20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

စစ္ကိုင္းတိုင္းေဒသၾကီး၊ ကန္႔ဘလူခရိုင္၊ ကြ်န္းလွျမိဳ႕နယ္၊ ပိေတာက္ျမိဳင္ရပ္ကြက္မွာ မတ္၃၀ရက္ ညေန(၅)နာရီအခ်ိန္က အရက္မူးျပီး ဖခင္ျဖစ္သူက သားျဖစ္သူကို ဓါးနဲ႔ ခုတ္လို႔ သားျဖစ္သူ ေသဆုံးသြားေၾကာင္း သိရပါတယ္္။

ျဖစ္စဥ္ကေတာ့ အရက္ေသာက္ထားတဲ့ ဖခင္ျဖစ္သူ မင္းသြင္က ေနအိမ္အေပၚထပ္မွာအိပ္ေနတဲ့ မ်ိဳးေဇာ္ေအာင္ကို အရင္စကားမ်ားရန္ျဖစ္တုန္းက သားျဖစ္သူ ျပန္လည္ခုခံ ထိုးၾကိတ္တာကို မေက်နပ္တဲ့အတြက္ အရုိးအသြား(၂၄)လက္မခန္႔ ရွိ ဓါးမနဲ႔ ခုတ္ခဲ့ပါတယ္လို႔ ၀န္ခံခဲ့တယ္။

အဲဒါေၾကာင့္ သားျဖစ္သူ မ်ိဳးေဇာ္ေအာင္ အသက္(၂၃)ႏွစ္မွာ ေမးေစ့နဲ႔ လည္ပင္းဝဲဘက္တို႔မွာ ျပတ္ရွဒဏ္ရာေတြနဲ႔ ေသဆုံးေနတာ ေတြ႕ရေၾကာင္း ျမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရုံးက သိရပါတယ္။

 ဒီျဖစ္စဥ္နဲ႔ ပတ္သက္ျပီး ကြ်န္းလွျမိဳ႕၊ ပိေတာက္ျမိဳင္ရပ္ကြက္ေန မင္းသြင္ကို ျမိဳ႕မရဲစခန္းက (ပ)၂၈/၂၀၁၉ရာဇသတ္ၾကီးပုဒ္မ ၃၀၂/အမႈၾကီး အမွတ္စဥ္(၁/၂၀၁၉)နဲ႔ အေရးယူထားေၾကာင္း သိရပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:One News Myanmar
သတင္း/ဓာတ္ပံု - မ်ိဳးဝင္းညိဳ (ကြ်န္းလွ)
https://www.facebook.com/onenewsmyan

#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ပိတောက်မြိုင်ရပ်ကွက်မှာ မတ်၃၀ရက် ညနေ(၅)နာရီအချိန်က အရက်မူးပြီး ဖခင်ဖြစ်သူက သားဖြစ်သူကို ဓါးနဲ့ ခုတ်လို့ သားဖြစ်သူ သေဆုံးသွားကြောင်း သိရပါတယ်။

ဖြစ်စဉ်ကတော့ အရက်သောက်ထားတဲ့ ဖခင်ဖြစ်သူ မင်းသွင်က နေအိမ်အပေါ်ထပ်မှာအိပ်နေတဲ့ မျိုးဇော်အောင်ကို အရင်စကားများရန်ဖြစ်တုန်းက သားဖြစ်သူ ပြန်လည်ခုခံ ထိုးကြိတ်တာကို မကျေနပ်တဲ့အတွက် အရိုးအသွား(၂၄)လက်မခန့် ရှိ ဓါးမနဲ့ ခုတ်ခဲ့ပါတယ်လို့ ဝန်ခံခဲ့တယ်။

အဲဒါကြောင့် သားဖြစ်သူ မျိုးဇော်အောင် အသက်(၂၃)နှစ်မှာ မေးစေ့နဲ့ လည်ပင်းဝဲဘက်တို့မှာ ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

 ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်နေ မင်းသွင်ကို မြို့မရဲစခန်းက (ပ)၂၈/၂၀၁၉ရာဇသတ်ကြီးပုဒ်မ ၃၀၂/အမှုကြီး အမှတ်စဉ်(၁/၂၀၁၉)နဲ့ အရေးယူထားကြောင်း သိရပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:One News Myanmar

သတင်း/ဓာတ်ပုံ - မျိုးဝင်းညို (ကျွန်းလှ)
https://www.facebook.com/onenewsmyan
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top