ျမန္မာႏုိင္ငံရဲ႕ ထိပ္တန္းမင္းသမီးတစ္ဦးျဖစ္ၿပီး ပရိသတ္ေတြရဲ႕ အားေပးလက္ခံမႈကုိ အေျမာက္အမ်ား႐ွိထားတဲ့ အကယ္ဒမီမင္းသမီး သက္မြန္ျမင့္ကေတာ့ ၿပီးခဲ့တဲ့ အကယ္ဒမီေပးပြဲမွာ ေနတုိးက အကယ္ဒမီရမယ္လုိ႔ ပရိသတ္ေတြေရာ အႏုပညာအသုိင္းအဝုိင္းကလူေတြေရာ ထင္ေၾကးေပးၾကေပမယ့္ သူထူးစံရသြားတာနဲ႔ ပတ္သက္ၿပီး သူထူးစံက ေတယ္ပါတယ္ ေနတုိသ႐ုပ္ေဆာင္တာေတာ့ ပညာသားပုိပါတယ္လုိ႔ အင္တာဗ်ဴးတစ္ခုမွာ ေျဖသြားခဲ့ပါတယ္။

သက္မြန္ျမင့္က “ပရိသတ္ေတြက သူတုိ႔သေဘာက်တဲ့ဟာ သူတုိ႔ၾကဳိက္တာေပါ့ေနာ္။ ဒါေပမဲ့ ေရြးတာက်ေတာ့ ပရိသတ္က အမွတ္ေပးၿပီး ေရြးတာမဟုတ္ေတာ့ လြဲေခ်ာ္မႈကေတာ့ ႐ွိႏုိင္တယ္ေလ။ အကုန္လုံးကလည္း ေတာ္ပါတယ္ သက္မြန္တုိ႔ ဒီအႏုပညာသမားေတြဆုိတာက သူ႔အရည္အခ်င္းေတြနဲ႔သူ ကုိယ္ပုိင္အရည္အခ်င္းေလးေတြ႐ွိၾကတယ္။



အဲ့မွာမွ ဇာတ္လမ္းအရ ဇာတ္ေကာင္အရ ေျပာင္းလဲမႈေတြ႐ွိတယ္။ ကုိေဇာ္မုိးရတာလည္း သက္မြန္ဝမ္းသာပါတယ္ ဘာပဲျဖစ္ျဖစ္ကုိေဇာ္မုိးဆုိလည္း သက္မြန္ဗီဒီယုိစ႐ုိက္ကတည္းက ႐ုပ္႐ွင္ေတြ စ႐ုိက္ကတည္းက အတူလက္တြဲလာတာဆုိေတာ့ သူ႔ကုိလည္း ရေစခ်င္တယ္။ အခုက ဘယ္လုိျဖစ္လဲဆုိေတာ့ ယွဥ္လုိက္ရင္ေတာ့ ပညာျပတဲ့အကြက္ေတြမွာေပါ့ေနာ္ ကုိေဇာ္မုိးကားလည္း သက္မြန္မၾကည့္လုိက္ရေတာ့ မေျပာတတ္ဘူး။

ဒါေပမဲ့ ဇာတ္ကြက္ျပန္ျပတဲ့အခါ ယွဥ္လုိက္တဲ့အခါ ကုိေနတုိးက လုပ္ရတဲ့အပုိင္းပုိမ်ားတယ္ ပညာသားလည္း ပုိပါတယ္။ ကုိေဇာ္မုိးလည္း မေတာ္ဘူးမဟုတ္ဘူး။ အဲ့လုိမ်ိဳးေတြ ျဖစ္သြားေတာ့ ပရိသတ္ေတြနဲ႔ ေက်နပ္မႈမ႐ွိတဲ့ သေဘာေပါ့။ အကုန္လုံးကေတာ့ သူ႔ဟာနဲ႔သူ သူ႔အရည္အခ်င္းနဲ႔သူ ေတာ္ၿပီးသားပါ။”လုိ႔ ေျပာသြားခဲ့ပါတယ္။



သၾကၤန္နဲ႔ပတ္သက္ၿပီးေတာ့လည္း “ႏွစ္တုိင္းေတာ့ အားခ်စ္ေလးက သၾကၤန္မတုိင္ခင္ တစ္ရက္အလုိမွာ ေမြးတာဆုိေတာ့ေလ သူ႔အတြက္ကေတာ့ အမွတ္တရ ပုိျဖစ္တာေပါ့ေနာ္။ သူ႔ေမြးေန႔အတြက္ကုိ ဒီသၾကၤန္အတြင္း သက္မြန္တုိ႔ေနတဲ့ ရပ္ကြက္ထဲမွာ စတုဒီသာ ႏွစ္တုိင္းအျမဲတမ္း လုပ္တဲ့ အခါက်ေတာ့ အားခ်စ္ရဲ႕ ေမြးေန႔အေနနဲ႔ စတုဒီသာ ႏွစ္တုိင္းေကြၽးျဖစ္တယ္ဆုိေတာ့ သူကေတာ့ ပုိၿပီး အမွတ္တရပုိ႐ွိတာေပါ့ေနာ္။

အခုက်ေတာ့ လဝန္းက်ေတာ့ နည္းနည္း သိတတ္လာၿပီဆုိေတာ့သူလည္းေပ်ာ္မွာပါ။” လုိ႔ေျပာသြားခဲ့ပါတယ္။ ကေလးေတြက အေမကုိ မကပ္ဘူးလားလုိ႔ ေမးျမန္းရာ “မကပ္တာမဟုတ္ဘူး ကပ္တယ္ ကုိယ္က အတၱႀကီးလုိက္ရတာေပါ့ေနာ္ အလုပ္လုပ္ခ်င္တဲ့အခါက်ေတာ့ ဒီလုိပဲ ေပးဆပ္ရတာေပါ့ သူတုိ႔လည္း ေပးဆပ္ရတာေပါ့။

ဒါေပမဲ့ အလုပ္မလုပ္ဘဲ ထုိင္ေနျပန္ရင္လည္း ကုိယ့္ကုိယ္ကုိယ္ ယုံၾကည္မႈလည္းေလ်ာ့တယ္။ သူတုိ႔ရဲ႕အနာဂတ္အတြက္ Fair ျဖစ္ေအာင္ လုပ္ရတာေပါ့ေနာ္။ အျမဲတမ္းသူတုိ႔အနား ထုိင္ေနလုိ႔မရဘူး သူတုိ႔လည္း ေက်ာင္းသြားတာပဲဆုိေတာ့ မွ်တေအာင္ေတာ့ လုပ္ရတာေပါ့ေနာ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို အမြောက်အများရှိထားတဲ့ အကယ်ဒမီမင်းသမီး သက်မွန်မြင့်ကတော့ ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ နေတိုးက အကယ်ဒမီရမယ်လို့ ပရိသတ်တွေရော အနုပညာအသိုင်းအဝိုင်းကလူတွေရော ထင်ကြေးပေးကြပေမယ့် သူထူးစံရသွားတာနဲ့ ပတ်သက်ပြီး သူထူးစံက တေယ်ပါတယ် နေတိုသရုပ်ဆောင်တာတော့ ပညာသားပိုပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေသွားခဲ့ပါတယ်။

သက်မွန်မြင့်က “ပရိသတ်တွေက သူတို့သဘောကျတဲ့ဟာ သူတို့ကြိုက်တာပေါ့နော်။ ဒါပေမဲ့ ရွေးတာကျတော့ ပရိသတ်က အမှတ်ပေးပြီး ရွေးတာမဟုတ်တော့ လွဲချော်မှုကတော့ ရှိနိုင်တယ်လေ။ အကုန်လုံးကလည်း တော်ပါတယ် သက်မွန်တို့ ဒီအနုပညာသမားတွေဆိုတာက သူ့အရည်အချင်းတွေနဲ့သူ ကိုယ်ပိုင်အရည်အချင်းလေးတွေရှိကြတယ်။

အဲ့မှာမှ ဇာတ်လမ်းအရ ဇာတ်ကောင်အရ ပြောင်းလဲမှုတွေရှိတယ်။ ကိုဇော်မိုးရတာလည်း သက်မွန်ဝမ်းသာပါတယ် ဘာပဲဖြစ်ဖြစ်ကိုဇော်မိုးဆိုလည်း သက်မွန်ဗီဒီယိုစရိုက်ကတည်းက ရုပ်ရှင်တွေ စရိုက်ကတည်းက အတူလက်တွဲလာတာဆိုတော့ သူ့ကိုလည်း ရစေချင်တယ်။ အခုက ဘယ်လိုဖြစ်လဲဆိုတော့ ယှဉ်လိုက်ရင်တော့ ပညာပြတဲ့အကွက်တွေမှာပေါ့နော် ကိုဇော်မိုးကားလည်း သက်မွန်မကြည့်လိုက်ရတော့ မပြောတတ်ဘူး။

ဒါပေမဲ့ ဇာတ်ကွက်ပြန်ပြတဲ့အခါ ယှဉ်လိုက်တဲ့အခါ ကိုနေတိုးက လုပ်ရတဲ့အပိုင်းပိုများတယ် ပညာသားလည်း ပိုပါတယ်။ ကိုဇော်မိုးလည်း မတော်ဘူးမဟုတ်ဘူး။ အဲ့လိုမျိုးတွေ ဖြစ်သွားတော့ ပရိသတ်တွေနဲ့ ကျေနပ်မှုမရှိတဲ့ သဘောပေါ့။ အကုန်လုံးကတော့ သူ့ဟာနဲ့သူ သူ့အရည်အချင်းနဲ့သူ တော်ပြီးသားပါ။”လို့ ပြောသွားခဲ့ပါတယ်။

သြင်္ကန်နဲ့ပတ်သက်ပြီးတော့လည်း “နှစ်တိုင်းတော့ အားချစ်လေးက သြင်္ကန်မတိုင်ခင် တစ်ရက်အလိုမှာ မွေးတာဆိုတော့လေ သူ့အတွက်ကတော့ အမှတ်တရ ပိုဖြစ်တာပေါ့နော်။ သူ့မွေးနေ့အတွက်ကို ဒီသြင်္ကန်အတွင်း သက်မွန်တို့နေတဲ့ ရပ်ကွက်ထဲမှာ စတုဒီသာ နှစ်တိုင်းအမြဲတမ်း လုပ်တဲ့ အခါကျတော့ အားချစ်ရဲ့ မွေးနေ့အနေနဲ့ စတုဒီသာ နှစ်တိုင်းကျွေးဖြစ်တယ်ဆိုတော့ သူကတော့ ပိုပြီး အမှတ်တရပိုရှိတာပေါ့နော်။

အခုကျတော့ လဝန်းကျတော့ နည်းနည်း သိတတ်လာပြီဆိုတော့သူလည်းပျော်မှာပါ။” လို့ပြောသွားခဲ့ပါတယ်။ ကလေးတွေက အမေကို မကပ်ဘူးလားလို့ မေးမြန်းရာ “မကပ်တာမဟုတ်ဘူး ကပ်တယ် ကိုယ်က အတ္တကြီးလိုက်ရတာပေါ့နော် အလုပ်လုပ်ချင်တဲ့အခါကျတော့ ဒီလိုပဲ ပေးဆပ်ရတာပေါ့ သူတို့လည်း ပေးဆပ်ရတာပေါ့။

ဒါပေမဲ့ အလုပ်မလုပ်ဘဲ ထိုင်နေပြန်ရင်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်းလျော့တယ်။ သူတို့ရဲ့အနာဂတ်အတွက် Fair ဖြစ်အောင် လုပ်ရတာပေါ့နော်။ အမြဲတမ်းသူတို့အနား ထိုင်နေလို့မရဘူး သူတို့လည်း ကျောင်းသွားတာပဲဆိုတော့ မျှတအောင်တော့ လုပ်ရတာပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top