အစြဲအလန္းဆုိတာအစြန္းေရာက္ေလေလ ပူေလာင္ေလေလပါ။ အျဖဴ ေရာင္ ၊ အမည္းေရာင္
သံ​ေယာဇဥ္​ ေတြမွာ အနည္းနဲ႔အမ်ားေတာ့ ရစ္ပတ္မူွမ်ားေလ႐ုန္းထြက္ဖုိ႔ခက္ေလပါ။
သံ​ေယာဇဥ္​ဆုိတာက ၾကာႏြယ္႐ုိးကုိ ခ်ဳိးလုိက္သလုိပဲ အမ်ွင္ေလးေတာ့ က်န္ေနတတ္တယ္။

လူတစ္ေယာက္ကုိ တကယ္ခ်စ္သြားပီဆုိရင္ ပုိင္ဆုိင္ဖုိ႔ ေမ်ွာ္လင့္ခ်က္မ်ားေလေလ ၊ ေလာဘႀကီးေလ နာက်င္မူွပုိမ်ားေလပါ။ တကယ္ခ်စ္တယ္ဆုိရင္ ပုိင္ဆုိင္ျခင္း ၊ မပုိင္ဆုိင္ျခင္းထက္ ကုိယ့္ခ်စ္သူ စိတ္ခ်မ္းသာဖုိ႔ကုိပဲ ေတြးေတာစဥ္းစားေပးေနသလုိ ကုိယ္ကုိယ္တုိင္လည္း ၿငိမ္းခ်မ္းေအာင္ ေနတတ္ဖုိ႔လုိပါတယ္။

အစြဲအလန္းဆုိတာက ကုိယ့္ရဲ႕ အတၱ ေၾကာင့္ျဖစ္လာၿပီး ကုိယ္တန္ဖုိးထားတဲ့အရာကုိ လုိခ်င္တပ္ မက္လာတယ္။ လူတစ္ေယာက္ကုိ တကယ္ခ်စ္ရင္ လုိခ်င္တပ္မက္ျခင္းထက္ ခ်စ္ရတာတန္ဖုိ႔ လုိပါတယ္။

ခ်စ္ရတာတန္ဖုိ႔ဆုိတာက အတၱကုိ ေလ်ွာ့ပါ… ေပါင္းစည္းရမယ္လုိ႔ မတြက္ထားပါနဲ႔….အတတ္ႏူိင္ဆုံး
သူေရာ မိမိစိတ္ကုိပါနားလည္ျဖည့္ေတြးပါ…. သူ႔စိတ္ထဲမွာ မိမိ႐ွိေနရင္ ခ်စ္ရတာတန္တယ္လုိ႔ ထင္ပါတယ္။

ကုိယ္တကယ္ခ်စ္တဲ့သူနဲ႔အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္လမ္းခြဲလုိက္ရတဲ့အခါ သူ႔အေပၚနာက်ည္းေန တာထက္ သူ႔ကုိခြင့္လႊတ္ႏူိင္ေအာင္ ႀကဳိးစားပါ။ အဆုိးေတြကုိ ေတြးၿပီးေပါက္ကြဲေနတာထက္
သူနဲ႔ကုိယ္ေပ်ာ္ရႊင္ခဲ့တာေတြကုိ မ်ားမ်ားေတြးပါ။

သူ႔ ကုိယ့္အေပၚ ရက္စက္ယုတ္မာခဲ့သည္တုိင္ေအာင္ သူလုပ္သင့္တာကုိ လုပ္သြားတာပဲလုိ႔ ျဖည့္ေတြးပါ။ ကုိယ့္စိတ္ကုိ ႏွိပ္စက္ေနတာထက္ အခ်စ္စိတ္ေၾကာင့္ ဘဝမျပဳိလဲေအာင္ အတတ္ႏူိင္ ဆုံး ေပ်ာ္ေပ်ာ္ေနပါ။

လြမ္းေဆြးေၾကကြဲေနတာထက္ အားတင္းၿပီး ေပ်ာ္ေပ်ာ္ေနတတ္ေအာင္ ၾကဳိးစားပါ။ ေနာက္ဆုံး တင္ျပရရင္…. ကုိယ္စိတ္ခ်မ္းသာဖုိ႔အတြက္ ကုိယ့္နဲ႔လမ္းခြဲသြားသူကုိ အတတ္ႏူိင္ဆုံး “အေကာင္းျမင္ၾကည့္ပါ”

သင္…တကယ္ၿငိမ္းခ်မ္းလာၿပီး အခ်ိန္ၾကာလာရင္ အရာအားလံုးက ေနသားက်သြားပါလိမ့္မယ္။
အစြဲအလန္းဆုိတာ လူသားတုိင္းၾကဳံေတြ႔ရမည့္ ေႏွာင္ၾကဳိးျဖစ္ၿပီးလြဲသြားခဲ့ရင္ေတာင္ ရင္မနာရေအာင္
ကုိယ့္စိတ္ကုိ အေကာင္းဆုံး ျပင္ဆင္ထားဖုိ႔ လုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #


အစွဲအလန်းဆိုတာအစွန်းရောက်လေလေ ပူလောင်လေလေပါ။ အဖြူ ရောင် ၊ အမည်းရောင်
သံယောဇဉ် တွေမှာ အနည်းနဲ့အများတော့ ရစ်ပတ်မူှများလေရုန်းထွက်ဖို့ခက်လေပါ။
သံယောဇဉ်ဆိုတာက ကြာနွယ်ရိုးကို ချိုးလိုက်သလိုပဲ အမျှင်လေးတော့ ကျန်နေတတ်တယ်။

လူတစ်ယောက်ကို တကယ်ချစ်သွားပီဆိုရင် ပိုင်ဆိုင်ဖို့ မျှော်လင့်ချက်များလေလေ ၊ လောဘကြီးလေ နာကျင်မူှပိုများလေပါ။ တကယ်ချစ်တယ်ဆိုရင် ပိုင်ဆိုင်ခြင်း ၊ မပိုင်ဆိုင်ခြင်းထက် ကိုယ့်ချစ်သူ စိတ်ချမ်းသာဖို့ကိုပဲ တွေးတောစဉ်းစားပေးနေသလို ကိုယ်ကိုယ်တိုင်လည်း ငြိမ်းချမ်းအောင် နေတတ်ဖို့လိုပါတယ်။

အစွဲအလန်းဆိုတာက ကိုယ့်ရဲ့ အတ္တ ကြောင့်ဖြစ်လာပြီး ကိုယ်တန်ဖိုးထားတဲ့အရာကို လိုချင်တပ် မက်လာတယ်။ လူတစ်ယောက်ကို တကယ်ချစ်ရင် လိုချင်တပ်မက်ခြင်းထက် ချစ်ရတာတန်ဖို့ လိုပါတယ်။

ချစ်ရတာတန်ဖို့ဆိုတာက အတ္တကို လျှော့ပါ… ပေါင်းစည်းရမယ်လို့ မတွက်ထားပါနဲ့….အတတ်နိူင်ဆုံး
သူရော မိမိစိတ်ကိုပါနားလည်ဖြည့်တွေးပါ…. သူ့စိတ်ထဲမှာ မိမိရှိနေရင် ချစ်ရတာတန်တယ်လို့ ထင်ပါတယ်။

ကိုယ်တကယ်ချစ်တဲ့သူနဲ့အကြောင်းအမျိုးမျိုးကြောင့်လမ်းခွဲလိုက်ရတဲ့အခါ သူ့အပေါ်နာကျည်းနေ တာထက် သူ့ကိုခွင့်လွှတ်နိူင်အောင် ကြိုးစားပါ။ အဆိုးတွေကို တွေးပြီးပေါက်ကွဲနေတာထက်
သူနဲ့ကိုယ်ပျော်ရွှင်ခဲ့တာတွေကို များများတွေးပါ။

သူ့ ကိုယ့်အပေါ် ရက်စက်ယုတ်မာခဲ့သည်တိုင်အောင် သူလုပ်သင့်တာကို လုပ်သွားတာပဲလို့ ဖြည့်တွေးပါ။ ကိုယ့်စိတ်ကို နှိပ်စက်နေတာထက် အချစ်စိတ်ကြောင့် ဘဝမပြိုလဲအောင် အတတ်နိူင် ဆုံး ပျော်ပျော်နေပါ။

လွမ်းဆွေးကြေကွဲနေတာထက် အားတင်းပြီး ပျော်ပျော်နေတတ်အောင် ကြိုးစားပါ။ နောက်ဆုံး တင်ပြရရင်…. ကိုယ်စိတ်ချမ်းသာဖို့အတွက် ကိုယ့်နဲ့လမ်းခွဲသွားသူကို အတတ်နိူင်ဆုံး “အကောင်းမြင်ကြည့်ပါ”

သင်…တကယ်ငြိမ်းချမ်းလာပြီး အချိန်ကြာလာရင် အရာအားလုံးက နေသားကျသွားပါလိမ့်မယ်။
အစွဲအလန်းဆိုတာ လူသားတိုင်းကြုံတွေ့ရမည့် နှောင်ကြိုးဖြစ်ပြီးလွဲသွားခဲ့ရင်တောင် ရင်မနာရအောင်
ကိုယ့်စိတ်ကို အကောင်းဆုံး ပြင်ဆင်ထားဖို့ လိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:tameelay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top