1.      ဆီးခ်ိဳေရာဂါ

          ဆီးခ်ိဳေရာဂါဟာ ေဟာ္မုန္းႏွင့္ဆုိင္တဲ့ ေရာဂါေတြထဲမွာ အျဖစ္အမ်ားဆံုးတစ္ခုဆိုလည္း မမွားပါဘူး။ ျမန္မာႏိုင္ငံမွာ အမ်ားစုက ဆီးခ်ိဳေရာဂါ ရွိေနတာကို မသိတာက မ်ားပါတယ္။ အဓိကဇာတ္ေကာင္က အင္ဆူလင္ ျဖစ္ပါတယ္။ ပန္ကရိယ (မုန္႔ခ်ိဳအိတ္) က ထုတ္လုပ္တဲ့ အင္ဆူလင္က အခ်ိဳဓာတ္ကို ခႏၶာကိုယ္က စြမ္းအင္အျဖစ္ အသံုးခ်ႏုိင္ေအာင္ ကူညီေပးပါတယ္။ ပန္ကရိယ ေကာင္းေကာင္း အလုပ္မလုပ္တာေၾကာင့္ အင္ဆူလင္ေဟာ္မုန္း ထုတ္လုပ္မႈ နည္းတဲ့အခါမွာျဖစ္ေစ၊ အင္ဆူလင္ေဟာ္မုန္း အာနိသင္ ေလ်ာ့နည္းလာတဲ့အခါျဖစ္ေစ ေသြးထဲတြင္ သၾကားဓာတ္ေတြ ျမင့္မားလာျခင္းေၾကာင့္ ဆီးခ်ိဳေရာဂါ ျဖစ္လာပါတယ္။

2.      သိုင္း႐ြိဳက္ႏွင့္ ပတ္သက္ေသာ ေရာဂါမ်ား

          အေမရိကမွာေတာ့ ဆီးခ်ိဳၿပီးရင္ ဒုတိယအျဖစ္အမ်ားဆံုး ေရာဂါလို႔ေတာင္ ဆိုၾကတယ္။ လည္ပင္း ေရွ႕တည့္တည့္မွာရွိတဲ့ သိုင္း႐ြိဳက္ဂလင္းဟာ ခႏၶာကိုယ္ရဲ႕ မရွိမျဖစ္ အေရးပါတဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။ ဇီ၀ကမၼျဖစ္စဥ္ေတြ၊ ႀကီးထြားဖြံ႕ၿဖိဳးမႈေတြအတြက္ အဓိကက်တဲ့ သိုင္း႐ြိဳက္ေဟာ္မုန္း ထုတ္ေပးၿပီး ေဟာ္မုန္း နည္းျခင္း၊ မ်ားျခင္းက ခႏၶာကိုယ္အေပၚမွာ သက္ေရာက္မႈ ေတာ္ေတာ္ရွိပါတယ္။ ေဟာ္မုန္းမ်ား (Hyperthyroid) ေနရင္ ဂနာမၿငိမ္၊ အိပ္မေပ်ာ္၊ စိတ္ဆတ္၊ ႏွလံုးတုန္၊ ရင္တုန္၊ ရာသီမမွန္ စတာေတြျဖစ္ႏုိင္ၿပီး ေဟာ္မုန္းနည္း (Hypothyroid) တဲ့သူက ေမာပန္းလြယ္၊ စိတ္ဓာတ္က်၊ ၀မ္းခ်ဳပ္၊ ရာသီမမွန္၊ ၀လာတာေတြ ျဖစ္ႏိုင္ပါတယ္။

3.      သားဥအိမ္အေရအိတ္မ်ား ေရာဂါစု

          အမ်ိဳးသမီး ၁၀ ေယာက္မွာ တစ္ေယာက္ျဖစ္ႏုိင္တဲ့ ေရာဂါလို႔ေတာင္ ေျပာႏိုင္ပါတယ္။ မ်ိဳးဥအိမ္တြင္ အေရအိတ္ငယ္မ်ားစြာပါၿပီး မ်ိဳးဥ မွန္မွန္မေႂကြျခင္း၊ ရာသီ ကေမာက္ကမျဖစ္ျခင္း တို႔အျပင္ ေယာက်္ားေဟာ္မုန္း သာမန္ထက္ မ်ားေနျခင္းေၾကာင့္ အေမြးအမွ်င္ထူျခင္း၊ ၀က္ၿခံမ်ားျခင္း စတဲ့ လကၡဏာစုေတြကို ခံစားရတာ ျဖစ္ပါတယ္။ ကုသနည္းကေတာ့ အျခားေသာ ေဟာ္မုန္းဆိုင္ရာေရာဂါေတြလိုပဲ ေဟာ္မုန္းပမာဏ ပံုမွန္ျဖစ္ေအာင္ ထိန္းညႇိေပးရပါတယ္။

4.      အမ်ိဳးသားေဟာ္မုန္း (Testosterone) အားနည္းျခင္း

          ကမာၻတစ္၀န္းရွိ ေဟာ္မုန္းအားနည္းျခင္းကို ခံစားေနရတဲ့ အမ်ိဳးသားဦးေရ ဘယ္ေလာက္ရွိတယ္ ဆိုတာကေတာ့ ေလ့လာေနဆဲဘဲ။ အသက္ႀကီးတဲ့ အမ်ိဳးသားေတြမွာ ပိုအျဖစ္မ်ားပါတယ္။ ေဟာ္မုန္း အားနည္းတာေၾကာင့္ လိင္စိတ္ နည္းပါးျခင္း၊ လိင္ေထာင္မတ္ရန္ ခက္ခဲျခင္း၊ ထိပ္ေျပာင္လာျခင္း၊ ႂကြက္သား အားနည္းျခင္း၊ စိတ္ဓာတ္က်ျခင္း၊ အားအင္ကုန္ခမ္းျခင္း စတဲ့ လကၡဏာေတြ ခံစားရပါတယ္။

5.      အ႐ိုးပြျခင္း

        အ႐ိုးပြျခင္းဆိုတာ အ႐ိုးသိပ္သည္းဆက်ၿပီး အ႐ိုးပါးလာျခင္းကို ေခၚပါတယ္။ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ အ႐ိုးပြႏိ္ုင္ေခ် ပိုမ်ားၿပီး အသက္အရြယ္ ႀကီးလာျခင္း အီစ႐ိုဂ်င္ေဟာ္မုန္းနည္းလာျခင္းေတြနဲ႕ ဆက္စပ္ေနပါတယ္။ အမ်ိဳးသားေတြမွာဆိုရင္လဲ အမ်ိဳးသားေဟာ္မုန္းနည္းျခင္းက အ႐ိုးပြျခင္းနဲ႕ ဆက္စပ္ေနတာကို ေတြ႕ရွိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr. Htet Htet Aung (www.drmyanmar.com)

#Unicode Version#
1.      ဆီးချိုရောဂါ

          ဆီးချိုရောဂါဟာ ဟော်မုန်းနှင့်ဆိုင်တဲ့ ရောဂါတွေထဲမှာ အဖြစ်အများဆုံးတစ်ခုဆိုလည်း မမှားပါဘူး။ မြန်မာနိုင်ငံမှာ အများစုက ဆီးချိုရောဂါ ရှိနေတာကို မသိတာက များပါတယ်။ အဓိကဇာတ်ကောင်က အင်ဆူလင် ဖြစ်ပါတယ်။ ပန်ကရိယ (မုန့်ချိုအိတ်) က ထုတ်လုပ်တဲ့ အင်ဆူလင်က အချိုဓာတ်ကို ခန္ဓာကိုယ်က စွမ်းအင်အဖြစ် အသုံးချနိုင်အောင် ကူညီပေးပါတယ်။ ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တာကြောင့် အင်ဆူလင်ဟော်မုန်း ထုတ်လုပ်မှု နည်းတဲ့အခါမှာဖြစ်စေ၊ အင်ဆူလင်ဟော်မုန်း အာနိသင် လျော့နည်းလာတဲ့အခါဖြစ်စေ သွေးထဲတွင် သကြားဓာတ်တွေ မြင့်မားလာခြင်းကြောင့် ဆီးချိုရောဂါ ဖြစ်လာပါတယ်။

2.      သိုင်းရွိုက်နှင့် ပတ်သက်သော ရောဂါများ

          အမေရိကမှာတော့ ဆီးချိုပြီးရင် ဒုတိယအဖြစ်အများဆုံး ရောဂါလို့တောင် ဆိုကြတယ်။ လည်ပင်း ရှေ့တည့်တည့်မှာရှိတဲ့ သိုင်းရွိုက်ဂလင်းဟာ ခန္ဓာကိုယ်ရဲ့ မရှိမဖြစ် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေ၊ ကြီးထွားဖွံ့ဖြိုးမှုတွေအတွက် အဓိကကျတဲ့ သိုင်းရွိုက်ဟော်မုန်း ထုတ်ပေးပြီး ဟော်မုန်း နည်းခြင်း၊ များခြင်းက ခန္ဓာကိုယ်အပေါ်မှာ သက်ရောက်မှု တော်တော်ရှိပါတယ်။ ဟော်မုန်းများ (Hyperthyroid) နေရင် ဂနာမငြိမ်၊ အိပ်မပျော်၊ စိတ်ဆတ်၊ နှလုံးတုန်၊ ရင်တုန်၊ ရာသီမမှန် စတာတွေဖြစ်နိုင်ပြီး ဟော်မုန်းနည်း (Hypothyroid) တဲ့သူက မောပန်းလွယ်၊ စိတ်ဓာတ်ကျ၊ ဝမ်းချုပ်၊ ရာသီမမှန်၊ ဝလာတာတွေ ဖြစ်နိုင်ပါတယ်။

3.      သားဥအိမ်အရေအိတ်များ ရောဂါစု

          အမျိုးသမီး ၁၀ ယောက်မှာ တစ်ယောက်ဖြစ်နိုင်တဲ့ ရောဂါလို့တောင် ပြောနိုင်ပါတယ်။ မျိုးဥအိမ်တွင် အရေအိတ်ငယ်များစွာပါပြီး မျိုးဥ မှန်မှန်မကြွေခြင်း၊ ရာသီ ကမောက်ကမဖြစ်ခြင်း တို့အပြင် ယောကျ်ားဟော်မုန်း သာမန်ထက် များနေခြင်းကြောင့် အမွေးအမျှင်ထူခြင်း၊ ဝက်ခြံများခြင်း စတဲ့ လက္ခဏာစုတွေကို ခံစားရတာ ဖြစ်ပါတယ်။ ကုသနည်းကတော့ အခြားသော ဟော်မုန်းဆိုင်ရာရောဂါတွေလိုပဲ ဟော်မုန်းပမာဏ ပုံမှန်ဖြစ်အောင် ထိန်းညှိပေးရပါတယ်။

4.      အမျိုးသားဟော်မုန်း (Testosterone) အားနည်းခြင်း

          ကမ္ဘာတစ်ဝန်းရှိ ဟော်မုန်းအားနည်းခြင်းကို ခံစားနေရတဲ့ အမျိုးသားဦးရေ ဘယ်လောက်ရှိတယ် ဆိုတာကတော့ လေ့လာနေဆဲဘဲ။ အသက်ကြီးတဲ့ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ဟော်မုန်း အားနည်းတာကြောင့် လိင်စိတ် နည်းပါးခြင်း၊ လိင်ထောင်မတ်ရန် ခက်ခဲခြင်း၊ ထိပ်ပြောင်လာခြင်း၊ ကြွက်သား အားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အားအင်ကုန်ခမ်းခြင်း စတဲ့ လက္ခဏာတွေ ခံစားရပါတယ်။

5.      အရိုးပွခြင်း

        အရိုးပွခြင်းဆိုတာ အရိုးသိပ်သည်းဆကျပြီး အရိုးပါးလာခြင်းကို ခေါ်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အရိုးပွနိုင်ချေ ပိုများပြီး အသက်အရွယ် ကြီးလာခြင်း အီစရိုဂျင်ဟော်မုန်းနည်းလာခြင်းတွေနဲ့ ဆက်စပ်နေပါတယ်။ အမျိုးသားတွေမှာဆိုရင်လဲ အမျိုးသားဟော်မုန်းနည်းခြင်းက အရိုးပွခြင်းနဲ့ ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Dr. Htet Htet Aung (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top