Credit:marry
# Unicode Version # ဖြင့် ဖတ်ပါ #
နေ့စဉ်အိမ်ထောင်ရေး ပိုအဆင်ပြေသွားအောင် ရိုမန့်တစ်ကိစ္စတွေ ဘယ်လိုလုပ်မလဲဆိုတဲ့ အကြံတစ်ချို့ ဖော်ပြပေးပါမယ်။
နေ့စဉ်အိမ်ထောင်ရေး ပိုအဆင်ပြေသွားအောင် ရိုမန့်တစ်ကိစ္စတွေ ဘယ်လိုလုပ်မလဲဆိုတဲ့ အကြံတစ်ချို့ ဖော်ပြပေးပါမယ်။
၁။ မနက်ခင်းပိုင်း အလုပ်မသွားခင်မှာ သူတို့ကို ညနေပြန်တွေ့ကြဖို့ မျှော်နေမှာဖြစ်ကြောင်း နေ့တိုင်းပြောပါ။ အလေ့အကျင့် ဖြစ်လာတဲ့အထိ နေ့တိုင်းပြောပါ။
 ၂။ ချစ်စရာကောင်းတဲ့ စာတိုပေစလေးတွေ ရေးပြီး သူ့ရဲ့ပိုက်ဆံအိတ် ဒါမှမဟုတ် သူမြင်သာမယ့် နေရာမှာ ထားခဲ့ပါ။ လင်မယားချင်းဆိုတော့ ထိကပါး၊ ရိကပါး ရေးတာတွေလည်း လုပ်လို့ရပါတယ်။
၃။ ဇနီးသည်ဆိုရင် ခင်ပွန်းကို မုတ်ဆိတ်ပါးသိုင်းမွေး ကိုယ်တိုင်ရိတ်ပေးချင်ကြောင်ပြောပါ။ ခင်ပွန်းကတော့ ဇနီးသည်ကို ခြေသလုံးမွေးတွေ ပြန်ရိတ်ပေးပါ။
၄။ နေ့လည်နေ့ခင်း ခဏအားရင် မက်ဆေ့ပို့ပါ။ နည်းပညာကို အသုံးချပြီး သူကြွေလာအောင် လုပ်ပါ။
 ၅။ ဈေးဝယ်ထွက်တုန်း လမ်းကြုံတဲ့အခါ လက်ဆောင်လေးတွေ ဝယ်ထားပြီးသိမ်းထားပါ။ သူစိတ် ညစ်နေတဲ့ အချိန်ကျရင် ဒီလက်ဆောင်ကို ထုတ်ပေးလိုက်ပါ။ သူ့အနေနဲ့ မင်းရဲ့လက်ဆောင်ကို အသိအမှတ်ပြုပြီး ပြန်လန်းဆန်းလာမှာ သေချာပါတယ်။
၆။ သူ့အနေနဲ့ တစ်နေ့တာ အလုပ်မှာဖြစ်ဖြစ်၊ အခြားနေရာမှာ ဖြစ်ဖြစ် စိတ်ညစ်စရာ ကြုံလာရပြီဆိုရင် ညနေစာ ကောင်းကောင်းစားဖို့ နေရာကောင်းကောင်တစ်ခုလောက် ရွေးထားလိုက်ပါ။ ကိုယ့်ရဲ့ ချစ်သူက ပြင်ပေးတဲ့ ဟင်းပွဲစားသောက်စရာတွေကို လူသားအားလုံး စားချင်ကြမှာ သေချာပါတယ်။
၇။ တစ်ပတ်တစ်ခါလောက်တော့ ဧည့်ခန်းထဲမှာ သီချင်းဖွင့်ပြီး သူနဲ့ တွဲကပါ။
၈။ ဆက်စီကျတဲ့ ညဝတ်အင်္ကျီဝတ်ထားပြီးတဲ့အချိန်မှာ သူ့ကို သတင်းစာဖြစ်ဖြစ်၊ သူကြိုက်တဲ့ အားကစားမဂ္ဂဇင်းဖြစ်ဖြစ် ဖတ်ပြလိုက်ပါ။
ကိုယ့်ချစ်သူကိုရိုမန်တစ်ဆန်ဆန် လုပ်ရပ်တွေနဲ့ ဖြည့်ဆည်းပေးဖို့ သူ့အကြိုက်လေးတွေကို သိထား ဖို့တော့ လိုပါတယ်။ အများအားဖြင့်တော့ အမျိုးသားတွေက ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေ ကိုသဘောကျပြီး အမျိုးသမီးတွေက မတူညီတဲ့ နည်းလမ်းနဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲကလို ဆောင်ရွက်ပေးတာ သဘောကျပါတယ်။
ဘယ်အရာက သူ့ကို ပျော်စမလဲဆိုတာ သိအောင်လုပ်ပြီး ဖြည့်ဆည်းပေးဖို့ ကြိုးစားတဲ့အခါ သူလည်း သင့်ကို ဒီလိုပြန်လုပ်ပေးပါလိမ့်မယ်။
တကယ်လို့ သင့်ရဲ့အိမ်ထောင်ရေးက ပျင်းစရာကောင်းနေတယ်လို့ ထင်နေပြီဆိုရင်တော့ တစ်ဦးနဲ့တစ်ဦး စိတ်အားထက်သန်မှု ဒါမှမဟုတ် ရိုမန့်တစ်ကိစ္စတွေ ကင်းမဲ့နေပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း အိမ်ထောင်ရေး ပြန်လည်လန်းဆန်းလာအောင် လုပ်နိုင်စွမ်းရှိပါတယ်။
ရလဒ်ကောင်း လိုချင်ပြီဆိုရင်တော့ ကိုယ်ကိုယ်တိုင်မဆုတ်မနစ် အားထုတ်ဖို့လိုအပ်မှာပါ။ အိမ်ထောင်ရေးမှာ  အရေးကြီးတယ်လို့ ဆိုရနိုင်တဲ့ ရိုမန့်တစ်ကိစ္စရပ်တွေ ရှိလာပြီဆိုရင် သင့်ထံကိုအကောင်းဆုံး ရလဒ်တွေ ဆောင်ယူလာတော့မှာ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:marry
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top