူး နေပြီဖြစ်တယ်လို့ သိရပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top