တရုတ္နိုင္ငံအေနာက္ပိုင္းေတာင္ေပၚေဒသတြင္ ေလာင္ကြ်မ္းေနေသာေတာမီးကို ျငွိမ္းသတ္စဉ္ မီးသတ္သမား ၃၀ ဦးသည္ မီးဝိုင္းခံရကာေသဆံုးခဲ့ရေျကာင္းဧျပီ၂ ရက္၌ဆင္ဟြာသတင္းဌာနက ေဖာ္ျပသည္။

ေတာမီးကိုထိန္းနိုင္ျပီျဖစ္ကာထပ္တိုးေလာင္ကြ်မ္းမည့္ အေနအထားမရွိေတာ့ေျကာင္း နိုင္ငံပိုင္ ဆင္ဟြာသတင္းဌာနကေဖာ္ျပသည္။

ေသဆံုးသူမီးသတ္သမား ၃၀ ဦး၏ ရုပ္အေလာင္းမ်ားကိုစီခြ်မ္းျပည္နယ္ ရွီးခ်န္းျမို့သို့ ရဟတ္ယာဉ္မ်ားျဖင့္ သယ္ေဆာင္လာျပီျဖစ္သည္။ ေဝးလံေခါင္သီကာအျမင့္ေပ ၁၂၅၀ဝ ရွိေသာေတာင္ေပၚေဒသတြင္ ေလာင္ကြ်မ္းေနသည့္ ေတာမီးကိုမီးသတ္သမား ၃၀ က မတ္၃၁ ရက္တြင္ ျငွိမ္းသတ္ေနစဉ္

ေလတိုက္သည့္ ဦးတည္ရာ ရုတ္တရက္ ေျပာင္းလဲမႈေျကာင့္ မီးဝိုင္းခံရျပီးကယ္ဆယ္ရန္ ျကိုးပမ္းေသာ္လည္းေနာက္က်ခဲ့ကာအားလံုးေသဆံုးေျကာင္းဧျပီ ၁ တြင္ အတည္ျပုခဲ့ရသည္ဟုတရုတ္နိုင္ငံအေရးေပၚ အေျခအေနစီမံခန့္ခြဲေရးဝန္ျကီးဌာနကထုတ္ျပန္ေျပာျကားသည္။

ေသဆံုးသူမ်ားထဲတြင္ အမ်ားစုသည္ အသက္၂၀ ဝန္းက်င္ လူငယ္မ်ားျဖစ္သည္။ တရုတ္နိုင္ငံေျမာက္ပိုင္းနွင့္ အေနာက္ပိုင္းေဒသမ်ားတြင္ ပူျပင္းေျခာက္ေသြ့ကာ၊ ေလထန္ေနျခင္းတို့ေျကာင့္ ျပီးခဲ့သည့္ သီတင္းပတ္မ်ားအတြင္းေတာမီးေလာင္ကြ်မ္းမႈမ်ား ျဖစ္ပြားလ်က္ရွိသည္။

ေပက်င္းျမို့နွင့္ မလွမ္းမကမ္းေဒသမ်ားတြင္လည္းေတာမီးေလာင္ကြ်မ္းမႈမ်ားရွိခဲ့သည္။၂၀၁၅ ခုနွစ္ကတီယန္က်င္းဆိပ္ကမ္းျမို့ ဓာတုပစၥည္းကုန္ေလွာင္ရံုမီးေလာင္ေပါက္ကြဲမႈေျကာင့္ မီးသတ္သမားမ်ားအပါအဝင္ ၁၇၃ ဦးေသဆံုးခဲ့ျပီးေနာက္ ယခုအျကိမ္ ေသဆံုးမႈသည္ အဆိုးဆံုးအျဖစ္လည္းမွတ္တမ္းဝင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Myanmar Times Daily Newspaper

#Unicode Version# ျဖင့္ဖတ္ပါ ။

တရုတ်နိုင်ငံအနောက်ပိုင်းတောင်ပေါ်ဒေသတွင် လောင်ကျွမ်းနေသောတောမီးကို ငြှိမ်းသတ်စဉ် မီးသတ်သမား ၃၀ ဦးသည် မီးဝိုင်းခံရကာသေဆုံးခဲ့ရကြောင်းဧပြီ၂ ရက်၌ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

တောမီးကိုထိန်းနိုင်ပြီဖြစ်ကာထပ်တိုးလောင်ကျွမ်းမည့် အနေအထားမရှိတော့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနကဖော်ပြသည်။

သေဆုံးသူမီးသတ်သမား ၃၀ ဦး၏ ရုပ်အလောင်းများကိုစီချွမ်းပြည်နယ် ရှီးချန်းမြို့သို့ ရဟတ်ယာဉ်များဖြင့် သယ်ဆောင်လာပြီဖြစ်သည်။ ဝေးလံခေါင်သီကာအမြင့်ပေ ၁၂၅၀ဝ ရှိသောတောင်ပေါ်ဒေသတွင် လောင်ကျွမ်းနေသည့် တောမီးကိုမီးသတ်သမား ၃၀ က မတ်၃၁ ရက်တွင် ငြှိမ်းသတ်နေစဉ်

လေတိုက်သည့် ဦးတည်ရာ ရုတ်တရက် ပြောင်းလဲမှုကြောင့် မီးဝိုင်းခံရပြီးကယ်ဆယ်ရန် ကြိုးပမ်းသော်လည်းနောက်ကျခဲ့ကာအားလုံးသေဆုံးကြောင်းဧပြီ ၁ တွင် အတည်ပြုခဲ့ရသည်ဟုတရုတ်နိုင်ငံအရေးပေါ် အခြေအနေစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ပြောကြားသည်။

သေဆုံးသူများထဲတွင် အများစုသည် အသက်၂၀ ဝန်းကျင် လူငယ်များဖြစ်သည်။ တရုတ်နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် ပူပြင်းခြောက်သွေ့ကာ၊ လေထန်နေခြင်းတို့ကြောင့် ပြီးခဲ့သည့် သီတင်းပတ်များအတွင်းတောမီးလောင်ကျွမ်းမှုများ ဖြစ်ပွားလျက်ရှိသည်။

ပေကျင်းမြို့နှင့် မလှမ်းမကမ်းဒေသများတွင်လည်းတောမီးလောင်ကျွမ်းမှုများရှိခဲ့သည်။၂၀၁၅ ခုနှစ်ကတီယန်ကျင်းဆိပ်ကမ်းမြို့ ဓာတုပစ္စည်းကုန်လှောင်ရုံမီးလောင်ပေါက်ကွဲမှုကြောင့် မီးသတ်သမားများအပါအဝင် ၁၇၃ ဦးသေဆုံးခဲ့ပြီးနောက် ယခုအကြိမ် သေဆုံးမှုသည် အဆိုးဆုံးအဖြစ်လည်းမှတ်တမ်းဝင်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:The Myanmar Times Daily Newspaper
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top