အတာသၾကၤန္ေရာက္ေတာ့မယ္ဆုိရင္ ေရလည္းမေဆာ့ခ်င္၊ ကားနဲ႔လည္း ေရပက္ခံမထြက္ခ်င္တဲ့ မဒီေတြအတြက္ေတာ့ ခရီးေတြပဲသြားရမလို၊ ဒါမွမဟုတ္ အိမ္မွာပဲေနျပီး ရံုးအားလပ္ရက္အားလံုး အခ်ိန္ျဖဳန္းရမလို အျမဲစိတ္ေတြဒိြဟ ျဖစ္ၾကရပါတယ္။

 ခရီးသြားမယ္ဆုိရင္လည္း ဧျပီလ မတိုင္ခင္ကတည္းက အစစရာရာ ၾကိဳတင္အစီအစဥ္ဆြဲထားၾကရတာမုိ႔ သၾကၤန္နီးမွ ကပ္သြားဖုိ႔ကလည္း အဆင္မေျပျပန္ပါဘူး။ ဒီေတာ့ ကုိယ့္အိမ္မွာပဲ အားလပ္ရက္ေလးကို အက်ိဳးရွိရွိျဖတ္သန္းဖို႔ စဥ္းစားေနၾကတဲ့ မဒီေတြအတြက္ ဘယ္လိုအစီအစဥ္ေလးေတြဆြဲျပီး အခ်ိန္ကုန္ဆံုးသင့္သလဲဆုိတာေလး ေျပာျပေပးခ်င္ပါတယ္။

အားလပ္ရက္အတြင္း ရႈပ္ပြေနတဲ့ ကိုယ့္အိပ္ခန္း၊ ဧည့္ခန္း စတာေတြကို ရွင္းလင္းပါ။

ပထမဆံုးအခ်က္မွာတင္ သၾကၤန္အားလပ္ရက္မွာ သူမ်ားေတြက ေပ်ာ္ရႊင္ေသာင္းက်န္းေနခ်ိန္ အိပ္ခန္းရွင္းရတာ မမိုက္ပါဘူးလုိ႔ ထင္ပါလိမ့္မယ္။ ဒါေပမယ့္ ကိုယ့္အိမ္မွာ ဒီရက္အတြင္း ေသခ်ာအနားယူဖို႔ ဆုိရင္ ကိုယ့္အခန္းေလးက အနားယူခ်င္စဖြယ္ သန္႔ရွင္းေနမွ ျဖစ္မွာပါ။ အရင္က ဖြရႈပ္ထားသမ်ွ နာရီပိုင္းေလး အပင္ပန္းခံလိုက္ရံုနဲ႔ အခန္းထဲက အျပင္ေတာင္မထြက္ခ်င္ေလာက္ေအာင္ အေျခအေနေျပာင္းလဲသြားႏိုင္တယ္ေနာ္။

မိတ္ေဆြ၊ သူငယ္ခ်င္းေတြကို အိမ္ေခၚျပီး ေပ်ာ္စရာအမွတ္တရအခ်ိန္ ဖန္တီးလိုက္ပါ။

သူငယ္ခ်င္းအရင္းေတြကလည္း သၾကၤန္မလည္ခ်င္ဘူး၊ ေရမကစားၾကဘူးဆုိရင္ ကိုယ့္အိမ္ကိုေခၚျပီး ဟင္းအတူတူခ်က္စားၾကတာမ်ိဳး၊ ၀ိုင္းဖြဲ႕စားေသာက္စကားေျပာၾကတာမ်ိဳး၊ ဂိမ္းေတြအတူတူေဆာ့တာမ်ိဳးေလး လုပ္ႏိုင္ပါတယ္။

ဒီလိုအခ်ိန္ေတြက သူငယ္ခ်င္း မိတ္ေဆြေတြၾကား ေနာင္မေတြ႔ျဖစ္ၾကေတာ့ရင္ေတာင္ အျမဲ အမွတ္ရေစႏိုင္မယ့္ အမွတ္တရတစ္ခု ဖန္တီးျခင္းပါပဲ။

၀ယ္ထားျပီး မဖတ္ရေသးတဲ့ စာအုပ္ေတြ ဖတ္ပါ။

ကိုယ့္စာအုပ္စင္ေပၚက မဖတ္ရေသးတဲ့ စာအုပ္ေတြ ေအးေဆးဖတ္ဖုိ႔ အခ်ိန္ပါပဲ။ ေကာ္ဖီေလးတစ္ခြက္ေဖ်ာ္ျပီး စာအုပ္ေတြ ဇိမ္က်က်ဖတ္ရတဲ့ ဖီလင္က ဘာနဲ႔မွမလဲႏိုင္ဘူးေနာ္။ အားလပ္ရက္ျပီးလုိ႔ ရံုးျပန္တက္တဲ့အခါ အေပါင္းအသင္းေတြကိုလည္း ကုိယ္ဖတ္ျဖစ္တ့ဲ စာအုပ္ေတြထဲက ဘယ္စာအုပ္ကိုေတာ့ သေဘာက်တယ္ ဆုိတာေလးလည္း ျပန္ျပီးေ၀မ်ွႏိုင္တာေပါ့။

မၾကည့္ျဖစ္တဲ့ ဇာတ္ကားအေခြေတြ အားလံုးၾကည့္ပစ္လုိက္ပါ။

အားလပ္ရက္ဆုိတာမ်ိဳးက ကိုယ္သေဘာက်တဲ့အရာေတြကို မနားတမ္းလုပ္ေဆာင္ႏိုင္ဖုိ႔ အခ်ိန္ကာလေလး တစ္ခုျဖစ္တာမို႔ ကိုယ္ကဇာတ္လမ္းတြဲေတြ ၾကည့္ရတာ သေဘာက်တယ္ဆိုရင္လည္း ကိုယ့္စိတ္ၾကိဳက္ မနားတမ္း ၾကည့္ပစ္လိုက္ပါ။ လုပ္ငန္းတာ၀န္ေတြ ေမ့ျပီး စားလိုက္၊ ေသာက္လိုက္၊ ဇာတ္ကားၾကည့္လိုက္ လုပ္ႏိုင္တဲ့အခ်ိန္မို႔ မဒီတုိ႔အတြက္ ေအးေဆးပဲေနာ္။

အခ်ိန္မရွိလို႔ မလုပ္ခဲ့ရတဲ့ ၀ါသနာရပ္တစ္ခုခုကို ေလ့လာပါ။

ဂစ္တာတီးရတာ သေဘာက်ေပမယ့္ မေတာက္တေခါက္ပဲ တီးျဖစ္ေနတယ္ဆုိ ဒီအားလပ္ရက္ အတြင္း ေသခ်ာျပန္က်င့္ပါ။ ပံုဆြဲတာ၊ သိုးေမႊးထိုးတာ၊ ဟင္းခ်က္နည္းအသစ္ေလးေတြ ေလ့လာတာ ဒါမွမဟုတ္ တျခား ၀ါသနာပါတဲ့ အရာေတြရွိရင္လည္း ဒါေတြအတြက္ အခ်ိန္ေပးသင့္ပါတယ္။ အနည္းဆံုး အျပင္သြားျပီး သင္တန္းမတက္ႏုိင္ရင္ေတာင္ အင္တာနက္ကေန ကိုယ္၀ါသနာပါတဲ့ အရာေတြအတြက္ ေလ့လာသင္ယူႏိုင္ေနျပီေလ။

ကိုယ့္မိသားစု၊ ေဆြမ်ိဳးေတြကို အခ်ိန္ေပးပါ။

တစ္ေန႔တစ္ေန႔ မနက္ဆိုအလုပ္သြား၊ ညျပန္ေရာက္ ထမင္းစား၊ ဖုန္းပြတ္၊ အိပ္ယာတန္း၀င္ရတာနဲ႔ တစ္အိမ္တည္းေနတဲ့ ကိုယ့္မိသားစု၀င္ေတြရဲ႕ မ်က္ႏွာေတြကိုေတာင္ ေသခ်ာမၾကည့္ျဖစ္တာ ၾကာျပီမဟုတ္လား။

ဒီအားလပ္ရက္အတြင္း ကိုယ့္မိသားစု၀င္ေတြနဲ႔ ထမင္းတူတူစားၾကတာ၊ မုန္႔လုပ္စားၾကတာ၊ စကားေတြ၀ိုင္းဖြဲ႕ေျပာတာမ်ိဳးေတြကလည္း မထင္မွတ္ရေလာက္ေအာင္ မဒီတုိ႔ရဲ႕စိတ္ကို လန္းဆန္းေစႏိုင္တယ္ေနာ္။

ပရဟိတလုပ္ငန္းေတြ လုပ္ႏိုင္ပါတယ္။

ဒီအားလပ္ရက္ေလးမွာ ကုသိုလ္ရျပီး ကုိယ့္စိတ္ေလး ၾကည္ႏူးေစမယ့္အရာမ်ိဳးလုပ္ခ်င္တယ္ဆိုရင္ အနည္းဆံုး ကိုယ့္အ၀တ္အစားဗီရိုထဲက မ၀တ္ေတာ့မယ့္ အ၀တ္အစားေလးေတြကို မိဘမဲ့ေက်ာင္းမွာသြားလွဴတာမ်ိဳးက စျပီး ဘုိးဘြားရိပ္သာမွာ သက္ၾကီးရြယ္အိုေတြအတြက္ လိုအပ္တ့ဲ ေဆး၀ါးေတြ လွဴတာမ်ိဳး၊ ဘုန္းၾကီးေက်ာင္းမွာ သန္႔ရွင္းပိုင္း တာ၀န္ယူျပီး ကုသိုလ္ျပဳတာမ်ိဳး စတာေတြလုပ္ေဆာင္ႏိုင္ပါေသးတယ္။

သင္ဟာ အားလပ္ရက္အတြင္း ခရီးေတြဘာေတြမထြက္ျဖစ္ဘူးဆုိရင္ေတာင္ ဒီအခ်က္ေလးေတြထဲက ကိုယ္တကယ္လုပ္ခ်င္တာေလးေတြအတြက္ အခ်ိန္ေပးျပီး လုပ္ေဆာင္ႏိုင္မယ္ဆုိရင္ အားလပ္ရက္ျပီးလို႔ ကိုယ့္အလုပ္ခြင္ကို ျပန္၀င္တဲ့အခါ စိတ္ေတြေပါ့ပါးလန္းဆန္းေနပါလိမ့္မယ္။

ဒါ့ေၾကာင့္ ဒီအားလပ္ရက္အတြင္း ခုထိ ဘာအစီအစဥ္မွမရွိဘူးဆုိရင္ ကိုယ့္အတြက္ အက်ိဳးတစ္ခုခုျဖစ္ေစမယ့္အရာဟာ ဘာျဖစ္မလဲဆုိတာ ေတြးျပီး လုပ္ၾကည့္ဖုိ႔ တိုက္တြန္းပါရေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


အတာသြင်္ကန်ရောက်တော့မယ်ဆိုရင် ရေလည်းမဆော့ချင်၊ ကားနဲ့လည်း ရေပက်ခံမထွက်ချင်တဲ့ မဒီတွေအတွက်တော့ ခရီးတွေပဲသွားရမလို၊ ဒါမှမဟုတ် အိမ်မှာပဲနေပြီး ရုံးအားလပ်ရက်အားလုံး အချိန်ဖြုန်းရမလို အမြဲစိတ်တွေဒွိဟ ဖြစ်ကြရပါတယ်။

 ခရီးသွားမယ်ဆိုရင်လည်း ဧပြီလ မတိုင်ခင်ကတည်းက အစစရာရာ ကြိုတင်အစီအစဉ်ဆွဲထားကြရတာမို့ သြင်္ကန်နီးမှ ကပ်သွားဖို့ကလည်း အဆင်မပြေပြန်ပါဘူး။ ဒီတော့ ကိုယ့်အိမ်မှာပဲ အားလပ်ရက်လေးကို အကျိုးရှိရှိဖြတ်သန်းဖို့ စဉ်းစားနေကြတဲ့ မဒီတွေအတွက် ဘယ်လိုအစီအစဉ်လေးတွေဆွဲပြီး အချိန်ကုန်ဆုံးသင့်သလဲဆိုတာလေး ပြောပြပေးချင်ပါတယ်။

အားလပ်ရက်အတွင်း ရှုပ်ပွနေတဲ့ ကိုယ့်အိပ်ခန်း၊ ဧည့်ခန်း စတာတွေကို ရှင်းလင်းပါ။

ပထမဆုံးအချက်မှာတင် သြင်္ကန်အားလပ်ရက်မှာ သူများတွေက ပျော်ရွှင်သောင်းကျန်းနေချိန် အိပ်ခန်းရှင်းရတာ မမိုက်ပါဘူးလို့ ထင်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်အိမ်မှာ ဒီရက်အတွင်း သေချာအနားယူဖို့ ဆိုရင် ကိုယ့်အခန်းလေးက အနားယူချင်စဖွယ် သန့်ရှင်းနေမှ ဖြစ်မှာပါ။ အရင်က ဖွရှုပ်ထားသမျှ နာရီပိုင်းလေး အပင်ပန်းခံလိုက်ရုံနဲ့ အခန်းထဲက အပြင်တောင်မထွက်ချင်လောက်အောင် အခြေအနေပြောင်းလဲသွားနိုင်တယ်နော်။

မိတ်ဆွေ၊ သူငယ်ချင်းတွေကို အိမ်ခေါ်ပြီး ပျော်စရာအမှတ်တရအချိန် ဖန်တီးလိုက်ပါ။

သူငယ်ချင်းအရင်းတွေကလည်း သြင်္ကန်မလည်ချင်ဘူး၊ ရေမကစားကြဘူးဆိုရင် ကိုယ့်အိမ်ကိုခေါ်ပြီး ဟင်းအတူတူချက်စားကြတာမျိုး၊ ဝိုင်းဖွဲ့စားသောက်စကားပြောကြတာမျိုး၊ ဂိမ်းတွေအတူတူဆော့တာမျိုးလေး လုပ်နိုင်ပါတယ်။

ဒီလိုအချိန်တွေက သူငယ်ချင်း မိတ်ဆွေတွေကြား နောင်မတွေ့ဖြစ်ကြတော့ရင်တောင် အမြဲ အမှတ်ရစေနိုင်မယ့် အမှတ်တရတစ်ခု ဖန်တီးခြင်းပါပဲ။

ဝယ်ထားပြီး မဖတ်ရသေးတဲ့ စာအုပ်တွေ ဖတ်ပါ။

ကိုယ့်စာအုပ်စင်ပေါ်က မဖတ်ရသေးတဲ့ စာအုပ်တွေ အေးဆေးဖတ်ဖို့ အချိန်ပါပဲ။ ကော်ဖီလေးတစ်ခွက်ဖျော်ပြီး စာအုပ်တွေ ဇိမ်ကျကျဖတ်ရတဲ့ ဖီလင်က ဘာနဲ့မှမလဲနိုင်ဘူးနော်။ အားလပ်ရက်ပြီးလို့ ရုံးပြန်တက်တဲ့အခါ အပေါင်းအသင်းတွေကိုလည်း ကိုယ်ဖတ်ဖြစ်တဲ့ စာအုပ်တွေထဲက ဘယ်စာအုပ်ကိုတော့ သဘောကျတယ် ဆိုတာလေးလည်း ပြန်ပြီးဝေမျှနိုင်တာပေါ့။

မကြည့်ဖြစ်တဲ့ ဇာတ်ကားအခွေတွေ အားလုံးကြည့်ပစ်လိုက်ပါ။

အားလပ်ရက်ဆိုတာမျိုးက ကိုယ်သဘောကျတဲ့အရာတွေကို မနားတမ်းလုပ်ဆောင်နိုင်ဖို့ အချိန်ကာလလေး တစ်ခုဖြစ်တာမို့ ကိုယ်ကဇာတ်လမ်းတွဲတွေ ကြည့်ရတာ သဘောကျတယ်ဆိုရင်လည်း ကိုယ့်စိတ်ကြိုက် မနားတမ်း ကြည့်ပစ်လိုက်ပါ။ လုပ်ငန်းတာဝန်တွေ မေ့ပြီး စားလိုက်၊ သောက်လိုက်၊ ဇာတ်ကားကြည့်လိုက် လုပ်နိုင်တဲ့အချိန်မို့ မဒီတို့အတွက် အေးဆေးပဲနော်။

အချိန်မရှိလို့ မလုပ်ခဲ့ရတဲ့ ဝါသနာရပ်တစ်ခုခုကို လေ့လာပါ။

ဂစ်တာတီးရတာ သဘောကျပေမယ့် မတောက်တခေါက်ပဲ တီးဖြစ်နေတယ်ဆို ဒီအားလပ်ရက် အတွင်း သေချာပြန်ကျင့်ပါ။ ပုံဆွဲတာ၊ သိုးမွှေးထိုးတာ၊ ဟင်းချက်နည်းအသစ်လေးတွေ လေ့လာတာ ဒါမှမဟုတ် တခြား ဝါသနာပါတဲ့ အရာတွေရှိရင်လည်း ဒါတွေအတွက် အချိန်ပေးသင့်ပါတယ်။ အနည်းဆုံး အပြင်သွားပြီး သင်တန်းမတက်နိုင်ရင်တောင် အင်တာနက်ကနေ ကိုယ်ဝါသနာပါတဲ့ အရာတွေအတွက် လေ့လာသင်ယူနိုင်နေပြီလေ။

ကိုယ့်မိသားစု၊ ဆွေမျိုးတွေကို အချိန်ပေးပါ။

တစ်နေ့တစ်နေ့ မနက်ဆိုအလုပ်သွား၊ ညပြန်ရောက် ထမင်းစား၊ ဖုန်းပွတ်၊ အိပ်ယာတန်းဝင်ရတာနဲ့ တစ်အိမ်တည်းနေတဲ့ ကိုယ့်မိသားစုဝင်တွေရဲ့ မျက်နှာတွေကိုတောင် သေချာမကြည့်ဖြစ်တာ ကြာပြီမဟုတ်လား။

ဒီအားလပ်ရက်အတွင်း ကိုယ့်မိသားစုဝင်တွေနဲ့ ထမင်းတူတူစားကြတာ၊ မုန့်လုပ်စားကြတာ၊ စကားတွေဝိုင်းဖွဲ့ပြောတာမျိုးတွေကလည်း မထင်မှတ်ရလောက်အောင် မဒီတို့ရဲ့စိတ်ကို လန်းဆန်းစေနိုင်တယ်နော်။

ပရဟိတလုပ်ငန်းတွေ လုပ်နိုင်ပါတယ်။

ဒီအားလပ်ရက်လေးမှာ ကုသိုလ်ရပြီး ကိုယ့်စိတ်လေး ကြည်နူးစေမယ့်အရာမျိုးလုပ်ချင်တယ်ဆိုရင် အနည်းဆုံး ကိုယ့်အဝတ်အစားဗီရိုထဲက မဝတ်တော့မယ့် အဝတ်အစားလေးတွေကို မိဘမဲ့ကျောင်းမှာသွားလှူတာမျိုးက စပြီး ဘိုးဘွားရိပ်သာမှာ သက်ကြီးရွယ်အိုတွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေ လှူတာမျိုး၊ ဘုန်းကြီးကျောင်းမှာ သန့်ရှင်းပိုင်း တာဝန်ယူပြီး ကုသိုလ်ပြုတာမျိုး စတာတွေလုပ်ဆောင်နိုင်ပါသေးတယ်။

သင်ဟာ အားလပ်ရက်အတွင်း ခရီးတွေဘာတွေမထွက်ဖြစ်ဘူးဆိုရင်တောင် ဒီအချက်လေးတွေထဲက ကိုယ်တကယ်လုပ်ချင်တာလေးတွေအတွက် အချိန်ပေးပြီး လုပ်ဆောင်နိုင်မယ်ဆိုရင် အားလပ်ရက်ပြီးလို့ ကိုယ့်အလုပ်ခွင်ကို ပြန်ဝင်တဲ့အခါ စိတ်တွေပေါ့ပါးလန်းဆန်းနေပါလိမ့်မယ်။

ဒါ့ကြောင့် ဒီအားလပ်ရက်အတွင်း ခုထိ ဘာအစီအစဉ်မှမရှိဘူးဆိုရင် ကိုယ့်အတွက် အကျိုးတစ်ခုခုဖြစ်စေမယ့်အရာဟာ ဘာဖြစ်မလဲဆိုတာ တွေးပြီး လုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top