အျဖဴဆင္း တယ္၊ အနံ႔နံတယ္ဆိုရင္ မေပါ့သင့္ေနာ္..

သို႔.. ညီမေလး…
အိမ္ ေထာင္ရွင္ ညီမေလး တို႔အေနနဲ႔ အျဖဴဆင္းရင္ သိထားသင့္တဲ့ အေျခအေနေလးတစ္ခုကို ေျပာျပခ်င္ပါတယ္။ တစ္ခါတစ္ခါ မႈိစြဲတာ ၊ ပိုးဝင္တာမ်ိဳးမဟုတ္ဘဲ အျဖဴဆင္း တာ မိန္းမကိုယ္အနံ႔နံတာေတြ ျဖစ္ေစတဲ့ အေျခအေနတစ္ခုကေတာ့ သားအိမ္ေခါင္းေရာင္ရမ္းျခင္းပါ။ သားအိမ္ေရာင္တာနဲ႔ မတူဘူးေနာ္…

အရင္ဆုံးသားအိမ္ေခါင္းဟာ ဘယ္လိုေနရာမွာရွိလဲေျပာျပခ်င္ပါတယ္။

– မိန္းမကိုယ္ရဲ႕ အဝၿပီးရင္ အတြင္းဘက္မွာ ေမြးလမ္းေၾကာင္းရွိပါတယ္။ သူ႔အေပၚမွာမွ သားအိမ္ေခါင္းေလး ရွိေနတာပါ။ သားအိမ္နဲ႔ ေမြးလမ္းေၾကာင္းကို ျခားေပးထားတဲ့ ဝင္ေပါက္ေလးလို႔ပဲ ေျပာရမွာေပါ့ရွင္။

ကေလးေမြးတဲ့ အခါ သားအိမ္ထဲက ကေလးေလးဟာ သားအိမ္ေခါင္းကို ျဖတ္ၿပီးမွ ေမြးလမ္းေၾကာင္းထဲေရာက္လာရတာပါ။ လိင္ဆက္ဆံတဲ့အခါမွာလည္း ေမြးလမ္းေၾကာင္းကတစ္ဆင့္ ဒီသားအိမ္ေခါင္းကို ထိမိတာေၾကာင့္ ေအာင့္တာေတြ ခံစားရတာျဖစ္ပါတယ္။

Related Article >>> သားအိမ္ေလး က်န္းမာရဲ႕လား?

သားအိမ္ေခါင္းဆိုတာ ဘာလဲသိၿပီဆိုေတာ့ သားအိမ္ေခါင္းေရာင္တာ ဘာေတြေၾကာင့္လဲ ဆိုရင္

– လိင္ဆက္ဆံျခင္းကတစ္ဆင့္ကူးစက္တတ္တဲ့ ဆီးပူေညာင္းက် ဂႏိုပိုး Chlamydia , Trichomonas, လိင္အဂါၤ ေရယုန္ျဖစ္ေစတဲ့ Herpes ပိုးေတြေၾကာင့္ ျဖစ္ေစ

– လိင္ဆက္ဆံတဲ့အခါ သုံးတဲ့ ကြန္ဒုံးနဲ႔ ဓာတ္မတည့္လို႔ျဖစ္ေစ

– မိန္းမကိုယ္ေဆးေၾကာတဲ့အခါသုံးတဲ့ သန႔္စင္ေဆးရည္ေတြနဲ႔မတည့္လို႔ျဖစ္ေစ

– အမ်ိဳးသမီး သားအိမ္ေခါင္းအဖုံး( ကိုယ္ဝန္တားရန္သုံးေသာ Cervical cap) နဲ႔ မတည့္လို႔ျဖစ္ေစ သားအိမ္ေခါင္းေရာင္ရမ္းျခင္း ျဖစ္ေစပါတယ္။

သားအိမ္ေခါင္းေရာင္ေနတယ္လို႔ သိႏိုင္တဲ့ လကၡဏာေတြကေတာ့

– မိန္းမကိုယ္က ပုံမွန္ ရာသီလာခ်ိန္မဟုတ္ဘဲ ေသြးဆင္းတာ

– အျဖဴဆင္းၿပီး အနံ႔ နံေနတာ

– ေမြးလမ္းေၾကာင္းထဲမွာေအာင့္ေတာငိ့ေတာင့္ျဖစ္ေနတာ

– လိင္ဆက္ဆံခ်ိန္မွာ အရမ္းေအာင့္ၿပီး နာတာေတြ ခံစားေနရၿပီဆိုရင္ သားအိမ္ေခါင္းေရာင္ျခင္းကို သတိရသင့္ပါတယ္ေနာ္။

သားအိမ္ေခါင္းေရာင္ျခင္းက ဘာေတြျဖစ္ေစလဲဆိုရင္…,

သားအိမ္ေခါင္းေရာင္တာဟာ ပိုးဝင္တာနဲ႔ တြဲသြားၿပီဆိုရင္ ဒီေရာင္ရမ္းျခင္းဟာ သားအိမ္ နဲ႔ သားအိမ္လက္တံေတြအထိ ျပန႔္ႏွံ႔သြားၿပီး သားအိမ္ေယာင္ယမ္းျခင္းျဖစ္ေစပါတယ္။ သားအိမ္ေရာင္ရမ္းၿပီးသြားရင္ ကေလးရဖို႔ ခက္တာေတြထိ ျဖစ္ႏိုင္ပါတယ္။

သားအိမ္ေခါင္းေရာင္တာကို ပိုးသတ္ေဆးစနစ္တက်ေသာက္ၿပီး မတည့္တာေတြကို ေရွာင္မယ္ဆိုရင္ အလြယ္တကူ ကုသေပ်ာက္ကင္းႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မယ္တင္(ေဆး ၁)
# Unicode Version # ျဖင့္ ဖတ္ပါ #


အဖြူဆင်း တယ်၊ အနံ့နံတယ်ဆိုရင် မပေါ့သင့်နော်..

သို့.. ညီမလေး…

အိမ်ထောင်ရှင် ညီမလေး တို့အနေနဲ့ အဖြူဆင်းရင် သိထားသင့်တဲ့ အခြေအနေလေးတစ်ခုကို ပြောပြချင်ပါတယ်။ တစ်ခါတစ်ခါ မှိုစွဲတာ ၊ ပိုးဝင်တာမျိုးမဟုတ်ဘဲ အဖြူဆင်း တာ မိန်းမကိုယ်အနံ့နံတာတွေ ဖြစ်စေတဲ့ အခြေအနေတစ်ခုကတော့ သားအိမ်ခေါင်းရောင်ရမ်းခြင်းပါ။ သားအိမ်ရောင်တာနဲ့ မတူဘူးနော်…

အရင်ဆုံးသားအိမ်ခေါင်းဟာ ဘယ်လိုနေရာမှာရှိလဲပြောပြချင်ပါတယ်။

– မိန်းမကိုယ်ရဲ့ အဝပြီးရင် အတွင်းဘက်မှာ မွေးလမ်းကြောင်းရှိပါတယ်။ သူ့အပေါ်မှာမှ သားအိမ်ခေါင်းလေး ရှိနေတာပါ။ သားအိမ်နဲ့ မွေးလမ်းကြောင်းကို ခြားပေးထားတဲ့ ဝင်ပေါက်လေးလို့ပဲ ပြောရမှာပေါ့ရှင်။

ကလေးမွေးတဲ့ အခါ သားအိမ်ထဲက ကလေးလေးဟာ သားအိမ်ခေါင်းကို ဖြတ်ပြီးမှ မွေးလမ်းကြောင်းထဲရောက်လာရတာပါ။ လိင်ဆက်ဆံတဲ့အခါမှာလည်း မွေးလမ်းကြောင်းကတစ်ဆင့် ဒီသားအိမ်ခေါင်းကို ထိမိတာကြောင့် အောင့်တာတွေ ခံစားရတာဖြစ်ပါတယ်။

Related Article >>> သားအိမ်လေး ကျန်းမာရဲ့လား?

သားအိမ်ခေါင်းဆိုတာ ဘာလဲသိပြီဆိုတော့ သားအိမ်ခေါင်းရောင်တာ ဘာတွေကြောင့်လဲ ဆိုရင်

– လိင်ဆက်ဆံခြင်းကတစ်ဆင့်ကူးစက်တတ်တဲ့ ဆီးပူညောင်းကျ ဂနိုပိုး Chlamydia , Trichomonas, လိင်အဂါၤ ရေယုန်ဖြစ်စေတဲ့ Herpes ပိုးတွေကြောင့် ဖြစ်စေ

– လိင်ဆက်ဆံတဲ့အခါ သုံးတဲ့ ကွန်ဒုံးနဲ့ ဓာတ်မတည့်လို့ဖြစ်စေ

– မိန်းမကိုယ်ဆေးကြောတဲ့အခါသုံးတဲ့ သန့်စင်ဆေးရည်တွေနဲ့မတည့်လို့ဖြစ်စေ

– အမျိုးသမီး သားအိမ်ခေါင်းအဖုံး( ကိုယ်ဝန်တားရန်သုံးသော Cervical cap) နဲ့ မတည့်လို့ဖြစ်စေ သားအိမ်ခေါင်းရောင်ရမ်းခြင်း ဖြစ်စေပါတယ်။

သားအိမ်ခေါင်းရောင်နေတယ်လို့ သိနိုင်တဲ့ လက္ခဏာတွေကတော့

– မိန်းမကိုယ်က ပုံမှန် ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းတာ

– အဖြူဆင်းပြီး အနံ့ နံနေတာ

– မွေးလမ်းကြောင်းထဲမှာအောင့်တောငိ့တောင့်ဖြစ်နေတာ

– လိင်ဆက်ဆံချိန်မှာ အရမ်းအောင့်ပြီး နာတာတွေ ခံစားနေရပြီဆိုရင် သားအိမ်ခေါင်းရောင်ခြင်းကို သတိရသင့်ပါတယ်နော်။

သားအိမ်ခေါင်းရောင်ခြင်းက ဘာတွေဖြစ်စေလဲဆိုရင်…,

သားအိမ်ခေါင်းရောင်တာဟာ ပိုးဝင်တာနဲ့ တွဲသွားပြီဆိုရင် ဒီရောင်ရမ်းခြင်းဟာ သားအိမ် နဲ့ သားအိမ်လက်တံတွေအထိ ပြန့်နှံ့သွားပြီး သားအိမ်ယောင်ယမ်းခြင်းဖြစ်စေပါတယ်။ သားအိမ်ရောင်ရမ်းပြီးသွားရင် ကလေးရဖို့ ခက်တာတွေထိ ဖြစ်နိုင်ပါတယ်။

သားအိမ်ခေါင်းရောင်တာကို ပိုးသတ်ဆေးစနစ်တကျသောက်ပြီး မတည့်တာတွေကို ရှောင်မယ်ဆိုရင် အလွယ်တကူ ကုသပျောက်ကင်းနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:မယ်တင်(ဆေး ၁)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top