ခုေခတ္လူေတြခဏခဏ သာဓုေခၚေနၾကတာ ဘာလို႔မရတာတုန္းလို႔ ေမးေကာင္းေမးလိမ္႕မယ္။ ေရထဲမိုးရြာေနတာေလ။...ဆိုပါစို႔။ ႐ွိေနတဲ႕လူေတြကို ထမင္းတစ္နပ္ ေခၚ ေကြၽးေတာ႔ သူ႔မွာ စားရလည္း သိပ္ၿပီး မထူးျခားဘူး။မစားရလည္း သိပ္ၿပီးမထူးျခားဘူး။ ဘာျဖစ္လို႔တုန္းဆိုေတာ႔ ျပည့္စံုေနတာကိုး။ မျပည့္စံုတဲ႔လူေတြက်ေတာ႔ အင္မတန္မွ ကြာျခားသြားတယ္။

 ၿပိတၱာဘံုေရာက္ေနတဲ႔ ပုဂၢိဳလ္ေတြအဖို႔ေတာ႔ အကြၽတ္အလြတ္ပြဲေတြလုပ္ၿပီး အမွ်အတန္းေပးေဝတာ အင္မတန္မွ ေကာင္းတဲ႔ လုပ္ငန္းတစ္ခုပဲ။

သူတို႔အတြက္ ခ်က္ခ်င္းအက်ိဳး႐ွိတယ္။ အဲဒီေတာ႔ လူသားတစ္ေယာက္ ဒီလိုသာဓုေခၚရံုနဲ႔ ေကာင္းက်ိဳးခ်မ္းသာေတြရတာ မ႐ွိဘူးလားဆို​ေတာ႔ ငါးရာ့ငါးဆယ္ဇာတ္ထဲမွာ သခၤဇာတ္ဆိုတာ ႐ွိတယ္။

ဘုရားအေလာင္း သခၤပုဏၰားႀကီးကကုသိုလ္ေကာင္းမႈလုပ္တယ္။
တစ္ေန႔ ပင္လယ္ခရီးထြက္တဲ႔အခါ သဘၤာပ်က္လို႔ သူ႔ေနာက္ကပါလာတဲ႔ တပည့္တစ္ေယာက္နဲ႔ သူတို႔ႏွစ္ေယာက္ ပ်ဥ္ခ်ပ္တစ္ခုေပၚမွာ ေမ်ာပါၿပီး ခုႏွစ္ရက္လံုးလံုး ပင္လယ္ထဲမွာ ဒုကၡေရာက္ေနၾကတယ္။

သူလုပ္ခဲ႔တဲ႔ကုသိုလ္ေကာင္းမႈေၾကာင့္ ပင္လယ္ေစာင့္နတ္သမီးကလာၿပီး သူ႔ကို ကယ္တယ္။ ကယ္တဲ႔အခါ သခၤပုဏၰားတစ္ေယာက္ထဲပဲ ကယ္တယ္။ သူ႔တပည့္ကို မကယ္ဘူး။ ဘာျဖစ္လို႔မကယ္လဲဆိုေတာ႔ သူ႔မွာ ဘာကုသိုလ္မွ မ႐ွိဘူးတဲ႕။ ကုသိုလ္႐ွိမွ ကယ္လို႔ရတာ။

လူဆိုတာ သနားခ်င္ေပမယ့္ သနားလို႔မရဘူးဆိုတာ ႐ွိတယ္။ ကံမပါရင္ သနားလို႔ မရဘူး။
ဆိုပါစို႔_ ျမတ္စြာဘုရားက အင္မတန္ႀကီးမားတဲ႔ တန္ခိုး႐ွင္ျဖစ္ေပမယ့္ လူတိုင္းကို "ဧဟိဘိကၡဴ " ေခၚၿပီး တန္ခိုးနဲ႔ၿပီးတဲ႔ သကၤန္းသပိတ္ေပးလို႔ မရဘူး။

ကုသိုလ္ကံ႐ွိတဲ႔ ပုဂၢိဳလ္ကိုသာ ကံလမ္းဖြင့္ေပးတဲ႔ သေဘာပဲ။ အတိတ္ဘဝတုန္းက သကၤန္း သပိတ္လႉၿပီး ဆုေတာင္းခဲ႔တဲ႔ပုဂၢိဳလ္မဟုတ္ရင္ ျမတ္စြာဘုရားေတာင္လုပ္ေပးလို႔ မရဘူး။

အဲဒီေတာ႔ တပည့္က ကုသိုလ္ကံမ႐ွိသည့္အတြက္နတ္သမီးက လ်စ္လ်ဴ႐ႈထားေတာ႔
ဘုရားအေလာင္းသခၤပုဏၰားကသူ႔ကို ကုသိုလ္႐ွိေအာင္ ဘယ္လိုလုပ္ေပးတုန္းဆိုရင္ "လမ္းမွာတုန္းက ဖိနပ္တို႔ ထီးတို႔ လႉခဲ႔တဲ႕ ငါ႕ရဲ႔ကုသိုလ္ေကာင္းမႉ႐ွိတယ္။

အဲဒီကုသိုလ္ကို မင္းအတြက္ အမွ်ေဝပါတယ္ "လို႔ေျပာၿပီး အမွ်ေဝေပးတယ္။ဟိုလူက သာဓုေခၚတယ္။သာဓုေခၚလိုက္တဲ႕အခါမွသူ႔ကို ကယ္လို႔ရသြားတယ္။ သာဓုေခၚတဲ႔ ကုသိုလ္က လူသားစစ္အေပၚမွာလည္းအက်ိဳးသက္ေရာက္မႈ ႐ွိတယ္ေနာ္။ဒါကို သတိထားရမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ပါေမာကၡခ်ဳပ္ဆရာေတာ္
ေဒါက္တာအ႐ွင္နႏၵမာလာဘိဝံသ)
# Unicode Version # ျဖင့္ ဖတ္ပါ #

ခုခေတ်လူတွေခဏခဏ သာဓုခေါ်နေကြတာ ဘာလို့မရတာတုန်းလို့ မေးကောင်းမေးလိမ့်မယ်။ ရေထဲမိုးရွာနေတာလေ။...ဆိုပါစို့။ ရှိနေတဲ့လူတွေကို ထမင်းတစ်နပ် ခေါ် ကျွေးတော့ သူ့မှာ စားရလည်း သိပ်ပြီး မထူးခြားဘူး။မစားရလည်း သိပ်ပြီးမထူးခြားဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ပြည့်စုံနေတာကိုး။ မပြည့်စုံတဲ့လူတွေကျတော့ အင်မတန်မှ ကွာခြားသွားတယ်။

 ပြိတ္တာဘုံရောက်နေတဲ့ ပုဂ္ဂိုလ်တွေအဖို့တော့ အကျွတ်အလွတ်ပွဲတွေလုပ်ပြီး အမျှအတန်းပေးဝေတာ အင်မတန်မှ ကောင်းတဲ့ လုပ်ငန်းတစ်ခုပဲ။

သူတို့အတွက် ချက်ချင်းအကျိုးရှိတယ်။ အဲဒီတော့ လူသားတစ်ယောက် ဒီလိုသာဓုခေါ်ရုံနဲ့ ကောင်းကျိုးချမ်းသာတွေရတာ မရှိဘူးလားဆိုတော့ ငါးရာ့ငါးဆယ်ဇာတ်ထဲမှာ သင်္ခဇာတ်ဆိုတာ ရှိတယ်။

ဘုရားအလောင်း သင်္ခပုဏ္ဏားကြီးကကုသိုလ်ကောင်းမှုလုပ်တယ်။
တစ်နေ့ ပင်လယ်ခရီးထွက်တဲ့အခါ သင်္ဘာပျက်လို့ သူ့နောက်ကပါလာတဲ့ တပည့်တစ်ယောက်နဲ့ သူတို့နှစ်ယောက် ပျဉ်ချပ်တစ်ခုပေါ်မှာ မျောပါပြီး ခုနှစ်ရက်လုံးလုံး ပင်လယ်ထဲမှာ ဒုက္ခရောက်နေကြတယ်။

သူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကြောင့် ပင်လယ်စောင့်နတ်သမီးကလာပြီး သူ့ကို ကယ်တယ်။ ကယ်တဲ့အခါ သင်္ခပုဏ္ဏားတစ်ယောက်ထဲပဲ ကယ်တယ်။ သူ့တပည့်ကို မကယ်ဘူး။ ဘာဖြစ်လို့မကယ်လဲဆိုတော့ သူ့မှာ ဘာကုသိုလ်မှ မရှိဘူးတဲ့။ ကုသိုလ်ရှိမှ ကယ်လို့ရတာ။

လူဆိုတာ သနားချင်ပေမယ့် သနားလို့မရဘူးဆိုတာ ရှိတယ်။ ကံမပါရင် သနားလို့ မရဘူး။
ဆိုပါစို့_ မြတ်စွာဘုရားက အင်မတန်ကြီးမားတဲ့ တန်ခိုးရှင်ဖြစ်ပေမယ့် လူတိုင်းကို "ဧဟိဘိက္ခူ " ခေါ်ပြီး တန်ခိုးနဲ့ပြီးတဲ့ သင်္ကန်းသပိတ်ပေးလို့ မရဘူး။

ကုသိုလ်ကံရှိတဲ့ ပုဂ္ဂိုလ်ကိုသာ ကံလမ်းဖွင့်ပေးတဲ့ သဘောပဲ။ အတိတ်ဘဝတုန်းက သင်္ကန်း သပိတ်လှူပြီး ဆုတောင်းခဲ့တဲ့ပုဂ္ဂိုလ်မဟုတ်ရင် မြတ်စွာဘုရားတောင်လုပ်ပေးလို့ မရဘူး။

အဲဒီတော့ တပည့်က ကုသိုလ်ကံမရှိသည့်အတွက်နတ်သမီးက လျစ်လျူရှုထားတော့
ဘုရားအလောင်းသင်္ခပုဏ္ဏားကသူ့ကို ကုသိုလ်ရှိအောင် ဘယ်လိုလုပ်ပေးတုန်းဆိုရင် "လမ်းမှာတုန်းက ဖိနပ်တို့ ထီးတို့ လှူခဲ့တဲ့ ငါ့ရဲ့ကုသိုလ်ကောင်းမှူရှိတယ်။

အဲဒီကုသိုလ်ကို မင်းအတွက် အမျှဝေပါတယ် "လို့ပြောပြီး အမျှဝေပေးတယ်။ဟိုလူက သာဓုခေါ်တယ်။သာဓုခေါ်လိုက်တဲ့အခါမှသူ့ကို ကယ်လို့ရသွားတယ်။ သာဓုခေါ်တဲ့ ကုသိုလ်က လူသားစစ်အပေါ်မှာလည်းအကျိုးသက်ရောက်မှု ရှိတယ်နော်။ဒါကို သတိထားရမယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top