iMyanmarHouse.com - Best Property Website for Myanmar
×

သွ်မ္းျပည္ေျမာက္ပိုင္း နမၼတူၿမိဳ႕နယ္ မန္စံအုပ္စု မန္စံ႐ြာတြင္ ႐ြာသူႀကီးေနအိမ္ၿခံဝင္း အတြင္း လက္ပစ္ဗုံးေပါက္ရာ ျဖတ္သန္းသြားေသာသံဃာေတာ္ ၁ ပါး ထိခိုက္ဒဏ္ရာရရွိေၾကာင္း သိရသည္။

နားတုံေက်ာင္းတိုက္ဆရာေတာ္ဦးမူးလိႏၲ ယမန္ေန႔မနက္ ဧၿပီလ ၈ ရက္ ညပိုင္းက မန္စံ႐ြာသူႀကီး ဦးဖိုးေထာင္ေနအိမ္အတြင္း အမည္မသိလူတဦးက လက္ပစ္ဗုံးပစ္ဝင္ရာ အိမ္ေရွ႕ျဖတ္သြားသည့္ သံဃာေတာ္တပါး ဗုံးေပါက္ကြဲထိမိသျဖင့္ သံဃာေတာ္ ထိခိုက္ဒဏ္ရာရရွိ ခဲ့ေၾကာင္း သိရသည္။

“မိုင္းမုေက်ာင္းတိုက္ဆရာေတာ္ရဲ႕စ်ာပနသြားဖို႔ နားတုံေက်ာင္းတိုက္ဆရာေတာ္ ဦးမူးလိႏၲရယ္ ေက်ာင္းေဟာင္ေက်ာင္းတိုက္က ကိုယ္ရင္တပါးရယ္ ဆိုင္ကယ္စီးၿပီး သူႀကီးအိမ္ေရွ႕ျဖတ္သြားတဲ့အခ်ိန္မွာ ဗုံးကကြဲတာ။ ဗုံးကအႀကီးစားမဟုတ္လို႔ေတာ္ေသးတယ္။ ဆရာေတာ္ကိုဘဲထိတယ္။ ဆိုင္ကယ္ေတာ့ဘာမွမျဖစ္ခဲ့ဘူး။ ဆရာေတာ္ကိုမေန႔က လားရႈိးစစ္ေဆး႐ုံကိုပို႔ေဆာင္ထားတယ္။ ဒီေန႔ေဆး႐ုံကေနဆင္းေတာ့မယ္လို႔ေတာင္ၾကားပါတယ္။ ေက်ာမွာထိတယ္ဒဏ္ရာက “– ဟု ႐ြာသူႀကီးႏွင့္နီးစပ္သည့္ မန္စံေဒသခံ အမ်ိဳးသမီးတဦးကသွ်မ္းသံေတာ္ဆင့္အားေျပာသည္။

ထိုမတိုင္ခင္တရက္က ဦးဖိုးေထာင္သည္ RCSS ၏မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးအဖြဲ႕ႏွင့္ လိုက္ပါပို႔ေဆာင္ခဲ့သျဖင့္ မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကားသုံးစြဲသူမ်ား၏လက္ခ်က္သာျဖစ္ႏိုင္ေၾကာင္း ေဒသခံမ်ားကေျပာဆိုေနၾကသည္။

သို႔ေသာ္ ယေန႔တိုင္ မည္သူ႔လက္ခ်က္ျဖစ္ေၾကာင္းကိုမူ ေဒသအာဏာပိုင္မ်ားက ေၾကျငာျခင္းမရွိေသးေပ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Panglong(Burmese) ေဖေအာင္
#Unicode Version#
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စု မန်စံရွာတွင် ရွာသူကြီးနေအိမ်ခြံဝင်း အတွင်း လက်ပစ်ဗုံးပေါက်ရာ ဖြတ်သန်းသွားသောသံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

နားတုံကျောင်းတိုက်ဆရာတော်ဦးမူးလိန္တ ယမန်နေ့မနက် ဧပြီလ ၈ ရက် ညပိုင်းက မန်စံရွာသူကြီး ဦးဖိုးထောင်နေအိမ်အတွင်း အမည်မသိလူတဦးက လက်ပစ်ဗုံးပစ်ဝင်ရာ အိမ်ရှေ့ဖြတ်သွားသည့် သံဃာတော်တပါး ဗုံးပေါက်ကွဲထိမိသဖြင့် သံဃာတော် ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

“မိုင်းမုကျောင်းတိုက်ဆရာတော်ရဲ့ဈာပနသွားဖို့ နားတုံကျောင်းတိုက်ဆရာတော် ဦးမူးလိန္တရယ် ကျောင်းဟောင်ကျောင်းတိုက်က ကိုယ်ရင်တပါးရယ် ဆိုင်ကယ်စီးပြီး သူကြီးအိမ်ရှေ့ဖြတ်သွားတဲ့အချိန်မှာ ဗုံးကကွဲတာ။ ဗုံးကအကြီးစားမဟုတ်လို့တော်သေးတယ်။ ဆရာတော်ကိုဘဲထိတယ်။ ဆိုင်ကယ်တော့ဘာမှမဖြစ်ခဲ့ဘူး။ ဆရာတော်ကိုမနေ့က လားရှိုးစစ်ဆေးရုံကိုပို့ဆောင်ထားတယ်။ ဒီနေ့ဆေးရုံကနေဆင်းတော့မယ်လို့တောင်ကြားပါတယ်။ ကျောမှာထိတယ်ဒဏ်ရာက “– ဟု ရွာသူကြီးနှင့်နီးစပ်သည့် မန်စံဒေသခံ အမျိုးသမီးတဦးကသျှမ်းသံတော်ဆင့်အားပြောသည်။

ထိုမတိုင်ခင်တရက်က ဦးဖိုးထောင်သည် RCSS ၏မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နှင့် လိုက်ပါပို့ဆောင်ခဲ့သဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသုံးစွဲသူများ၏လက်ချက်သာဖြစ်နိုင်ကြောင်း ဒေသခံများကပြောဆိုနေကြသည်။

သို့သော် ယနေ့တိုင် မည်သူ့လက်ချက်ဖြစ်ကြောင်းကိုမူ ဒေသအာဏာပိုင်များက ကြေငြာခြင်းမရှိသေးပေ။

ဖိုးသူတော်(www.phothutaw.com)
Credit:Panglong(Burmese) ဖေအောင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top