ဧရာဝတီတိုင္းေဒသႀကီး၊ကန္ႀကီးေထာင့္ၿမိဳ႕နယ္၊ငွက္ႀကီးသိုက္ေက်း႐ြာ (ရန္ကုန္-ပုသိမ္ ကားလမ္း) တြင္ ဧၿပီ ၂၃ ရက္၊မြန္းလြဲ ၂ နာရီ မိနစ္ ၂၀ က ေယာနသံ ခရီးသည္တင္မွန္လုံယာဥ္တစ္စီး ဝါယာေရွာ့ျဖစ္ကာမီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ရန္ကုန္-ပုသိမ္ ကားလမ္းအတိုင္း ပုသိမ္ဘက္မွ ငါးသိုင္းေခ်ာင္းဘက္သို႔ ခရီးသည္ ၄၅ ဦးကိုတင္ေဆာင္ကာ ယာဥ္ေမာင္း ေက်ာ္မင္းလႈိင္ အသက္ (၄၅ ႏွစ္) ေမာင္းႏွင္လာေသာ ပုသိမ္-ငါးသိုင္းေခ်ာင္း ေျပးဆြဲေနသည့္ ေယာနသံ ခရီးသည္တင္မွန္လုံယာဥ္သည္ မိုင္တိုင္အမွတ္ ၁၉/၂ ႏွင့္ ၁၉/၃ ၾကားအေရာက္တြင္ ကားဦးေခါင္းဝဲဘက္အျခမ္းမွ မီးခိုးမ်ားထြက္ကာ ဝါယာေရွာ့ျဖစ္ၿပီး မီးစတင္ေလာင္ကြၽမ္းခဲ့ရာ အဆိုပါမီးေလာင္မႈ ျဖစ္ပြားရာသို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းျမင့္၊ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉး ေလးျမင့္ႏွင့္ၿမိဳ႕နယ္မီးသတ္ဦးစီးမႉး ဦးမ်ိဳးျမင့္စိုး တို႔ ဦးေဆာင္ေသာ သႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္အရန္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက မီးျငႇိမ္းသတ္ယာဥ္ ႏွစ္စီး၊ေရသယ္ယာဥ္ တစ္စီးတို႔ျဖင့္ဝိုင္းဝန္းျငႇိမ္းသတ္ခဲ့ၾကရာ မြန္းလြဲ ၂ နာရီ ၄၅ မိနစ္တြင္မီးျငႇိမ္းသြားခဲ့ၿပီး ခရီးသည္မ်ားထိခိုက္မႈမရွိေၾကာင္းႏွင့္ ဆုံရႈံးမႈတန္ဖိုးမွာ ေငြက်ပ္ သိန္း ၅၀ ေက်ာ္ခန႔္ရွိေၾကာင္း ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွသိရသည္။

အဆိုပါ ကားမီးေလာင္ကြၽမ္းမႈေၾကာင့္ ယာဥ္ေမာင္း ေက်ာ္မင္းလႈိင္ အားကန္ႀကီးေထာင့္ၿမိဳ႕မရဲစခန္းမွဆက္လက္အေရးယူေဆာင္႐ြက္ထားေၾကာင္းသိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:နန္းထိုက္
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

#Unicode Version#
ဧရာဝတီတိုင်းဒေသကြီး၊ကန်ကြီးထောင့်မြို့နယ်၊ငှက်ကြီးသိုက်ကျေးရွာ (ရန်ကုန်-ပုသိမ် ကားလမ်း) တွင် ဧပြီ ၂၃ ရက်၊မွန်းလွဲ ၂ နာရီ မိနစ် ၂၀ က ယောနသံ ခရီးသည်တင်မှန်လုံယာဉ်တစ်စီး ဝါယာရှော့ဖြစ်ကာမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-ပုသိမ် ကားလမ်းအတိုင်း ပုသိမ်ဘက်မှ ငါးသိုင်းချောင်းဘက်သို့ ခရီးသည် ၄၅ ဦးကိုတင်ဆောင်ကာ ယာဉ်မောင်း ကျော်မင်းလှိုင် အသက် (၄၅ နှစ်) မောင်းနှင်လာသော ပုသိမ်-ငါးသိုင်းချောင်း ပြေးဆွဲနေသည့် ယောနသံ ခရီးသည်တင်မှန်လုံယာဉ်သည် မိုင်တိုင်အမှတ် ၁၉/၂ နှင့် ၁၉/၃ ကြားအရောက်တွင် ကားဦးခေါင်းဝဲဘက်အခြမ်းမှ မီးခိုးများထွက်ကာ ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ အဆိုပါမီးလောင်မှု ဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လေးမြင့်နှင့်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး တို့ ဦးဆောင်သော သန္ဓမီးသတ်တပ်ဖွဲ့ဝင်များနှင့်အရန် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ရေသယ်ယာဉ် တစ်စီးတို့ဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရာ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင်မီးငြှိမ်းသွားခဲ့ပြီး ခရီးသည်များထိခိုက်မှုမရှိကြောင်းနှင့် ဆုံရှုံးမှုတန်ဖိုးမှာ ငွေကျပ် သိန်း ၅၀ ကျော်ခန့်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။

အဆိုပါ ကားမီးလောင်ကျွမ်းမှုကြောင့် ယာဉ်မောင်း ကျော်မင်းလှိုင် အားကန်ကြီးထောင့်မြို့မရဲစခန်းမှဆက်လက်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:နန်းထိုက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top