ရန္ကုန္မိုးပ်ံရထားလမ္း အေကာင္အထည္ဖို႕ရိွေနၿပီး လိႈင္သာယာကေန တိုးေၾကာင္ေလး အထိ ေျပးဆြဲမယ့္ လမ္းေၾကာင္း ကို ကနဦးအေနနဲ႕ ေဆာင္ရြက္ဖို႕ရိွတယ္လို႕ ျမန္မာ့မီးရထား၊ ဦးေဆာင္ညႊန္ၾကားေရးမွဴး ဦးဘျမင့္ က ေျပာပါတယ္။

ဒီမိုးပ်ံရထားလမ္းကို ရန္ကုန္ၿမိဳ႕ျပ လူထုရထား ပို႔ေဆာင္ေရးစီမံကိန္း YUMRT စနစ္လို႕ အမည္ေပးထားၿပီး ျမန္ႏႈန္းျမင့္ ေျပးဆြဲသြားမယ္လို႔ ဆိုပါတယ္။ မိုးပ်ံ ရထားလမ္းပိုင္းကို လမ္းေၾကာင္းႏွစ္ခုနဲ႕ေျပးဆြဲဖို႕ရိွေနတာပါ။

ဒလၿမိဳ႕နယ္ကေန စတင္ကာ ဘူတာႀကီးကိုျဖတ္ၿပီး မဂၤလာဒုံေလဆိပ္ထိေျပးဆြဲမယ့္ လမ္းေၾကာင္းနဲ႕ လိႈင္သာယာ ကေန တိုးေၾကာင္ေလး ထိ ေျပးဆြဲ မယ့္ လမ္းေၾကာင္း တို႕ပဲျဖစ္ပါတယ္။ လက္ရွိမွာ မိုးပ်ံရထားလမ္း ေဖာက္လုပ္ဖို႕အတြက္ လုပ္ငန္း ျဖစ္ႏုိင္ေျခရွိမရွိကို ေလ့လာဆန္းစစ္ေနဆဲျဖစ္ျပီး ေလ့လာမႈလုပ္ငန္းေတြကို ၂၀၁၉ ႏွစ္ကုန္ပိုင္းမွာ အၿပီးသတ္ ေဆာင္ရြက္မယ္လို႔ သိရပါတယ္။

ဒီ ေလ့လာမႈျပီးစီးမွာသာ လုပ္ကိုင္မယ့္ ပံုစံ၊ လုပ္ကိုင္ခြင့္ကုမၸဏီကို ေရႊးခ်ယ္ျခင္းနဲ႕ ကုန္က်ေငြေတြကို ထုတ္ျပန္ႏိုင္မွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

စီမံကိန္းကို သတ္မွတ္ကာလအတြင္း အေကာင္အထည္ေဖာ္ႏုိင္ေရး လုပ္ငန္းေကာ္ မတီ၊ နည္းပညာပူးေပါင္းေဆာင္ ရြက္ေရး ေကာ္မတီနဲ႕ ကားလမ္းကူးေနရာေတြမွာ ယာဥ္ေၾကာပိတ္ဆုိ႔မႈ ေျဖေလွ်ာ့ေရးေကာ္္မတီတို႔ကို ဖြဲ႕စည္း ေဆာင္ရြက္ မယ္လို႔ သိရပါတယ္။

ရန္ကုန္မိုးပ်ံရထားလမ္း စီမံကိန္းအတြက္ ဂ်ပန္ႏုိင္ငံအျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ေအဂ်င္စီ (JICA)က ကူညီေနတာပါ။ စီမံကိန္းအတြက္ ေလ့လာဆန္းစစ္မႈေတြကို ေတာ့ ၿပီးခဲ့တဲ့ ၂၀၁၆ ၾသဂုတ္လကေန စတင္ကာ တစ္ႏွစ္ၾကာ ေဆာင္ရြက္ခဲ့ၿပီး ဒီႏွစ္ကုန္ပိုင္းမွာေတာ့ အၿပီးသတ္မွာျဖစ္ပါတယ္။

ရန္ကုန္မိုးပ်ံရထားလမ္း စီမံကိန္းေဖာ္ဖို႕အတြက္ တ႐ုတ္ကုမၸဏီေတြက အစိုးရ ထံ လာေရာက္ကမ္းလွမ္းေန တာေတြ လည္း ရွိတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day TV

#Unicode Version# ျဖင့္ဖတ္ပါ ။

ရန်ကုန်မိုးပျံရထားလမ်း အကောင်အထည်ဖို့ရှိနေပြီး လှိုင်သာယာကနေ တိုးကြောင်လေး အထိ ပြေးဆွဲမယ့် လမ်းကြောင်း ကို ကနဦးအနေနဲ့ ဆောင်ရွက်ဖို့ရှိတယ်လို့ မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့် က ပြောပါတယ်။

ဒီမိုးပျံရထားလမ်းကို ရန်ကုန်မြို့ပြ လူထုရထား ပို့ဆောင်ရေးစီမံကိန်း YUMRT စနစ်လို့ အမည်ပေးထားပြီး မြန်နှုန်းမြင့် ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။ မိုးပျံ ရထားလမ်းပိုင်းကို လမ်းကြောင်းနှစ်ခုနဲ့ပြေးဆွဲဖို့ရှိနေတာပါ။

ဒလမြို့နယ်ကနေ စတင်ကာ ဘူတာကြီးကိုဖြတ်ပြီး မင်္ဂလာဒုံလေဆိပ်ထိပြေးဆွဲမယ့် လမ်းကြောင်းနဲ့ လှိုင်သာယာ ကနေ တိုးကြောင်လေး ထိ ပြေးဆွဲ မယ့် လမ်းကြောင်း တို့ပဲဖြစ်ပါတယ်။ လက်ရှိမှာ မိုးပျံရထားလမ်း ဖောက်လုပ်ဖို့အတွက် လုပ်ငန်း ဖြစ်နိုင်ခြေရှိမရှိကို လေ့လာဆန်းစစ်နေဆဲဖြစ်ပြီး လေ့လာမှုလုပ်ငန်းတွေကို ၂၀၁၉ နှစ်ကုန်ပိုင်းမှာ အပြီးသတ် ဆောင်ရွက်မယ်လို့ သိရပါတယ်။

ဒီ လေ့လာမှုပြီးစီးမှာသာ လုပ်ကိုင်မယ့် ပုံစံ၊ လုပ်ကိုင်ခွင့်ကုမ္ပဏီကို ရွှေးချယ်ခြင်းနဲ့ ကုန်ကျငွေတွေကို ထုတ်ပြန်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စီမံကိန်းကို သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းကော် မတီ၊ နည်းပညာပူးပေါင်းဆောင် ရွက်ရေး ကော်မတီနဲ့ ကားလမ်းကူးနေရာတွေမှာ ယာဉ်ကြောပိတ်ဆို့မှု ဖြေလျှော့ရေးကော်မတီတို့ကို ဖွဲ့စည်း ဆောင်ရွက် မယ်လို့ သိရပါတယ်။

ရန်ကုန်မိုးပျံရထားလမ်း စီမံကိန်းအတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)က ကူညီနေတာပါ။ စီမံကိန်းအတွက် လေ့လာဆန်းစစ်မှုတွေကို တော့ ပြီးခဲ့တဲ့ ၂၀၁၆ သြဂုတ်လကနေ စတင်ကာ တစ်နှစ်ကြာ ဆောင်ရွက်ခဲ့ပြီး ဒီနှစ်ကုန်ပိုင်းမှာတော့ အပြီးသတ်မှာဖြစ်ပါတယ်။

ရန်ကုန်မိုးပျံရထားလမ်း စီမံကိန်းဖော်ဖို့အတွက် တရုတ်ကုမ္ပဏီတွေက အစိုးရ ထံ လာရောက်ကမ်းလှမ်းနေ တာတွေ လည်း ရှိတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day TV
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top