လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မႈမ်ားေနသည့္ ပူျပင္းသည့္ကာလတြင္ ေရဖိအားေလ်ာ့နည္းက်ဆင္းမႈမ်ား ျဖစ္ေပၚေန၍ ေရကုိေခြၽတာသုံးရန္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက အသိေပးထုတ္ျပန္ထား သည္။

ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္အသီးသီးသို႔ ေရျဖန္႔ျဖဴးေပးေဝလ်က္ရွိရာတြင္ ရာသီဥတုပူျပင္းေျခာက္ေသြ႕၍ ေရသံုးစြဲမႈမ်ားျပားလာျခင္း၊ လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မႈ ျဖစ္ေပၚျခင္းတို႔ေၾကာင့္ ေရဖိအားေလ်ာ့နည္း က်ဆင္းမႈမ်ား လတ္တေလာျဖစ္ေပၚလ်က္ရွိေနသည့္အတြက္ ေရေခြၽတာစုေဆာင္းအသံုးျပဳႏိုင္ၾကပါရန္ ရန္ကုန္ၿမိဳ႕ေတာ္ဝန္လူမႈကြန္ရက္မွတဆင့္ ထုတ္ျပန္ထားသည္။

ရန္ကုန္ၿမိဳ႕ေတာ္သို႔ ေသာက္သံုးေရစဥ္ဆက္မျပတ္ေပးေဝရန္အတြက္ ေလွာ္ကား၊ ဂ်ဳိးျဖဴ၊ ဖူးႀကီး၊ ငမိုးရိပ္ ေရေလွာင္ကန္ႏွင့္ ေညာင္ႏွစ္ပင္ေရသန္႔စင္စက္႐ံုမွ ေရအား၊ လွ်ပ္စစ္ဓာတ္အားအသံုးျပဳၿပီး ေရတြန္းစက္ႀကီး မ်ားလည္ပတ္ေမာင္းႏွင္၍ ၿမိဳ႕နယ္အသီးသီးသို႔ ေရေပးေဝလ်က္ရွိေၾကာင္း သိရသည္။

ေရေလွာင္ကန္ႀကီးမ်ား၏ ေရသိုေလွာင္မႈအေနျဖင့္ ယခင္ႏွစ္ကထက္ ေလွာ္ကားကန္တြင္ ကန္ေရအျမင့္ ၁၃ လက္မခန္႔၊ ဖူးႀကီးကန္တြင္ ကန္ေရအျမင့္ ၂ လက္မခန္႔၊ ဂ်ဳိးျဖဴကန္တြင္ ယခင္ႏွစ္ကန္ေရခ်ိန္အတုိင္း သိုေလွာင္ေပးေဝႏုိင္ပါ၍ ယခုႏွစ္ေႏြရာသီေရလိုအပ္ခ်က္အား ျပည့္မီလံုေလာက္စြာေပးေဝႏုိင္သည္ကုိလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားည္။

ထုိ႔အျပင္ ၿမိဳ႕နယ္အသီးသီးရွိ ထပ္ဆင့္ေရတြန္းစက္႐ံုမ်ားျဖစ္သည့္ ပါရမီေရတြန္းစက္႐ံု၊ က်ဳိကၠဆံေရတြန္း စက္႐ံု၊ ဂႏၶမာေရတြန္းစက္႐ံု၊ ၿမိဳ႕ဦးေရတြန္းစက္႐ံု၊ ေရနံ႔သာေရတြန္းစက္႐ံု၊ သုဝဏၰေရတြန္းစက္႐ံု၊ ေရႊအင္ၾကင္း ေရတြန္းစက္႐ံု၊ ဘုရင့္ေနာင္ေရတြန္းစက္႐ံု၊ ေရႊေပါကၠံေရတြန္း စက္႐ံု၊ သဲျဖဴေရတြန္းစက္႐ံု၊ ရန္ကုန္ ေပါက္ေရတြန္းစက္႐ံု၊ ဒလေရတြန္းစက္႐ံု၊ ဒဂံုေတာင္ေရတြန္းစက္႐ံုအမွတ္(၁)၊ ဒဂံုေတာင္ေရတြန္းစက္႐ံု အမွတ္(၂)၊ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ေရတြန္းစက္႐ံု အစရွိသည့္ ေရတြန္းစက္႐ံုမ်ားႏွင့္ ေျမေအာက္ေရေပး ေရးစနစ္မွ ေရတြန္းစက္႐ံုမ်ား၊ ထပ္ဆင့္ေရတြန္းစက္႐ံုမ်ားျဖင့္ ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္အသီးသီးသို႔ ေရျဖန္႔ျဖဴးေပးေဝလ်က္ရိွေၾကာင္း သိရသည္။

အကယ္၍ ေရလိုအပ္ခ်က္ရွိမ်ားရိွပါက အေရွ႕ပိုင္းခ႐ိုင္႐ံုး ဝ၉ ၂၅ဝ၂၈၃၈၂၃၊ အေနာက္ပိုင္းခ႐ိုင္႐ံုး ဝ၉၂၅ဝ၂၈၃၈၁၂၊ ေတာင္ပိုင္းခ႐ိုင္႐ံုး ဝ၉၅ဝ၅၄၅၆၅၊ ေျမာက္ပိုင္းခ႐ိုင္႐ံုး ဝ၉ ၂၅၃၈၃၅၂၇၅ သို႔ ဖုန္းျဖင့္ ဆက္သြယ္၍ အကူအညီေတာင္းခံႏုိင္သည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ကိုလင္း
#Unicode Version#
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများနေသည့် ပူပြင်းသည့်ကာလတွင် ရေဖိအားလျော့နည်းကျဆင်းမှုများ ဖြစ်ပေါ်နေ၍ ရေကိုချွေတာသုံးရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အသိပေးထုတ်ပြန်ထား သည်။

ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးသို့ ရေဖြန့်ဖြူးပေးဝေလျက်ရှိရာတွင် ရာသီဥတုပူပြင်းခြောက်သွေ့၍ ရေသုံးစွဲမှုများပြားလာခြင်း၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်ခြင်းတို့ကြောင့် ရေဖိအားလျော့နည်း ကျဆင်းမှုများ လတ်တလောဖြစ်ပေါ်လျက်ရှိနေသည့်အတွက် ရေချွေတာစုဆောင်းအသုံးပြုနိုင်ကြပါရန် ရန်ကုန်မြို့တော်ဝန်လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တော်သို့ သောက်သုံးရေစဉ်ဆက်မပြတ်ပေးဝေရန်အတွက် လှော်ကား၊ ဂျိုးဖြူ၊ ဖူးကြီး၊ ငမိုးရိပ် ရေလှောင်ကန်နှင့် ညောင်နှစ်ပင်ရေသန့်စင်စက်ရုံမှ ရေအား၊ လျှပ်စစ်ဓာတ်အားအသုံးပြုပြီး ရေတွန်းစက်ကြီး များလည်ပတ်မောင်းနှင်၍ မြို့နယ်အသီးသီးသို့ ရေပေးဝေလျက်ရှိကြောင်း သိရသည်။

ရေလှောင်ကန်ကြီးများ၏ ရေသိုလှောင်မှုအနေဖြင့် ယခင်နှစ်ကထက် လှော်ကားကန်တွင် ကန်ရေအမြင့် ၁၃ လက်မခန့်၊ ဖူးကြီးကန်တွင် ကန်ရေအမြင့် ၂ လက်မခန့်၊ ဂျိုးဖြူကန်တွင် ယခင်နှစ်ကန်ရေချိန်အတိုင်း သိုလှောင်ပေးဝေနိုင်ပါ၍ ယခုနှစ်နွေရာသီရေလိုအပ်ချက်အား ပြည့်မီလုံလောက်စွာပေးဝေနိုင်သည်ကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားည်။

ထို့အပြင် မြို့နယ်အသီးသီးရှိ ထပ်ဆင့်ရေတွန်းစက်ရုံများဖြစ်သည့် ပါရမီရေတွန်းစက်ရုံ၊ ကျိုက္ကဆံရေတွန်း စက်ရုံ၊ ဂန္ဓမာရေတွန်းစက်ရုံ၊ မြို့ဦးရေတွန်းစက်ရုံ၊ ရေနံ့သာရေတွန်းစက်ရုံ၊ သုဝဏ္ဏရေတွန်းစက်ရုံ၊ ရွှေအင်ကြင်း ရေတွန်းစက်ရုံ၊ ဘုရင့်နောင်ရေတွန်းစက်ရုံ၊ ရွှေပေါက္ကံရေတွန်း စက်ရုံ၊ သဲဖြူရေတွန်းစက်ရုံ၊ ရန်ကုန် ပေါက်ရေတွန်းစက်ရုံ၊ ဒလရေတွန်းစက်ရုံ၊ ဒဂုံတောင်ရေတွန်းစက်ရုံအမှတ်(၁)၊ ဒဂုံတောင်ရေတွန်းစက်ရုံ အမှတ်(၂)၊ ယုဇနဥယျာဉ်မြို့တော်ရေတွန်းစက်ရုံ အစရှိသည့် ရေတွန်းစက်ရုံများနှင့် မြေအောက်ရေပေး ရေးစနစ်မှ ရေတွန်းစက်ရုံများ၊ ထပ်ဆင့်ရေတွန်းစက်ရုံများဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးသို့ ရေဖြန့်ဖြူးပေးဝေလျက်ရှိကြောင်း သိရသည်။

အကယ်၍ ရေလိုအပ်ချက်ရှိများရှိပါက အရှေ့ပိုင်းခရိုင်ရုံး ဝ၉ ၂၅ဝ၂၈၃၈၂၃၊ အနောက်ပိုင်းခရိုင်ရုံး ဝ၉၂၅ဝ၂၈၃၈၁၂၊ တောင်ပိုင်းခရိုင်ရုံး ဝ၉၅ဝ၅၄၅၆၅၊ မြောက်ပိုင်းခရိုင်ရုံး ဝ၉ ၂၅၃၈၃၅၂၇၅ သို့ ဖုန်းဖြင့် ဆက်သွယ်၍ အကူအညီတောင်းခံနိုင်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ကိုလင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top