အင္ဒိုနီးရွားနိုင္ငံက အသက္ ၃ ႏွစ္အရြယ္ မိန္းကေလးတစ္ဦးဟာ တိရိစၧာန္ေတြကို ခ်စ္ခင္ၾကင္နာတတ္တဲ့သူျဖစ္ၿပီး အရြယ္နဲ႔မလိုက္ေအာင္ မိေက်ာင္းေပါက္ တစ္ေကာင္ကို မေၾကာတဲ့အျပင္ အတူတူစား၊ အတူတူအိပ္ပါတယ္။

ေရခ်ိဳးခန္းထဲမွာ မိေက်ာင္းကို ေရခ်ိဳးေပးရင္း ကိုယ္တိုင္ သြားတိုက္ေပးေနတဲ့ ႐ုပ္သံ ပ်ံ႕ႏွံ့ခဲ့ၿပီး ၾကည့္ရွုမိသူတိုင္းကို ေက်ာခ်မ္းေစပါတယ္။

ကေလးရဲ့ ဖခင္ျဖစ္သူဟာ လြန္ခဲ့တဲ့ ၈ လခန႔္က ေစ်းမွာ ဒဏ္ရာေတြ ရထားတဲ့ ၈၀ စင္တီမီတာေလာက္ရွိတဲ့ မိေက်ာင္းေပါက္ေလး တစ္ေကာင္ ေရာင္းေနတာကို ေတြ႕ခဲ့ပါတယ္။ မိေက်ာင္းေလးကို သနားတာနဲ႔ ၂၉ ေဒၚလာ(က်ပ္ ေလးေသာင္းေက်ာ္)နဲ႔ ဝယ္လာခဲ့ပါတယ္။

အဲဒီအခ်ိန္မွာ သူ႔ရဲ့သမီးေလးက ၂ ႏွစ္သာသာအရြယ္ပဲ ရွိပါေသးတယ္။ မိးေက်ာင္းေလးနဲ႔ သမီးငယ္ကို ရင္းႏွီးေအာင္ ထားခဲ့တာေၾကာင့္ အခုဆိုရင္ သမီးေလးက မိေက်ာင္းကို မေၾကာက္ေတာ့ပဲ သူ႔ရဲ့ ကစားေဖာ္ အိမ္ေမြးတိရိစၧာန္ထက္ပိုတဲ့ သံေယာဇဥ္နဲ႔ ရင္းရင္းႏွီးႏွီးရွိေနတာ ျဖစ္တယ္လို႔ ဖခင္ျဖစ္သူ Syahrul Effendi က ဆိုပါတယ္။

သမီးေလးက ညအိပ္ယာဝင္ရင္ေတာင္ မိေက်ာင္းကို ဖက္အိပ္ရမွ အိပ္ေပ်ာ္တယ္လို႔ ဆိုပါတယ္။ ဖခင္ျဖစ္သူကေတာ့ သူတို႔ႏွစ္ဦးကို မ်က္စိေအာက္က အေပ်ာက္မခံပဲ ေစာင့္ေရွာက္လၽွက္ရွိပါတယ္။

သမီးေလးက ညအိပ္ယာဝင္ရင္ေတာင္ မိေက်ာင္းကို ဖက္အိပ္ရမွ အိပ္ေပ်ာ္တယ္လို႔ ဆိုပါတယ္။ ဖခင္ျဖစ္သူကေတာ့ သူတို႔ႏွစ္ဦးကို မ်က္စိေအာက္က အေပ်ာက္မခံပဲ ေစာင့္ေရွာက္လၽွက္ရွိပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:mckzonecelebrity

#Unicode Version#
အင်ဒိုနီးရှားနိုင်ငံက အသက် ၃ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ တိရိစ္ဆာန်တွေကို ချစ်ခင်ကြင်နာတတ်တဲ့သူဖြစ်ပြီး အရွယ်နဲ့မလိုက်အောင် မိကျောင်းပေါက် တစ်ကောင်ကို မကြောတဲ့အပြင် အတူတူစား၊ အတူတူအိပ်ပါတယ်။

ရေချိုးခန်းထဲမှာ မိကျောင်းကို ရေချိုးပေးရင်း ကိုယ်တိုင် သွားတိုက်ပေးနေတဲ့ ရုပ်သံ ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုမိသူတိုင်းကို ကျောချမ်းစေပါတယ်။

ကလေးရဲ့ ဖခင်ဖြစ်သူဟာ လွန်ခဲ့တဲ့ ၈ လခန့်က ဈေးမှာ ဒဏ်ရာတွေ ရထားတဲ့ ၈၀ စင်တီမီတာလောက်ရှိတဲ့ မိကျောင်းပေါက်လေး တစ်ကောင် ရောင်းနေတာကို တွေ့ခဲ့ပါတယ်။ မိကျောင်းလေးကို သနားတာနဲ့ ၂၉ ဒေါ်လာ(ကျပ် လေးသောင်းကျော်)နဲ့ ဝယ်လာခဲ့ပါတယ်။

အဲဒီအချိန်မှာ သူ့ရဲ့သမီးလေးက ၂ နှစ်သာသာအရွယ်ပဲ ရှိပါသေးတယ်။ မိးကျောင်းလေးနဲ့ သမီးငယ်ကို ရင်းနှီးအောင် ထားခဲ့တာကြောင့် အခုဆိုရင် သမီးလေးက မိကျောင်းကို မကြောက်တော့ပဲ သူ့ရဲ့ ကစားဖော် အိမ်မွေးတိရိစ္ဆာန်ထက်ပိုတဲ့ သံယောဇဉ်နဲ့ ရင်းရင်းနှီးနှီးရှိနေတာ ဖြစ်တယ်လို့ ဖခင်ဖြစ်သူ Syahrul Effendi က ဆိုပါတယ်။

သမီးလေးက ညအိပ်ယာဝင်ရင်တောင် မိကျောင်းကို ဖက်အိပ်ရမှ အိပ်ပျော်တယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူကတော့ သူတို့နှစ်ဦးကို မျက်စိအောက်က အပျောက်မခံပဲ စောင့်ရှောက်လျှက်ရှိပါတယ်။

သမီးလေးက ညအိပ်ယာဝင်ရင်တောင် မိကျောင်းကို ဖက်အိပ်ရမှ အိပ်ပျော်တယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူကတော့ သူတို့နှစ်ဦးကို မျက်စိအောက်က အပျောက်မခံပဲ စောင့်ရှောက်လျှက်ရှိပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:mckzonecelebrity
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top