က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာေတြက အၿမဲတမ္း အရသာ မရိွပါဘူး ။ ဒါေပမယ့္ ငွက္ေပ်ာသီးကေတာ့ က်န္းမာေရးနဲ႔ ညီၫြတ္ၿပီး အရသာလည္း ရိွပါတယ္ ။

၁။ ေသြးလႊတ္ေၾကာဖိအားကို ပံုမွန္ျဖစ္ေစတယ္

ငွက္ေပ်ာသီးမွာ ပိုတက္ဆီယမ္ 420 မီလီဂရမ္ ပါဝင္ပါတယ္ ။ အဲဒါေျကာင့္ ေသြးဖိအားေလ်ာ့က်ေစပါတယ္ ။

၂။ ပိုေနတဲ့အဆီေတြကို ေလ်ာ့ခ်ေပးတယ္

ငွက္ေပ်ာသီးမွာ အမွ်င္ဓာတ္ေတြႂကြယ္ဝစြာ ပါဝင္ပါတယ္ ။ ငွက္ေပ်ာသီးမွာ အစာစားခ်င္စိတ္ကို ေလွ်ာ့ခ်ေပးတဲ့ ကစီဓာတ္ ပါဝင္ပါတယ္ ။ ကိုယ္အေလးခ်ိန္ တက္မႈကို ဟန္႔တားေပးပါတယ္ ။ ငွက္ေပ်ာသီးက ေသြးတြင္း သၾကားဓာတ္ကို aလွ်ာခ်ေပးၿပီး ခႏၶာကိုယ္ရဲ႕ အင္ဆူလင္ကို ျမင့္တက္ေစပါတယ္ ။

၃။ ေသြးအားနည္းေရာဂါျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးတယ္

ေသြးအားနည္း ေရာဂါက အသားအေရ ေဖ်ာ့ေတာ့ျခင္း ၊ ေမာပန္းျခင္း ၊ အသက္႐ႉမဝျခင္းတို႔ကို ျဖစ္ေပၚေစပါတယ္ ။ ေသြးနီဥဆဲလ္ နည္းပါးျခင္းနဲ႔ ေသြးအတြင္း သံဓာတ္ေလ်ာ့နည္းတဲ့အခါ ေသြးအားနည္းလာပါတယ္ ။ ငွက္ေပ်ာသီးမွာပါတဲ့ သံဓာတ္က ေသြးနီဥဆဲလ္ေတြထုတ္လုပ္ဖို႔ လံႈ႕ေဆာ္ေပးပါတယ္ ။ ငွက္ေပ်ာသီးမွာ ဗီတာမင္ B6 လည္း ပါဝင္ပါတယ္ ။ ဗီတာမင္ B6 က ေသြးတြင္း ဂလူးဂိုစ့္ကို ထိန္းညိႇေပးပါတယ္ ။ ဒါေၾကာင့္ ငွက္ေပ်ာသီးက ေသြးအားနည္းေရာဂါသမားေတြနဲ႔ သင့္ေတာ္ပါတယ္ ။

၄။ အစာေခ်ဖ်က္မႈကို တိုးတက္ေစတယ္

ငွက္ေပ်ာသီးက အစာေၾက လြယ္ပါတယ္ ။ ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ ခုခံအားရိွတဲ့ ကစီဓာတ္ေတြကို အစာေခ်လို႔ မရဘဲ အူမႀကီးထဲကို ဝင္ေရာက္သြားပါတယ္ ။ အဲဒီ့အခါ က်မ္းမာေရးအတြက္ အက်ဳိးျပဳတဲ့ ဘက္တီးရီးယားအတြက္ အာဟာရျဖစ္ေစတဲ့ ၾကားခံေလး ျဖစ္သြားပါတယ္ ။ အစာအိမ္ ေရာင္ရမ္းနာ ျဖစ္တဲ့အခါ ၊ ရင္ပူတဲ့အခါ ငွက္ေပ်ာသီးကို စားေပးႏိုင္ပါတယ္ ။ ဝမ္းေလွ်ာ့ျခင္းေၾကာင့္ ကုန္ဆံုးသြားတဲ့ သတၱဳဓာတ္ေတြကို ငွက္ေပ်ာသီးက ျပန္လည္ သိုေလွာင္ေပးပါတယ္ ။

၅။ စိတ္ဓာတ္က်မႈကို ေလ်ာ့က်ေစတယ္

ငွက္ေပ်ာသီးက စိတ္ဓာတ္ တက္ႂကြေစပါတယ္ ။ ငွက္ေပ်ာသီးမွာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ေပ်ာ္ရႊင္မႈ ေဟာ္မုန္းေတြ ပါဝင္ပါတယ္ ။ ပ်မ္းမွ်အားျဖင့္ ငွက္ေပ်ာသီး တစ္လံုးမွာ မဂၢနီဆီယမ္ 27 မီလီဂရမ္ ပါဝင္ပါတယ္ ။ မဂၢနီဆီယမ္ သတၱဳဓာတ္က စိတ္ကို ေပ်ာ္ရႊင္ေစၿပီး အိပ္ေပ်ာ္ေစပါတယ္ ။

၆။ လိုအပ္ေနတဲ့ဗီတာမင္ေတြကို ျဖည့္စည္းေပးတယ္

ငွက္ေပ်ာသီးမွာ ဗီတာမင္ B6 ၾကြယ္ဝစြာ ပါဝင္ပါတယ္ ။ ပ်မ္းမွ်အားျဖင့္ ငွက္ေပ်ာသီးတစ္လံုးမွာ ေန႔စဥ္ လိုအပ္တဲ့ ဗီတာမင္B6 20%ခန္႔ ပါဝင္ပါတယ္ ။ ဗီတာမင္ B6 က ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အင္ဆူလင္ ၊ သံဓာတ္ ၊ အမိုင္ႏိုအက္ဆစ္ ထုတ္လုပ္ရာမွာ ကူညီေပးပါတယ္ ။ လိေမၼာ္သီးနဲ႔ စေတာ္ဘယ္ရီသီးမွာပဲ ဗီတာမင္ဓာတ္ အမ်ားဆံုး ပါဝင္တယ္လို႔ပဲ ထင္ၾကပါတယ္ ။ ငွက္ေပ်ာသီးမွာလည္း ေန႔စဥ္ လိုအပ္ေနတဲ့ ဗီတာမင္ 15% ပါဝင္ပါတယ္ ။ ဗီတာမင္ 6 က ေသြးေၾကာေတြကို က်န္းမာေစၿပီး ေကာ္လဂၽင္ေတြကို ထုတ္လုပ္ေပးပါတယ္ ။

၇။ ခႏၶာကိုယ္ရဲ႕ စြမ္းအင္ေတြကို ျမင့္တက္ေစတယ္

ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ ပိုတက္ဆီယမ္က ႂကြက္တက္ျခင္းကေန ကာကြယ္ေပးပါတယ္ ။ ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ ကစီဓာတ္က အားကစား ျပင္းျပင္းထန္ထန္ လုပ္တဲ့အခါမွာ ေတာင့္ခံႏိုင္ဖို႔ စြမ္းအင္ေတြ ထုတ္ေပးပါတယ္ ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Loveshortnotes
#Unicode Version#
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေက အမြဲတမ်း အရသာ မရှိပါဘူး ။ ဒါပေမယ့် ငှက်ပျောသီးကတော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာလည်း ရှိပါတယ် ။

၁။ သွေးလွှတ်ကြောဖိအားကို ပုံမှန်ဖြစ်စေတယ်

ငှက်ပျောသီးမှာ ပိုတက်ဆီယမ် 420 မီလီဂရမ် ပါဝင်ပါတယ် ။ အဲဒါကြောင့် သွေးဖိအားလျော့ကျစေပါတယ် ။

၂။ ပိုနေတဲ့အဆီတွေကို လျော့ချပေးတယ်

ငှက်ပျောသီးမှာ အမျှင်ဓာတ်တွေကြွယ်ဝစွာ ပါဝင်ပါတယ် ။ ငှက်ပျောသီးမှာ အစာစားချင်စိတ်ကို လျှော့ချပေးတဲ့ ကစီဓာတ် ပါဝင်ပါတယ် ။ ကိုယ်အလေးချိန် တက်မှုကို ဟန့်တားပေးပါတယ် ။ ငှက်ပျောသီးက သွေးတွင်း သကြားဓာတ်ကို aလျှာချပေးပြီး ခန္ဓာကိုယ်ရဲ့ အင်ဆူလင်ကို မြင့်တက်စေပါတယ် ။

၃။ သွေးအားနည်းရောဂါဖြစ်နိုင်ချေကို လျှော့ချပေးတယ်

သွေးအားနည်း ရောဂါက အသားအရေ ဖျော့တော့ခြင်း ၊ မောပန်းခြင်း ၊ အသက်ရှူမဝခြင်းတို့ကို ဖြစ်ပေါ်စေပါတယ် ။ သွေးနီဥဆဲလ် နည်းပါးခြင်းနဲ့ သွေးအတွင်း သံဓာတ်လျော့နည်းတဲ့အခါ သွေးအားနည်းလာပါတယ် ။ ငှက်ပျောသီးမှာပါတဲ့ သံဓာတ်က သွေးနီဥဆဲလ်တွေထုတ်လုပ်ဖို့ လှုံ့ဆော်ပေးပါတယ် ။ ငှက်ပျောသီးမှာ ဗီတာမင် B6 လည်း ပါဝင်ပါတယ် ။ ဗီတာမင် B6 က သွေးတွင်း ဂလူးဂိုစ့်ကို ထိန်းညှိပေးပါတယ် ။ ဒါကြောင့် ငှက်ပျောသီးက သွေးအားနည်းရောဂါသမားတွေနဲ့ သင့်တော်ပါတယ် ။

၄။ အစာချေဖျက်မှုကို တိုးတက်စေတယ်

ငှက်ပျောသီးက အစာကြေ လွယ်ပါတယ် ။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ခုခံအားရှိတဲ့ ကစီဓာတ်တွေကို အစာချေလို့ မရဘဲ အူမကြီးထဲကို ဝင်ရောက်သွားပါတယ် ။ အဲဒီ့အခါ ကျမ်းမာရေးအတွက် အကျိုးပြုတဲ့ ဘက်တီးရီးယားအတွက် အာဟာရဖြစ်စေတဲ့ ကြားခံလေး ဖြစ်သွားပါတယ် ။ အစာအိမ် ရောင်ရမ်းနာ ဖြစ်တဲ့အခါ ၊ ရင်ပူတဲ့အခါ ငှက်ပျောသီးကို စားပေးနိုင်ပါတယ် ။ ဝမ်းလျှော့ခြင်းကြောင့် ကုန်ဆုံးသွားတဲ့ သတ္တုဓာတ်တွေကို ငှက်ပျောသီးက ပြန်လည် သိုလှောင်ပေးပါတယ် ။

၅။ စိတ်ဓာတ်ကျမှုကို လျော့ကျစေတယ်

ငှက်ပျောသီးက စိတ်ဓာတ် တက်ကြွစေပါတယ် ။ ငှက်ပျောသီးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပျော်ရွှင်မှု ဟော်မုန်းတွေ ပါဝင်ပါတယ် ။ ပျမ်းမျှအားဖြင့် ငှက်ပျောသီး တစ်လုံးမှာ မဂ္ဂနီဆီယမ် 27 မီလီဂရမ် ပါဝင်ပါတယ် ။ မဂ္ဂနီဆီယမ် သတ္တုဓာတ်က စိတ်ကို ပျော်ရွှင်စေပြီး အိပ်ပျော်စေပါတယ် ။

၆။ လိုအပ်နေတဲ့ဗီတာမင်တွေကို ဖြည့်စည်းပေးတယ်

ငှက်ပျောသီးမှာ ဗီတာမင် B6 ကြွယ်ဝစွာ ပါဝင်ပါတယ် ။ ပျမ်းမျှအားဖြင့် ငှက်ပျောသီးတစ်လုံးမှာ နေ့စဉ် လိုအပ်တဲ့ ဗီတာမင်B6 20%ခန့် ပါဝင်ပါတယ် ။ ဗီတာမင် B6 က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အင်ဆူလင် ၊ သံဓာတ် ၊ အမိုင်နိုအက်ဆစ် ထုတ်လုပ်ရာမှာ ကူညီပေးပါတယ် ။ လိမ္မော်သီးနဲ့ စတော်ဘယ်ရီသီးမှာပဲ ဗီတာမင်ဓာတ် အများဆုံး ပါဝင်တယ်လို့ပဲ ထင်ကြပါတယ် ။ ငှက်ပျောသီးမှာလည်း နေ့စဉ် လိုအပ်နေတဲ့ ဗီတာမင် 15% ပါဝင်ပါတယ် ။ ဗီတာမင် 6 က သွေးကြောတွေကို ကျန်းမာစေပြီး ကော်လဂျင်တွေကို ထုတ်လုပ်ပေးပါတယ် ။

၇။ ခန္ဓာကိုယ်ရဲ့ စွမ်းအင်တွေကို မြင့်တက်စေတယ်

ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်က ကြွက်တက်ခြင်းကနေ ကာကွယ်ပေးပါတယ် ။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ကစီဓာတ်က အားကစား ပြင်းပြင်းထန်ထန် လုပ်တဲ့အခါမှာ တောင့်ခံနိုင်ဖို့ စွမ်းအင်တွေ ထုတ်ပေးပါတယ် ။


ဖိုးသူတော်(www.phothutaw.com)
Credit:Loveshortnotes
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top