စိတ္ညစ္တယ္တို႔၊ စိတ္ဓာတ္က်တယ္တို႔ျဖစ္လာရင္ ဘီယာဆိုင္သြားရတာနဲ႔၊ မိန္းကေလးေတြဆို ေရွာ့ပင္ထြက္ရတာနဲ႔၊ ေလွ်ာက္လည္ၾကတာနဲ႔ ေျဖေဖ်ာက္ၾကတယ္။ တခ်ိဳ႕က် တစ္ေခ်ာင္ေခ်ာင္မွာ မိႈင္ျပီး ဘာကို ဘူမွန္းမသိဘူေနတာမ်ိဳး။

အလုပ္ေၾကာင့္၊ မိသားစုေၾကာင့္၊ အခ်စ္ေၾကာင့္၊ သူငယ္ခ်င္းေၾကာင့္စိတ္ဖိစီးေနတာေတြကို ကုိယ့္နည္းကိုယ့္ဟန္နဲ႔ေျဖေဖ်ာက္ၾကတယ္မလား။ ခရီးထြက္လိုက္တာ၊ ေကာ္ဖီဆိုင္ထိုင္တာ၊ စာအုပ္ဖတ္တာ၊ တရားထိုင္တာ စတဲ့တျခားနည္းေတြရွိေသးတယ္။

ဒီတစ္ခါ သုေတသနေတြက ေတြ႔ရွိလာတဲ့ နည္းတစ္ခုကေတာ့ အဆန္း။ အိမ္ကအေမေတြ ေပ်ာ္မယ့္နည္းလမ္းေပါ့ေလ။ အိုးခြက္ပန္းကန္ေတြ ေဆးေၾကာတာက စိတ္ဖိစီးမႈကိုေျပေလ်ာ့ေစနုိုင္တယ္တဲ့။ အိမ္အလုပ္ဝိုင္းမကူတဲ့ သားသမီးေတြကို ဒီသတင္းနဲ႔ဆြဲေဆာင္လို႔ရျပီေလ။

စိတ္ညစ္လာရင္ ဂ်င္မ္သြား ကစားမယ့္အစား၊ အိမ္မွာ အိုက္တိုးပေဂးဆန္လိုက္ပါ။အိမ္မွာလည္း ကူညီရာေရာက္ ကိုယ္လည္းအက်ိဳးရွိပါတယ္။

ဖေလာ္ရီဒါျပည္နယ္တကၠသိုလ္ သုေတသီေတြက ဒီဆက္ႏႊယ္မႈကို ေလ့လာေတြ႔ရွိခဲ့တာပါ။

ပူေလာင္ေစတဲ့ ဖိစီးမႈအေတြးေတြကို လႊင့္ပစ္ျပီး ကိုယ္လုပ္သင့္တာေတြကိုရွင္းရွင္း လင္းလင္းျမင္လာေစတဲ့အထိ ၾကည္လင္သြားေစတာက ပန္းကန္ေဆးတဲ့လုပ္ငန္းစဥ္နဲ႔ သေဘာတရားတူပါတယ္။

 ေပက်ံမႈေတြကို ေဆးေၾကာသန္႔စင္ေနရင္း ကိုယ့္စိတ္ထဲက ပူပန္မႈေတြ၊ ဖိစီးေနတာေတြ ပါ ေပါ့သြားတာ သတိေတာင္ထားမိမွာမဟုတ္ပါဘူး။ ဒါက အာရံုေျပာင္းနည္းတစ္မ်ိဳးလည္း ျဖစ္ပါတယ္။

ေလ့လာမႈမွာ တကၠသိုလ္ေက်ာင္းသား ၅၁ ဦးကို ႏွစ္ဖြဲ႔ခြဲျပီး တစ္ဖြဲ႔ကို ပန္းကန္ေဆးေၾကာျခင္း အေၾကာင္း စာစုတစ္ခုေရးခိုင္းတယ္။ ေနာက္တစ္ဖြဲ႔ကို ပန္းကန္ေဆးေၾကာျခင္းအေၾကာင္း လက္ေတြ႔က်က်အျမင္စာစုတစ္ခုဖတ္ေစတယ္။ အဲဒီစာစုမွာ ကိုယ္လက္ရွိလုပ္ေနတဲ့အလုပ္ကိုပဲ စိတ္ကအာရံုထားဖို႔ အေရးၾကီးေၾကာင္းအဓိကညႊန္းထားတယ္။

သူတို႔ကို ပန္းကန္အနည္းငယ္စီေဆးခိုင္းျပီးတဲ့အခါ သူတို႔ေတြရဲ႕စိတ္အေတြးဘယ္လိုရွိလဲဆိုတာ သုေတသီေတြက ေလ့လာဆန္းစစ္ခဲ့ပါတယ္။ ႏိႈင္းယွဥ္ၾကည့္တဲ့အခါ စာစုကို ဖတ္ထားျပီးမွ ပန္းကန္ေဆးတဲ့သူေတြဟာ ဆပ္ျပာရဲ႕အနံ႔၊ ေရ ရဲ႕အပူအေအး၊ ပန္းကန္ေတြကို ေဆးေၾကာလိုက္ တဲ့အခါသန္႔စင္သြားတာေတြကို အာရံုစိုက္ သတိထားျပီးလုပ္တဲ့အတြက္ အလုပ္ျပီးခ်ိန္မွာ စိတ္ ထဲပိုေပါ့ပါးတာေတြ႔ရပါတယ္။

မလုပ္မျဖစ္လို႔ အာရံုမရွိဘဲ အိမ္အလုပ္လုပ္တာထက္ စိတ္ဖိစီးမႈေတြေျဖေဖ်ာက္ဖို႔ ကိုယ့္ေရွ႕မွာ၊ ကိုယ့္လက္ထဲမွာရွိေနတဲ့ပန္းကန္ခြက္ေယာက္ေတြကို အာရံုစိုက္ျပီးေသခ်ာေဆးေၾကာတာက ပိုထိေရာက္ပါလိမ့္မယ္။ ဒီလိုေဆးေၾကာျခင္းအားျဖင့္ ကာယကံရွင္ဟာ ေန႔စဥ္ဘဝရဲ႕ စိတ္ဖိစီးစရာေတြ၊ ပူေလာင္မႈေတြထဲေမ်ာပါေနတဲ့ ေသာကစိတ္ကို ထုထည္ေလ်ာ့ေစနုိင္ပါတယ္လို႔ သုေတသီ Adam Hanley ကေျပာပါတယ္။

ညစ္ေနတဲ့စိတ္ကိုပါ တစ္ခါတည္းေဆးေၾကာပစ္လိုက္တာလို႔လည္း ခံစားလာရတာျဖစ္နုိင္ပါတယ္။ လက္ရွိပိတ္မိေနတဲ့ စိတ္မသက္သာမႈေတြထဲကေန ခဏလြတ္ေျမာက္ေနသလို ခံစားမိလာပါလိမ့္မယ္။ ဒီသုေတသနအေၾကာင္းကို Mindfulness ဂ်ာနယ္မွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

ကဲ ေၾကာ္ျငာဝင္လို႔လည္းျပီးျပီဆိုေတာ့ အျပင္မွာ စိတ္ဖိစီးလာသမွ် အိမ္ ျပန္ေရာက္တာနဲ႔ အိုက္တိုးပေဂးဆန္လိုက္ပါေတာ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


စိတ်ညစ်တယ်တို့၊ စိတ်ဓာတ်ကျတယ်တို့ဖြစ်လာရင် ဘီယာဆိုင်သွားရတာနဲ့၊ မိန်းကလေးတွေဆို ရှော့ပင်ထွက်ရတာနဲ့၊ လျှောက်လည်ကြတာနဲ့ ဖြေဖျောက်ကြတယ်။ တချို့ကျ တစ်ချောင်ချောင်မှာ မှိုင်ပြီး ဘာကို ဘူမှန်းမသိဘူနေတာမျိုး။

အလုပ်ကြောင့်၊ မိသားစုကြောင့်၊ အချစ်ကြောင့်၊ သူငယ်ချင်းကြောင့်စိတ်ဖိစီးနေတာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေဖျောက်ကြတယ်မလား။ ခရီးထွက်လိုက်တာ၊ ကော်ဖီဆိုင်ထိုင်တာ၊ စာအုပ်ဖတ်တာ၊ တရားထိုင်တာ စတဲ့တခြားနည်းတွေရှိသေးတယ်။

ဒီတစ်ခါ သုတေသနတွေက တွေ့ရှိလာတဲ့ နည်းတစ်ခုကတော့ အဆန်း။ အိမ်ကအမေတွေ ပျော်မယ့်နည်းလမ်းပေါ့လေ။ အိုးခွက်ပန်းကန်တွေ ဆေးကြောတာက စိတ်ဖိစီးမှုကိုပြေလျော့စေနိုင်တယ်တဲ့။ အိမ်အလုပ်ဝိုင်းမကူတဲ့ သားသမီးတွေကို ဒီသတင်းနဲ့ဆွဲဆောင်လို့ရပြီလေ။

စိတ်ညစ်လာရင် ဂျင်မ်သွား ကစားမယ့်အစား၊ အိမ်မှာ အိုက်တိုးပဂေးဆန်လိုက်ပါ။အိမ်မှာလည်း ကူညီရာရောက် ကိုယ်လည်းအကျိုးရှိပါတယ်။

ဖလော်ရီဒါပြည်နယ်တက္ကသိုလ် သုတေသီတွေက ဒီဆက်နွှယ်မှုကို လေ့လာတွေ့ရှိခဲ့တာပါ။

ပူလောင်စေတဲ့ ဖိစီးမှုအတွေးတွေကို လွှင့်ပစ်ပြီး ကိုယ်လုပ်သင့်တာတွေကိုရှင်းရှင်း လင်းလင်းမြင်လာစေတဲ့အထိ ကြည်လင်သွားစေတာက ပန်းကန်ဆေးတဲ့လုပ်ငန်းစဉ်နဲ့ သဘောတရားတူပါတယ်။

 ပေကျံမှုတွေကို ဆေးကြောသန့်စင်နေရင်း ကိုယ့်စိတ်ထဲက ပူပန်မှုတွေ၊ ဖိစီးနေတာတွေ ပါ ပေါ့သွားတာ သတိတောင်ထားမိမှာမဟုတ်ပါဘူး။ ဒါက အာရုံပြောင်းနည်းတစ်မျိုးလည်း ဖြစ်ပါတယ်။

လေ့လာမှုမှာ တက္ကသိုလ်ကျောင်းသား ၅၁ ဦးကို နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့ကို ပန်းကန်ဆေးကြောခြင်း အကြောင်း စာစုတစ်ခုရေးခိုင်းတယ်။ နောက်တစ်ဖွဲ့ကို ပန်းကန်ဆေးကြောခြင်းအကြောင်း လက်တွေ့ကျကျအမြင်စာစုတစ်ခုဖတ်စေတယ်။ အဲဒီစာစုမှာ ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်ကိုပဲ စိတ်ကအာရုံထားဖို့ အရေးကြီးကြောင်းအဓိကညွှန်းထားတယ်။

သူတို့ကို ပန်းကန်အနည်းငယ်စီဆေးခိုင်းပြီးတဲ့အခါ သူတို့တွေရဲ့စိတ်အတွေးဘယ်လိုရှိလဲဆိုတာ သုတေသီတွေက လေ့လာဆန်းစစ်ခဲ့ပါတယ်။ နှိုင်းယှဉ်ကြည့်တဲ့အခါ စာစုကို ဖတ်ထားပြီးမှ ပန်းကန်ဆေးတဲ့သူတွေဟာ ဆပ်ပြာရဲ့အနံ့၊ ရေ ရဲ့အပူအအေး၊ ပန်းကန်တွေကို ဆေးကြောလိုက် တဲ့အခါသန့်စင်သွားတာတွေကို အာရုံစိုက် သတိထားပြီးလုပ်တဲ့အတွက် အလုပ်ပြီးချိန်မှာ စိတ် ထဲပိုပေါ့ပါးတာတွေ့ရပါတယ်။

မလုပ်မဖြစ်လို့ အာရုံမရှိဘဲ အိမ်အလုပ်လုပ်တာထက် စိတ်ဖိစီးမှုတွေဖြေဖျောက်ဖို့ ကိုယ့်ရှေ့မှာ၊ ကိုယ့်လက်ထဲမှာရှိနေတဲ့ပန်းကန်ခွက်ယောက်တွေကို အာရုံစိုက်ပြီးသေချာဆေးကြောတာက ပိုထိရောက်ပါလိမ့်မယ်။ ဒီလိုဆေးကြောခြင်းအားဖြင့် ကာယကံရှင်ဟာ နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးစရာတွေ၊ ပူလောင်မှုတွေထဲမျောပါနေတဲ့ သောကစိတ်ကို ထုထည်လျော့စေနိုင်ပါတယ်လို့ သုတေသီ Adam Hanley ကပြောပါတယ်။

ညစ်နေတဲ့စိတ်ကိုပါ တစ်ခါတည်းဆေးကြောပစ်လိုက်တာလို့လည်း ခံစားလာရတာဖြစ်နိုင်ပါတယ်။ လက်ရှိပိတ်မိနေတဲ့ စိတ်မသက်သာမှုတွေထဲကနေ ခဏလွတ်မြောက်နေသလို ခံစားမိလာပါလိမ့်မယ်။ ဒီသုတေသနအကြောင်းကို Mindfulness ဂျာနယ်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

ကဲ ကြော်ငြာဝင်လို့လည်းပြီးပြီဆိုတော့ အပြင်မှာ စိတ်ဖိစီးလာသမျှ အိမ်ပြန်ရောက်တာနဲ့ အိုက်တိုးပဂေးဆန်လိုက်ပါတော့။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top