ဝါးခယ္မရဲစခန္းတြင္႐ြာသားတစ္ဦးအား ဖမ္းဆီးခ်ဳပ္ေနွာင္ထားစဥ္ လူမဆန္စြာႏွိပ္စက္မႈမ်ားေၾကာင့္ ေသဆုံးမႈ

နီေသြးထြဏ္း

၂၀၁၉ခုႏွစ္မတ္လ၂၁ ရက္ေန႕လည္၂ နာရီအခ်ိန္တြင္ ဝါးခယ္မၿမိဳ႕နယ္၊ စူးတြင္းျမစ္ကေလးေက်း႐ြာမွ ကိုေက်ာ္ေအး(၅၁)အား ရပ္႐ြာအတြင္း ၄င္းဇနီးျဖင့္ ရန္ျဖစ္ခဲ့သည့္အတြက္ ဝါးခယ္မၿမိဳ႕နယ္ ငွက္ေပ်ာေခ်ာင္းရဲစခန္းမွရဲတပ္ၾကပ္စန္းနိုင္ရဲတပ္ၾကပ္ျမင့္ေမာင္ရဲတပ္သားမ်ိဳးမင္းထက္တို႔မွ

(စခန္းမႉး ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ၿမိဳနယ္အုပ္ခ်ဳပ္ေရးမႉး သတင္းေပးတိုင္ၾကားခ်က္အရ) ပုဒ္မ ၅၁/စ/ဆ ခေျခခ်ဳပ္ပုဒ္မ ျဖင့္ဖမ္းဆီးခဲ့သည္။

မတ္လ၂ရက္ေန႕တြင္ ဝါးခယ္မၿမိဳ႕တရား႐ုံး၌ ႐ုံးထုတ္ခဲ့ၿပီး တရား႐ုံးမွ အာမခံမေပးပဲ ေျခခ်ဳပ္ျဖင့္ ဆက္လက္ ခ်ဳပ္ေႏွာင္ထားရန္ ဆုံးျဖတ္ခဲ့သည္။

ဖမ္းဆီးခဲ့ၿပီး ငါးရက္အၾကာ မတ္လ ၂၆ရက္ေန႕တြင္ ကိုေက်ာ္ေအးသည္ ျမင္မေကာင္း ရႈမေကာင္း ဒဏ္ရာမ်ားျဖင့္ ေသဆုံးသြားခဲ့ပါသည္။ အေလာင္းအား ႐ြာအား ျပန္ေပးသည့္အခ်ိန္တြင္ ရဲမ်ားမွ ဖြင့္မၾကည့္ဘဲ သၿဂိဳလ္ရန္ ေျပာၾကားလိုက္သည္။

သိုေသာ္ ႐ြာသားမ်ားမွ ဖြင့္ၾကည့္သည့္အခါ သာမန္ရိုးက် ေသဆုံးျခင္းမဟုတ္ပဲ ေသဆုံးသူ ကိုေက်ာ္ေအးသည္ မ်က္ႏွာတခုလုံး မမွတ္မိနိုင္ေလာက္ေအာင္ ျဖစ္ပြားေနျခင္း၊ ေယာကၤ်ားအဂၤါပါမလာျခင္း၊ နံရိုးမ်ား ညိုမဲေနျခင္း ၊ ေပါင္ႏွင့္္ ေျခသလုံးတို႔တြင္ ျပင္းထန္ေသာ ဒဏ္ခ်က္မ်ားျဖင့္ အပူဖု ပုေဖာင္းမ်ား ထေနျခင္းတို႔အား ေတြ႕ရွိခဲ့သည္။

ထို႔သို႔ ေသြးရိုးသားရိုး ေသဆုံးျခင္းမဟုတ္သည့္အတြက္ မိသားစုဝင္မ်ားမွ အမႈသြားဖြင့္ခဲ့ေသာ္လည္း ကိုေက်ာ္ေအးသည္ ဓမၼတာအတိုင္း ေသဆုံးျခင္းျဖစ္ေၾကာင္း အမႈအား လက္မခံေၾကာင္း၊ ဆရာဝန္ေဆးစာရွိေၾကာင္း ၿမိဳ႕နယ္ရဲစခန္းမွအေၾကာင္းျပန္ခဲ့သည္။

အထက္ပါျဖစ္စဥ္အား ေလ့လာသုံးသပ္ ၾကည့္ရာတြင္ ရပ္႐ြာအုပ္ခ်ဳပ္ေရးမႉး ၊ ရဲတပ္ဖြဲ႕ ၊ ဆရာဝန္ ၊ တရား႐ုံး စသည့္တို႔သည္ လူမဆန္ေသာ သတ္ျဖတ္မႈ၏ အဓိက တရားခံျဖစ္ေနေၾကာင္း လယ္ျပင္ဆင္သြားသလို ထင္ရွားေနပါသည္။

အဆိုပါ ႏွိပ္စက္သတ္ျဖတ္မႈအား ျပဳလုပ္ခဲ့ေသာ လူထုခ်ဥ္ဖက္ ရဲတပ္ဖြဲ႕ ႏွင့္ ပူးေပါင္းႀကံစည္ခဲ့သူမ်ားအား ထိေရာက္စြာ အေရးယူေဆာင္႐ြက္ရမည္သာျဖစ္ေပသည္။

ျပည္ထဲေရး လက္ေအာက္ခံ ရဲတပ္ဖြဲ႕သည္ လူ႕အခြင့္အေရး စံႏႈန္းမ်ားႏွင့္ နိုင္ငံသား အခြင့္အေရးမ်ားအား လွစ္လွ်ဴရႈကာ မတရား အနိုင္က်င့္မႈမ်ားအား ျပဳလုပ္လ်က္ရွိသည္မွာ ၄င္းတို႔အတြက္ အရိုးစြဲေနလ်က္ရွိေနပါသည္။ ဥေရာပ သမဂၢမွ ရဲသင္တန္းမ်ားေပးျခင္း၊ နိုင္ငံတကာမွ ….

၄င္းတို႔အား သမာသမတ္က်သည့္ အင္အားစု ျဖစ္လာေစရန္ လုပ္ေဆာင္မႈမ်ားသည္လည္း အရာမဝင္ေၾကာင္း ၂၀၁၅ မတ္လ ၁၀ရက္ေန႕တြင္ လက္ပံတန္းၿမိဳ႕တြင္ ေက်ာင္းသား ေက်ာင္းသူမ်ားအား အၿငိဳးမဲ့ ရိုက္ႏွက္ဖမ္းဆီးကာ သက္ေသျပၿပီးျဖစ္ပါသည္။

ယခုလည္း နိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၏ ရဲတပ္ဖြဲ႕အား ေျပာင္းလဲရန္ ရဲတပ္ဖြဲ႕ထဲဝင္ရန္ ေျပာဆိုမႈမ်ားသည္ မွန္ကန္ေသာ ေျပာဆိုခ်က္မ်ား မဟုတ္ေၾကာင္း အဂတိလိုက္စားမႈမ်ား၊ မတရားတရားစြဲဆိုမႈမ်ား၊ လူမဆန္စြာ အနိုင္က်င့္သတ္ျဖတ္မႈမ်ားမွ သက္ေသျပသလ်က္ရွိပါသည္။

အႏွစ္ခ်ဳပ္ရေသာ္ ေခြးၿမီးေကာက္ က်ည္ေတာက္စြပ္ေနသည့္ ျပည္ထဲေရးလက္ေအာက္ခံ ရဲတပ္ဖြဲ႕အား ျပဳျပင္ ေျပာင္းလဲေရးလုပ္ငန္းမ်ားသည္ မည့္သည္နည္းျဖင့္မွ ေအာင္ျမင္ ၊ အရာေရာက္လိမ့္မည္ မဟုတ္ေၾကာင္း တင္ျပအပ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နီေသြးထြဏ္း

#Unicode Version# ျဖင့္ဖတ္ပါ ။

ဝါးခယ်မရဲစခန်းတွင်ရွာသားတစ်ဦးအား ဖမ်းဆီးချုပ်နှောင်ထားစဉ် လူမဆန်စွာနှိပ်စက်မှုများကြောင့် သေဆုံးမှု

နီသွေးထွဏ်း

၂၀၁၉ခုနှစ်မတ်လ၂၁ ရက်နေ့လည်၂ နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ စူးတွင်းမြစ်ကလေးကျေးရွာမှ ကိုကျော်အေး(၅၁)အား ရပ်ရွာအတွင်း ၎င်းဇနီးဖြင့် ရန်ဖြစ်ခဲ့သည့်အတွက် ဝါးခယ်မမြို့နယ် ငှက်ပျောချောင်းရဲစခန်းမှရဲတပ်ကြပ်စန်းနိုင်ရဲတပ်ကြပ်မြင့်မောင်ရဲတပ်သားမျိုးမင်းထက်တို့မှ

(စခန်းမှူး ကျေးရွာအုပ်ချုပ်ရေးမှူး မြိုနယ်အုပ်ချုပ်ရေးမှူး သတင်းပေးတိုင်ကြားချက်အရ) ပုဒ်မ ၅၁/စ/ဆ ခခြေချုပ်ပုဒ်မ ဖြင့်ဖမ်းဆီးခဲ့သည်။

မတ်လ၂ရက်နေ့တွင် ဝါးခယ်မမြို့တရားရုံး၌ ရုံးထုတ်ခဲ့ပြီး တရားရုံးမှ အာမခံမပေးပဲ ခြေချုပ်ဖြင့် ဆက်လက် ချုပ်နှောင်ထားရန် ဆုံးဖြတ်ခဲ့သည်။

ဖမ်းဆီးခဲ့ပြီး ငါးရက်အကြာ မတ်လ ၂၆ရက်နေ့တွင် ကိုကျော်အေးသည် မြင်မကောင်း ရှုမကောင်း ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါသည်။ အလောင်းအား ရွာအား ပြန်ပေးသည့်အချိန်တွင် ရဲများမှ ဖွင့်မကြည့်ဘဲ သဂြိုလ်ရန် ပြောကြားလိုက်သည်။

သိုသော် ရွာသားများမှ ဖွင့်ကြည့်သည့်အခါ သာမန်ရိုးကျ သေဆုံးခြင်းမဟုတ်ပဲ သေဆုံးသူ ကိုကျော်အေးသည် မျက်နှာတခုလုံး မမှတ်မိနိုင်လောက်အောင် ဖြစ်ပွားနေခြင်း၊ ယောင်္ကျားအင်္ဂါပါမလာခြင်း၊ နံရိုးများ ညိုမဲနေခြင်း ၊ ပေါင်နှင့် ခြေသလုံးတို့တွင် ပြင်းထန်သော ဒဏ်ချက်များဖြင့် အပူဖု ပုဖောင်းများ ထနေခြင်းတို့အား တွေ့ရှိခဲ့သည်။

ထို့သို့ သွေးရိုးသားရိုး သေဆုံးခြင်းမဟုတ်သည့်အတွက် မိသားစုဝင်များမှ အမှုသွားဖွင့်ခဲ့သော်လည်း ကိုကျော်အေးသည် ဓမ္မတာအတိုင်း သေဆုံးခြင်းဖြစ်ကြောင်း အမှုအား လက်မခံကြောင်း၊ ဆရာဝန်ဆေးစာရှိကြောင်း မြို့နယ်ရဲစခန်းမှအကြောင်းပြန်ခဲ့သည်။

အထက်ပါဖြစ်စဉ်အား လေ့လာသုံးသပ် ကြည့်ရာတွင် ရပ်ရွာအုပ်ချုပ်ရေးမှူး ၊ ရဲတပ်ဖွဲ့ ၊ ဆရာဝန် ၊ တရားရုံး စသည့်တို့သည် လူမဆန်သော သတ်ဖြတ်မှု၏ အဓိက တရားခံဖြစ်နေကြောင်း လယ်ပြင်ဆင်သွားသလို ထင်ရှားနေပါသည်။

အဆိုပါ နှိပ်စက်သတ်ဖြတ်မှုအား ပြုလုပ်ခဲ့သော လူထုချဉ်ဖက် ရဲတပ်ဖွဲ့ နှင့် ပူးပေါင်းကြံစည်ခဲ့သူများအား ထိရောက်စွာ အရေးယူဆောင်ရွက်ရမည်သာဖြစ်ပေသည်။

ပြည်ထဲရေး လက်အောက်ခံ ရဲတပ်ဖွဲ့သည် လူ့အခွင့်အရေး စံနှုန်းများနှင့် နိုင်ငံသား အခွင့်အရေးများအား လှစ်လျှူရှုကာ မတရား အနိုင်ကျင့်မှုများအား ပြုလုပ်လျက်ရှိသည်မှာ ၎င်းတို့အတွက် အရိုးစွဲနေလျက်ရှိနေပါသည်။ ဥရောပ သမဂ္ဂမှ ရဲသင်တန်းများပေးခြင်း၊ နိုင်ငံတကာမှ ….

၎င်းတို့အား သမာသမတ်ကျသည့် အင်အားစု ဖြစ်လာစေရန် လုပ်ဆောင်မှုများသည်လည်း အရာမဝင်ကြောင်း ၂၀၁၅ မတ်လ ၁၀ရက်နေ့တွင် လက်ပံတန်းမြို့တွင် ကျောင်းသား ကျောင်းသူများအား အငြိုးမဲ့ ရိုက်နှက်ဖမ်းဆီးကာ သက်သေပြပြီးဖြစ်ပါသည်။

ယခုလည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ရဲတပ်ဖွဲ့အား ပြောင်းလဲရန် ရဲတပ်ဖွဲ့ထဲဝင်ရန် ပြောဆိုမှုများသည် မှန်ကန်သော ပြောဆိုချက်များ မဟုတ်ကြောင်း အဂတိလိုက်စားမှုများ၊ မတရားတရားစွဲဆိုမှုများ၊ လူမဆန်စွာ အနိုင်ကျင့်သတ်ဖြတ်မှုများမှ သက်သေပြသလျက်ရှိပါသည်။

အနှစ်ချုပ်ရသော် ခွေးမြီးကောက် ကျည်တောက်စွပ်နေသည့် ပြည်ထဲရေးလက်အောက်ခံ ရဲတပ်ဖွဲ့အား ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများသည် မည့်သည်နည်းဖြင့်မှ အောင်မြင် ၊ အရာရောက်လိမ့်မည် မဟုတ်ကြောင်း တင်ပြအပ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: နီသွေးထွဏ်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top