တပ္မေတာ္သား ဗိုလ္ႀကီးတစ္ဦး ေမာင္းႏွင္တဲ့ ေမာ္ေတာ္ယာဥ္တစ္စီး ေခ်ာက္ထဲက်ၿပီး ၂ဦးေသ ၄ ဦးဒဏ္ရာရမႈ ဧၿပီ ၄ ရက္ေန႔ ည ၁၀ နာရီခန္႔က ကေလာၿမိဳ႕နယ္အတြင္းျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ကေလာၿမိဳ႕နယ္ ျမင္းမထိေက်းရြာႏွင့္ လမိုင္းေက်းရြာအၾကား ေအာင္ပန္း-ပင္ေလာင္း ကားလမ္းမေပၚတြင္ အရွိန္္မထိန္းနိုင္ဘဲ လမ္း၏ယာဘက္ေခ်ာက္အတြင္းသို႔ ထိုးက်ခဲ့ျခင္းျဖစ္ေၾကာင္း ကေလာၿမိဳ႕ အမွတ္ ၁၁၅ ယာဥ္ထိန္းရဲတပ္ဖြဲ႕ စု မွသိရသည္။

ေမာ္ေတာ္ယာဥ္ကို ဟိုပံုၿမိဳ႕ တပ္မေတာ္ကြန္ျပဴတာႏွင့္နည္းပညာသိပၸံမွ ဗိုလ္ႀကီးသန္းထိုက္ေအာင္က ေမာင္းႏွင္ၿပီး ယာဥ္ေပၚတြင္ ၎ ၏မိသားစုလိုက္ပါလာေၾကာင္း သိရသည္။

ယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္ေၾကာင့္ ၎၏ မိခင္ျဖစ္သူႏွင့္အေဒၚျဖစ္သူ တို႔မွာ အခင္းျဖစ္ေနရာတြင္ ကြယ္လြန္ခဲ့ၿပီး ေနာက္ထပ္အေဒၚတစ္ေယာက္၊ အသက္ ၃ ႏွစ္အရြယ္သားျဖစ္သူ ႏွင့္ ဇနီးျဖစ္သူတို႔မွာ အမွတ္ ၂ ကုတင္ ၇၀၀ စစ္ေဆးရံု ၊ ကေလးျပည္သူ႕ေဆးရံု အသီးသီး၌ ေဆးကုသမႈခံယူေနရေၾကာင္း ရဲတပ္ဖြဲ႕ထံမွသိရသည္။

ယာဥ္ေမာင္း ဗိုလ္ႀကီး သန္းထိုက္ေအာင္ ကိုယ္တိုင္ အမွတ္ ၂ ကုတင္ ၇၀၀ စစ္ေဆးရံုတြင္ တက္ေရာက္ကုသမႈခံယူေနရေၾကာင္း သိရသည္။

အသက္ ၃ ႏွစ္အရြယ္ကေလးငယ္မွာ မစိုးရိမ္ရေသာလည္း က်န္ ၃ ဦးစလံုး စိုးရိမ္ရသည့္ အေျခအေနတြင္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွသိရသည္။လက္ရွိတြင္ ယာဥ္မဆင္မျခင္ေမာင္းႏွင္မႈႏွင့္ ယာဥ္ေမာင္းျဖစ္သူကို အမႈဖြင့္ထားေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:NW (i see media)
#Unicode Version#
တပ်မတော်သား ဗိုလ်ကြီးတစ်ဦး မောင်းနှင်တဲ့ မော်တော်ယာဉ်တစ်စီး ချောက်ထဲကျပြီး ၂ဦးသေ ၄ ဦးဒဏ်ရာရမှု ဧပြီ ၄ ရက်နေ့ ည ၁၀ နာရီခန့်က ကလောမြို့နယ်အတွင်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကလောမြို့နယ် မြင်းမထိကျေးရွာနှင့် လမိုင်းကျေးရွာအကြား အောင်ပန်း-ပင်လောင်း ကားလမ်းမပေါ်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ချောက်အတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ်ကြောင်း ကလောမြို့ အမှတ် ၁၁၅ ယာဉ်ထိန်းရဲတပ်ဖွဲ့ စု မှသိရသည်။

မော်တော်ယာဉ်ကို ဟိုပုံမြို့ တပ်မတော်ကွန်ပြူတာနှင့်နည်းပညာသိပ္ပံမှ ဗိုလ်ကြီးသန်းထိုက်အောင်က မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ၎င်း ၏မိသားစုလိုက်ပါလာကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ၎င်း၏ မိခင်ဖြစ်သူနှင့်အဒေါ်ဖြစ်သူ တို့မှာ အခင်းဖြစ်နေရာတွင် ကွယ်လွန်ခဲ့ပြီး နောက်ထပ်အဒေါ်တစ်ယောက်၊ အသက် ၃ နှစ်အရွယ်သားဖြစ်သူ နှင့် ဇနီးဖြစ်သူတို့မှာ အမှတ် ၂ ကုတင် ၇၀၀ စစ်ဆေးရုံ ၊ ကလေးပြည်သူ့ဆေးရုံ အသီးသီး၌ ဆေးကုသမှုခံယူနေရကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ယာဉ်မောင်း ဗိုလ်ကြီး သန်းထိုက်အောင် ကိုယ်တိုင် အမှတ် ၂ ကုတင် ၇၀၀ စစ်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေရကြောင်း သိရသည်။

အသက် ၃ နှစ်အရွယ်ကလေးငယ်မှာ မစိုးရိမ်ရသောလည်း ကျန် ၃ ဦးစလုံး စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း ရဲတပ်ဖွဲ့မှသိရသည်။လက်ရှိတွင် ယာဉ်မဆင်မခြင်မောင်းနှင်မှုနှင့် ယာဉ်မောင်းဖြစ်သူကို အမှုဖွင့်ထားကြောင်း သိရသည်။



ဖိုးသူတော်(www.phothutaw.com)
Credit:NW (i see media)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top