ထိုင္းႏုိင္ငံ၊ ဟြာဟင္း ကမ္းေျခက ပင္လယ္စာ စားေသာက္ဆိုင္ဟာ သာမန္ထက္ ေစ်းတင္ေရာင္းေနတာကို အာဏာပိုင္ေတြ စံုစမ္း သိရွိခဲ့ၾကတာျဖစ္ပါတယ္။ ပါကြီးလို႔ အမည္ရတဲ့ ပင္လယ္စာကမ္းေျခဆုိင္ဟာ ဒီျဖစ္ရပ္ေၾကာင့္ ကုန္သြယ္ေရးဝန္ႀကီးဌာန ခ႐ိုင္႐ံုးကို ဒဏ္ေၾကးေငြ ဘတ္ ၁၀၀၀ ေပးေဆာင္ခဲ့ရတယ္လို႔ Bangkok Post သတင္းစာက ေဖာ္ျပပါတယ္။

အဆိုပါစားေသာက္ဆုိင္ဟာ ေစ်းႏႈန္းႀကီးျမင့္စြာ ေရာင္းခ်ေနေၾကာင္း ခရီးသြားတစ္ဦးက ဒီအေၾကာင္းကို လူမႈကြန္ရက္ေဖ့စ္ဘြတ္မွာ တင္ခဲ့ရာကတစ္ဆင့္ အာဏာပိုင္ေတြက စံုစမ္းခဲ့ၾကတာျဖစ္ပါတယ္။ အစားအေသာက္ေတြ မွာစားမယ္ဆိုရင္ ေခတၱေနစရာ ေနရာေပးမယ္လို႔ ေျပာခဲ့တာေၾကာင့္ ဧည့္သည္အမ်ိဳးသမီးက အစားအေသာက္ေတြ မွာယူခဲ့တယ္လို႔ သိရပါတယ္။

တစ္နာရီခန္႔ တည္းခိုၿပီးခ်ိန္မွာေတာ့ ဧည့္သည္ဟာ အုန္းေရႏွစ္ခြက္အတြက္ ဘတ္ ၂၄၀၊ ပင္လယ္စာသုတ္ ႏွစ္ပြဲအတြက္ ဘတ္ ၅၀၀ အျပင္အျခားေသာ ပင္လယ္စာေတြအတြက္ ေငြေၾကး အေတာ္အသင့္ ရွင္းခဲ့ရတယ္လို႔ ဖြင့္ဟထားပါတယ္။ အဓိက အခ်က္ကေတာ့ မီႏူးထဲမွာ ေရခဲတစ္ပြဲ ၂၀ လို႔ ေရးထားေပမယ့္ သူမဟာ ပိုက္ဆံရွင္းခ်ိန္မွာ ေရခဲႏွစ္ပြဲအတြက္ ဘတ္ ၆၀ ေပးခဲ့ရတာျဖစ္ပါတယ္။

ဧည့္သည္အမ်ိဳးသမီးနဲ႔ သူမရဲ႕ မိသားစု ဆိုင္ကို ေရာက္လာခ်ိန္မွာ ဆိုင္ရွင္နဲ႔ ဝန္ထမ္းေတြက အနားယူဖို႔အတြက္ ေနရာယူမယ္ဆိုရင္ လာေရာက္တဲ့လူအေရအတြက္နဲ႔ ညီမွ်တဲ့ အစားအေသာက္ေတြကို မွာယူရမယ္လို႔ ေတာင္းဆိုခဲ့ေၾကာင္း သိရပါတယ္။

ဒါေပမယ့္ ဧည့္သည္အမ်ိဳးသမီးက လူအေရအတြက္နဲ႔ စားေသာက္ပြဲ အညီအမွ် မွာယူျခင္းမျပဳပဲ တစ္ရက္တာ နားခုိဖို႔အတြက္ ဘတ္ ၁၀၀ ထပ္ေပးဖို႔ အစီအစဥ္ကို သေဘာတူခဲ့တယ္လို႔ ဆိုင္ရွင္ေတြက ရွင္းျပၾကပါတယ္။



ဒီျပစ္ဒဏ္ဟာ သက္ေသခိုင္လံုရင္ ဘတ္ တစ္ေသာင္းေလာက္အထိ ဒဏ္ေၾကးေဆာင္ရႏိုင္ေပမယ့္ ဆိုင္ရွင္ေတြဟာ ေရခဲေစ်းႏႈန္းေပၚမွာသာ ထင္ထင္ရွားရွားေငြေၾကးပိုေတာင္းခဲ့တာျဖစ္တဲ့အျပင္ ဒီျဖစ္ရပ္က သူတို႔ပထမဆံုးအႀကိမ္လည္းျဖစ္လို႔ ဒဏ္ေငြတစ္ေထာင္သာေဆာင္ဖို႔ ကုန္သြယ္ေရးအရာရွိေတြက ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


ထိုင်းနိုင်ငံ၊ ဟွာဟင်း ကမ်းခြေက ပင်လယ်စာ စားသောက်ဆိုင်ဟာ သာမန်ထက် ဈေးတင်ရောင်းနေတာကို အာဏာပိုင်တွေ စုံစမ်း သိရှိခဲ့ကြတာဖြစ်ပါတယ်။ ပါကွီးလို့ အမည်ရတဲ့ ပင်လယ်စာကမ်းခြေဆိုင်ဟာ ဒီဖြစ်ရပ်ကြောင့် ကုန်သွယ်ရေးဝန်ကြီးဌာန ခရိုင်ရုံးကို ဒဏ်ကြေးငွေ ဘတ် ၁၀၀၀ ပေးဆောင်ခဲ့ရတယ်လို့ Bangkok Post သတင်းစာက ဖော်ပြပါတယ်။

အဆိုပါစားသောက်ဆိုင်ဟာ ဈေးနှုန်းကြီးမြင့်စွာ ရောင်းချနေကြောင်း ခရီးသွားတစ်ဦးက ဒီအကြောင်းကို လူမှုကွန်ရက်ဖေ့စ်ဘွတ်မှာ တင်ခဲ့ရာကတစ်ဆင့် အာဏာပိုင်တွေက စုံစမ်းခဲ့ကြတာဖြစ်ပါတယ်။ အစားအသောက်တွေ မှာစားမယ်ဆိုရင် ခေတ္တနေစရာ နေရာပေးမယ်လို့ ပြောခဲ့တာကြောင့် ဧည့်သည်အမျိုးသမီးက အစားအသောက်တွေ မှာယူခဲ့တယ်လို့ သိရပါတယ်။

တစ်နာရီခန့် တည်းခိုပြီးချိန်မှာတော့ ဧည့်သည်ဟာ အုန်းရေနှစ်ခွက်အတွက် ဘတ် ၂၄၀၊ ပင်လယ်စာသုတ် နှစ်ပွဲအတွက် ဘတ် ၅၀၀ အပြင်အခြားသော ပင်လယ်စာတွေအတွက် ငွေကြေး အတော်အသင့် ရှင်းခဲ့ရတယ်လို့ ဖွင့်ဟထားပါတယ်။ အဓိက အချက်ကတော့ မီနူးထဲမှာ ရေခဲတစ်ပွဲ ၂၀ လို့ ရေးထားပေမယ့် သူမဟာ ပိုက်ဆံရှင်းချိန်မှာ ရေခဲနှစ်ပွဲအတွက် ဘတ် ၆၀ ပေးခဲ့ရတာဖြစ်ပါတယ်။

ဧည့်သည်အမျိုးသမီးနဲ့ သူမရဲ့ မိသားစု ဆိုင်ကို ရောက်လာချိန်မှာ ဆိုင်ရှင်နဲ့ ဝန်ထမ်းတွေက အနားယူဖို့အတွက် နေရာယူမယ်ဆိုရင် လာရောက်တဲ့လူအရေအတွက်နဲ့ ညီမျှတဲ့ အစားအသောက်တွေကို မှာယူရမယ်လို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့် ဧည့်သည်အမျိုးသမီးက လူအရေအတွက်နဲ့ စားသောက်ပွဲ အညီအမျှ မှာယူခြင်းမပြုပဲ တစ်ရက်တာ နားခိုဖို့အတွက် ဘတ် ၁၀၀ ထပ်ပေးဖို့ အစီအစဉ်ကို သဘောတူခဲ့တယ်လို့ ဆိုင်ရှင်တွေက ရှင်းပြကြပါတယ်။

ဒီပြစ်ဒဏ်ဟာ သက်သေခိုင်လုံရင် ဘတ် တစ်သောင်းလောက်အထိ ဒဏ်ကြေးဆောင်ရနိုင်ပေမယ့် ဆိုင်ရှင်တွေဟာ ရေခဲဈေးနှုန်းပေါ်မှာသာ ထင်ထင်ရှားရှားငွေကြေးပိုတောင်းခဲ့တာဖြစ်တဲ့အပြင် ဒီဖြစ်ရပ်က သူတို့ပထမဆုံးအကြိမ်လည်းဖြစ်လို့ ဒဏ်ငွေတစ်ထောင်သာဆောင်ဖို့ ကုန်သွယ်ရေးအရာရှိတွေက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top