ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမၼတူၿမိဳ႕နယ္၊ မန္စံေက်းရြာမွာ ဧၿပီ ၈ ရက္ ညေန ၆ နာရီေလာက္က ဗံုးေပါက္ကြဲမႈျဖစ္ပြားလို႔ ခရီးသြား ရဟန္း တပါးနဲ႔ အရပ္သား တဦး ဒဏ္ရာ ရရွိခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

မန္စံရြာနယ္ခံတဦးက “မေန႔က ညေန ၆ နာရီေက်ာ္က က်ေနာ္တို႔ မန္စံအုပ္ခ်ဳပ္ေရးမႉး အိမ္ေရွ႕မွာေပါ့ က်ေနာ္တို႔အိမ္နဲ႔ မလွမ္းမကမ္းမွာပဲ ဆိုင္ကယ္နဲ႔ လာၿပီး ဗံုးတလံုးပစ္သြားတယ္။ အုပ္ခ်ဳပ္ေရးမႉး အိမ္က လမ္းေဘးဆိုေတာ့ ခရီးသြား ရဟန္းတပါးနဲ႔ ျပည္သူတေယာက္ ဗံုးစမွန္ၿပီး ဒဏ္ရရာသြားတယ္” လို႔ ေျပာပါတယ္။

ဗံုးဆံထိမွန္တဲ့ သံဃာေတာ္ဟာ ဥဴး၀ိလႏၵ ျဖစ္ၿပီး အရပ္သားကေတာ့ မန္စံ ေက်းရြာသား ကိုေမာင္ငယ္ ျဖစ္ပါတယ္။ ေပါက္ကြဲမႈေၾကာင့္ မန္စံ ေက်းရြာအုပ္ခ်ဳပ္ေရးမႉးေနအိမ္မွာ အနည္းငယ္ ထိခိုက္ပ်က္ဆီးသြားၿပီး ေက်းရြာအုပ္ခ်ဳပ္ေရးမႉး ကေတာ့ အခင္းျဖစ္ပြားခ်ိန္မွာ ေနအိမ္မွာ မရွိလို႔ ထိခိုက္ဒဏ္ရာရတာမရွိပါဘူး။

“အဲ့ခ်ိန္ က်ေနာ္က အိမ္ေရွ႕မွာရွိတယ္။ ဗံုးေပါက္တာက ဥကၠ႒ အိမ္ေရွ႕မွာပါ။ ဥကၠ႒က သူ႔အိမ္မွာ မရွိလို႔ ဒဏ္ရာရတာ ေတာ့ မရွိပါဘူး” လို႔ မန္စံရြာသားတဦးက ေျပာပါတယ္။

ဒဏ္ရာရသူေတြကို လား႐ိႈးေဆးရံုသို႔ ပို႔ေဆာင္ထားၿပီး ေဆး၀ါးကုသေပးေနပါတယ္။

မန္စံေက်းရြာရဲ႕ အနီးတ၀ိုက္က ေက်းရြာေတြမွာ ၿပီးခဲ့တဲ့ရက္ပိုင္းကအထိ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ/ ရွမ္းျပည္တပ္မေတာ္ (RCSS/SSA)နဲ႔ တအာင္းအမ်ိဳးသားလြတ္ ေျမာက္ေရး တပ္မေတာ္ (TNLA)အေပါင္း ရွမ္းျပည္တိုးတက္ေရးပါတီ/ ရွမ္းျပည္တပ္မေတာ္ (SSPP/SSA) ပူးေပါင္းတပ္ေတြ  တိုက္ပြားျဖစ္ပြားခဲ့ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မန်စံကျေးရွာမှာ ဧပြီ ၈ ရက် ညနေ ၆ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားလို့ ခရီးသွား ရဟန်း တပါးနဲ့ အရပ်သား တဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မန်စံရွာနယ်ခံတဦးက “မနေ့က ညနေ ၆ နာရီကျော်က ကျနော်တို့ မန်စံအုပ်ချုပ်ရေးမှူး အိမ်ရှေ့မှာပေါ့ ကျနော်တို့အိမ်နဲ့ မလှမ်းမကမ်းမှာပဲ ဆိုင်ကယ်နဲ့ လာပြီး ဗုံးတလုံးပစ်သွားတယ်။ အုပ်ချုပ်ရေးမှူး အိမ်က လမ်းဘေးဆိုတော့ ခရီးသွား ရဟန်းတပါးနဲ့ ပြည်သူတယောက် ဗုံးစမှန်ပြီး ဒဏ်ရရာသွားတယ်” လို့ ပြောပါတယ်။

ဗုံးဆံထိမှန်တဲ့ သံဃာတော်ဟာ ဥူးဝိလန္ဒ ဖြစ်ပြီး အရပ်သားကတော့ မန်စံ ကျေးရွာသား ကိုမောင်ငယ် ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် မန်စံ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်မှာ အနည်းငယ် ထိခိုက်ပျက်ဆီးသွားပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ကတော့ အခင်းဖြစ်ပွားချိန်မှာ နေအိမ်မှာ မရှိလို့ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။

“အဲ့ချိန် ကျနော်က အိမ်ရှေ့မှာရှိတယ်။ ဗုံးပေါက်တာက ဥက္ကဋ္ဌ အိမ်ရှေ့မှာပါ။ ဥက္ကဋ္ဌက သူ့အိမ်မှာ မရှိလို့ ဒဏ်ရာရတာ တော့ မရှိပါဘူး” လို့ မန်စံရွာသားတဦးက ပြောပါတယ်။

ဒဏ်ရာရသူတွေကို လားရှိုးဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးဝါးကုသပေးနေပါတယ်။

မန်စံကျေးရွာရဲ့ အနီးတဝိုက်က ကျေးရွာတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းကအထိ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)နဲ့ တအာင်းအမျိုးသားလွတ် မြောက်ရေး တပ်မတော် (TNLA)အပေါင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ပူးပေါင်းတပ်တွေ  တိုက်ပွားဖြစ်ပွားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top