ဧၿပီလ ၂ ရက္ေန႔မွာ မိုး႐ြာသြန္းၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ တိုင္းေဒသႀကီး/ျပည္နယ္ ၅ ခုမွာ ေနအိမ္ ၁၀ လုံး ၿပိဳက်ၿပီး ေနအိမ္ ၁၀၈ လုံး  အမိုးလန္ပ်က္စီးဆုံးရႈံးခဲ့တယ္လို႔ ျပည္ထဲေရး၀န္ႀကီး ဌာနက သတင္းထုတ္ျပန္ထားပါတယ္။



မိုးရြာၿပီး ေလျပင္းတိုက္ခတ္တာေၾကာင့္ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္း ၊ပဲခူးတိုင္း၊ မေကြးတိုင္း၊ ဧရာ၀တီတိုင္း စတဲ့ ျပည္နယ္တိုင္းေတြမွာ ပ်က္စီးဆံုးရႈံမႈေတြ ျဖစ္ေပၚခဲ့တာပါ။ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္မွာ ေလျပင္းတိုက္ခတ္တာေၾကာင့္ စာသင္ေက်ာင္း ၁ ေက်ာင္း အမိုးလန္ပ်က္စီးဆံုး ရႈံတယ္။

စစ္ကိုင္းတိုင္း၊ ေဖာင္းျပင္မွာ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ၿမိဳ႕နယ္ေထြ/အုပ္႐ုံး ၁ ႐ုံး၊ စားသုံးသူေရးရာ ဦးစီးဌာန႐ုံး ၁ ႐ုံး၊ စာၾကည့္တိုက္ ၁ လုံး၊ ေနအိမ္ ၁၂ လုံး၊ စာသင္ေက်ာင္း ၁ ေက်ာင္း၊ ဘုရားတန္ေဆာင္း ၁ ခု၊ စပါးက်ီ ၁ လုံးတို႔ အမိုးလန္ပ်က္စီးခဲ့ဆုံးရႈံးခဲ့တယ္။



မင္းကင္းမွာ ေလျပင္းတိုက္ခတ္တာေၾကာင့္ ေနအိမ္ ၁ လုံး အမိုးလန္ပ်က္စီးဆုံးရႈံးခဲ့တယ္လို႔ ျပည္ထဲေရးသတင္းမွာ ေဖာ္ျပပါတယ္။အလားတူ ပဲခူးတိုင္း ပန္းေတာင္းၿမိဳ႕နယ္ထဲမွာ ေနအိမ္ ၃ လုံး၊ ျပည္မွာ ေနအိမ္ ၂ လုံး၊ ေနအိမ္ ၂၆ လုံး၊ ဓမၼာ႐ုံ ၁ ခု၊ စာသင္ေက်ာင္း ၁ ေက်ာင္း၊ ဝန္ထမ္းအိမ္ရာ ၁ လုံး၊ ေနအိမ္ ၁ လုံး ပ်က္စီးဆုံးရႈံးခဲ့ပါတယ္။

မေကြးတိုင္းမွာေတာ့ ကံမၿမိဳ႕နယ္မွာ ေလျပင္းတိုက္ခတ္မႈေၾကာင့္  ေနအိမ္ ၁၇ လုံး၊ စာသင္ ေက်ာင္း ၁ ေက်ာင္း အမိုးလန္ပ်က္စီးဆုံးရႈံးခဲ့ပါတယ္။ဧရာဝတီတိုင္းေဒသႀကီးမွာလည္း ဟသၤာတၿမိဳ႕ နယ္အတြင္းမွာ ေနအိမ္ ၁၄ လုံး၊ ေလးမ်က္ႏွာမွာ ေနအိမ္ ၂၃ လံုး၊ အဂၤပူၿမိဳ႕နယ္မွာ ေနအိမ္ ၂၉ လုံး၊ ဘုန္းႀကီး ေက်ာင္း ၁ ေက်ာင္း အမိုးလန္ပ်က္စီးဆုံးရႈံးခဲ့ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


 ဧပြီလ ၂ ရက်နေ့မှာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တိုင်းဒေသကြီး/ပြည်နယ် ၅ ခုမှာ နေအိမ် ၁၀ လုံး ပြိုကျပြီး နေအိမ် ၁၀၈ လုံး  အမိုးလန်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မိုးရွာပြီး လေပြင်းတိုက်ခတ်တာကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ၊ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း စတဲ့ ပြည်နယ်တိုင်းတွေမှာ ပျက်စီးဆုံးရှုံမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ လေပြင်းတိုက်ခတ်တာကြောင့် စာသင်ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးဆုံး ရှုံတယ်။

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မှာ လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်ထွေ/အုပ်ရုံး ၁ ရုံး၊ စားသုံးသူရေးရာ ဦးစီးဌာနရုံး ၁ ရုံး၊ စာကြည့်တိုက် ၁ လုံး၊ နေအိမ် ၁၂ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုရားတန်ဆောင်း ၁ ခု၊ စပါးကျီ ၁ လုံးတို့ အမိုးလန်ပျက်စီးခဲ့ဆုံးရှုံးခဲ့တယ်။

မင်းကင်းမှာ လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁ လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။အလားတူ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ထဲမှာ နေအိမ် ၃ လုံး၊ ပြည်မှာ နေအိမ် ၂ လုံး၊ နေအိမ် ၂၆ လုံး၊ ဓမ္မာရုံ ၁ ခု၊ စာသင်ကျောင်း ၁ ကျောင်း၊ ဝန်ထမ်းအိမ်ရာ ၁ လုံး၊ နေအိမ် ၁ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မကွေးတိုင်းမှာတော့ ကံမမြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့်  နေအိမ် ၁၇ လုံး၊ စာသင် ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ဧရာဝတီတိုင်းဒေသကြီးမှာလည်း ဟင်္သာတမြို့ နယ်အတွင်းမှာ နေအိမ် ၁၄ လုံး၊ လေးမျက်နှာမှာ နေအိမ် ၂၃ လုံး၊ အင်္ဂပူမြို့နယ်မှာ နေအိမ် ၂၉ လုံး၊ ဘုန်းကြီး ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top