ေသေလာက္ေအာင္မုန္းေနလည္းအရမ္းခ်စ္ပါတယ္ဆိုတဲ့ မ်က္ႏွာဖံုးကိုစြပ္ပါ…
တစက္ကေလးမွ အဆင္မေျပလည္းအားလံုးအိုေကပါတယ္ဆိုတဲ့ မ်က္ႏွာဖံုးကိုစြပ္ပါ…

ေတြ႕တဲ့ေနရာ ျဖတ္ကန္ပစ္ခ်င္လည္းျမင္တာနဲ႔ ဖက္နမ္းခ်င္ပါတယ္ဆိုတဲ့မ်က္ႏွာဖံုးကိုစြပ္ပါ…
ခ်ံဳးပြဲခ်ၿပီး ငိုခ်ပစ္ခ်င္လည္းထီေပါက္ထားပါတယ္ဆိုတဲ့ မ်က္ႏွာဖံုးကိုစြပ္ပါ…

ဒရယ္ေပါက္လို ခ်ိနဲ႔ေနလည္းေကသရာဇာလို မ်က္ႏွာဖံုးကိုစြပ္ပါ…
ဘာတစ္ခုမွ လက္မခံခ်င္လည္းအရာရာမင္းသေဘာပါဆိုတဲ့ မ်က္ႏွာဖံုးကိုစြပ္ပါ…

ဘာသိဘာသာ ေနလိုက္ခ်င္လည္းေဟးလားဝါးလားဆိုတဲ့ မ်က္ႏွာဖံုးကိုစြပ္ပါ…စိတ္ထဲရွိသမွ် ေျပာခ်လိုက္ခ်င္လည္း ေရငံုႏႈတ္ပိတ္ဆိုတဲ့ မ်က္ႏွာဖံုးကိုစြပ္ပါ…

ရင့္က်က္လာေလ မ်က္ႏွာဖံုးစြပ္ေလလူပါးဝလာေလ မ်က္ႏွာဖံုးမ်ားေလအေရထူလာေလ မ်က္ႏွာဖံုးစံုေလ…မ်က္ႏွာဖံုးေတြရဲ႕တန္ဖိုးဟာConstant ျဖစ္ေနေၾကာင္းကို သိလာတဲ့တစ္ေန႔
မ်က္ႏွာဖံုးစြပ္ထားရတဲ့ အရသာအေပၚခံတြင္းေတြ႕လာပါလိမ့္မယ္…

ကဲပါ…မထူးပါဘူး…တဖက္က မ်က္ႏွာဖံုး မစြပ္ခ်င္ဘူးဆိုရင္ေတာင္အျခားတဖက္မွာေတာ့ မ်က္ႏွာဖံုးစြပ္ထားတဲ့သူေတြနဲ႔ပဲ ေတြ႕ေနရမယ့္အတူတူ…အားလံုးမ်က္ႏွာဖံုးေတြေအာက္မွာသာ ေပ်ာ္ေပ်ာ္ႀကီး အသက္႐ွင္ၾကတာေပါ့…

အသက္႐ွဴၾကပ္တယ္ဆိုေပမယ့္လို႔လည္းေလ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #


သေလောက်အောင်မုန်းနေလည်းအရမ်းချစ်ပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ…
တစက်ကလေးမှ အဆင်မပြေလည်းအားလုံးအိုကေပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ…

တွေ့တဲ့နေရာ ဖြတ်ကန်ပစ်ချင်လည်းမြင်တာနဲ့ ဖက်နမ်းချင်ပါတယ်ဆိုတဲ့မျက်နှာဖုံးကိုစွပ်ပါ…
ချုံးပွဲချပြီး ငိုချပစ်ချင်လည်းထီပေါက်ထားပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ…

ဒရယ်ပေါက်လို ချိနဲ့နေလည်းကေသရာဇာလို မျက်နှာဖုံးကိုစွပ်ပါ…
ဘာတစ်ခုမှ လက်မခံချင်လည်းအရာရာမင်းသဘောပါဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ…

ဘာသိဘာသာ နေလိုက်ချင်လည်းဟေးလားဝါးလားဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ…စိတ်ထဲရှိသမျှ ပြောချလိုက်ချင်လည်း ရေငုံနှုတ်ပိတ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ…

ရင့်ကျက်လာလေ မျက်နှာဖုံးစွပ်လေလူပါးဝလာလေ မျက်နှာဖုံးများလေအရေထူလာလေ မျက်နှာဖုံးစုံလေ…မျက်နှာဖုံးတွေရဲ့တန်ဖိုးဟာConstant ဖြစ်နေကြောင်းကို သိလာတဲ့တစ်နေ့
မျက်နှာဖုံးစွပ်ထားရတဲ့ အရသာအပေါ်ခံတွင်းတွေ့လာပါလိမ့်မယ်…

ကဲပါ…မထူးပါဘူး…တဖက်က မျက်နှာဖုံး မစွပ်ချင်ဘူးဆိုရင်တောင်အခြားတဖက်မှာတော့ မျက်နှာဖုံးစွပ်ထားတဲ့သူတွေနဲ့ပဲ တွေ့နေရမယ့်အတူတူ…အားလုံးမျက်နှာဖုံးတွေအောက်မှာသာ ပျော်ပျော်ကြီး အသက်ရှင်ကြတာပေါ့…

အသက်ရှူကြပ်တယ်ဆိုပေမယ့်လို့လည်းလေ…

ဖိုးသူတော် (www.phothutaw.com)
Credit:tameelay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top